Saturday, July 21, 2012

သုခမင်းသား အပိုင်း ( ၃) ...The Happy Prince Part Three (အကြိုက်ဆုံးဝတ္ထုတို တပုဒ် ကိုပြန်ဆိုခြင်း)


by Aye Aye Soe Win on Wednesday, July 18, 2012 at 3:55pm 



နောက်တနေ.ရောက်တော. ပျံလွှားငှက်လေးက မင်းသားပုခုံးပေါ်မှာ နားတယ်။ ပြီးတော . သူမြင်ဖူးကြုံဖူးရောက်ဖူး ခဲ.တဲ. ထူးထူးဆန်းဆန်းနေရာတွေ က အဖြစ်အပျက်မှန်သမျှကို ငှက်ကလေးက သုခမင်းသား ကို  တတွပ်တွပ်ပြော ပြနေရှာတယ်။ နိုင်းမြစ်ဘေးမှာ  တန်းစီထိုင်စောင်.နေတတ်ကြတဲ. လည် တံရှည် ဗျိုင်းငှက် ကြီးနီတွေ က ရွှေငါးတွေ ကို သူတို. နှုတ်သီးရှည်ကြီးတွေနဲ. ဘယ်လို မျိုး ဖမ်းစားကြတယ် ဆိုတဲ. အကြောင်းတွေ ပြောပြတယ်။  


ပြီးတော. မိန်းမမျက်နှာ၊ ငှက်တောင်ပံ လို ပုခုံး၊  ခြင်္သေ.ကိုယ်လုံးနဲ. စဖင်. ဆိုတဲ. အီဂျစ်ကရုပ်ထုကြီးအကြောင်း ၊ ဒီ ခြင်္သေ.ကိုယ်လူမျက်နှာနဲ. စဖင်.ရုပ်ထုကြီးဟာ ကမ္ဘာကြီးနဲ.သက်တမ်းအတူတူလောက် ကြာမြင်.အိုမင်းနေတာ မို. သူဟာ အားလုံးကိုသိနားလည်နေတဲ. ၊သဲကန္တာရထဲက အမြဲနေ သက်ကြီးပုဂ္ဂိုလ် ကြီးဖြစ်ကြောင်း၊ ဒါတွေ ကိုလည်း ငှက်ကလေးပြောပြ ခဲ.တယ်။

ဒီ.အပြင် ငှက်ကလေးက သူတွေ.ခဲ.တဲ.  သဲကန္တာရထဲ မှာ ကုန်တင်သစ်ကုလားအုပ်တွေကိုမောင်းပြီး သူတို.ဘေးက အိပဲ.ပဲ.လမ်းလျှောက်လိုက်လာတဲ. ကုန်သည်ကြီးတွေအကြောင်း၊ ကိုလည်းပြောပြတယ်။ မျက်မမြင် မင်းသားကို  သူပြောပြနေတာတွေက တော. အ စုံပါပဲ။ ကုန်သည်တွေ က ခရီးသွားတဲ. အခါ ဘေးရန်ကင်းအောင်၊ မကောင်းဆိုးဝါးတွေ ကြောက်တဲ. အညို ရောင် ဖန်လုံးပုတီး တွေကိုင်ထားဆောင်ထား ကြတာတွေ၊ ပုတီးစိတ်ကြတာတွေ၊  ပြီးတော.- သစ်စေးရောင်လို မဲ မှောင် နေတဲ. အသားအရည်မျိုး ရှိတဲ. (အာဖရိကန်)ကပ္ပလီ ဘုရင်တဦး အကြောင်း။ ဒီ အသားမည်း ဘုရင်က မိုးလတောင်တန်းတွေရဲ. ဧကရာဇ်မင်း ကြီး ဖြစ်ပြီး သူက အဖြူရောင် ဖန်လုံးကြီးကို  ပူဇော်ကိုးကွယ်တဲ. အကြောင်း၊ ပြီးတော. စွန်ပလွန်ပင်ပေါ်မှာ လဲလျောင်းနေ၊ အိပ်စက်နေ တဲ. မြွေစိမ်းကြီး ရှည်ရှည်ကြီး တကောင် ရှိနေပြီး ဒီ မြွေ ကြီး ကောင်းစားလိုက်ပုံများ၊ သူ.မှာ သူ.ကို ပျားရည်နဲ.လုပ်ထားတဲ. ကိတ်မုန်. တွေ နဲ. အစာကျွေး ဖို. ဘုန်းကြီး အယောက် ၂၀ တောင် ရှိကြောင်း ၊ ဒါတွေလည်းပါတယ်။

