"ပျော်စရာတော့အကောင်းသားနော်" (မင်းလူ)
မင်းလူ၏ ၀တ္တုတိုများ
လာနေကျအချိန်အတိုင်း စနေနေ့ နေ့လယ် နှစ်နာရီတိတိမှာ ဦးဝင်းမြင့်ရောက်လာသည်။ ဦးခင်ဇော်ကလည်း 'လာဗျို့
ကိုဝင်းမြင့် ကျုပ်လည်း ထမင်းစားပြီး တစ်ရေးလောက် မှေးလိုက်တာ၊ အခုမှပဲ နိုးတယ်၊ မျက်နှာသစ်ပြီးပြီးချင်း ခင်ဗျား
ရောက်လာတာပဲ' ဟု ထုံးစံအတိုင်းပြောလိုက်သည်။ ဦးဝင်းမြင့်ကလည်း 'ကျုပ်လည်း ခင်ဗျား အိပ်ရာကနိုးမယ့်
အချိန်လောက် မှန်းပြီးလာတာပဲ'ဟုပြန်ပြော ရင်း အိမ်ထဲဝင်လာသည်။ ပြီးတော့ တစ်အိမ်လုံးရှိရှိသမျှ လူနာမည်တွေ
အော်ခေါ်၍ နှုတ်ဆက်သည်။ ထို့နောက်သူတို့ နှစ်ယောက် ထိုင်နေကျဖြစ်သော လသာဆောင်အခန်းလေးသို့ လာခဲ့ကြသည်။
ထိုအခန်းကလေးသည် အိမ်၏အစွန်းဘက်တွင် ထိုးထွက်နေသောကြောင့် အေးအေးဆေးဆေး နားနေနိုင်သည်။ ဦးခင်ဇော်၏
ကိုယ်ပိုင်အခန်းဖြစ်သည်။ စာဖတ်ခန်းလည်းဖြစ်သည်။ အခန်းထဲတွင် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ စားပွဲပုတစ်လုံးနှင့်
ပက်လက်ကုလားထိုင်နှစ်လုံးရှိသည်။ နံရံကပ်စာအုပ်စင်များတွင် နိုင်ငံခြားစာအုပ်များ၊ မြန်မာစာအုပ်များရှိသည်။
စားပွဲပေါ်မှာတော့ တိုင်း၊ နယူးစ်ဝိခ်မဂ္ဂဇင်းများနှင့် စစ်တုရင်ထိုးနည်း စာအုပ်တစ်အုပ်တင်ထား၏။
ပက်လက်ကုလားထိုင်များပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်မိကြ ပြီးနောက် ဦးခင်ဇော်က စားပွဲပုလေးပေါ်မှ ယွန်းသေတ္တာကို
ဖွင့်၍ ဆေးပြင်းလိပ်တစ်လိပ် ရွေးယူပြီး မီးညှိသည်။ ဦးဝင်းမြင့်ကလည်း သူ့သားရေအိတ်ကလေးထဲက ဆေးတံနှင့်
ဆေးအိတ်ကို ထုတ်ယူလိုက်သည်။ ဆေးဖြည့်ပြီး မီးညှိသည်။ ကျေနပ်လောက်အောင် ဖွာကြပြီးလျှင် စကားစပြောသည်။
ထွေရာလေးပါး ပြောနေကြရာမှ ကမ္ဘာ့ဘောလုံးပွဲအကြောင်းသို့  ရောက်သွားကြသည်။
နှစ်ယောက်စလုံး စိတ်ဝင်စားသော အကြောင်းအရာဖြစ်သောကြောင့် အပြန်အလှန်ပြောကြသည်။
'ဘရာဇီးရှုံးတာ နာတယ်ဗျာ'ဟု ဦးခင်ဇော်ကပြောသည်။
ဦးဝင်းမြင့်က 'ခင်ဗျား ဗီဒီယိုအခွေကြည့်ပြီးပြီလား '
'ကြည့်ပြီးပြီ၊ ခြေအသာနဲ့ ကစားသွားတာဗျ၊ ဇစ်ကို ပယ်နယ်တီကန်တာ ဝင်လိုက်ရင် ကိစ္စပြတ်ပြီ၊
ပေါ့ပေါ့ဆဆလုပ်လို့ခံသွားရတာ'
'ဘရာဇီးအသင်းက ရှုံးသင့်လို့ ရှုံးသွားတာပါဗျာ၊ ရှုံးသွားတာလည်း ခပ်ကောင်းကောင်းပဲ'
'ဘာဖြစ်လို့လဲဗျ'
'စဉ်းစားကြည့်လေ၊ ဘရာဇီးအသင်းဟာ ကြိုတင်ပြင်ဆင်ပြီး စနစ်တကျ ဖွဲ့စည်းလာတာ မဟုတ်ဘူး၊
အသင်းမန်နေဂျာတောင် လာခါနီးမှ ကပ်ပြီးရွေးလာရတာ၊ ဘောလုံးသမားတွေနဲ့မန်နေဂျာနဲ့လည်း အဆင်မပြေဘူး၊
အဲဒီလိုအသင်းမျိုး ဗိုလ်စွဲသွားမယ်ဆိုရင် ဘောလုံးလောကမှာ ပြောစမှတ်ဖြစ်သွားမယ်၊ ကြိုတင်ပြင်ဆင်မှုတို့၊
အသင်းရဲ့စည်းလုံးညီညွတ်မှုတို့ဆိုတာ မလိုအပ်ပါဘူးဆိုတဲ့ အစဉ်အလာကြီးဖြစ်သွားတော့မှာ ပေါ့'
'ဒါလည်းဟုတ်တာပဲ၊ ကျုပ်ကတော့ ပီလီတို့ ခေတ်ကတည်းက ဘရာဇီးအသင်းကိုပဲ စွဲနေခဲ့တာကိုး'
'ကျုပ်ကတော့ မာရာဒိုနာကို စွဲသွားပြီဗျာ '
ဦးခင်ဇော်၏ဇနီး ဒေါ်ဥမ္မာ အခန်းထဲသို့ဝင်လာသည်။ လက်ဖက်သုပ်နှင့် ရေနွေးကြမ်း လာပို့ခြင်းဖြစ်သည်။
လင်ပန်းကို စားပွဲပေါ်တင်နေတုန်း ဦးဝင်းမြင့်က ပြောသည်။
