“ပေါက်ဖော်မကြီးရဲ့ လက်မဲ”
ယနေ့ ခေတ်ဖြေလျော့မှုကာလအတွင်း မြန်မာ့ ပဋ္ဋိပက္ခများနဲ့ ပတ်သက်၍ လူကြိုက်များသော ထင်မြင်ယူဆချက်မှာ နောက်ကွယ်မှ ကြိုးကိုင်သူ လက်မဲကြီးရှိသည်ဟူ၍ဖြစ်၏။ ၎င်းလက်သည်မှာ စာအုပ်စာပေတွင်သာဘ၀ကိုမြှုပ်နှံထားသူကြီးအဖြစ်၎င်း၊ နိုင်ငံရေး အာဏာပြိုင်နေကြသော အုပ်စု ၂ ခုကြောင့်၎င်း…စကားလုံးကြီးကြီးသုံးရလျှင် power figures များအားပြိုင်နေကြသောကြောင့်၎င်း၊ စသဖြင့် Conspiracy Theory (လက်ထောက်ချ သီအိုရီ ဟုမြန်မာမှုပြုရနိုင်အံ့ထင် ရသော) ကို ဗဟိုပြုကောက်ချက်ဆွဲကြသော ဆင်ခြင်မှုများဖြစ်နေ သည်ကိုတွေ့ ရမည်ဖြစ်၏။
ဤသို့ သော သိုးစော်နံအချဉ်ပေါက်နှေပြီဖြစ်သည့် အပစ်တင်ကြေး ကစားပွဲများ (blame games) မှာ စိတ်ပျက်ငြီးငွေ့ စရာကောင်းလှပြီဖြစ်၏။ ပကဗ နဲ့ မဆလ လက်ဝှေ့ ပွဲများ၊ အတိုက်အခံနှင့် စစ်အစိုးရ ဆယ်စုနှစ်များစွာ အပြန်အလှန်စွတ်စွဲကြသည့် အမူအကျင့်များမှာ ငြီးငွေ့ စက်ဆုပ်စရာကောင်းလှပြီဖြစ်၏။ ခေတ်သစ်အိုင်တီခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ မျိုးဆက်သစ်တို့ အနေဖြင့် အမြင်သစ်၊ လုပ်ဆောင်ချက်အသစ်တို့ ဖြင့် သာခေတ်ကိုရှေ့ တိုးဖို့ လိုသည်ထင်၏။ ရှေးက လူမိုက်ကြီးများလမ်းဟောင်းကို ဆင့်ကာထွင်၍ သံသရာကိုဆွဲဆန့် ဖို့ မသင့်တော့။ အသိုးကြီးများ၏ နံစော်နေသာ ကုတ်အကျီအဟောင်းကြီးကို အဝေးဆုံးသို့ သာလွှင့်ပစ်ချင်တော့မိ၏။ သို့ ဆိုလျှင် ယခုတလော ပွက်လောညံနေသာ အဓိကရုဏ်းများအကြောင်းကို မည်သည့်သော အမြင်သစ်ဖြင့်မြင်နိုင်အံ့နည်းဟု မေးစရာရှိ၏။
ဤနေရာတွင် sociology of globalization (ကမ္ဘာလုံးပြုခြင်းဆိုင်ရာ လူမှုဖွဲ့ စည်းဗေဒ) နှင့်ပတ်သက်၍ ဖတ်မှတ်ခဲ့ရသော အကြောင်းအရာများကို သွား၍သတိရမိ၏။ အမှန်တကယ်တော့ ဂလိုဘယ်လိုက်ဇေးရှင်းဟု မြန်မာမှုပြုထားသောအကြောင်းအရာသည် ယနေ့ အိုင်တီခေတ်တွင်မှ ပေါ်ထွန်းလာသော အကြောင်းအရာမဟုတ်။ တရုပ်ကုလားတို့ ကုန်သွယ်ကြသော ပိုးလမ်းမကြီးဖေါက်သည့်ခေတ်ကပင် စသည်ဟုပြောရမည်သာဖြစ်၏။ ယနေ့ အိုင်တီခေတ် နှင့် ၎င်းရှေးခေတ်ကမ္ဘာလုံးပြုခြင်းတို့ ၏ ကွားခြားချက်မှာ ရိုက်ခတ်မှု (Impact) အပြင်းအပျော့မျှသာဖြစ်၏။
ဂလိုဘယ်လိုက်ဇေးရှင်း (သို့ ) ကမ္ဘာလုံးပြုခြင်းကို မျက်နှာပြင်ဒိုင်မင်းရှင်းများဖြင့်ကြည့်လေ့ရှိကြ၏။ ဆိုလိုသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းအား ၁)ယဉ်ကျေးမှုမျက်နှာပြင် (cultural dimension ၂) စီးပွားရေးမျက်နှာပြင် (economic dimension) ၃) နိုင်ငံရေးမျက်နှာပြင် (political dimension ၄) သဘာဝပတ်ဝန်းကျင် မျက်နှာပြင် (environmental dimension) စသဖြင့် ဒိုင်းမင်းရှင်းများ ခွဲခြားကြည့်ခြင်းဖြစ်၏။