ငှက်ကလေးတို.ပြောလိုက် တာ မှ တော်တော်.ကို စုံပါပေတယ်။ အီဂျစ်ကအပြောကျယ်လှတဲ. ရေကန်သာကြီးပေါ်မှာ လူပုသေးသေးလေးတွေ ဧရာမ သစ်ရွက်စိမ်းကြီးတွေ ကို လှေလုပ်စီး၊  ခရီးထွက်ကြတာတွေ တောင်မကျန်ဘူး။ ပြီးတော. အချင်းချင်း ရန်စောင်နေကြတဲ. လိပ်ပြာ တွေ အကြောင်း လည်းပါသေးတယ်လေ။   

 မင်းသားက တခွန်းဝင်ပြောတယ်။

“ငှက်ကလေး-မင်းက ငါ.ကို  ကမ္ဘာကြီးပေါ်က အံ.သြဖွယ်ရာ အဆန်းတကြယ်အရာတွေအကြောင်း  လာလာပြောပြနေတာပါလား။ ဒါပေမဲ.- ဒီလိုရှိတယ် ငှက်ကလေးရေ။ လူတွေ ရဲ. ဆင်းရဲ ဒုက္ခထက် ပိုပြီး ဆန်းကျယ် နက်ရှိုင်းတဲ. အ ရာ ဘယ်မှာ မှ မ ရှိနိုင်ဘူး။ ဒုက္ခသစ္စာဆိုတဲ. အရာကသာ အားလုံး၊ အားလုံးထက် ပိုပြီးလှို.၀ှက် ဆန်းကျယ်လွန်းလှတယ်။ ဒီတော. ဒီ လိုလုပ်၊ မြို.ပေါ်မှာ မင်း လျှောက် ပျံသန်း ကြည်.ရှု ပြီး၊ မင်းမြင်တာတွေသာ ငါ. ကို ပြန်ပြောပြပေး လှည်.ပါ” 

ဒီလိုနဲ. ငှက်ကလေးက မင်းသားခိုင်းတဲ.အတိုင်း မြို.ပေါ်မှာ ကူးလူးပျံလွှားပြီးရှောက်ကြည်.တဲ.အခါ သူဌေးသူကြွယ်တွေ ရဲ. ခန်းနားလှပတဲ.အိမ်ကြီးတွေ  ထဲမှာ ပျော် ရွှင်စရာတွေ ပွဲ လမ်းသဘင် အခန်းအနားတွေ နဲ.ပြည်.နေတာ သွားတွေ.တယ်၊ တချိန်ထဲမှာပဲ မရှိဆင်းရဲသားတွေက သူဌေးကြီးတွေ ခြံဝင်းဂိတ်ပေါက် ကတောင်းရမ်းစားသောက်ဖို. ညိုးငယ်စွာ ထိုင်စောင်.နေကြတာလည်း သွားတွေ.ပြန်တယ်။

ဒါနဲ. သူဆက်ပြီး ပျံသန်း လာလေတော.  လမ်းမီးမရှိ မှောင်မည်းနေတဲ. လမ်းကြိုလမ်းကြားလေးတွေ ထဲ ရောက်လာတယ်။ ဆာလောင်မွတ်သိပ်နေတဲ. ကလေးငယ်တွေ က ကြောင်တောင်မျက်လုံးတွေ  မျက်နှာငယ်လေးတွေနဲ. ပိန်းပိတ်အောင်မှောင်လွန်းနေတဲ. လမ်းတွေထဲကိုပဲ စိုက်ကြည်.နေကြတယ်။ ဂုံးတံတားအောက် မှာတော. သူငယ်လေး ၂ဦး မြေပေါ်မှာ ဘေးချင်းကပ်လှဲနေကြပြီး အေးလွန်းလို. တဦးနဲ. တဦး ကျစ်ကျစ်ပါအောင်ဖက်ထား ကြတယ်။

