Sunday, January 5, 2014

ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ရုတ်တရက် ကွယ်လွန်

မြန်မာ့ ကိုယ်ပိုင်သံစဉ် တေးဂီတလမ်းကြောင်းကို ဦးဆောင်နေသော အနုပညာရှင် ဇော်မျိုးထွဋ် ကွယ်လွန်ခြင်းအတွက် နယူးယောက်မြို့နေ မြန်မာ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ကိုမျိုးက ဂုဏ်ပြုဖန်တီးထားသော ရုပ်ပုံ ဖြစ်ပါသည်။ မြန်မာ့အနုပညာလောကတွင် ကိုယ်ပိုင်သံစဉ် တေးဂီတများ ဖန်တီးရာမှာ ရှေ့ဆောင်နေသူ ဂီတမှူး အကယ်ဒမီ နှစ်ထပ်ကွမ်း (ဦး) ဇော်မျိုးထွဋ်သည် ဇန်နဝါရီ ၅ ရက် ညနေက ရန်ကုန်မြို့တွင် ရုတ်တရက် နှလုံးရောဂါ ဖောက်ကာ အသက် ၅၃ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။မြန်မာ့ ကိုယ်ပိုင်သံစဉ် တေးဂီတလမ်းကြောင်းကို ဦးဆောင်နေသော အနုပညာရှင် ဇော်မျိုးထွဋ် ကွယ်လွန်ခြင်းအတွက် နယူးယောက်မြို့နေ မြန်မာ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ကိုမျိုးက ဂုဏ်ပြုဖန်တီးထားသော ရုပ်ပုံ ဖြစ်ပါသည်။
ဇော်မျိုးထွဋ်သည် ခေတ်ပေါ် အနောက်တိုင်း တူရိယာအမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပြီး မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ လိဒ်ဂစ်တာသမား အဖြစ် ကျော်ကြားပါသည်။ နာမည်ကျော် စန္ဒရား လှထွဋ်၏ သား ဖြစ်သူ ဇော်မျိုးထွဋ်သည် ဂီတမှူးအဖြစ် တေးဂီတများကို ဖန်တီးရေးဖွဲ့ရာတွင် အနုပညာပြောင်မြောက်သူ ဖြစ်သည်။

ရုပ်ရှင်တေးဂီတ အကယ်ဒမီဆုကို ၁၉၉၇ ခုနှစ်တွင် 'မြင့်မြတ်နှလုံးသား' ဇာတ်ကားဖြင့် ပထမဆုံး ဆွတ်ခူးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် 'ထာဝရအလင်းတန်း' ဇာတ်ကားဖြင့် ထပ်ဆင့် အကယ်ဒမီ ရရှိခဲ့သည်။
နယူးယောက်မြို့နေ စန္ဒရား အောင်ဝင်းက အနုပညာရောင်းရင်း ဇော်မျိုးထွဋ်နှင့် ပတ်သက်၍ "ကိုဇော်နဲ့ ကျွန်တော်က ၁၉၈၀ မတိုင်မီကတည်းက အတူတူ တီးခဲ့ပါတယ်။ ၁၉၈၀ နောက်ဖက်မှာ ရုပ်ရှင်မင်းသားကြီး (ကို) ဝင်းဦးရဲ့ သင်္ကြန်ခရီးစဉ်တွေတိုင်း အတူတူ ခရီးသွားပြီး မန္တလေး၊ မော်လမြိုင်၊ ဖားအံ အစရှိတဲ့ မြို့တွေမှာ အတူတူ တီးခဲ့ကြပါတယ်" ဟု ပြောပြပါသည်။

အမေရိကန်သို့ ပထမဆုံးနှင့် နောက်ဆုံးခရီး
အမေရိကန်နိုင်ငံမှ Myanmar American Musical Arts Society ဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းဦးသည် မြန်မာနိုင်ငံမှ နာမည်ကျော် အဆိုတော် (ကို) ခင်မောင်တိုးနှင့် (ကို) ဇော်မျိုးထွဋ်တို့ကို ဖိတ်ခေါ်သဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန် ပြည်ထောင်စုတွင် အနုပညာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
နယူးယောက်မှ စန္ဒရား အောင်ဝင်း၊ မေရီလန်းမှ မီမီဝင်းဖေတို့နှင့် တွဲဖက်ကာ ပြည်နယ် ၆ ခုတွင် ခင်မောင်တိုး၊ ဇော်မျိုးထွဋ်တို့၏ ဂီတဖျော်ဖြေပွဲများမှာ အမေရိကန်ရောက် မြန်မာပရိသတ်အတွက် တသသ ဖြစ်ကျန်ရစ်စေသော အနုပညာရသကို ပေးစွမ်းနိုင်ခဲ့သည်။
"အလွန်ရိုးစင်းပြီး စိတ်ကောင်းရှိတဲ့ ဂီတသမား ဖြစ်ပါတယ်။ အနောက်တိုင်း၊ အရှေ့တိုင်း နှစ်ဖက်စလုံး ကျွမ်းကျင်တဲ့ ရှားပါး ဂစ်တာသမားပါ" ဟူ၍ စန္ဒရား အောင်ဝင်းက နှမျောတသစွာ မှတ်ချက်ချပါသည်။
အကယ်ဒမီ နှစ်ထပ်ကွမ်း ဂီတမှူး ဇော်မျိုးထွဋ်သည် လွန်ခဲ့သော ၁၄ နှစ်က သူ့ဖခင် စန္ဒရား လှထွဋ် ကွယ်လွန်ခဲ့သော ဇန်နဝါရီ ၅ ရက်မှာပင် မမျှော်လင့်ပဲ ကွယ်လွန်သွားခြင်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေစဉ်၊ အကယ်ဒမီဆုရှင် ဂီတမှူးနှင့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ လိဒ်ဂစ်တာသမား ဇော်မျိုးထွဋ်၏ အနုပညာ အတွေ့အကြုံနှင့် အမြင်ကို VOA အမေရိကန်အသံမှ အင်တာဗျူး ဗီဒီယို ဖြစ်ပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...