Friday, July 20, 2012

သုခမင်းသား အပိုင်း (၂ ) The Happy Prince Part Two (အကြိုက်ဆုံးဝတ္ထုတို တပုဒ် ကိုပြန်ဆိုခြင်း)


by Aye Aye Soe Win on Wednesday, July 18, 2012 at 3:40pm 


သုခမင်းသား အပိုင်း (၂)

“မင်းသား-ကျနော်.ကို သူငယ်ချင်း တွေက အီဂျစ်မှာစောင်.နေကြတယ်။ သူငယ်ချင်းငှက်တွေ ခုဆို နိုင်းမြစ်ပေါ်မှာ စုန်ချီဆန်ချီ လုပ်နေကြပြီ၊  အဲဒီ.အရပ်က ဧရာမ ကြာပန်းကြီးတွေ နဲ. စကားစမည် ပြောနေကြလောက်ပြီ။ မကြာခင်မှာပဲ အဲဒီ.က ဘုရင်ကြီး ရဲ. အုပ်ဂူမှာ သူငယ်ချင်းငှက်တွေ စုရုံး ခိုနား အိပ်စက် ကြတော့မယ်။
ဘုရင်ကြီးအုပ်ဂူမှာ ဘုရင်ကြီးအလောင်းကိုဆေးအလှတွေနဲ. တန်ဆာဆင်ထားတဲ့ ခေါင်းတော်ကြီးထဲမှာ ထည့်ထားတယ်လေ၊ သူ့အလောင်းကြီးကို အ၀ါရောင်ပိတ်စတွေနဲ. အထပ်ထပ်ပတ် စည်းထားသေးတယ်။ အလောင်းကိုလဲ အမွှေးအကြိုင်တွေနဲ. စီမံထားတာမဟုတ်လား။ ဘုရင်ကြီးရဲ. ရုပ်အလောင်းရဲ.လည်ပင်းမှာ ကျောက်စိမ်းလည်ဆွဲကြီးတွေနဲ.၊ သူ့လက်တွေကတော့အရောင်မရှိတော့တဲ. သစ်ရွက်တွေလို-ခြောက်သွေ.သွေ. ကြီး တွေ” လို. ဇင်ယော်ငှက်လေး က အီဂျစ် ကအကြောင်းတွေ ပြောလေတော.  မင်းသားလေးက ခုလို  ဆက်တောင်းပန်ပါတယ်။

“ငှက်ကလေးရဲ.၊ အဆွေ ပျံလွှား ငှက်လေးရဲ.- ဒီတညတော. ဒီမှာပဲ နားပြီး ငါ. ရဲ. အကျိုးဆောင်ဆက်သားအဖြစ်ကူညီပေးပါကွာ၊ ဒီတညထဲပါ၊ ဟို အိမ်လေးထဲက ကလေးက ရေငတ်နေတယ်။ သူ.အမေအဖြစ်ကလဲ တကယ် ကြေကွဲ စိတ်ထိခိုက်စရာမို.ပါ”

“ပြောရရင်ကျနော်က ကောင်လေးတွေကို သိပ်သဘောမကျဘူး။ ပြီးခဲ.တဲ. နွေ- မြစ်ကျော တလျှောက်မှာကျနော် နေ ခဲ. စဉ်က လယ်ထဲကဆန်စက်ပိုင်ရှင်ရဲ.သားလေးတွေ နဲ.သွားတိုးတယ်။ ဒီ ကောင်လေးတွေက တော်တော်မိုက် ရိုင်းတယ်။ ခဲလုံးတွေနဲ. ကျတော်.ကို ၀ိုင်းပေါက်ကြတယ်လေ၊ ကျနော်.ကို တခါမှတော. မထိပါဘူး။ ကျနော်တို. ပျံလွှား ငှက် ဆိုတာမျိုး ကို ဒါမျိုးလာ လုပ်လို.မရအောင် အပြတ် ပျံပြလိုက်တာပေါ.၊ ဒီ. အပြင် ကျနော် က အရှောင် အတိမ်း  အရွှေ. အပျံ ဟန် လျှင်မြန် ဖြတ်လပ် ကျွမ်းကျင်လှပါတယ်လို. နံမည် ကျော်ကြားတဲ.ငှက်မိသားစုက ဆင်းသက်လာတဲ. ငှက်ဗျ။ ဘာပဲဖြစ်ဖြစ်-လူကောင်လေးတွေ ဒီလို စည်းမဲ.ကမ်းမဲ. ခဲလုံးတွေ နဲ.ပေါက်တာဟာ--သူတပါးကို မလေးမစားလုပ်ပြတဲ.သဘောသက်သက်ခင်ဗျ”