'ဒေါ်ဥမ္မာတို့ကတော့ စားကောင်း သောက်ကောင်းနဲ့ ဝပြီးရင်း ဝနေတာပဲနော်၊ ကောင်းပါတယ်ဗျာ၊ ကျုပ်တို့ နိုင်ငံရဲ့
ဂုဏ်ယူစရာ ပြယုဂ်ပေါ့'
'ဘယ်လိုရှင့်'
ဒေါ်ဥမ္မာက ပြန်မေးသည်။
'ဩော် ဆန်ရေစပါး ပေါများကြွယ်ဝတဲ့ သဘောပေါ့ဗျာ၊ အင်း ကျုပ်မိန်းမကိုတော့ မြို့ထဲမခေါ်သွားရဲဘူးဗျ'
'ဘာဖြစ်လို့လဲ'
'နိုင်ငံခြားသားတွေမြင်ရင် ကျုပ်တို့နိုင်ငံအပေါ် တစ်မျိုးတစ်မည် ထင်သွားမှာစိုးလို့'
သူ့ဇနီး ပိန်လွန်းခြင်းကို ရည်ညွှန်း၍ပြောခြင်းဖြစ်သည်။ ဒေါ်ဥမ္မာက 'ဒါနဲ့ ဟိုအရင်တုန်းကတော့ သွယ်သွယ်ကလေးမို့
ကြည့်ကောင်းလှချည်ရဲ့ဆို'
ဦးခင်ဇော်ကဝင်၍
'ဟ ငါတောင် မင်းအပျိုတုန်းက ဇိုင်းကနိုင်းမယ်ဘွဲ့ရလိြု့ ကိုက်ခဲ့တာ မဟုတ်လား၊ အခုလိုဖြစ်လာမယ်မှန်းသိ
ဘယ်ကြိုက်မလဲ'
ဒေါ်ဥမ္မာက ဦးခင်ဇော်ကို မျက်စောင်းတစ်ချက်ထိုးလိုက် သည်။
'ကဲ၊ ကျွန်မလည်း ဟိုဘက်အိမ်မှာ လူနာသတင်းသွားမေးလိုက်ဦးမယ်'
'ဟိုဘက်အိမ် ဘာဖြစ်လို့လဲ'
'ဦးကာဠု လေဖြတ်သွားလို့လေ'
'ဟာ၊ ဟုတ်လား'
'အင်း၊ ကျုပ်တို့ စောစောစီးစီး အရက်ဖြတ်လိုက်တာ သိပ်မှန်သွားတယ်၊ ဦးကာဠုကတော့ ဆက်ချနေတာကိုး၊ ဒီလူက
ရေခဲများများနဲ့သောက်တတ်တာ လူကဝတော့ စွပ်ကျယ်လက်ပြတ်ကလေးဝတ်၊ ပန်ကာဖွင့်ပြီး အအေးခံတာကိုး'
ဒေါ်ဥမ္မာက အိပဲ့ အိပဲ့နှင့် ပြန်ထွက်သွားသည်။
'ဒီနေ့တော့ ဟိုကောင်တွေတယ်ငြိမ်ပါလားဗျ ၊ ခါတိုင်းဆိုဆူညံနေတာပဲ၊ မရှိကြဘူးလား'
ဦးဝင်းမြင့်ကမေးရာ
'ရှိပါတယ်၊ ကျောက်မြောင်းအိမ်သွားမလို့ ပြင်ဆင်နေကြတယ်'
သားမက်၏မိဘများအိမ်ကို ဆိုလိုသည်။
'ကဲ၊ ဘယ်လိုလဲ၊ ပွဲစတော့မလား'
'လုပ်လေ'
'ဒီနေ့တော့ ခင်ဗျားရှုံးမှာပါဗျာ၊ ကျိန်းသေပါတယ်'
'ကြည့်ကြသေးတာပေါ့လေ'
စစ်တုရင်ကွက်ကို စားပွဲပေါ်တင်၊ အရုပ်တွေ စီပြီးပွဲစသည်။ ဦးခင်ဇော်က အနက်၊ ဦးဝင်းမြင့်က အဖြူ၊ ပထမပွဲမှာ
ဦးခင်ဇော်နိုင်သွားသည်။
'ဘယ်နှယ့်လဲ ကျုပ်ပြောတယ် မဟုတ်လား'
'ပထမဦးဆုံးပွဲမှာတော့ ခင်ဗျားက နိုင်နေကျပဲလေ၊ နောက်ပွဲတွေကျတော့လည်း လက်ရည်ကျသွားမှာပါ'
နောက်တစ်ပွဲ စသည်။ ပွဲတစ်ဝက် ကျိုးခါနီးတွင် ဦးဝင်းမြင့်က နယ်ရုပ်တစ်ကောင်၊ မြင်းတစ်ကောင်
အသာရထားသည်။ သူတို့နှစ်ယောက်၏ လက်ရည်သည် မကွာလှ။ နှစ်အတော်ကြာ ကစားခဲ့ကြပြီးဖြစ်၍
တစ်ယောက်အကြောင်း တစ်ယောက်က သိနေပြီ။ နောက်ဆုံး အနိုင်အရှုံးမှာ ထိုနေ့အဖို့ ဘယ်သူက
ကျန်းမာရေးအခြေအနေပိုကောင်း နေသလဲဆိုသည့် အချက်ပေါ်မှာမူတည်သည်။
'ဖေဖေ၊ သမီးတို့သွားတော့မယ် 'ဟု ဦးခင်ဇော်၏ သမီးကလာနှုတ်ဆက်သည်။
'အေး၊ အေး၊ သိပ်ညဥ့်မနက်စေနဲ့နော်၊ ကလေးတွေအအေးမိနေဦးမယ်'
ဦးခင်ဇော်၏ မြေးနှစ်ကောင်ကလည်း နှုတ်ဆက်ရင်း အကြီးကောင်က 'ဘိုးဘိုးး သားပြောတာမမေ့နဲ့နော်'
ဟုပြောသည်။
'ဘာလဲကွ'
'ဒီဟာလေ'
ကားလက်ကိုင်ဘီးကို လှည့်သည့်ဟန်လုပ်ပြသည်။
'ဩော်၊ အေး အေး၊ ဘိုးဘိုး လုပ်ထားလိုက်ပါ့မယ်ကွာ'
'ဘာလဲဗျ'
ဦးဝင်းမြင့်က မေးသည်။
'သူ့ကစားစရာလေး ပျက်နေလို့ ပြင်ခိုင်းတာဗျ ဒီကောင်က ကျုပ်အသည်းစွဲပဲ၊ အငယ်ကောင်တွေကတော့
ဘွားအေပဲ ကပ်တယ်'
သူတို့နှစ်ယောက်သည် လုပ်ငန်းခွင်မှာ ကတည်းကခင်မင်ခဲ့ကြခြင်းဖြစ် သည်။ ရာထူးချင်းလည်း တူသည်။
တစ်ယောက် ဦးစီးဌာနမှာလုပ်ပြီး တစ်ယောက်က ကော်ပိုရေးရှင်းမှာ လုပ်နေသောကြောင့် ရာထူးအခေါ်အဝေါ်သာ