စင်စစ် မြန်မာတို့ အဖို့ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းကို ကြားဖူးနားဝရှိသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း စစ်အစိုးရအဆက်ဆက်၏ သံကွန်ချာအဆင့်ဆင့်နှင့် အမှောင်ချနှစ်များတွင်းဝယ် ၎င်း၏ရိုက်ခတ်ချက်ကို သိသိသာသာ မခံစားခဲ့ရ။ ယခုအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများနှင့် အဖွင့်ကစားလာသည့် ကာလရောက်မှသာ ၎င်း၏ရိုက်ခေတ်ချက်ကို ပက်ပင်းတွေ့ ရ နှာခေါင်းကျည်ပွေ့ တွေ့ ရသည်ဟုဆိုနိုင်၏။ နှစ်ရှည်လများ တိုက်ပိတ်ခံထားရသော အကျဉ်းသားတစ်ယောက် နေ့ အလင်းရောင်အောက်ဝယ် ခဏတာမျက်စိကန်းသွားသကဲ့သို့ ရှော့ ရသွားခြင်းဖြစ်၏။ သည့်အတွက်ကြောင့်ပင် ယနေ့ မြန်မာကဲ့သို့ အကူးအပြောင်းနိုင်ငံများ (transition economies) အကြောင်းကိုပြောကြဆိုကြရာတွင် ရှော့တိုက်ကုထုံး (schock therapy) ဟူသော စကားလုံးကိုမကြာမကြာသုံးစွဲလေ့ရှိကြ၏။ ဥပမာအားဖြင့် ကွန်မြူနစ်ရုရှ မှ ဈေးကွက်ရုရှသို အပြောင်းတွင် ဤစကားလုံးကိုလှိုင်လှိုင်ကြားရ၏။
အမှန်တကယ်တော့ ကမ္ဘာလုံးပြုခြင်းနှင့်ပတ်သက်လာလျှင် ထောက်ခံသူ၊ ကန့် ကွက်သူ စသဖြင့် ကျယ်လောင်ဆူညံသော ငြင်းခုန်ပွဲများဖြစ်လာသည်ကိုတွေ့ ရမည်သာဖြစ်၏။ မြန်မာပြည်မှ ပညာတတ်လူတန်းစားအများစုမှာမူ အမှောင်ပိတ်ကာလအတွင်းဝယ်နေခဲ့ရသည့်အားလျော်စွာ ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ကမ်းကြိုဆိုလိုသည့်အာသီသကိုတွေ့ ရ၏။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့် ကျင်သော မြန်မာစာရေးဆရာ၊ နိုင်ငံရေးသမား၊ ပညာတတ်လူလတ်တန်းစား မရှိသလောက်ရှားသည်ကိုသတိပြုမိ၏။ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းကို ထဲထဲဝင်ဝင်စေ့ငုခြင်းမရှိသောကြောင့်လည်း လွယ်လင့်တကူ လက်ခံလိုက်ခြင်းလည်းဖြစ်ဟန်ရှိ၏။ တဖက်တွင်လည်း ကမ္ဘာကြီးပြားလာခြင်းကိုယ်နှိုက်သည် ပင်လျှင် ရှေးဆာမူရိုင်းခေတ်ဂျပန်တို့ လို မျက်စိမှိတ်ငြင်းပယ်ပြီး လက်မခံချင်၍လည်းမရသော အတင်းတိုးဝင်လာသော အင်အားစုကြီးလည်းဖြစ်နေပြန်၏။
အမှန်စင်စစ် ဤကမ္ဘာလုံးပြုခြင်းတွင် ကောင်းကွက်များလည်းရှိ၍ ဆိုးကွက်းများလည်းအနန္တ။ သိကျွမ်းဖူးသော အမေရိကန်ပရောဖက်ဆာများကမူ ဆန့် ကျင်သည့်ဖက် (anti-globalization)တွင်ရပ်လိုကြသည့်အာသီသကိုတွေ့ ရ၏။ ၎င်းတို့ ၏အမြင်တွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် ဈေးကွက်အခြေခံအရင်းရှင်စံနစ်အား ကမ္ဘာကြီးကိုကျွန်ပြုခွင့်ပေးသည့် ဖြစ်စဉ်အဖြစ်မြင်ကြ၏။
အမှန်တကယ်တော့ နိုင်ငံစုံကော်ပိုရေးရှင်းများ (MNCs)၊ စက်မှုအခြေပြု လယ်ယာလုပ်ငန်းများ (mechanized farming) စသည့်နိုင်ငံနယ်နမိတ်များကိုဖြတ်ကျော်၍လုပ်ကိုင်ကြသည့် စီးပွားရေးအပြုအမူများ (economic activities)၊ တနည်းအားဖြင့် စီးပွားရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း (Economic Globalization) ကြောင့်ပင် ယနေ့ ကမ္ဘာကြီးမှာ လူတစု၏လက်တွင်းဝယ် ပြုသမျှနုရသည့်အဖြစ်သို့ တစတစ ကျရောက်လာနေပြီဖြစ်၏။ လောဘဟူသည် အောက်ခြေမရှိသည့် အသူတရာနက်သည့် ချေက်ကမ်းပါးဖြစ်လာနေ၏။ အကျိုးဆက်အားဖြင့်တဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်သည် ဆိုးဆိုးရွားရွားပျက်စီးလာပြီးဖြစ်၏။