ဗိုက်ဆာလိုက်တာ၊ဗိုက်ဆာလိုက်တာ--- လို. ကလေးတွေ က ငြီးတွားနေကြတယ်။ သူတို. ကိုတွေ.သွားတဲ. ညစောင်.လူကြီးက လှမ်းအော်တယ်။

“မင်းတို. ဒီ တံတားအောက်မှာ နေလို.မရဘူးဆိုတာ မသိဘူလား”

ဒါကြောင်. ကလေး၂ယောက် မိုးတွေ ရွာနေတဲ.ကြားထဲမှာပဲ   ခြေဦးတည်.ရာ ထွက်သွားကြတာကို ငှက်ကလေးတွေ.လိုက်ရပါတယ်။          
ဒီလိုနဲ. ငှက်ကလေး မင်းသားကျောက်ရုပ်စီ ပြန်လာပြီးသူတွေ.ခဲ.မြင်ခဲ.တာတွေ ပြော ပြလိုက်တယ်။ မင်းသားလေးက ပြန်ပြောတယ်။

“ဒီိမှာကြည်.---ငါ. ကျောက်ရုပ်ထု ကိုယ်ထည်  မျက်နှာပြင်တခုလုံး ပေါ်မှာ ရွှေစင် နဲ.လုပ်ထားတဲ. ရွှေပြားတွေ ပြည်.လို.၊ ဒီလိုလုပ်ကြရအောင်။ အသင်ငှက်ကလေးက ငါ.ကိုယ်ပေါ်က ရွှေပြားတွေကို တလွှာချင်းခွာယူ၊ ခု မင်းတွေ.ခဲ.တဲ. မရှိဆင်းရဲသားတွေကိုပေးလိုက်ပါကွာ။ သူတို.လိုအပ်နေပါတယ်။ လူသတ္တ၀ါ ဆိုတာကလဲ ရွှေ ရရင် ပျော်ရွှင်မှုသုခ ကပါ တခါတည်းပါလာတယ် လို.ထင်တတ်တာမျိုးမဟုတ်လား”

ငှက်ကလေး လည်း မင်းသား ကိုယ်ပေါ်က ရွှေပြားတွေ ကို တခုပြီးတခု စခွာတယ်။ ဘယ်လောက်အထိ မင်းသားခိုင်းတဲ. အတိုင်း သူတပါးကို ပေးဖို. တချပ် စီ ခွာယူရသလဲ ဆို  မင်းသားကိုယ်ပေါ်က ရှိသမျှရွှေပြားတွေ  နောက်ဆုံးအားလုံး တက်တက်ပြောင်ပြီး ရုပ်ထုကြီးတခုလုံးက ရွှေ စင်ရဲ.အရောင်အ၀ါပျောက် ၊ မဲမဲ ညိုညို ကြီး ဖြစ်ကျန်ခဲ.တဲ. အထိပါပဲ။

ငှက်ကလေးက သူခွာယူထားတဲ.ရွှေပြား တွေကို သူတွေ.ခဲ.တဲ. မရှိဆင်းရဲသားတွေ၊ ထမင်းဆာနေတဲ. ကလေးငယ်တွေစီယူသွားတယ်။ သူပေးတဲ. ရွှေပြားလက်ဆောင်တွေကို ရတဲ.အခါ  ကလေးငယ်လေး တွေ ရဲ. မျက်နှာတွေမှာ နှင်းဆီရောင်သန်းသွား ကြတယ်။ သူတို.တွေခမြာ တွေ ပျော်လို. လမ်းထဲမှာပြေးဆော.ကြ၊ ရီကြမောကြ နဲ.။ငါတို. ခု ပေါင်မုန်.စားရတော.မယ် ၊ပေါင်မုန်.ရတော.မယ်--- လို.လည်း ကလေးတွေပီပီ အော်ဟစ်နေကြတယ်။