မင်းသားလေးက ၀မ်းနည်းပူဆွေး နေ တဲ. ပုံပေါက်နေတော. ငှက်ကလေးကပဲ---

“ကဲကဲ- ဒီတညတော. ဒီ အရပ် မှာ ပဲနေပေးပါ.မယ်။ ဒီနေရာ က တော်တော်. ကို အေးနေပြီ၊ ဒါပေမဲ. ဒီ ည ခင်ဗျားအတွက် ဆက်သား အဖြစ် ကူညီ ပေးပါ.မယ်”  လို.ပြော ရှာတယ်။

“ကျေးဇူးတင်ပါတယ် ငှက်ကလေးရယ်။တကယ်ပါ”

ဒီလို နဲ. ပျံလွှားငှက်လေးက မင်းသားဓါးအိမ်မှာ မြှပ်ထားတဲ. ပတ္တမြားတုံးကို ဖြုတ်ယူ။ ကျောက်ကို သူ.ပါးစပ်ထဲငုံပြီး မြို.ထဲကအိမ်ခေါင်မိုးတွေပေါ်က ပျံသန်းထွက်လာခဲ.တယ်။ မြို. ရဲ.ဘုရားရှစ်ခိုးကျောင်းကြီး ဘေးက သူဖြတ်ပြီးပျံလာတယ်။ ဘုရားကျောင်း အမိုး ပတ်ပတ်လည်မှာ အဖြူရောင်မာဘဲလ်ကျောက်ကျင်သားနဲ.ထုဆစ်ထားတဲ. နတ်သမီးနတ်သားရုပ်ထုတွေကိုလည်း တွေ.ခဲ.တယ်။ နန်းတော်ပေါ်ကပျံလာရင်း တီးမှုတ် ကခုန်သံတွေ ကိုသူ  ကြားရတယ်။ နန်းတော် ရဲ. လေသာဆောင် ဖက်ကို သိပ်ကိုချောမောလှပတဲ. မိန်းကလေးတဦးသူ. ချစ်သူ ရဲ.လက်ကိုဆွဲ ပြီး ထွက်လာတာကို ပါ လှမ်းမြင်နေရတယ်။

မိန်းမလှလေးကို သူ.ချစ်သူ အမျိုးသားက......

“ကြည်.ပါဦး၊ကောင်းကင်က ကြယ်တွေ က တင်.တယ်လိုက်တာ၊ ပြောစရာကိုမရှိဘူး။  ချစ်ခြင်းရဲ.  စွမ်းအားကရော ဒီ အတိုင်းပဲ၊ တကယ် ပဲ အချစ်ဟာ ခန်းနားလွန်း၊ ကောင်း မြတ်လွန်းတယ်”  လို.ပြောတယ်။

"နန်းတော်ကလုပ်မဲ. မင်းပွဲစိုးပွဲကြီး မှာ ၀တ်ဖို.  ကျမ ရဲ. အပ်ထည် ဂါဝန် ရှည် ကြီး အချိန်မှီ ပြီးမယ် လို. မျှော်လင်.ရတာပဲ ချစ်သူရဲ.။ ဟို အပ်ချုပ်သည်မကို ဂါဝန်ပေါ်မှာ အချစ်ပန်းပွင်.တွေ ဇာထိုးပန်းထိုးလုပ်ပေးဖို. တော. ကျမ  ညွှန်ကြားပြီးသွားပြီ။ ဒါပေမဲ.- ချုပ်သည်မ ကလဲ အပျင်းထူ နေလို.၊အပ်ထည် မပြီးသေး ဘူး ထင်ပါရဲ.” လို. မိန်းကလေးက သူ.ရီးဇားကို ပြောနေတယ်။