နိုင်ငံရေးဆိုင်ရာမျက်နှာပြင်ဘက်တွင်လည်း ကမ္ဘာ့နိုင်ငံတို့ သည် မိမိတို့ ၏ အချုပ်အာဏာများယိုင်နဲ့ လာကြသည်ကို တွေ့ ရမည်ဖြစ်၏။ လူ့ အခွင့်အရေး၊ နိုင်ငံတကာစံနှုန်းစသည့် အယူအဆများ၊ နိုင်ငံတကာအကူအညီများ (international aid)၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ (FDI) များစသည့် ကိရိယာများဖြင့် နိုင်ငံတကာအသိုက်အ၀န်း၏ ဖိအားသည် သက်ဆိုရင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို (sovereignty) ကိုကောင်းစွာခြိမ်းခြောက်လာကြ၏။ ဥပမာအားဖြင့် ယနေ့ ရခိုင်အရေးအခင်းကို လက်ရှိအစိုးရသစ်သည် လက်ဟောင်းစစ်အစိုးရကဲ့သို့မကိုင်တွယ်ရဲခြင်းမှာ ဤဖိအားတို့ ကြေင့်ဖြစ်၏။ အင်အားသေးငယ်သော နိုင်ငံငယ်လေးများတွင် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆိုပါ နိုင်ငံတို့ ၏ စီးပွားရေးတည်ငြိမ်မှုကို များစွာသက်ရောက်နေပေရာ…သက်ဆိုင်ရာအစိုးရတို့ သည် ၎င်းစီးပွားရေးလုပ်ငန်းရှင်များ၏ အလိုကျဆုံးဖြတ်လုပ်ကိုင်လာကြရ၏။ အာဖရိက နိုင်ငံအချို့ တွင်မူ အစိုးရနှင့် သူပုန် ၂ ဘက်စလုံးအား လက်နက်ရောင်း၍ ပြည်တွင်းစစ်သက်ဆိုးရှည်အောင် မွေးမြူထားကြသော ကုမ္မဏီများလည်းရှိ၏။ ဈေးကွက်အဖွင့်ကောင်းသဖြင့် လူသုံးကုန်ပစ္စည်းများဒလဟောဝင်လာပြီး ပြည်တွင်းမှ စားနပ်ရိက္ခာများ ပြည်ပသို့ ထွက်သွားသဖြင့် ရွှေကျောင်းပြောင်ပြာင် ၀မ်းခေါင်ခေါင်ဖြစ်နေရသော စားနပ်ရိက္ခာဖူလုံမှု (food security) အတွက် ရတက်မအေးရသော နိုင် နိုင်ငံများသည်လည်း ဈေးကွက်၊လွတ်လပ်သောကုန်သွယ်မှုတို့ နှင့်အတူ ပေါ်ထွက်လာနေ၏။
ယဉ်ကျေးမှုဒိုင်မင်းရှင်းအနေဖြင့်မူ ကမ္ဘာလုံးပြုခြင်းမှာ ဂီတ၊ ရုပ်ရှင်ကဲ့သို့ သောဖျော်ဖြေရေးများမှတဆင့် အတိုအပြတ် အဖေါ်အချွတ်ဝန်စားဆင်ယင်မှုများ၊ အရက်သေစာသောက်သုံးမှုများလာကြသော မြန်မာ လူငယ်များကိုကြည့်၍သိနိုင်၏။
ဤနေရာတွင် အမှတ်ရမိသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ကမ်းမကြိုခဲ့ကြသော ကမ္ဘာ့ ပညာရှင်များအကြောင်းပင်ဖြစ်၏။ ၎င်းတို့ အနက် လူသိများသောသူမှာ မြန်မာတို့ ကောင်းစွာရင်းနှီးသည့်နိုင်ဘယ်ဆုရ Dr. Joseph Stiglitz ဖြစ်၏။ ၎င်း၏ Globalization and Its Discontent စာအုပ်မှာထင်ရှား၏။ ၁၉၉၇ ထိုင်းငွေကြေးအဆောက်အဦပြိုလဲမှု (1997 Financial Crisis) နှင့် အာဂျင်တီးနား၏ အကျပ်အတည်းတို့ ကို ထောက်ပြ၍ ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသဖြစ်သော လွတ်လပ်သောဈေးကွက်ကို ဝေဖန်၏။ အားနဲသော စီးပွားရေးတို့ (weak economies) အား အတင်းကာရော ဈေးကွက်ကို ဖွင့်ခိုင်းခြင်းသည် လှိုင်းလေထန်လှသော ပင်လယ်ပြင်ဝယ် လှေသေးသေးလေးတစင်းဖြင့်ကူးခိုင်းသည်နှင့်တူသည်ဟုဆို၏။ လုံလောက်သော ခွန်အားမရှိသေးမှီ ပြိုင်ဆိုင်ခိုင်းခြင်းသည် ပြင်းထန်ရက်စက်သော ဈေးကွက်စံနစ် တွင်းဝယ် ဖါးနိုင်ဖါးစား ငါးနိုင်ငါးစား ၀ါးမျိုးသွားခံရမည်ဟုဆိုလို၏။
