Tuesday, July 31, 2012

၁၇၊၀၇၊၂၀၁၂ ရက်နေ့ထုတ် news watch weekly ဂျာနယ် ပါ ဆောင်းပါးလေးပါ။ သောကြာသမီး ရေးသားခဲ.တာပါ ပြည်သူများအတွက် အကျိုးရှိမယ်ထင်လို. ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။


ယခင်ခေတ်အဆက်ဆက် မြန်မာတွေ ဆီကြိတ်ဆုံကြီးများ သုံးကာ ပဲဆီ၊ နှမ်းဆီစစ်စစ်များကို စားသုံးလာသော်လည်း ယနေ.ခေတ်တွင်တော.တိုးတက်လာပါသည်ဟုဆိုကာ အဆင်သင်.(ရယ်တီမိတ်)တွေဖြစ်လာသည်။
ခေတ်ရေစီးကြောင်းအရတွေ.မြင်နေကျဈေးဆိုင်မှဆီတိုင်ကီများနှင့် စက်ရုံထုတ်ရယ်ဒီမိတ်ဘူးများကို ၀ယ်ယူစားသုံးမှုနှင်. အသားကျသော အခြေအနေဖြစ်လာသည်။ သို.သော် တိုးတက်လာသောခောတ်၏ ပြောင်လဲမှုနှင်.လူနေမှုစရိုက်ကို အခွင်.ကောင်းယူကာ စီးပွာရေးဝိသမလောဘ သားတွေက ပုံစံအမျိုးမျိုးဖြင့်ပြုလုပ်စီမံထားသော၊ သန်.ရှင်းမှုအလျဉ်းမရှိသော အလွန်ဆိုးရွားသည့် ဖြစ်စဉ်များကို အသုံးပြုထားသည့် စားသုံးဆီများကိုအရောင်သန်.စင်ပြီးအမြင်လှအောင်ပြုလုပ်ရ၍ ဖြန့်ချီရောင်းချသော ဆီများရှိလာပြီး အဆိုပါစားဆီများမှာလူထုအတွင်းသို.ဆိုးရွားစွာပြန်.နှံ.လျက်ရှိနေသည်။ ယနေ့ခေတ်တွင် ဆီအရောအနှောမျာလာတော့ ၂၁ ရာစု လူသားပီသစွာ သိမြင်ထားရပါသည်။ သို့သော် မကောင်းသည့် နေရာတွေမှာပါ အလွန်အမင်းခေတ်မှီလာသည်. ဒီနေခေတ်ကြီးမှာ 'ရောဆီ'ဟုခေါ်သည့်ဆီထက် စက်ဆုပ်ဖွယ်ကောင်းသည်. ဆီများလူ့အသိုင်းအ၀ိုင်းတွေထဲကို ၀င်လာပါသည် ။ ယခင်က ပဲဆီဆိုလျှင် ဆီသန်.၊စားအုန်းဆီဆိုလျှင် မသန်.သောအရောအနှောဆီဟုအလွယ်ပင် သိထားကြသည်။ဈေးနှုန်းမှာလဲ နှစ်ဆကျော် ကွာသဖြင့် ခွဲခြာရလွယ်ကူသည်။ ထိုးကြောင့်စီးပွားရေးကျပ်တည်းသောမိသားစုများသာ စားသုံးပြီးအတော်များများက ပဲဆီ ကိုရွေးချယ်ဝယ်ယူကြသည်။ထိုအခါ ပဲဆီ ဟုနာမည်တပ်ကာ ဈေးလျော.ရောင်းသည်။
အမှန်မှာတော့ မသန့်သောဆီမျာရောနှော၍ လူအများက ပဲဆီကို ဈေးသက်သက်သာသာဖြင့်ရသည် ဟုထင်ကာအလုအယက်ဝယ်ကြသည်။ လေးထောင်ကျော်နေသော ပဲဆီကို သုံးထောင်ကျော်ဖြင့် ရောင်းပါသည်။နှစ်ထောင်ကျော်ဖြင့်ရောင်းပါသည်။ စားသုံးသူတွေအနေဖြင့်သေသေချာချာ ရွေးချယ်စားသုံးဖို့လိုအပ်ပါသည်။ တရုတ်ပြည်မှာဤသို့ မကောင်းသောစားသုံးဆီများကို စားသုံးလို. ကိုယ်တပိုင်းသေရသူတွေ၊ခြေတွေလက်တွေ လှုပ်မရ၊ သုံးမရ ဖြစ်တာတွေ ကို ၂၀၁၀ - ၂၀၁၁ ခုနှစ်တွေမှာ တွေ့ခဲ.ရပါတယ်။ ယခုဤဆီများ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိပျံ့နှံ့လို့နေပါပြီ။ အရောအနှော ကင်းသည့်ပဲဆီဆို.လို. အတော်လေးရှာပါးလာပါသည်။