ဒီလိုနဲ. နှင်းတွေကျလာပါရော။ သိပ်မကြာပါဘူး။  နေရာတိုင်းမှာ ရေခဲစပြုပြီ။ မြို.ကလမ်းတွေအားလုံး နှင်းနဲ.ရေခဲ တွေ နဲ.ဖုံးလို.၊ လမ်းတွေဆိုဖြူဖွေး လို.၊ နှင်းရောင်နဲ. လမ်းတွေ ၀င်းထိန်နေ ရောင်ပြန်ဟပ်နေတာမှ၊ လမ်းတွေကို ငွေသားပြင် နဲ.လုပ်ထားသလား လို. ထင်ရမလောက်အထိပါပဲ။ အိမ်တွေ ရဲ. အမိုးနဲ. တံဆက်မိတ် တွေအောက်မှာ ခိုယိုတွဲလောင်းကျနေတဲ. ရေခဲတွေ က ဖန်ကြည်သားနဲ.လုပ်ထားတဲ.ဓါ.မြှောင်ရှည် တွေလို အရောင်တလက်လက်၊ ချွန်မြမြ။ မြို.ကလူတွေ ဆို ထူထဲလေးလံတဲ.သားမွေး ကုတ်ရှည်ကြီးတွေ ၀တ်နေကြပြီ။ ကလေးလေးတွေဆို အနီရောင် ဦးထုပ်တွေဆောင်း၊ ရေခဲပြင်တွေပေါ်မှာ စကိတ်စီးနေကြပြီ။

ငှက်ကလေးလဲ ဒီဆောင်းမှာ အေးသထက်အေးလာတဲ. ဒဏ်ကို အလူးအလိမ်.ခံစားနေရပါပြီ။ ဒါပေမဲ. သူဟာ ဘယ်လိုနည်းနဲ.မှ သုခမင်းသားလေးကို စွန်.ခွာသွားမှာ မဟုတ်ပါဘူး။ ငှက်ကလေးဟာ မင်းသားကို တော်တော်.ကို ချစ်ရှာတာပါ။

ငှက်ကလေးက သူဆာလာရင် ပေါင်မုန်.ဖုတ်သမားရဲ. ဆိုင်နားမှာ မယောင်မလည်နဲ. သွားစောင်.နေတတ်တယ်။ ဆိုင်တံခါးအပြင်နားမှာ ခိုးကြောင်ခိုးဝှက်လေး စောင်.၊ ဆိုင်ရှင်လူကြီးကြည်.မနေတဲ.အခါ မြေကြီးပေါ်က ပေါင်မုန်.စလေးတွေကို ကောက်စား၊ သိပ်အေးလာရင် သူတောင်ပံလေးတွေကို တဖျတ်ဖျတ်ခတ်ပြီး၊ ဒီနည်းနဲ.ပဲ အအေးဒဏ်ကြားက  သူ.ကိုသူ နွေးအောင်ကြိုးစားနေရရှာပါတယ်။    
နောက်ဆုံးတနေ.မှာ ငှက်ကလေးက သူ သေတော.မယ်ဆိုတာ သိလိုက်တယ်။

နောက်ဆုံးအကြိမ်အဖြစ် သုခမင်းသားလေး ရဲ. ပုခုံးထက် စီ သူမသေခင် ကြိုးစား ပျံသွားနိုင်ဖို. သာ  ယဲ.ယဲ.လေး လို.ဆိုနိုင်တဲ. ခွန်အားမျိုးပဲ သူ.စီမှာ ကျန်ပါတော.တယ်။
“အရှင်မင်းသား-မင်းသားကို ကျနောလာနှုတ်ဆက် တာပါခင်ဗျာ” လို. ငှက်ကလေးက မင်းသားပုခုံးထက်က တိုးတိုးလေး ဆိုရှာတယ်။

“ကျနော်.ကို. အရှင်မင်းသားလက်ကိုဖြစ်ဖြစ် တချက် နမ်းခွင်.ပြုပါ”

“နောက်ဆုံး-မင်းအီဂျစ်ကို သွားဖြစ်တော.မှာမို. ငါဝမ်းသာတယ်ကွာ။ မင်းလည်း ဒီ ရောက်နေတာ အရမ်းကြာမြင်.သွားပြီလေ။ ရတယ်။ ငါလည်း အသင်ငှက်ကလေးကို တကယ်ပဲမေတ္တာစေတနာ ရှိတယ်။ ဒါကြောင်.၊ ငါ. နှုတ်ခမ်းကို သာတချက်နမ်းသွား”