Prof. Stiglitz ကဲ့သို့ ပင် အခြားသော ထင်ရှားသည့် ပညာရှင်မှာ ယေးလ်တက္ကသိုလ်မှ Amy Chua ဖြစ်၏။ ဤအမေရိကန်တရုပ်မကြီးရေးသော World on Fire စာအုပ်မှာ အီကိုနော်မစ် မဂ္ဂဇင်း၏ အကောင်းဆုံး စာအုပ်အဖြစ်သတ်မှတ်ခံရသော စာအုပ်လည်းဖြစ်၏။ ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သုတေသနပြု၍ရေးထားသော ၎င်းစာအုပ်၏ ပထမဆုံးသော အခန်းမှာ မြန်မာနိုင်ငံ အကြောင်းဖြစ်နေခြင်းပင်။ လက်ရှိမြန်မာ့အခြေအနေကို ဦးသိန်းစိန်သမ္မတမဖြစ်မှီ ရှေးဦးမဆွကပင် နိမိတ်ဖတ်ထားသော စာအုပ်ဟုလည်းဆိုနိုင်၏။ ကောင်းစွာသုတေသနပြုရေးထားသော ဤစာအုပ်၏ “thesis” (အချေအတင်ဆွေးနွေးချက်) မှာလက်ရှိမြန်မာ့ ပဋ္ဋိပက္ခများ၏ အကြောင်းရင်းကိုလှစ်ပြနေသကဲ့သို့ ရှိ၏။
အနှီ တရုပ်မကြီး၏ တင်ပြချက်မှာ..အကူးအပြောင်းအခြေအနေတွင်းရှိ နိုင်ငံတို့ ၏ နိုင်ငံရေးဘောဂဗေဒ တွန်းအားများ (political economic forces) သည်အနှီနိုင်ငံတို့ တွင် ပဋ္ဋိပက္ခများကို ပေါက်ကွဲခွင့်ပေးလိမ့်မည်ဟူ၏။ …တနည်းအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသတစ်ခုဖြစ်သည့် ဒီမိုကရေစီပြုခြင်း (Democratization) သည် အနှီနိုင်ငံတို့ ၏ လူမျိုးရေး ပဋ္ဋိပက္ခ (ethnic conflicts) များကို မီးထိုးပေးလိမ့်မည်ဟူ၏။ ၎င်း၏ အလိုအရ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တို့ သည် ယခင်အာဏာရှင်လက်အောက်တွင် ဖိနှိပ်ခံထားရသော လူများစု (majority) ကို စွမ်းအားမြှင့်တင်ပေးလိမ့်မည် (empowerment)။ အကျိုးဆက်အားဖြင့် ၎င်း အဖိနှိပ်ခံလူများစုတို့ သည် လွတ်လပ်စွာထုတ်ဖေါ်ခွင့်နှင့်အတူ တောင်းပွဲတိုက်ပွဲများဖန်တီးလာလိမ့် မည်။ တဖက်တွင်လည်း ဈေးကွက်စီးပွားရေးစံနစ်သည် ကောင်းစွာပြင်ဆင်ထားမှုမရှိသော နိုင်ငံတို့ တွင် လူနည်းစုအတွက် ဈေးကွက်အုပ်စိုးခွင့်ကိုဖန်းတီးပေးလိမ့်မည်။ ၎င်း၏စကားလုံးကိုသုံးရသော် (market dominant minority) ဈေးကွက်အုပ်စိုးခွင့်ရလူနည်းစုကို ဖန်တီးထုတ်လုပ်မည်ဖြစ်ဟူ၍ဖြစ်၏။ ဤသို့ လူနည်းစုမှ နိုင်ငံ၏ဈေးကွက်အများစုကို ထိမ်းချုပ်ခွင့်ရခြင်းမှာ အကြောင်းများစွာရှိ၍ ကိုလိုနီဆိုးမွေတို့ ကြောင့်၎င်း၊ လူမျိုးရေးခွဲခြားသည့်အလေ့အထကြောင့်၎င်း၊ မိသားစုကွန်ယက်များကြောင့်၎င်း စသဖြင့်ဖြစ်သည်ဟု ၎င်းက ဆို၏။