ငှက်ကလေးလဲ မြစ်ကိုဖြတ်ပြီးဆက်ပျံလာတယ်။ မြစ်ဆိပ်က ကုန်သည်လှေတွေ ရဲ. ရွက်တိုင်တွေ ပေါ်ကလည်း ဖြတ်တယ်။ ဆင်းရဲသားတွေစု ပြုံပြီး  ဖြစ်သလိုနေကြတဲ. ရပ်ကွက်စုတ်စုတ်တွေ၊ ဂျူးဈေးသည်တွေ အငြင်းပွားနေတဲ. ဈေးတန်းတွေ၊ အသပြာတွေကို  ကြေးချိန်ခွင်တွေထဲ ထည်.ပြီး ချိန်တွယ်နေကြတာတွေ၊  ဒါတွေအားလုံးကို တွေ.ခဲ. ရတယ်။ နောက်ဆုံး လမ်းကြားလေးထဲက အိမ်စုတ်လေး တလုံးစီ ရောက် လာခဲ.ပါတယ်။ အထဲမှာ အမေ ဖြစ်သူက ပင်ပန်းလွန်းလို.  အိပ်မော ကျနေရှာပြီ။

သားကလေးကတော. အဖျားဒဏ်ကြောင်. အပူတွေတက်ပြီး သူ. အိပ်ယာပေါ်မှာ တွန်.လိမ် ယောင်ယမ်းနေတယ်။ ငှက်ကလေးလဲ သူ. ခြေလေးခုန်စွခုန်စွ လုပ်ပြီး အိမ်ထဲအသာလေးဝင်၊ ပါးစပ်ထဲ မှာ ငုံယူလာတဲ.ပတ္တမြားတုံးကို အမေ စက်ချုပ်နေတဲ.စားပွဲပေါ် အသာချ၊ ပြီးတော. အဖျားတက်နေတဲ. ကလေး ငယ်ရဲ. နဖူးကို သူ.တောင်ပံလေးတွေ နဲ. အသာလေး ယက်ခပ်ပေးနေလိုက်တယ်။ ကလေးက ကယောင်ကတမ်းနဲ. တချက်နိုးလာပြီး  “အို-အေးနေတာပဲ ၊ ကျနော် နဲနဲ  သက်သာလာပြီလားမသိဘူး”လို. ဒီတခွန်းပြောပြီး လေအေးလေးအောက်မှာ ဇိမ်ကျကျ  ပြန် အိပ်မောကျသွားတယ်။  

ကိစ္စပြီးသွားတော. ငှက်ကလေးလဲ သုခမင်းသားလေးစီ ပြန်လာပြီး သူ လုပ်ပေးခဲ.သမျှပြောပြတယ်။ “ကြည်.ပါဦး မင်းသား--ကျနော်. ကိုယ်လေး က  နွေးနေတာပဲ။ အပြင်မှာ ဒီ လောက် အေးစက်နေတာတောင် ကျနော်. မှာ အနွေးဓါတ် တခု ရှိနေတယ်"

သုခမင်းသားလေးက “ဒါကတော.-မင်းခု ပြုခဲ.တဲ. ကောင်း မှု ရဲ.အကျိုးပါလေ”  လို.ပြောတယ်။ ငှက်ကလေးလည်း ဒီစကားအပေါ် စပြီး စဉ်းစားခန်းဝင်နေတော.တယ်။ တွေးတောခြင်းက သူ.ကို တအား ငိုက်မြည်းစေတယ်။ စဉ်းစားရင်း တွေး ရင်း နဲ.ပဲသူ. မျက်လုံးတွေ လေးလာပြီး အိပ်မောကျသွားတယ်။