ကွာသည်။ လုပ်ငန်းချင်းကလည်း ဆက်စပ်နေသဖြင့် တစ်ယောက်နှင့်တစ်ယောက် အကူအညီပေးကြရင်း
ခင်မင်သွားခဲ့ကြခြင်းဖြစ်လေ သည်။
ဟိုစဉ်တုန်းက စနေနေ့ ရုံးတက်ရသေးသည်။ ရုံးနေ့တစ်ဝက် ဆင်းလေသောအခါ နှစ်ယောက်သားဆုံပြီး
ဟိုတယ်တစ်ခုခု သို့မဟုတ် စားသောက်ဆိုင် တစ်ခုခုမှာဘီယာသောက်ရင်း စကားပြောကြသည်။ စနေနေ့တိုင်း
မပျက်မကွက် ဆုံကြသည်။အငြိမ်းစားယူပြီြး ကသောအခါ အရက်ဖြတ်လိုက်ကြသော်လည်း စနေနေ့တိုင်း
ဆုံကြသည့်ကိစ္စကိုတော့ မပယ်ဖျက်ခဲ့ကြ။ ဒီတစ်ပတ် ဦးခင်ဇော်အိမ်မှာဆုံလျှင် နောက်တစ်ပတ် ဦးဝင်းမြင့်အိမ်မှာ
ဆုံသည်။ ဦးခင်ဇော်အိမ်မှာဆိုလျှင် စစ်တုရင်ကစားကြပြီး ဦးဝင်းမြင့်အိမ်ကျတော့ ( ) ကစားကြသည်။
လပြည့်လကွယ်နေ့များတွင် ဘုရားတက်ကြသည်။ လမ်းလျှောက်ရင်း ထွေရာလေးပါးစကားပြောကြသည်။
နှစ်ပွဲစီနိုင်ကြပြီး နောက်ဆုံးပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။ ဦးဝင်းမြင့်တစ်ကွက်မှားသွားသဖြင့်
ဦးခင်ဇော်နိုင်သွားသည်။
'ကဲ ကိုဝင်းမြင့် ဘယ့်နှယ်ရှိစ'
'ဟိုတစ်ပတ်က ကျုပ်က နိုင်ထားတာပါဗျာ၊ ကျေရောပေါ့၊ ကဲ၊ ညောင်းပြီဗျာ၊ လမ်းကလေး ဘာလေး
လျှောက်ကြရအောင်'
'နေဦးဗျ၊ ကျုပ်မြေးမှာသွားတာ လုပ်ရဦးမယ်၊ ဂျီကောင်ပြန်လာလို့ မပြီးရင် ပွက်လောရိုက်နေလိမ့်မယ်'
ဦးခင်ဇော်သည် စားပွဲအံဆွဲထဲက ကစားစရာမော်တော်ကားကလေးကို ထုတ်လိုက်သည်။
ကားကလေးက ဓာတ်ခဲနှင့် မောင်းရခြင်းဖြစ်သည်။ တကယ့် ဂျစ်ကားပုံစံအတိုင်း လုပ်ထား၏။
ဦးခင်ဇော် ဓာတ်ခဲထည့်သည့်အံကို ဖွင့်၍စစ်ဆေးကြည့်သည်။ ဝက်အူလှည့်သေးသေးလေးကို ယူ၍
ဟိုထိုးကြည့်၊ ဒီထိုးကြည့် လုပ်သည်။
'ကားက အသစ်ကြီးပါ၊ ဘာဖြစ်နေပါလိမ့်၊ ဩော်ဟုတ်ပြီ'
စသည်ဖြင့် ရေရွတ်နေ၏။
ဦးဝင်းမြင့်ကတော့ ရေနွေးကြမ်းသောက်ရင်း၊ ဆေးတံခဲရင်း၊ ဦးခင်ဇော်လုပ်သမျှ စိတ်ဝင်စားစွာ
ကြည့်နေသည်။ ခဏအကြာတွင် ဦးခင်ဇော် ကျေနပ်စွာ ပြုံးလိုက်သည်။ ကားထဲသို့ ဓာတ်ခဲပြန်ထည့်ပြီး
ခလုတ်ကိုဖွင့်လိုက်သည်။ စက်လည်သံကြားရသည်။ ဦးခင်ဇော်မျက်လုံးက အရောင်လက်သွား၏။ ထို့နောက်
အခန်းထောင့်ဆီသို့လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သ ည်။ ကားလေးကို ကြမ်းပေါ်ချပေးလိုက်၏။
ကားကလေးက ကြမ်းပေါ်မှာ ပြေးသွားသည်။
ဦးဝင်းမြင့်ဘက်သို့ ရောက်လာပြီး ခြေထောက်ကိုတိုက်မိသလို ဖြစ်သွားသည်။ ဦးဝင်းမြင့်က ခြေထောက်ကိုမပြီး
ဖယ်ပေးလိုက်သည်။ ကားကလေးသည် ရှေ့ဆက်သွားပြီး စားပွဲခြေထောက်နှင့် တိုက်မိသွားသည်။ ဦးဝင်းမြင့်က
ကောက်ယူမည်အပြုတွင် ကားကလေး၏ နောက်မီးလင်းလာပြီး သူ့အလိုအလျောက်နောက်ပြန်ဆုတ်သွားသည်။
ပြီးတော့ ကွေ့ပြီး၊ ပြန်ထွက်သွားသည်။
'ဟာ၊ တယ်ဟုတ်ပါလား'
ဦးဝင်းမြင့်က ပြောလိုက်သည်။
'ဒါတင်မကသေးဘူးဗျ၊ ကြည့်'ဆိုပြီး ကားကလေးကို စားပွဲပေါ်တင်၍ ခလုတ်ဖွင့်လိုက်သည်။
ကားကလေးကမောင်းထွက်သွားသည်။ စားပွဲစွန်းနားအရောက်တွင် ဦးဝင်းမြင့်က ပြုတ်ကျမည်စိုး၍
လက်လှမ်းလိုက်ရာ ဦးခင်ဇော်က အသာနေဆိုသော သဘောဖြင့် လက်ကာပြသည်။
ကားကလေးက စားပွဲစွန်းနားမှာပင် ရပ်သွားသည်။
ပြီးတော့ နောက်ပြန်ဆုတ်ပြီး ကွေ့ထွက်သွား၏။