ဤသည့်အတွက်ကြောင့်ပင် ထိုနိုင်ငံတွင် လူများစု (majority) မှ အနှီလူနည်းစု (market dominant minority) ကို မလိုမုန်းထားမှုများတိုးပွားလာပြီးလျှင် လူမျိုးရေး ပဋ္ဋိပက္ခများ ပေါ်ပေါက်လာမည်ဟူ၍ဖြစ်၏။ ၎င်း ဈေးကွက်အုပ်စိုးသူလူနည်းစုများမှာ အရှေ့ တောင်အာရှတွင် တရုပ်များ၊ ရုရှတွင်ဂျူးများ၊ အာဖရိကတွင်မူ တွတ်စီနှင့်အန္ဒိယနွယ်ဖွားများ၊ လက်တင်အမေရိကရှိ လူဖြူများ စသဖြင့်ဖေါ်ထုတ်ထား၏။ တနိုင်ငံလုံးလူဦးရေ၏ သေးငယ်သောရာခိုင်နှုန်း (အများဆုံး ၃%) သာရှိသောလူမျိုးစုတစ်စုမှ နိုင်ငံ၏ ဈေးကွက်အများစု (၆၀% နှင့်အထက်) ကို အုပ်စိုးချုပ်ကိုင်ထားသည့် အခင်းအကျင်းကို ထောက်ပြဝေဖန်ထား၏။
ယနေ့ မြန်မာတို့ ၏ ပဋ္ဋိပက္ခများ ကိုဤ thesis တွင်တင်၍ကြည့်မိသော် Amy Chua ၏တင်ပြချက်သည် သွေးထွက်အောင်မှန်သကဲ့သို့ ရှိ၏။ ဒရောသောပါး ဒီမိုကရေစီပြုခြင်းဖြစ်စဉ်နှင့်အတူ မြစ်ဆုံ၊ လက်ပံတောင်း၊ မလက်တို၊ စသဖြင့်ပဋ္ဋိပက္ခများ တစတစဖြစ်ပွားလာသည်ကိုတွေ့ ရမည်ဖြစ်၏။ သို့ ရာတွင် လူမျိုးရေးပဋ္ဋပက္ခတွင်မူ အဘယ့်ကြောင့် တရုပ်တို့ နှင့်မဖြစ် ကုလားတို့ နှင့်သာဖြစ်ကြသနည်း။ မြန်မာ့ဈေးကွက်ကို အုပ်စီးထားသည်မှာ အနှီပေါက်ဖေါ်ကြီးတို့ မဟုတ်သလော။ မြန်မာ့နိုင်ငံရေးကို အတွင်းအပြင် လွှမ်းမိုးချုပ်ကိုင်ထားကြည်သည်မှာလည်း ဤတရုပ်တို့ ပင်မဟုတ်လော။ အဘယ့်ကြောင့် ကုလားတို့ နှင့်ဖြစ်ကြသနည်း။
အမှန်တကယ်တော့ ကုလားတို့ သည်လည်း တရုပ်တို့ ၏ နောက်မှ မြန်မာ့စီးပွားရေးဈေးကွက်ကိုအုပ်စီးထားကြသည့် (market dominant minority) လူနည်းစုသာဖြစ်ကြကုန်၏။ ကိုလိုနီခေတ်အတွင်းဝယ် ကုလားတို့ သည် လူဖြူမာစတာတို့ ၏ ကျေးတော်မျိုးကျွန်တော်မျိုးဖြစ်၍ လက်အောက်ခံလူများစုဗမာတို့ ကိုဖိနှိပ်ရာတွင် အသုံးချခဲ့သည့် ကိရိယာတစ်ခုဖြစ်ခဲ့၏။ ဂေါ်ရခါးတပ်ရင်များ၊ ဆစ်ခ်များစဖြင့် အန္ဒိယနွယ်ဖွားတို့ သည် အင်္ဂလိပ်တို့ ကို သစ္စာခံခဲ့ကြသူများဖြစ်၏။ ဘူသီးတောင်၊မောင်းတောဒေသတွင် ရခိုင်ရွာများအား လုယက်သတ်ဖြတ်ခဲ့ကြသူများမှာလည်း အနှီကုလားတို့ သာဖြစ်၍ ၎င်းတို့ အားလက်နက်တပ်ဆင်ပေးခဲ့သူမှာလည်း အင်္ဂလိပ်တို့ ကိုယ်တိုင်ပင်ဖြစ်၏။ ချစ်တီးတို့ မှာလည်း အင်္ဂလိပ်တို့ ၏ ဘဏ္တာရေးဆိုင်ရာ ကိရိယာ (financial tools) တစ်ခုအဖြစ် မြန်မာ့လယ်သမားများ၏ ဘ၀ကို ဖျက်ဆီးခဲ့၏။ မြန်မာပြည်တွင်းသို့ အဆမတန်အလုံအရင်းဖြင့် တင်သွင်းလာသော လယ်ကူလီးများမှာလည်း ကုလားတို့ ပင်ဖြစ်၍ တရားခံလက်သည်မှာလည်း အင်္ဂလိပ်တို့ ပင်ဖြစ်၏။ စက်မှုခေတ်ပြောင်းတော်လှန်ရေး (industrial revolution) ၏ ဂလိုဘယ်လိုက်ဇေးရှင်းရိုက်ခတ်ချက်ကို ပြင်းရှစွာခံစားလိုက်ရသော ကုန်းဘောင်ခေတ်နေ၀င်ချိန်မြန်မာတို့ အဖို့ အနှီအင်ဒိုဥရောပအနွယ် အားလုံးတို့ ကို သိမ်းကျုံး၍ ကုလားအဖြစ်သုံးနှုန်းကာ နာကြည်းခဲ့မည်မှာအမှန်ပင်ဖြစ်၏။ အသားဖြူသော ဥရောပသားတို့ ကို ကုလားဖြူဟုခေါ်၍ ကျန်အသားမဲတို့ ကိုကား ဘာသာမခွဲပဲ ကုလားဟုပင်ခေါ်ခဲ့ကြ၏။