  ဤသို.စက်ဆုပ်စရာကောင်းသည့် စားသုံးဆီတွေကို အမှိုက်သရိုက်တွေကနေပြန်ပြီးချက်ယူထားကြောင်း သိရပါသည်။ စွန့်ပြစ်အမှိုက်တွေမှာပါသွားသည့် ဟင်းကျန်၊ ထမင်းကျန်နှင်. ကျွတ်ကျွတ်အိတ်လို ဟာမျိုးတွေမှာကပ်ပါသွာသည့်စားသုံးဆီတွေကို ဆုံကြီးတွေမှာထည့််ပြီး ပြန်စစ်ယူ ချက်ယူပါသည်။ တရုတ်လူမျိုး သတင်းထောက်တစ်ဦး က ဒီလို ဟင်းချက်ဆီကိုပြုလုပ်သည့် အမှိုက် သရိုက်တွေထဲ
မှာ မစင်တွေ ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ တွေ့သည်.အကြောင်းကို သူရိုက်ကူးခဲ.တဲ. မှတ်တမ်း ဗီဒီယို ဖိုင်အတွင်း ရိုက်ကူးထားသည်ကိုလည်းတွေ.ရပါသည်။ ဒီလို အမှိုက်ကနေ ဆီဖြစ်လာဖို့အတွက် အမှိုက်တွေကို သိုလှောင် ကာ အရောင်ကြည်ပြီး သန့်လာတဲ့အထိအဆင့်ဆင့် စစ်ယူခဲ့ကြပါသည်။ အမှိုက်တွေကို ဧရာမဒယ်အိုးကြီးတွေထဲကို ထည်ကျိုပါသည်။ ထိုသို.ကျိုနေစဉ် ပွက်ပွက်ဆူနေသော အမှိုက်အရည်တွေထဲမှာ အမှိုက်အကြီးကြီးတွေတက်လာရင်လည်းဆယ် မယူပါ။ ထိုအရာတွေ ကို ကတ်ကြေးနှင့်ညှပ်ပြီးပြန်ထည့်ဖို့အတွက် ဧရာမကတ်ကြေးနှင့် ၀န်ထမ်း တစ်ဦးက ဆီးအိုးကြီး အပေါ်မှာထိုင်စောင့်နေပါတယ်။ သူကအမှိုက်စကြီးကြီးတက်လာတာနဲ့ကတ်ကြေးနှင့် အိုးပေါ်ကနေ လှမ်းညှပ်ပြီးပြန်ထည့်ပါသည်။ သတင်းထောက်တွေကိုယ်တိုင်က စက်ဆုပ်ဖွယ်ကောင်းလွန်းလို. ယုံတောင် မယုံနှိုင်ဘူးဟု ဆိုပါတယ်။ မယုံချင်ပါဘူးဟုဆိုသော်လည်း ဒါတွေက တရုတ်မှာရှိသည့် စားသောက် ဆိုင်တွေ ၊ စူပါမားကတ်တွေမှာ အချိန်အကြာကြီးရှိခဲ့ခြင်းပါ။ ပြီးခဲ့သည့် ၂၀၁၀ မေလမှာ တုန်းကလည်း ပါကစ္စတန်ပြည်နယ်ဖက် မှာ မြင်း၊ ခွေး၊ ကျွဲ စသည့်တိရစ္ဆာန် အသေတွေ ကနေ စားသုံးဆီတွေ ထုတ်လုပ်သည့်အကြောင်းကို ရှာဖွေတွေ.ရှိခဲ.ပါသေးတယ်။ ဒီလိုစားသုံးဆီတွေကြောင့် ပါကစ္စတန်လူထု ကင်ဆာရောဂါနှင့် အခြားသောရောဂါများ ဆိုးဆိုးရွားရွား တွေ.ရှိခဲ.ကြရပါတယ်။ သူတို့က စားသုံးဆီတွေကို ဟင်းချက်ဆီတွေအပြင် ဂျယ်လီများ ၊ ဆေးတောင့်များ၊နှုတ်ခမ်းနီလို အဆီ လိုသည့် အလှပြင် ပစ္စည်းများ ထုတ်လုပ်သည့်နေရာတွေမှာ ပါ အသုံးပြုခဲ့ကြပါသည်။