မနက်ရောက်တော. မြစ်ဆိပ် သွားပြီး ငှက်ကလေး ရေချိုးတယ်။ သူတံတားပေါ်က ဖြတ် ပြီး ပျံလာတာကို မြင်သွားတဲ. ငှက် ပါရဂူ ဆရာကြီး-- အလို- ဆောင်းတွင်းကြီး ဒီအရပ်မှာ ပျံလွှားငှက်တကောင်တွေ.နေရတာ၊တော်တော်ထူးဆန်းပါလား--- လို. ပြောမိတယ်။ ဒီဆရာကြီးက သတင်းစာတိုက်တခုစီ တောင် ဒီ အဖြစ်ကို စာတစောင်ရေးပြီး သတင်းလှမ်း ပို.လိုက်သေးတယ်။ ဆရာကြီးရေးသားတာကို  သူတို. လုံးစိပတ်စိ နားမလည်သည်.တိုင် လူတွေက သူရေးသားထားတာကို ကိုးကားပြောဆိုကြတယ်. အထိ ဆိုပါတော.။  

ဒီညတော. ငါ အီ ဂျစ် ဖက် သေချာပေါက် ဆက်ခရီးထွက်ဖြစ်ပြီ။ လို. ငှက်လေးက သူ. တကိုယ်တည်းပြောဖြစ်တယ်။ ဒီနေ. သူ. စိတ်က တက်ကြွနေတယ်။ မြို.မှာ လည်း ဟို နား ပျံကြည်.လိုက် ဒီ နား ပျံကြည်.လိုက်၊ ထင်ရှားတဲ. အဆောက်အဦတွေ၊ ပြယုဒ်ကျောက်တိုင်တွေ၊ အထိမ်းအမှတ်နေရာတွေ စီ သူ တကောင်ထဲ လွတ်လပ်စွာ ပျံသန်းပြီးကြည်.နေလိုက်တော.တယ်။ သူ. ကို မြင်တဲ. စာကလေးပေါက်စလေးတွေက ဘယ်လို ထူးထူဆန်းဆန်းငှက် ကြီးလဲ ဆိုပြီး တိုးတိုး တိုးတိုးနဲ. သူ.အကြောင်းပြောနေကြတာကို တောင် ခံစားလို.ကောင်း လိုက်လေခြင်းလို.သူက  ထင်နေမိလေရဲ.။    

လမင်းပြူကာစမှာ ပျံလွှားငှက်လေးက သုခမင်းသားကျောက်ရုပ်စီပြန်ရောက်လာတယ်။

“အသင်မင်းသား-အီဂျစ်မှာ တခုခု လုပ် ပေးစရာ မရှိဘူးလား အရှင်မင်းသားရဲ.။ ကျနော်တော. ခရီးစတော.မယ်”လို. အသိပေးလိုက်ပါတယ်။

“အဆွေ ငှက်ကလေး-ပျံလွှားငှက်လေးရဲ.- တတ် နိုင် ရင် နောက်ထပ်တညလောက် ဒီမှာ ထပ်နေပေးပါလား” လို. မင်းသားက ပြောတယ်။

“မဖြစ်နိုင်ပါဘူးခင်ဗျာ။ ကျနော်.ကို သူငယ်ချင်းတွေ အီဂျစ်မှာ စောင်.နေကြတယ်။ မနက်ဖန်ဆို သူတို.အားလုံး နိုင်းမြစ် ရဲ. ဒုတိယ မြစ်ကျဉ်း စီသွားကြပြီ။ ဟိုမှာ ကျောက်ဆိုင် တွေ၊ ဖွေးေ ဖွးလှုပ် နေတဲ. တဲ. ရေစီး ၊ရေ၀ဲဂယက် တွေနဲ.။ ဘုရားသခင်ကလုပ်ပေးထားတဲ. သဘာဝ ကျောက် ပလ္လင်  ပေါ်မှာ၊ထိုင် နေတဲ. ရေမြင်းကြီးက မြစ်ထဲက ကျူပင်နုန်းပင်တွေကြားမှာ ဟိုငေးဒီငေး  ဇိမ်ကျလို.။ ညရောက်တော. ရေမြင်းကြီး  ကြယ်တွေကို တည လုံး ထိုင်ငေး၊ မနက်ခင်း ကို အကြို ထောက်တဲ. သောင်္ကြာ ကြယ်ကိုလှမ်းတွေ. ရရင် သူ က ၀မ်းပန်းတသာနဲ. အသံထွက်လိုက်သေးတယ်။ ပြီးတော.-သူတကောင်ထဲပြန် ငြိမ်သက်နေ  လိုက်ပြန်ရောခင်ဗျာ။  နေ.လည်မွန်းတည်.ချိန်ဆို ဖန်ရောင် မျက်လုံးစိမ်းဝါ၀ါကြီးတွေ ရှိတဲ. နဲ. ခြင်္သေ. တသုတ်က နိုင်းမြစ် အစပ် နားမှာ ရေသောက်ဆင်းလာကြတယ်ခင်ဗျ.။ သူတို. ခြင်္သေ.တွေ ၀ူးဝူးဝါးဝါး ဟိန်းဟောက်လိုက်ရင် ဖြင်. အသံကြီးတွေကဗျာ၊  မြစ်ကျဉ်း မှာ ကျောက်ဆောင်တွေ နဲ. လှိုင်း ရိုက်ခတ်လို.ထွက်လာတဲ.အသံထက်တောင် ပိုကျယ်လောင်တယ်ခင်ဗျ”