'အေးဗျာ၊ သိပ္ပံပညာ တိုးတက်မှုကတော့ ကလေးကစားစရာတောင်မှ အံ့ဩစရာဖြစ်အောင်လုပ်နိုင်ေ နပြီ'
'ဒါလောက်တင် ဘယ်ကမလဲဗျာ၊ ခဏနေဦး'
ဆိုပြီး ဦးခင်ဇော် အခန်းထဲက ထွက်သွားသည်။
ခဏအကြာတွင် ကတ်ထူသေတ္တာ ခပ်ကြီးကြီးတစ်လုံး သယ်မပြီးပြန်ဝင်လာသည်။
သူက သေတ္တာထဲက အမွေးပွ ခွေးရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူပြီး ကြမ်းပေါ်ချလိုက်သည်။
ခလုတ်ဖွင့်လိုက်သောအခါ ခွေးရုပ်ကလေးကလမ်းလျှောက်သည်။
ဦးခင်ဇော်က လက်ခုပ်သုံးချက်တီးလိုက်၏။
ခွေးရုပ်ကလေး လမ်လျှောက်နေရာမှ ရပ်သွားသည်။
ထို့နောက် ခေါင်းကလေးကိုမော့၍ ဝုတ်ဝုတ်ဟု ဟောင်သည်။ ပြီးတော့ လမ်းပြန်လျှောက်နေသည်။
'ဒါက ဘယ်လိုလဲဗျ'
ဦးဝင်းမြင့်က မေးရာ
'ရီမုတ်ကွန်ထရိုးပေါ့၊ အသံရဲ့တုန်ခါမှုနဲ့ ထိန်းချုပ်ထားတာလေ၊ ခင်ဗျား လက်ခုပ်တီးကြည့်ပါလား'
ဦးဝင်းမြင့်က လက်ခုပ်တီးသည်။
'ကျယ်ကျယ်လေးတီးဗျ၊ သုံးခေါက်လောက်တီး'
ဦးဝင်းမြင့်က ခပ်ပြင်းပြင်းကလေး တီးလိုက်ရာ ခုနလို ဝုတ်၊ ဝုတ် ဟုဟောင်ပြန်သည်။
သူတို့နှစ်ယောက် သဘောကျစွာရယ်လိုက်ကြ၏။
'အံ့ဩစရာပဲဗျာ'
'ကလေးတွေ အဖေက သင်္ဘောခဏခဏထွက်ရတော့ ကစားစရာမှ အစုံပဲ'
'အေးဗျာ၊ ကျုပ်တို့ ငယ်ငယ်ကဆိုရင် ဖိုးဝရုပ်တို့၊ ဇီးကွက်ရုပ်တို့ လောက်နဲ့ပြီးတာ၊ သံပတ်ကားတောင်
ကျုပ်တို့လူပျိုလောက်ဖြစ်မှ ပေါ်တာမဟုတ်လား'
ဦးခင်ဇော်က
'နေဦးဗျာ၊ ပြစရာရှိသေးတယ်'
ဆိုပြီး ကလေးရုပ်ကလေး တစ်ရုပ် ထုတ်လိုက်ပြန်သည်။ ခလုတ်ဖွင့်လိုက်လျှင် အရုပ်ကလေးက အူဝဲ၊ အူဝဲဟု
အော်ငိုတော့သည်။ ဦးခင်ဇော်က နို့ဘူးသေးသေးလေးကို ပါးစပ်ထဲထည့်လိုက်တော့မှ အငိုတိတ်ပြီး
မျက်လုံးကလေးမှိတ်သွားသည်။ နို့ဘူးကလေးထဲက နို့ကုန်သွားသောအခါ ဦးခင်ဇော်က နို့ဘူးကို ပြန်ထုတ်လိုက်သည်။
အရုပ်ကလေးက မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြီး 'သိုင်းကျူး ဂွတ်မောနင်း'ဟုပြောသည်။
ဦးဝင်းမြင့် မျက်လုံးအပြူးသားနှင့် အံ့ဩနေတုန်းမှာပင် အရုပ်ကလေးက သေးပေါက်ချလိုက်လေတော့သည်။
'ဟောဗျာ'
ဦးဝင်းမြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်ကို ဦးခင်ဇော်က သဘောကျစွာကြည့်ရင်း သေတ္တာထဲက
ရိုဘော့စက်ရုပ်ကလေး တစ်ရုပ်ကို ဆွဲထုတ်လိုက်ပြန်သည်။ ဒေါ်ဥမ္မာလူနာသတင်းမေးရာမှ ပြန်လာသည်။
ဧည့်ခန်းထဲ ဖြတ်အလျှောက်တွင် ဦးခင်ဇော်၏ စာဖတ်ခန်းထဲက တကျွိကျွိမြည်သံကြားသဖြင့် သွားကြည့်သည်။
အခန်းပေါက်ဝမှာ ရပ်လိုက်သောအခါ ဒေါ်ဥမ္မာသည် အံ့ဩသလိုဖြစ်သွားပြီး ငေးကြည့်နေ၏။ အခန်းထဲမှာတော့
ဦးဝင်းမြင့်နှင့် ဦးခင်ဇော်တို့သည် အခန်းထောင့်တစ်ထောင့်စီမှာ ထိုင်နေကြသည်။ တစ်ယောက်က
ဆောင့်ကြောင့်၊ တစ်ယောက်က ကြမ်းပေါ်မှာတင်ပျဉ်ခွေလျက်။ သူတို့ဘေးမှာလည်း မော်တော်ကားလေးတွေ၊
စက်ရုပ်ကလေးတွေ၊ ဝက်ဝံရုပ်ကလေးတွေ ဝိုင်းလျက်ပြန့်ကျဲနေသည်။
ဦးခင်ဇော်က သူ့လက်ထဲက ကြွက်ရုပ်ကလေးကို ကြမ်းပေါ်ချလိုက်သောအခါ ကြွက်ရုပ်ကလေးက တကျွိကျွိအော်ရင်း
ဦးဝင်းမြင့်ဆီ ပြေးသွားသည်။ ဦးဝင်းမြင့်က ကြွက်ရုပ်ကလေးကို ကောက်ယူ၍ ဦးခင်ဇော်ဆီပြန်လွှတ်မည်အပြုတွင်
ဒေါ်ဥမ္မာကိုမြင်သွားသည်။ ဦးဝင်းမြင့်သည် ရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲရယ်လိုက်သည်။ သူ့လက်ထဲက