ပုဂံခေတ်မှစ၍ မြန်မာ့မြေပေါ်သို့ ခြေချလာကြသော အနှီကုလားတို့ သည်လည်း လူများစုဖြစ်သည့် ဆင်းရဲသားမြန်မာများကို အာဏာပိုင်နှင့်ပေါင်း၍ တနည်းမဟုတ်တနည်း နှိပ်စက်ညှင်းပန်းခဲ့ကြသည်ကို ဗျတ်ဝိ၊ဗျတ္တ၊ရွှေဖျဉ်းညီနောင်၊ မြို့ ဝန်ဘိုင်ဆတ်၊ စသဖြင့်နာကျည်းဖွယ်ဇတ်လမ်းများတွင်တွေ့ နိုင်၏။ ထိုနည်းတူ အင်္ဂလိပ်ခေတ်တွင်လည်း မျက်နှာဖြူအရာရှိကြီးများ၏ အစေအပါးအဖြစ်ဖြင့် မြန်မာအများစုကို ဖိနှိပ်ခဲ့ကြသည်မှာလည်း ၎င်းကုလားတို့ ပင်ဖြစ်၏။ မဆလ၊ န၀တ၊ နအဖ စသည့် အာဏာရှင်ခေတ်များတွင်လည်း သက်ဆိုင်ရာအာဏာပိုင်တို့ အား ပိုင်အောင်ပေါင်း၍ စီးပွားရေးကို ချယ်လှယ်ခဲ့ကြသောသူများ ဥပဒေကိုမလေးစားသူများ မှာလည်း ၎င်းတို့ ပင်ဖြစ်၏။ ယနေ့ ခေတ်၏ စီးပွားရေးလုပ်ငန်းကြီးများကို လေ့လာကြည့်လျှင်ကုလားများပိုင်ဆိုင်သော လုပ်ငန်းကြီးများမှာ တရုပ်ကြီးပြီးလျှင် ဒုတိယလိုက်သည်ကိုတွေ့ ရမည်သာဖြစ်၏။ စစ်အစိုးရနှင့် ပလဲနံပသင့်အောင်ပေါင်း၍ကြီးပွားလာသော ကုလားခရိုနီများ များစွာရှိ၏။
သို့ ဆိုလျှင် Amy Chua ၏အဆိုအရ တရုပ်နှင့်ဖြစ်သင့်သော်လည်း မဖြစ်ပဲ ကုလားနှင့် ပဋ္ဋိပက္ခဖြစ်ခြင်းမှာ ဤသို့ သော သမိုင်းဆိုင်ရာ မုန်းတီးမှုတွင်အခြေခံသည်ကိုတွေ့ နိုင်သည်။ ဈေးကွက်အုပ်စီးမှုရထားသော ကုလားချင်းအတူတူ အခြားသော ဟိန္ဒူ၊ဆစ်ခ် စသည်တို့ နှင့်မဖြစ် မွတ်စလင်နှင့်ကျမှဖြစ်ခြင်းသည်ကား အစ္စလမ်ဘာသာရေးဆရာများ၏ သွန်သင်မှုများ၊ မျက်မှောက်ခေတ်ကမ္ဘာကြီး၏ အစ္စလမ်ပြဿနာ (islamization) အပေါ်အမြင်များနှင့်ပို၍ဆိုင်ပေမည်။ အစ္စလမ်ဘာသာ၏ သီးခြားဆန်ုခြင်း၊ အခြားသောဘာသာဝင်များအပေါ် လွှမ်းမိုးလိုခြင်း စသည့်ဝိသေသများသည် ပဋ္ဋိပက္ခများကို ဖြစ်စေသောအကြောင်းတရားများလည်းဖြစ်၏။ ဤနေရာနှိုက် တရုပ်တို့ နှင့်မဖြစ်ရသည့်ပင်မအကြောင်းကိုထင်ရှားစွာတွေ့ နိုင်၏။တရုပ်တို့ သည် ငွေသာအဓိကဖြစ်၍ ဘာသာရေးသည် စီးပွားရေးလောက်အရေးတကြီးမလုပ်သူများဖြစ်၏။ မြန်မာ့သမိုင်းတလျှောက်တွင်လည်း တရုပ်ကျူးကျော်စစ်များရှိခဲ့သော်လည်း မြန်မာဆင်းရဲသားများကို ကုလားတို့ ကဲ့သို့ အာဏာပိုင်တို့ နှင့်ပေါင်း၍ နှိပ်စက်ကလူပြုခဲ့သော တရုပ်တို့ မရှိ။ ဘာသာရေးအရရော၊ လူမျိုးရေးအဖြစ်ပါ မြန်မာတို့ သည် တရုပ်တို့ ကို ပို၍လက်ခံနိုင်သည့်အနေအထားရှိသည်မှာ ထင်ရှား၏။ မြစ်ဆုံကိစ္စတွင် ပြည်တွင်း တရုပ်တို့ သည်၎င်းတို့ နှင့်မဆိုင်သကဲ့သို့ တုန့် ပြန်ကြသော်လည်း ရခိုင်အရေးတွင်ကား ပြည်တွင်းနေတို့ မှာ ထိုကဲ့သို့ မနေနိုင်။မထိုင်နိုင်။ အတွင်းအပြင်ချိတ်ဆက်၍ လှုပ်ရှားလာလိုက်ကြသည်မှာ ယနေ့ အခြေထိဆိုက်တော့၏။ ဤသို့ သော အကြောင်းများသည် ကုလားမုန်းတီးရေးကို တွန်းအားပေးသကဲ့သို့ ရှိ၏။ ဤသို့ သာဆက်ဖြစ်နေလျှင်မူ ပဋ္ဋိပက္ခတို့ ငြိမ်းနိုင်ဖွယ်မရှိပေ။