“အဆွေ ငှက်လေး-ပျံလွှားငှက်ငယ်လေးရဲ.” မင်းသားကပြန်ပြောပါ တယ်။

“ဒီမြို. ရဲ. ခပ်ဝေးဝေး  တနေရာ မှာ ဒီကကြည်.ရင်လှမ်းမြင်နေရတဲ. လူငယ်တဦး ရှိတယ်။ သူ. အနားက စားပွဲပေါ်မှာစာရွက်တွေ ကအပုံလိုက် ။ သူ.ဘေးမှာလည်း ဟောင်းနွမ်းနေတဲ. တယော အချို. ရှိတယ်။ သူ.ဆံပင်တွေက အညိုရောင်၊မာဆတ်ဆတ်။ သူ.နှုတ်ခမ်းတွေက သလဲသီးလို နီမြန်းမြန်း ။သူ.မျက်လုံးတွေက ကျယ်ဝန်းပြီး အိပ်မက်ဆန်သလို ရီဝေေ၀နဲ.။ ပြဇတ်အဖွဲ.ရဲ. ညွှန်မှုးဆိုသူ အတွက်သူက ဂီတ ဇတ်လမ်းတပုဒ်ရေးနေရတယ်။ ဒါပေမဲ.အေးလွန်းလို. ဒီစာဆိုလုလင် သူ. အလုပ်သူ ဆက် မလုပ်နိုင်တော.ဘူး။ မီးလင်းဖို မှာလည်း  ဘာလောင်စာထင်း  မှ မကျန်တော.ဘူး။ပြီးတော. သူ ထမင်း မစားရတာ တော်တော် ကြာနေပြီ - ဒါကြောင်. သူ.ခမြာ အားနည်းပြီးသတိမေ. တော. မဲ. အထိ ဖြစ်နေရှာတယ်”  

“ဒါဆို ကျနော် ဒီတညထပ်နေပေးမယ်လေ။ သူ.စီကျနော်နောက်ထပ် ပတ္တမြားတလုံးယူသွားပေးရမလား” လို. စိတ်ထားဖြူစင် ကောင်းမွန်တဲ. ငှက်ကလေးကမေးလိုက်ပါတယ်။   

“ငါ.မှာ ဘာပတ္တမြားမှ မကျန်တော.ဘူးလေ။ မျက်လုံးထဲက နီ လာကျောက်တွေပဲ ရှိတော.တယ်။ ပြောရမယ်ဆိုရင်ဒီနီလာကျောက်တွေက တကယ်. ရှားရှားပါးပါးတွေကွ။ ဒီကျောက်တွေကို လွန်ခဲ.တဲ. နှစ် ၁၀၀၀ ကျော်က အိန္ဒိယ ကယူလာတာ။ ဒီလိုလုပ်။ ငါ. မျက်လုံးတလုံးကို ဖေါက်ပြီး ဒီ နီလာကျောက်ကို ဂီတစာဆို လူငယ်လေးစီသွားပေးလိုက်ပါ၊ ဒီကျောက်ကို ရတနာ ကုန်သည်စီမှာ ရောင်း ရင် သူ လိုအပ်တဲ. လောင်စာထင်းနဲ.ထမင်းဖိုးဟင်းဖိုးရနိုင်တယ်။ ဒီလိုဆို သူ မပြီးသေးတဲ. ပြဇတ်ကို ဆက်ရေးလို. ရခြေပြီ”