ကြွက်ရုပ်ကလေးကတော့ အမြီးကလေး တလှုပ်လှုပ်ဖြစ်နေတုန်း။အဘိုး ကြီးနှစ်ယောက်တို့သည် တုတ်ကောက်
ကိုယ်စီဖြင့် ဘုရားဘက်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်
အတော်ကြာအောင် စကားမပြောဖြစ်ကြ။ မျက်နှာတွေကတော့ တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့်နေသလို
ပြုံးတုံ့တုံ့ဖြစ်နေကြသည်။ လမ်းလျှောက်ရာတွင်လည်း ခါတိုင်းနေ့များထက် ပိုသွက်နေသည်။
ခဏအကြာမှာ ဦးခင်ဇော်က 'ပျော်စရာတော့ အကောင်းသားဗျနော်' ဟု ခပ်တိုးတိုးပြောလိုက်လေသည်။
မင်းလူ
------------------
စာပေလုပ်သားမဂ္ဂဇင်း၊
အောက်တိုဘာ၊
၁၉၈၆
လာနေကျအချိန်အတိုင်း စနေနေ့ နေ့လယ် နှစ်နာရီတိတိမှာ ဦးဝင်းမြင့်ရောက်လာသည်။ ဦးခင်ဇော်ကလည်း 'လာဗျို့
ကိုဝင်းမြင့် ကျုပ်လည်း ထမင်းစားပြီး တစ်ရေးလောက် မှေးလိုက်တာ၊ အခုမှပဲ နိုးတယ်၊ မျက်နှာသစ်ပြီးပြီးချင်း ခင်ဗျား
ရောက်လာတာပဲ' ဟု ထုံးစံအတိုင်းပြောလိုက်သည်။
အချိန်လောက် မှန်းပြီးလာတာပဲ'ဟုပြန်ပြော
အော်ခေါ်၍ နှုတ်ဆက်သည်။ ထို့နောက်သူတို့ နှစ်ယောက် ထိုင်နေကျဖြစ်သော လသာဆောင်အခန်းလေးသို့ လာခဲ့ကြသည်။
ထိုအခန်းကလေးသည် အိမ်၏အစွန်းဘက်တွင် ထိုးထွက်နေသောကြောင့် အေးအေးဆေးဆေး နားနေနိုင်သည်။ ဦးခင်ဇော်၏
ကိုယ်ပိုင်အခန်းဖြစ်သည်။ စာဖတ်ခန်းလည်းဖြစ်သည်။ အခန်းထဲတွင် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ စားပွဲပုတစ်လုံးနှင့်
ပက်လက်ကုလားထိုင်နှစ်လုံးရှ
စားပွဲပေါ်မှာတော့ တိုင်း၊ နယူးစ်ဝိခ်မဂ္ဂဇင်းများနှင့်
ပက်လက်ကုလားထိုင်များပေါ်မှာ
ဖွင့်၍ ဆေးပြင်းလိပ်တစ်လိပ် ရွေးယူပြီး မီးညှိသည်။ ဦးဝင်းမြင့်ကလည်း သူ့သားရေအိတ်ကလေးထဲက ဆေးတံနှင့်
ဆေးအိတ်ကို ထုတ်ယူလိုက်သည်။ ဆေးဖြည့်ပြီး မီးညှိသည်။ ကျေနပ်လောက်အောင် ဖွာကြပြီးလျှင် စကားစပြောသည်။
ထွေရာလေးပါး ပြောနေကြရာမှ ကမ္ဘာ့ဘောလုံးပွဲအကြောင်းသို
နှစ်ယောက်စလုံး စိတ်ဝင်စားသော အကြောင်းအရာဖြစ်သောကြောင့် အပြန်အလှန်ပြောကြသည်။
'ဘရာဇီးရှုံးတာ နာတယ်ဗျာ'ဟု ဦးခင်ဇော်ကပြောသည်။
ဦးဝင်းမြင့်က 'ခင်ဗျား ဗီဒီယိုအခွေကြည့်ပြီးပြီလား
'ကြည့်ပြီးပြီ၊ ခြေအသာနဲ့ ကစားသွားတာဗျ၊ ဇစ်ကို ပယ်နယ်တီကန်တာ ဝင်လိုက်ရင် ကိစ္စပြတ်ပြီ၊
ပေါ့ပေါ့ဆဆလုပ်လို့ခံသွားရတ
'ဘရာဇီးအသင်းက ရှုံးသင့်လို့ ရှုံးသွားတာပါဗျာ၊ ရှုံးသွားတာလည်း ခပ်ကောင်းကောင်းပဲ'
'ဘာဖြစ်လို့လဲဗျ'
'စဉ်းစားကြည့်လေ၊ ဘရာဇီးအသင်းဟာ ကြိုတင်ပြင်ဆင်ပြီး စနစ်တကျ ဖွဲ့စည်းလာတာ မဟုတ်ဘူး၊
အသင်းမန်နေဂျာတောင် လာခါနီးမှ ကပ်ပြီးရွေးလာရတာ၊ ဘောလုံးသမားတွေနဲ့မန်နေဂျာန
အဲဒီလိုအသင်းမျိုး ဗိုလ်စွဲသွားမယ်ဆိုရင် ဘောလုံးလောကမှာ ပြောစမှတ်ဖြစ်သွားမယ်၊ ကြိုတင်ပြင်ဆင်မှုတို့၊
အသင်းရဲ့စည်းလုံးညီညွတ်မှုတိ
'ဒါလည်းဟုတ်တာပဲ၊ ကျုပ်ကတော့ ပီလီတို့ ခေတ်ကတည်းက ဘရာဇီးအသင်းကိုပဲ စွဲနေခဲ့တာကိုး'
'ကျုပ်ကတော့ မာရာဒိုနာကို စွဲသွားပြီဗျာ '
ဦးခင်ဇော်၏ဇနီး ဒေါ်ဥမ္မာ အခန်းထဲသို့ဝင်လာသည်။ လက်ဖက်သုပ်နှင့် ရေနွေးကြမ်း လာပို့ခြင်းဖြစ်သည်။
လင်ပန်းကို စားပွဲပေါ်တင်နေတုန်း ဦးဝင်းမြင့်က ပြောသည်။