ဤနေရာနှိုက် Amy Chua အားဝေဖန်သူများမှ ထောက်ပြချက်ဖြစ်သော လူမျိုးရေးပဋ္ဋိပက္ခများ၏ လက်သည်အကြောင်းအရင်းမှာ ဒီမိုကရေစီပြုခြင်းမဟုတ် လူမျိုးရေးခွဲခြားဆက်ဆံမှု (racism) ကြောင့်သာဖြစ်သည်ဟုသော အချက်ကိုလည်းမမေ့အပ်ပေ။ ပိုမို၍ အလေးဂရုပြုရမည့်အချက်မှာ လက်ရှိပဋ္ဋိပက္ခများအပေါ် နိုင်ငံရေးအမြတ်ထုတ်၍ ရေရှည်အကျိုးထက် ရေတိုအကျိုးကို အားထုတ်လုပ်ကိုင်လာကြမည့် နိုင်ငံရေးသမားများပေါ်ထွက်လာမည်ကိုပင်ဖြစ်၏။ လူများစုမဲကိုခြူယူကြမည့် နိုင်ငံရေးသမားများပေါ်ထွက်လာမည့်အန္တရယ်လည်းရှိပေသည်။Amy Chua ၏အဆိုအရ ညတွင်းချင်း ဒီမိုကရေစီသည် (overnight democracy) ဒီမိုကရေစီဖြစ်စဉ်အား နောက်ပြန်ဆွဲသည့် အင်အားစုများဖြစ်လာစေနိုင်ပေရာ ဤအင်အားစုတို့ တွင် အခြေအနေပေါ် ပါးပါးနပ်နပ် အမြတ်ထုတ်တတ်သည့် ဟစ်တလာ၊ မူဂါဘီ၊ မီလိုဆိုဗစ်နှင့် အိုစမာဘင်လာဒင်တို့ ကဲ့သို့ သော နိုင်ငံရေးသမားများပေါ်ထွက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်၏။
အချုပ်ဆိုရသော် ယနေ့ ကုလားဗမာ အဓိကရုဏ်းတို့ သည် တစ်ဦးတစ်ယောက် (သို့ ) တစ်ဖွဲ့ မှ လိုချင်သည့် အဖြေထွက်အောင် စံနစ်တကျ ကြိုးကိုင်ဖန်တီးနေသည်ဆိုသည့် မရိုးလှသည့်ယုံတမ်းလုပ်ဇတ် ကြီးဆိုသည်ထက် သမိုင်းကြောင်းအခြေခံမုန်းတီးမှုများလည်းရှိ၊ ဂလိုဘယ်လိုက်ဇေးရှင်းရိုက်ခတ်ချက်နှင့် ဒီမိုကရက်တိုက်ဇေးရှင်းတို့ ၏တွန်းအားများလည်း ရှိနေသည့် အချိန်တွင် မီးလောင်ရာလေပင့် လုပ်လာကြသော ပြည်ပမီဒီယာများ၊ နိုင်ငံရေးသမားများ၊ လော်ဘီများ၊ ဘာသာရေးခေါင်းဆောင်များ ကြောင့်ပင်တစတစကြီးထွားလာခြင်းသာဖြစ်သည်ဟု ရိုးသားစွာယုံကြည်မိ၏။ ဤတွင်လည်း တရုတ်ကိုဦးတည်လာသော မြှားကို ကုလားဖက်သို့ လှည့်ရန်အတွက် အဓိကရုဏ်းများဖန်တီးသည်ဟု ဆိုသူတို့ ကလည်းဆိုကြ၏။ အထူးသဖြင့် မန္တလေးမှ ပြည်တွင်းနေတို့ သည် ဤအသံကိုကျယ်လောင်စွာထုတ်ဖေါ်ကြ၏။ အမှန်တော့ ဤအယူအဆသည်လည်း အခြေအမြစ်မရှိလှ။ ဤအယူအဆအရဆိုလျှင် မြစ်ဆုံကဲ့သို့ တရုပ်အကျိုးစီးပွားကို ထိခိုက်သော စီမံကိန်းကိုပင် ရပ်ဆိုင်းပစ်သည့်ဆုံးဖြတ်ချက်မထွက်ခင်ကတည်းကပင် ကုလားဗမာ အဓိကရုဏ်းကို ဖန်တီးလို့ ရသည်ကိုသိအပ်၏။ တဖက်တွင်လည်း တရုပ-် အထူးသဖြင့် နိုင်ငံခြားသားပြည်တွင်းနေတရုတ်တို့ နှင့် မြန်မာအများစုကြားရှိ တင်းမာမှုသည်လည်း မြင့်တက်လာသည်မှာငြင်းလို့ မရ။ ကုလားပြီးလျှင် တရုပ်နှင့်ဖြစ်ဖို့ အလားအလာများစွာရှိ၏။
ထို့ ပြင် လာမည့် ၂၀၁၅ အတွက် ဤပဋ္ဋိပက္ခအခြေအနေကို အမြတ်ထုတ်ရန်တာစူအားထုတ်လာကြသော အတိုက်အခံပါတီ၊ အစိုးရပါတီ၊ ဘာသာရေးအခြေခံပါတီ စသည့် အမျိုးမျိုးသောကြောင်သူတော်များ၏ အန္တရယ်များလည်း ထွက်ပေါ်လာပေလိမ့်မည်။ အစိုးရအနေဖြင့် ဥပဒေစိုးမိုးမှုကို ကောင်းစွာအထည်ဖေါ်၍ လုပ်သင့်လုပ်ထိုက်သည်များကို မငဲ့ကွက်ပဲ ပြတ်သားစွာလုပ်သင့်ပြီဖြစ်၏။ လွတ်တော်အနေဖြင့်လည်း မြန်မာအများစုစိုးရိမ်သော အစ္စလမ်ပြုခြင်းကို တားဆီးနိုင်သော ဥပဒေများ (စင်္ကာပူကဲသို့ ) ကိုထုတ်ပြန်ရေးဆွဲသင့်ပြီဖြစ်၏။ ဘင်္ဂလိအစ်ရှူးကိုလည်း ပြတ်ပြတ်သားသားကိုင်တွယ်ရမည်ဖြစ်၏။ လူနည်းစုတို့ အတွက်လည်း လူနည်းစုအခွင့်အရေးများကို ကာကွယ်သည့် ဥပဒေများကိုပြဋ္ဋန်းရပေမည်။ ဘာသာရေးကျောင်းများ၊ မုန်းတီးရေးတရားပွဲများကို ကြပ်ကြပ်မတ်မတ် အရေးယူကိုင်တွယ်သင့်ပြီဖြစ်၏။