“ဒါတော. မလုပ်ပါရစေနဲ.- အရှင်မင်းသားရဲ.။ ကျနော် ဒါတော. အရှင်.မျက်လုံးကို ဖေါက်ပြီး မလုပ်ပါရစေနဲ.” လို. ဇင်ယော်ငှက်လေးက တရှုံ.ရှုံ. ငိုယို ပြီး တောင်းပန် ပြောဆိုခဲ.ပါတယ်။

ဒါပေမဲ.-မင်းသားကဆက်ပြောပါတယ်။
“ငှက်ကလေး။ ငါခိုင်းတဲ. အတိုင်းပဲ လုပ်ပေးပါ”

နောက်ဆုံးတော. ငှက်ကလေးက သုခမင်းသားလေးရဲ.မျက်လုံးတလုံးကို ဖေါက် ထုတ်ပြီးကျောက်ကိုယူလိုက်တယ်။ ပြီးတော.- ဂီတစာဆိုနေတဲ. အိမ်စီ တခါတည်း ပျံသွားတယ်။ စာဆိုရဲ.အိမ်ခေါင်မိုးပေါ်မှာ အပေါက်တခုရှိနေတာမို. အထဲကို ၀င်ရတာ လွယ်ကူတယ်။ ဒီအပေါက်ထဲကနေ တဖြည်းဖြည်းချော.၀င်လာပြီး စာဆိုထိုင်နေတဲ.အခန်းထဲ ရောက်လာတယ်။ စာဆိုလူငယ်က သူ.မျက်နှာကို သူ.လက်တွေနဲ.အုပ်ထားတယ်။ ငှက်ကလေးတောင်ပံခတ်သံရွှေ.လျှားသံ တွေကိုလည်း တချက်မှကြားပုံမရဘူး။ ဒါပေမဲ. သူ ခေါင်းထောင်ပြီး ကြည်.လိုက်တဲ. အခါမှာ၊ သူ. တယော အဟောင်း တခုပေါ်က နီလာကျောက်တုံးကို သွားတွေ.တယ်။

....အလို-ခုတော.  ငါ.အနုပညာကြောင်. လူတွေက အသိအမှတ်ပြုတာ ခံနေရပါလား။ ဒီကျောက်ဟာ ငါ. ကို လေးစားယုံကြည်တဲ. ပရိသတ်တဦးက ငါမသိအောင် တိပ်တိပ်လေး လာပေးသွားတာဖြစ်ရမယ်။ ကောင်းပြီ၊ ခု ဒီလိုဆို ငါလည်း မပြီးသေးတဲ. ဂီတသံစဉ် ကိုပြီးအောင် လုပ်လို.ရပြီ ....လို. သူ.ကိုသူ ပြောပြီး တော်တော်.ကို ၀မ်းသာပျော်ရွှင် သွားပါတယ်။