'ဒေါ်ဥမ္မာတို့ကတော့ စားကောင်း သောက်ကောင်းနဲ့ ဝပြီးရင်း ဝနေတာပဲနော်၊ ကောင်းပါတယ်ဗျာ၊ ကျုပ်တို့ နိုင်ငံရဲ့
ဂုဏ်ယူစရာ ပြယုဂ်ပေါ့'
'ဘယ်လိုရှင့်'
ဒေါ်ဥမ္မာက ပြန်မေးသည်။
'ဩော် ဆန်ရေစပါး ပေါများကြွယ်ဝတဲ့ သဘောပေါ့ဗျာ၊ အင်း ကျုပ်မိန်းမကိုတော့ မြို့ထဲမခေါ်သွားရဲဘူးဗျ'
'ဘာဖြစ်လို့လဲ'
'နိုင်ငံခြားသားတွေမြင်ရင် ကျုပ်တို့နိုင်ငံအပေါ် တစ်မျိုးတစ်မည် ထင်သွားမှာစိုးလို့'
သူ့ဇနီး ပိန်လွန်းခြင်းကို ရည်ညွှန်း၍ပြောခြင်းဖြစ်သည်။
ကြည့်ကောင်းလှချည်ရဲ့ဆို'
ဦးခင်ဇော်ကဝင်၍
'ဟ ငါတောင် မင်းအပျိုတုန်းက ဇိုင်းကနိုင်းမယ်ဘွဲ့ရလိြု့
ဘယ်ကြိုက်မလဲ'
ဒေါ်ဥမ္မာက ဦးခင်ဇော်ကို မျက်စောင်းတစ်ချက်ထိုးလိုက်
'ကဲ၊ ကျွန်မလည်း ဟိုဘက်အိမ်မှာ လူနာသတင်းသွားမေးလိုက်ဦးမယ
'ဟိုဘက်အိမ် ဘာဖြစ်လို့လဲ'
'ဦးကာဠု လေဖြတ်သွားလို့လေ'
'ဟာ၊ ဟုတ်လား'
'အင်း၊ ကျုပ်တို့ စောစောစီးစီး အရက်ဖြတ်လိုက်တာ သိပ်မှန်သွားတယ်၊ ဦးကာဠုကတော့ ဆက်ချနေတာကိုး၊ ဒီလူက
ရေခဲများများနဲ့သောက်တတ်တာ လူကဝတော့ စွပ်ကျယ်လက်ပြတ်ကလေးဝတ်၊ ပန်ကာဖွင့်ပြီး အအေးခံတာကိုး'
ဒေါ်ဥမ္မာက အိပဲ့ အိပဲ့နှင့် ပြန်ထွက်သွားသည်။
'ဒီနေ့တော့ ဟိုကောင်တွေတယ်ငြိမ်ပါလားဗျ
ဦးဝင်းမြင့်ကမေးရာ
'ရှိပါတယ်၊ ကျောက်မြောင်းအိမ်သွားမလို့
သားမက်၏မိဘများအိမ်ကို ဆိုလိုသည်။
'ကဲ၊ ဘယ်လိုလဲ၊ ပွဲစတော့မလား'
'လုပ်လေ'
'ဒီနေ့တော့ ခင်ဗျားရှုံးမှာပါဗျာ၊ ကျိန်းသေပါတယ်'
'ကြည့်ကြသေးတာပေါ့လေ'
စစ်တုရင်ကွက်ကို စားပွဲပေါ်တင်၊ အရုပ်တွေ စီပြီးပွဲစသည်။ ဦးခင်ဇော်က အနက်၊ ဦးဝင်းမြင့်က အဖြူ၊ ပထမပွဲမှာ
ဦးခင်ဇော်နိုင်သွားသည်။
'ဘယ်နှယ့်လဲ ကျုပ်ပြောတယ် မဟုတ်လား'
'ပထမဦးဆုံးပွဲမှာတော့ ခင်ဗျားက နိုင်နေကျပဲလေ၊ နောက်ပွဲတွေကျတော့လည်း လက်ရည်ကျသွားမှာပါ'
နောက်တစ်ပွဲ စသည်။ ပွဲတစ်ဝက် ကျိုးခါနီးတွင် ဦးဝင်းမြင့်က နယ်ရုပ်တစ်ကောင်၊ မြင်းတစ်ကောင်
အသာရထားသည်။ သူတို့နှစ်ယောက်၏ လက်ရည်သည် မကွာလှ။ နှစ်အတော်ကြာ ကစားခဲ့ကြပြီးဖြစ်၍
တစ်ယောက်အကြောင်း တစ်ယောက်က သိနေပြီ။ နောက်ဆုံး အနိုင်အရှုံးမှာ ထိုနေ့အဖို့ ဘယ်သူက
ကျန်းမာရေးအခြေအနေပိုကောင်း
'ဖေဖေ၊ သမီးတို့သွားတော့မယ် 'ဟု ဦးခင်ဇော်၏ သမီးကလာနှုတ်ဆက်သည်။
'အေး၊ အေး၊ သိပ်ညဥ့်မနက်စေနဲ့နော်၊ ကလေးတွေအအေးမိနေဦးမယ်'
ဦးခင်ဇော်၏ မြေးနှစ်ကောင်ကလည်း နှုတ်ဆက်ရင်း အကြီးကောင်က 'ဘိုးဘိုးး သားပြောတာမမေ့နဲ့နော်'
ဟုပြောသည်။
'ဘာလဲကွ'
'ဒီဟာလေ'
ကားလက်ကိုင်ဘီးကို လှည့်သည့်ဟန်လုပ်ပြသည်။
'ဩော်၊ အေး အေး၊ ဘိုးဘိုး လုပ်ထားလိုက်ပါ့မယ်ကွာ'
'ဘာလဲဗျ'
ဦးဝင်းမြင့်က မေးသည်။
'သူ့ကစားစရာလေး ပျက်နေလို့ ပြင်ခိုင်းတာဗျ ဒီကောင်က ကျုပ်အသည်းစွဲပဲ၊ အငယ်ကောင်တွေကတော့
ဘွားအေပဲ ကပ်တယ်'
သူတို့နှစ်ယောက်သည် လုပ်ငန်းခွင်မှာ ကတည်းကခင်မင်ခဲ့ကြခြင်းဖြစ်
တစ်ယောက် ဦးစီးဌာနမှာလုပ်ပြီး တစ်ယောက်က ကော်ပိုရေးရှင်းမှာ လုပ်နေသောကြောင့် ရာထူးအခေါ်အဝေါ်သာ
ကွာသည်။ လုပ်ငန်းချင်းကလည်း ဆက်စပ်နေသဖြင့် တစ်ယောက်နှင့်တစ်ယောက် အကူအညီပေးကြရင်း
ခင်မင်သွားခဲ့ကြခြင်းဖြစ်လေ
ဟိုစဉ်တုန်းက စနေနေ့ ရုံးတက်ရသေးသည်။ ရုံးနေ့တစ်ဝက် ဆင်းလေသောအခါ နှစ်ယောက်သားဆုံပြီး