ဤသို့ သော တိမ်တောင်သဖွယ် အသွေးအရောင် အစုံစုံတို့ ကို ဆင်ခြင် သတိပြုမိ၍ ထိထိရောက်ကိုင်တွယ်မှသာ အကူးအပြောင်းဆင့်ကို လွန်မြောက်၍ မြန်မာ့မော်ဒယ်လ် ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ပေလိမ့်မည်။ သို မဟုတ်လျှင်ကား..“ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး….” သာ။
Myo Set (၁) တရုတ်နဲ့မဖြစ် ကုလားနဲ့ဖြစ်တယ်ဆိုတဲ့အမြင်မှာ စာရေးသူအနေနဲ့ ယဉ်ကျေးမှုချင်းသဟဇာတဖြစ်လွယ်မှုကိုကျော်သွားတာကိုတွေ့ရပါတယ်။ တရုတ်တွေရဲ့ ယဉ်ကျေးမှုချင်းသဟဇာတဖြစ်အောင်ဖန်တီးလွယ်မှုဟာ အဓိကရုဏ်း နည်းပါးခြင်းရဲ့လက်သည်တစ်ခုဖြစ်ဖွယ်ရာ၇ှိပါတယ်။ နောက်တစ်ချက်က ပြည်တွင်းတရုတ်တွေကို အစိုးရက ပြဿနာမကြီးအောင်ကာကွယ်ပေးတာကို မန္တလေးကျောက်ဝိုင်းပြဿနာမှာတွေ့ရပါတယ်။ ဒီအစိုးရလက်ထက်မှာပါ။
ReplyDelete(၂) World on Fire ထဲက ယနေ့ပြဿနာနဲ့ဆက်စပ်တာက ကျနော်သိသလောက် လူနည်းစုက လူများစု စီးပွားရေးကိုချုပ်ကိုင်လာရင် ပြဿနာတက်မြဲထုံးစံဖြစ်တဲ့ Resource Conflict ကိုအသွင်တစ်မျိုးနဲ့ချဉ်းကပ်ထားခြင်းလို့ရှုမြင်ပါတယ်။ ဒီလိုပြဿနာမှာကတော့ တ၇ုတ်နဲ့ကုလား ဘာမှမထူးဘူးလို့ထင်ပါတယ်။ တရုတ်ကလဲ သူ့အင်ပါယာနဲ့သူ ကုလားကလဲသူ့ခွင်နဲ့သူလို့ပဲမြင်ပါတယ်။ လင်းလင်းသီချင်းနဲ့ နမူနာယူကြည့်စေချင်ပါတယ်။
(၃) ဒီလို Liberalization Shock သဘောမျိုးကို အပြောင်းအလဲတိုင်းမှာတွေ့ရပါတယ်။ တိန့်ရှောင်ဖိန်ကြုံတွေ့ခဲ့ရတဲ့ တီယမ်မင်အရေးအခင်းဟာ ဒီလိုရှော့ခ်ဖြစ်ပါတယ်။ ဒီလိုရှော့ခ်ကို ကျော်ပြီးမှသာလျှင် အပြောင်းအလဲတွေစတင်အကောင်အထည်ပေါ်ပါတယ်။ ဒီလို ရှော့ခ်ဖြစ်ရခြင်းဟာ အာဏာအသိုင်းအဝန်းတိုင်းမှာရှိမြဲ ရှေးရိုးစွဲတွေနဲ့ အားပြိုင်ရခြင်း Power Conflict တစ်မျိုးဖြစ်ပြီး ခေါင်းဆောင်ရဲ့ Strength and Leadership ကိုအမြဲစိန်ခေါ်တာမို့ ထွက်ပေါ်နေကျဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်လက်ထက်မှာ အင်အားသုံးဖြိုခွဲခဲ့ပြီး သူ့ရဲ့ရပ်တည်မှုကို အခိုင်အမာရယူခဲ့ရတယ်လို့ LSE Maoism analysis မှာ ဆွေးနွေးသွားတာ သိမှတ်ဖူးပါတယ်။
(၄) ဒါကြောင့်အခုလို အချိန်မှာလိုအပ်တာဟာ လစ်ဘရယ်လိုက်ဇေးရှင်းကြောင့် လှုပ်စပြုလာတဲ့ အခြေခံကို ဟန်ချက်ငြိမ်အောင် Soft Power, Hard Power နှစ်မျိုးလုံးသုံးစွဲချဉ်းကပ်သင့်တယ်လို့မြင်မိပါတယ်။ ဒီနေ့အစိုးရရဲ့ ချဉ်းကပ်မှုက Soft Power ကိုသာလျှင်အသုံးများတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်လာရင်တော့ ပါဝါအမာကို တိတိကျကျသုံးတာကိုတွေ့ရပါတယ်။ ဒါကလဲ conspiracty theory ကို မတွေးမဖြစ် တွေးစေတဲ့အဓိက အချက်တစ်ခုပါပဲ။ Effective State Intervention in sectarian confict က အဖြေလို့ပဲ ခပ်ပြတ်ပြတ်မြင်ပါတယ်။ ဒီလို ကိစ္စတွေဟာ ဖြစ်မြဲ Power Contest တွေလို့မြင်ပါတယ်။