နောက်တနေ.မနက်ငှက်ကလေးက မြစ်ဆိပ်စီသွားလည်တယ်။ အကြီးဆုံး ရွက်သင်္ဘော ကြီးတခု ကို ရွေး၊ ရွက်တိုင်ကြီးရဲ.ထိပ်ဖျားအမြင်. ဆုံးနေရာမှာ တမင် သွားရွေးနားနေပြီး၊ သင်္ဘောသားတွေ အောက်ဖက်မှာ ညာသံပေးပြီး အလုပ်လုပ် ပစ္စည်းတွေ ချနေကြတာကို ထိုင်ငေးနေလိုက်တယ်။ သင်္ဘောသားတွေက အင်မတန်လေးလံတဲ. ကုန်သေတ္တာကြီးတွေ ကို သင်္ဘော ၀မ်းဗိုက်ထဲက တခုစီ အောက်ကို ချနေကြတယ်။ ကြိုးတွေ၊  ကုတ်အားတွေ သုံးပြီး ဝေး ၀ါး အော်ဟစ်ပြီး အလုပ်လုပ်နေကြတာ၊ ဒီလိုနဲ. သေတ္တာကြီးတွေ တလုံးပြီး တလုံး ကုန်းပေါ်ရောက်လာတယ်။ ငှက်ကလေးကလည်း ငါလည်း အီဂျစ်ကို သွားတော.မှာပါနော်လို. လှမ်းအော် လိုက်ပေမဲ.-ဘယ်သူကမှ သူ.ကို သတိမထားမိကြပါ။ ညဖက်ရောက် လကလေးလည်း တစစ ပြူ ထွက် လာပြီ။ အဲဒီ. တော.မှ ငှက်ကလေးလည်း သုခမင်းသားလေးစီ ပြန်လာခဲ.တယ်။  

“ကျနော် အပြီး နှုတ်ဆက်ဖို. လာတာပါခင်ဗျာ”

“အဆွေငှက်ကလေး- ပျံလွှားငှက်ကလေးရဲ.။ ဖြစ်နိုင် ရင် နောက်ထပ်တညဖြစ်ဖြစ်ထပ်နေပေးပါလား”

“ခု ဆောင်းတွင်းကြီး လေမင်းသားရဲ.။ သိပ်မကြာခင်မှာပဲ ရေတွေခဲ၊နှင်းတွေကျ၊ ဒါတွေ ဆက်တိုက်လာတော.မယ်။ အီဂျစ်မှာ ခုဆို အမြဲစိမ်း စွန်ပလွန်ပင်တွေနဲ. ၊ထန်းပင်တွေပေါ်မှာ ကျနေတဲ. နေ ရောင်က ၀ါဝင်းတောက်ပလို.။ မိချောင်းကြီးတွေကလဲ ဟိုနားဒီနားမှာ အပျင်းတွေထူ ဇိမ်ကျလို.။ ကျနော်.အဖေါ်ငှက်တွေကလည်း ခုဆို ၀တ်ပြုကျောင်းတွေ ထဲမှာ သူတို.နေရမဲ. အသိုက်တွေကို စလုပ်နေကြလောက်ပြီ။ ကျနော်တို.ပျံလွှား ငှက်တွေ အသိုက်ဆောက်ရင်း အလုပ်ရှုတ်သမျှကို ဘေးကနေ၊ တကူကူအသံတွေပေးပြီးးအားပေးကြည်.ရှုနေကြတဲ. ခိုဖြူခိုနီ ပရိသတ်တွေလည်း ရှိပါသေးတယ်ခင်ဗျ.။ ဒီတော.- - အရှင်မင်းသားရဲ.-ဘယ်နည်းနဲ.မဆို ကျနော် ဒီ မြို.က ခွာ ရ ပါတော.မယ်။ ကျနော် အ ရှင်မင်းသားကို မေ.စရာ အကြောင်းမရှိပါ။ နောက်နှစ်နွေဦး ရာသီ ရောက်ရင် ကျနော်ပြန်လာမယ် လေ။ အရှင်. သူတပါးကို ပေးခဲ. တဲ. လှပသန်.စင်တဲ. ရတနာကျောက်မျိုးလည်း ကျနော် မရ ရအောင်ရှာယူပြီးပြန်လာခဲ.မယ်လေ။ ပတ္တမြားဆိုရင်လည်း နှင်းဆီကြက်သွေးရောင်ထက် ပို ရဲ ပို တောက်တဲ. ပတ္တမြားမျိုး။ နီလာဆိုရင်လည်း ပင်လယ်ပြာကြီးထက်ပိုပြာပို တောက်တဲ. နီလာကျောက်မျိုး-ဒါမျိုးတွေ ယူပြီးပြန်လာခဲ.မယ်လေ”