ဟိုတယ်တစ်ခုခု သို့မဟုတ် စားသောက်ဆိုင် တစ်ခုခုမှာဘီယာသောက်ရင်း စကားပြောကြသည်။ စနေနေ့တိုင်း
မပျက်မကွက် ဆုံကြသည်။အငြိမ်းစားယူပြီြး
ဆုံကြသည့်ကိစ္စကိုတော့ မပယ်ဖျက်ခဲ့ကြ။ ဒီတစ်ပတ် ဦးခင်ဇော်အိမ်မှာဆုံလျှင် နောက်တစ်ပတ် ဦးဝင်းမြင့်အိမ်မှာ
ဆုံသည်။ ဦးခင်ဇော်အိမ်မှာဆိုလျှင် စစ်တုရင်ကစားကြပြီး ဦးဝင်းမြင့်အိမ်ကျတော့ ( ) ကစားကြသည်။
လပြည့်လကွယ်နေ့များတွင် ဘုရားတက်ကြသည်။ လမ်းလျှောက်ရင်း ထွေရာလေးပါးစကားပြောကြသည်။
နှစ်ပွဲစီနိုင်ကြပြီး နောက်ဆုံးပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။
ဦးခင်ဇော်နိုင်သွားသည်။
'ကဲ ကိုဝင်းမြင့် ဘယ့်နှယ်ရှိစ'
'ဟိုတစ်ပတ်က ကျုပ်က နိုင်ထားတာပါဗျာ၊ ကျေရောပေါ့၊ ကဲ၊ ညောင်းပြီဗျာ၊ လမ်းကလေး ဘာလေး
လျှောက်ကြရအောင်'
'နေဦးဗျ၊ ကျုပ်မြေးမှာသွားတာ လုပ်ရဦးမယ်၊ ဂျီကောင်ပြန်လာလို့ မပြီးရင် ပွက်လောရိုက်နေလိမ့်မယ်'
ဦးခင်ဇော်သည် စားပွဲအံဆွဲထဲက ကစားစရာမော်တော်ကားကလေးကို ထုတ်လိုက်သည်။
ကားကလေးက ဓာတ်ခဲနှင့် မောင်းရခြင်းဖြစ်သည်။ တကယ့် ဂျစ်ကားပုံစံအတိုင်း လုပ်ထား၏။
ဦးခင်ဇော် ဓာတ်ခဲထည့်သည့်အံကို ဖွင့်၍စစ်ဆေးကြည့်သည်။ ဝက်အူလှည့်သေးသေးလေးကို ယူ၍
ဟိုထိုးကြည့်၊ ဒီထိုးကြည့် လုပ်သည်။
'ကားက အသစ်ကြီးပါ၊ ဘာဖြစ်နေပါလိမ့်၊ ဩော်ဟုတ်ပြီ'
စသည်ဖြင့် ရေရွတ်နေ၏။
ဦးဝင်းမြင့်ကတော့ ရေနွေးကြမ်းသောက်ရင်း၊ ဆေးတံခဲရင်း၊ ဦးခင်ဇော်လုပ်သမျှ စိတ်ဝင်စားစွာ
ကြည့်နေသည်။ ခဏအကြာတွင် ဦးခင်ဇော် ကျေနပ်စွာ ပြုံးလိုက်သည်။ ကားထဲသို့ ဓာတ်ခဲပြန်ထည့်ပြီး
ခလုတ်ကိုဖွင့်လိုက်သည်။ စက်လည်သံကြားရသည်။ ဦးခင်ဇော်မျက်လုံးက အရောင်လက်သွား၏။ ထို့နောက်
အခန်းထောင့်ဆီသို့လျှောက်သွ
ကားကလေးက ကြမ်းပေါ်မှာ ပြေးသွားသည်။
ဦးဝင်းမြင့်ဘက်သို့ ရောက်လာပြီး ခြေထောက်ကိုတိုက်မိသလို ဖြစ်သွားသည်။ ဦးဝင်းမြင့်က ခြေထောက်ကိုမပြီး
ဖယ်ပေးလိုက်သည်။ ကားကလေးသည် ရှေ့ဆက်သွားပြီး စားပွဲခြေထောက်နှင့် တိုက်မိသွားသည်။ ဦးဝင်းမြင့်က
ကောက်ယူမည်အပြုတွင် ကားကလေး၏ နောက်မီးလင်းလာပြီး သူ့အလိုအလျောက်နောက်ပြန်ဆုတ
ပြီးတော့ ကွေ့ပြီး၊ ပြန်ထွက်သွားသည်။
'ဟာ၊ တယ်ဟုတ်ပါလား'
ဦးဝင်းမြင့်က ပြောလိုက်သည်။
'ဒါတင်မကသေးဘူးဗျ၊ ကြည့်'ဆိုပြီး ကားကလေးကို စားပွဲပေါ်တင်၍ ခလုတ်ဖွင့်လိုက်သည်။
ကားကလေးကမောင်းထွက်သွားသည်။
လက်လှမ်းလိုက်ရာ ဦးခင်ဇော်က အသာနေဆိုသော သဘောဖြင့် လက်ကာပြသည်။
ကားကလေးက စားပွဲစွန်းနားမှာပင် ရပ်သွားသည်။
ပြီးတော့ နောက်ပြန်ဆုတ်ပြီး ကွေ့ထွက်သွား၏။
'အေးဗျာ၊ သိပ္ပံပညာ တိုးတက်မှုကတော့ ကလေးကစားစရာတောင်မှ အံ့ဩစရာဖြစ်အောင်လုပ်နိုင်ေ
'ဒါလောက်တင် ဘယ်ကမလဲဗျာ၊ ခဏနေဦး'
ဆိုပြီး ဦးခင်ဇော် အခန်းထဲက ထွက်သွားသည်။
ခဏအကြာတွင် ကတ်ထူသေတ္တာ ခပ်ကြီးကြီးတစ်လုံး သယ်မပြီးပြန်ဝင်လာသည်။
သူက သေတ္တာထဲက အမွေးပွ ခွေးရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူပြီး ကြမ်းပေါ်ချလိုက်သည်။
ခလုတ်ဖွင့်လိုက်သောအခါ ခွေးရုပ်ကလေးကလမ်းလျှောက်သည
ဦးခင်ဇော်က လက်ခုပ်သုံးချက်တီးလိုက်၏။
ခွေးရုပ်ကလေး လမ်လျှောက်နေရာမှ ရပ်သွားသည်။