                သို့ဆိုလျှင် ဆီအစစ်နှင့်အတု၊ မြေပဲဆီနှင်. မသန်.သောဓါတုဗေဒပစ္စည်းများပေါင်းစပ်ထားသော စားသုံးဆီကိုမည်ကဲ.သို့ခွဲခြားနိုင်ပါမည်နည်း။
  အောက်ပါအတိုင်းခွဲခြားနှိုင်ပါသည်  ၊  ပဲဆီ တစ်ဆယ်သားကို ဒယ်အိုးထဲထည့် မီးဖိုပေါ်တင် ငါးမိနစ်ကနေ ဆယ်မိနစ်ထား ဆူပွက်လာအောင်ထားပါ။ မြေပဲဆီအနံ့များ ထွက်လာသည်ကိုတွေ့ရမည်။ မကောင်းသော အနံ့များထွက်လာသည်ကို မတွေရပါ ။ မြေပဲဆီ၏ အရောင်မှာလဲ ပိုမို ၀င်းလက်လာမည်ဖြစ်ပြီး နီခြင်း။ညိုခြင်း၊ မဲနက်ခြင်း စသည့်အရောင်များပြောင်းလဲသွားခြင်းမရှိပါ။ အေးသွားလျှင်လဲ အေးနေသော ဆီကျက်ကိုကိုင်ကြည့်လျှင်လည်း ချွဲပျစ်ခြင်းမရှိပါ။ ဆီ၏အပျစ်အကျဲအတိုင်းသာတွေရပါမည်။ ပြန်လည်ချိန်တယ်ကြည့်လျှင်လဲ အလေးချိန်မှာ သိသိသာသာလျှော့နဲမနေပါ၊အရသာကို မြည်းကြည့် ပါကလည်း စပ်ရှရှ အရသာရှိမနေပါ။
ပဲဆီအတုများမှာလည်း ပဲဆီအနံ့ထည့်ထာပြီးပဲဆီအစစ်ကဲ.သို.ပင် ခဲခြင်း၊အနည်ထိုင်ခြင်း၊နောက်ကျိခြင်းမရှိမှုတို့ကြောင့် ခွဲခြားရန်အလွန်ခက်ခဲလှပါသည်။ စားသုံးသူတွေအနေဖြင့်ဘေးထွက်ဆိုးကျိုးများသော ရောဆီ၊ အရည်အသွေးနိမ့်ပြီးမသန့်စင်သော ဆီမျာကို သတိထားရှောင်ရှားဝယ်ယူကြသင့်သည် ။ ထိုသို့ဆိုလျှင် အကြော်မျိုးစုံပြုလုပ်သော လုပ်ငန်းရှင်များနှင့် စားသုံးဆီနှင့်သာပါတ်သက်ရသော ထမင်းဆိုင် ၊ အကြော်ဆိုင်ကဲ့သို့ စားသောက်ကုန်လုပ်ငန်းအားလုံးကကော မည်သည်.ဆီများကို သုံးနေကြသနည်း။ သေချာတာတစ်ခု ကတော့ မည်သူကမျှ မိမိတို.ထုတ်လုပ်သော အာလူးကြော်၊ငါးမုန့်ကြော် စသည်များကို ပဲဆီစစ်စစ်ဖြင့်မကြော်နှိုင်ပါ။ လမ်းဘေးထမင်းဆိုင်နှင့် သရေစာ ဆိုင်များ အတွက် မသုံးနိုင်ပါ။ ရည်ရွယ်ပြီးဖြစ်စေ၊မရည်ရွယ်ဘဲ မခွဲခြာတတ်၍ဖြစ်စေ ၊ မှားယွင်းဝယ်ယူမှုကြောင့်သုံးစွဲ ခဲ.သောယင်းစားသုံးဆီများသည် နည်းပေါင်းစုံဖြင့် ပြည်သူလူထု၏ စားသုံးမှု အတွင်းသို့ ၀င်ရောက်နေကြသည်။ အဆိုပါဝင်ရောက်နေသော လမ်းကြောင်းများကိုထိရောက်စွာ ပိတ်ပင် တားဆီးနိုင်သော အခန်းကဏ္ဍ ကိုပိုင်ဆိုင်ထားသော အရည်အချင်းနှင့် အမိန့်အာဏာရှိသူများကသာ မဖယ်ရှာလျှင် အဆိုပါ ဆိုးရွားသည့် ဆီများအလွယ်တကူပျောက်ကွယ်သွားလိမ့်မည်မဟုတ်ချေ။ လူ
ထု လူတန်းစားများစွာ မသန့်သောဆီ၏ ဘေးအန္တရာယ်ကြောင့် ရောဂါမျိုးစုံ အချိန်တို အတွင်းဝင်ရောက်လာမည်၊ အသက်တိုလာကြမည်ကို အခွင့်အာဏာရှိသူများ ထည့်သွင်းစဉ်းစားအရေးယူသင့်ပါသည်။