မင်းသားက ပြောပြန်တယ်။

“ပန်းခြံထဲမှာ မီးခြစ်ဆံရောင်းနေတဲ. ချာတိတ်မလေးတယောက် ရှိတယ်။ ဈေးရောင်းရင်း ဘေးကမြောင်းထဲကို မီးခြစ်ဆံတွေ ပြုတ်ကျသွားတယ်။ မီးခြစ်ဆံအားလုံး ခု ပျက်စီးသွားပြီ။ အိမ်ပြန်ရင် တော. တပြားမှပါတော.မှာ မဟုတ်ဘူး။ ဈေးရောင်း လို.ရတဲ. ပိုက်ဆံအိမ်ပြန် ပါမလာရင်သူ.အဖေက သူ.ကို ရိုက် တော.မယ်။ အမှန်ပဲ။ ဒါကြောင်. ကောင်မလေး ခု တအားငိုနေတယ် ။ ဒီက လှမ်း ကြည်.လိုက်။ သူ.ခမြာ-ဖိနပ်မရှိ၊ ခြေအိတ် မပါ။ ကဲ-ခု ငါ. မှာ ကျန်တဲ. မျက်လုံးတလုံးကို သာဖေါက်ပေတော.-နီလာကျောက်ကို သူလေးစီသွားပေးပေတော.။ ဒါမှ သူ. အဖေက သူ. ကို အိမ်ပြန် ရင် မရိုက်မှာ”

“တော်ပါတော. မင်းသားရဲ.။ နေရမယ်ဆို ဒီ တညထပ်နေပါမယ် ။ ဒါပေမဲ. အသင်မင်းသားရဲ. မျက်လုံးကိုတော. မဖေါက်ပါရစေနဲ.။ ဒီတလုံးဖေါက်ပြီးသွားရင် အရှင်.မင်းသား စုံ လုံး မျက်စေ.ကန်းသွားပြီမို. ဘာမှ မြင်ရတော.မှာ မဟုတ်ဘူး”

“ငှက်ကလေး-ပျံလွှားငှက်လေးရဲ.။ ငါခိုင်းတဲ.အတိုင်းသာလုပ်ပါလေ”

ငှက်ကလေးလည်းနောက်ဆုံးမင်းသားခိုင်းတဲ.အတိုင်း ကျန်တဲ.မျက်လုံးတလုံးကိုဖေါက်၊နီလာ ကျောက်ကိုထုတ်ပြီး မီးခြစ်ဆံသည် ကလေးမလေးစီ အရောက်သွား။ သူ.ခြေလေးတွေထောက်ခါ ထောက်ခါ နဲ. အနားတိုးသွာြး့ပီးကလေးမလေး လက်ဝါးပြင်ထဲ သူ.ပါးစပ်ထဲမှာငုံ ထားတဲ. ကျောက်တုံးကို ထည်.ပေးလိုက်ပါတယ်။ ကောင်မလေးက အလိုလေး၊လှလိုက်တဲ.ဖန်သီးတုံးလေးပါလားနော် လို. အပျော်လွန် ရီမော အော်ဟစ် ပြောဆို ပြီးသူ.အိမ်.စီတချိုးထဲ တန်းပြေးတော.တာပဲ။

ကိစ္စပြီးသွားတော. ပျံလွှားလေး မင်းသားစီပြန်လာတယ်။
“ခုအရှင်မင်းသား မျက်မမြင်တဦး ဖြစ်သွားပြီ။ ကျနော်ခင်ဗျားအနားမှာပဲနေတော.မယ်”လို. ပြောတယ်။

“ရပါတယ်ငှက်လေးရယ်။ မင်းသွားရမဲ. အီဂျစ် အရပ်စီသာ အရောက်သွားပါ”

“မသွားတော.ဘူး။ ဒီနေ.ကစပြီးအရှင်.မင်းသားနားမှာပဲ ကျနော်အမြဲနေတော.မယ်” လို.ငှက်ကလေးကပြန်ပြောပြီးမင်းသားကျောက်ရုပ်ရဲ.ခြေထောက်၂ခုကြားကနေရာလေးမှာ သူ အိပ်ခဲ.ပါတယ်။

မစိုးစိုးဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...