ထို့နောက် ခေါင်းကလေးကိုမော့၍ ဝုတ်ဝုတ်ဟု ဟောင်သည်။ ပြီးတော့ လမ်းပြန်လျှောက်နေသည်။
'ဒါက ဘယ်လိုလဲဗျ'
ဦးဝင်းမြင့်က မေးရာ
'ရီမုတ်ကွန်ထရိုးပေါ့၊ အသံရဲ့တုန်ခါမှုနဲ့ ထိန်းချုပ်ထားတာလေ၊ ခင်ဗျား လက်ခုပ်တီးကြည့်ပါလား'
ဦးဝင်းမြင့်က လက်ခုပ်တီးသည်။
'ကျယ်ကျယ်လေးတီးဗျ၊ သုံးခေါက်လောက်တီး'
ဦးဝင်းမြင့်က ခပ်ပြင်းပြင်းကလေး တီးလိုက်ရာ ခုနလို ဝုတ်၊ ဝုတ် ဟုဟောင်ပြန်သည်။
သူတို့နှစ်ယောက် သဘောကျစွာရယ်လိုက်ကြ၏။
'အံ့ဩစရာပဲဗျာ'
'ကလေးတွေ အဖေက သင်္ဘောခဏခဏထွက်ရတော့ ကစားစရာမှ အစုံပဲ'
'အေးဗျာ၊ ကျုပ်တို့ ငယ်ငယ်ကဆိုရင် ဖိုးဝရုပ်တို့၊ ဇီးကွက်ရုပ်တို့ လောက်နဲ့ပြီးတာ၊ သံပတ်ကားတောင်
ကျုပ်တို့လူပျိုလောက်ဖြစ်မှ
ဦးခင်ဇော်က
'နေဦးဗျာ၊ ပြစရာရှိသေးတယ်'
ဆိုပြီး ကလေးရုပ်ကလေး တစ်ရုပ် ထုတ်လိုက်ပြန်သည်။ ခလုတ်ဖွင့်လိုက်လျှင် အရုပ်ကလေးက အူဝဲ၊ အူဝဲဟု
အော်ငိုတော့သည်။ ဦးခင်ဇော်က နို့ဘူးသေးသေးလေးကို ပါးစပ်ထဲထည့်လိုက်တော့မှ အငိုတိတ်ပြီး
မျက်လုံးကလေးမှိတ်သွားသည်။ နို့ဘူးကလေးထဲက နို့ကုန်သွားသောအခါ ဦးခင်ဇော်က နို့ဘူးကို ပြန်ထုတ်လိုက်သည်။
အရုပ်ကလေးက မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြီး 'သိုင်းကျူး ဂွတ်မောနင်း'ဟုပြောသည်။
ဦးဝင်းမြင့် မျက်လုံးအပြူးသားနှင့် အံ့ဩနေတုန်းမှာပင် အရုပ်ကလေးက သေးပေါက်ချလိုက်လေတော့သည်။
'ဟောဗျာ'
ဦးဝင်းမြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်က
ရိုဘော့စက်ရုပ်ကလေး တစ်ရုပ်ကို ဆွဲထုတ်လိုက်ပြန်သည်။ ဒေါ်ဥမ္မာလူနာသတင်းမေးရာမှ ပြန်လာသည်။
ဧည့်ခန်းထဲ ဖြတ်အလျှောက်တွင် ဦးခင်ဇော်၏ စာဖတ်ခန်းထဲက တကျွိကျွိမြည်သံကြားသဖြင့် သွားကြည့်သည်။
အခန်းပေါက်ဝမှာ ရပ်လိုက်သောအခါ ဒေါ်ဥမ္မာသည် အံ့ဩသလိုဖြစ်သွားပြီး ငေးကြည့်နေ၏။ အခန်းထဲမှာတော့
ဦးဝင်းမြင့်နှင့် ဦးခင်ဇော်တို့သည် အခန်းထောင့်တစ်ထောင့်စီမှာ ထိုင်နေကြသည်။ တစ်ယောက်က
ဆောင့်ကြောင့်၊ တစ်ယောက်က ကြမ်းပေါ်မှာတင်ပျဉ်ခွေလျက်။
စက်ရုပ်ကလေးတွေ၊ ဝက်ဝံရုပ်ကလေးတွေ ဝိုင်းလျက်ပြန့်ကျဲနေသည်။
ဦးခင်ဇော်က သူ့လက်ထဲက ကြွက်ရုပ်ကလေးကို ကြမ်းပေါ်ချလိုက်သောအခါ ကြွက်ရုပ်ကလေးက တကျွိကျွိအော်ရင်း
ဦးဝင်းမြင့်ဆီ ပြေးသွားသည်။ ဦးဝင်းမြင့်က ကြွက်ရုပ်ကလေးကို ကောက်ယူ၍ ဦးခင်ဇော်ဆီပြန်လွှတ်မည်အပြ
ဒေါ်ဥမ္မာကိုမြင်သွားသည်။ ဦးဝင်းမြင့်သည် ရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲရယ်လိုက်သည်။ သူ့လက်ထဲက
ကြွက်ရုပ်ကလေးကတော့ အမြီးကလေး တလှုပ်လှုပ်ဖြစ်နေတုန်း။အဘိုး
ကိုယ်စီဖြင့် ဘုရားဘက်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်
အတော်ကြာအောင် စကားမပြောဖြစ်ကြ။ မျက်နှာတွေကတော့ တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့်နေသလို
ပြုံးတုံ့တုံ့ဖြစ်နေကြသည်။ လမ်းလျှောက်ရာတွင်လည်း ခါတိုင်းနေ့များထက် ပိုသွက်နေသည်။
ခဏအကြာမှာ ဦးခင်ဇော်က 'ပျော်စရာတော့ အကောင်းသားဗျနော်' ဟု ခပ်တိုးတိုးပြောလိုက်လေသည်။
မင်းလူ
------------------
စာပေလုပ်သားမဂ္ဂဇင်း၊
အောက်တိုဘာ၊
၁၉၈၆
0 comments:
Post a Comment