  1 comment:

  1. မဟောသဓာ မရှိရင်အခက်

    ယဉ်ကျေးမှု ရေချိန်လွန်ပြီး
    ငါ့စကားတွေတောင် ကျွံခဲ့ပေါ့
    ရွံ့စရာတွေက များလွန်းတယ်။
    သင်းတို့တတွေက ဇိမ်ခံစား
    ကလိမ်ဉာဏ်တွေကလည်း များလွန်းလှ
    စကားတခွန်းဟရင်လဲ မုသားအပုပ်
    အရှုပ်ရှုပ်အထွေးထွေး
    ပလုပ်ဆေးလို့မှ မစင်
    အန်ချင်စရာ အမှားချည်းပါကလား။
    ဘီလူးနဲ့ အမေရင်း သားလုတော့
    မတရားမှုမှန်း သိရက်ကနဲ့
    သားကလေးထိမှာစိုးလို့
    အငြိုးတွေလျှော့ပြီး လက်လွှတ်တာကို
    ဇွတ်တရွတ်အနိုင်ရဖို့
    ဘီလူးမ ကြိုးစားတယ်။
    မဟော်သဓာမရှိရင် အခက်။
    မဟော်သဓာဆိုတာ လူထု
    လူထုမသိရင် အခက်။ (တင်မိုး ၂၃-၆-၂၀၀၁)

    ဒီလက်ရေးနဲ့ ကဗျာကို ကူးတင်သူတွေက -
    သင်းတို့(တစ်)တွေက တဲ့။
    စကား(တစ်)ခွန်း တဲ့။
    အငြိုးတွေ(လျော့)ပြီး တဲ့။
    သားကလေးထိမှာ(ဆိုး)လို့ တဲ့။
    ပုံနှိပ်ထုတ်ဝေသူတွေကလည်း (တ) ဆိုရင် (တစ်) တဲ့။
    ခက်တာက ကနေ့လူထုဟာ မြန်မာစာအရာမှာတော့ မဟော်သဓာ မဟုတ်တော့။ ကန်တော့။

    ဒေါက်တာတင့်ဆွေ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...