 “အရှင်မင်းသား။ ကျနော်သွားမှာ အီဂျစ်မဟုတ်ပါဘူး၊ ကျနော်သွားမဲ. အိမ်အသစ်က မရဏမင်းရဲ.သေရွာလို.ခေါ်ပါတယ်။ သေခြင်းဆိုတဲ. အရာက အိပ်စက်ခြင်းနဲ. တအူတုံဆင်း ညီအကိုအရင်းတော် စပ်ကြ တယ်မဟုတ်လားခင်ဗျာ”

ဒီလိုပြောပြီး ငှက်ကလေးက သုခမင်းသားလေးရဲ.နှုတ်ခမ်း ကို တချက်နမ်း၊ သူ.ကိုယ်လေး က မင်းသားခြေထောက် ပေါ်မှာ
ပြုတ်ကျသွား ၊ငှက်ကလေး မင်းသားခြေရင်းမှာ ပုံ.ပုံ.လေး သေသွားရှာတယ်။  

အဲဒီ. အချိန်မှာ ပဲ ဘာမှန်း မသိနိုင်တဲ. ထူးထူး ဆန်းဆန်း အသံ တမျိုး မင်းသားရုပ်ထု ကိုယ်ထဲ က ထွက်လာတယ်။ အသံ က အတွင်းထဲ က တစုံတခု တခု ရုတ်တရက် ကွဲ အက် ကြေမွ သွားလို. ထွက်လာတဲ. အသံမျိုး။ အမှန်က ဘော်ခဲသားဖြင်.ပြုလုပ်ထားတဲ. မင်းသား ရဲ. နှလုံးသား အလယ်တည်.တည်. မှာ ဟက်တက်ကွဲ သွား တဲ. အတွက် ကြောင်. အသံထွက် လာတာပဲဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား ကြီး ရေတွေခဲ၊ ကြမ်းတမ်းလွန်းလေတဲ. ဆောင်းတည မှာဒီလို ဖြစ်သွားခဲ.ပါတယ်။

မြို.တော်က အရာရှိများ ရုပ်ထုသစ် အတွက် ဆန္ဒခံယူပွဲ

မနက်ရောက်တော. မြို.တော်ဝန်က မြူနီစပယ် ဌာနကကောင်စီဝင်အချို. တွေ ကို အခြံ အရံ ပြု ပြီး ပန်းခြံ တ၀ိုက် လျှောက်ကြည်.တယ်။ မင်းသားလေးရဲ. ကျောက်တိုင်နား ကဖြတ်သွားရင်း မင်းသား ကို မော်ကြည်.တယ်။
“အလိုလေး။ ကြည်.ပါဦး။ မင်းသား ရုပ်ထု က လဲ  မသားမနား၊ စုတ်ပြတ်သတ်နေတာပဲ” လို. ပြော လိုက်တယ်။

ဒီတော. ကျန်တဲ. မြို.ကောင်စီဝင်တွေ က လည်း ရောယောင် ပေါ ယောင် လုပ်၊ မြို.တော်ဝင် ဘာပြောပြော သဘော တူ ပေးရမယ် ဆိုတဲ. မူ နဲ. “ဟုတ်တာပေါ. မြို.၀န်မင်းရယ်။ သုခ မင်း သားတို.များ- ခုတော.-စုတ်ပြတ်သတ်နေတာ” ----ပဲ လို. ၀ိုင်းပြောကြပါတယ်။  
မြို.တော်ဝန်က ဆက်ပြောတယ်…

“ကြည်.ပါဦး။ ဒါးအိမ်ပေါ်က အလှစီထားတဲ. ပတ္တမြားကြီးလဲ မရှိတော.ဘူး။ မင်းသား မျက်လုံးတွေက ဟောက်ပက်ကြီး။ မင်းသား ကိုယ်မှာ လည်း ရွှေရောင် ရွှေဝါ ကင်းမဲ. လို.။ ခုများတော.- မင်းသား ရုပ် က အရောင်မွဲ- သူတောင်းစား နဲ. ပဲ မတိမ်းမယိမ်း”

ဒီ တော. မြူနီစပါယ်လူကြီးတွေက ဆက်ပြီး သံယောင်လိုက်ကြပြန်တယ်။
“မှန်လေစွ။ သူတောင်းစား တယောက်နဲ. သုခမင်းသား က သူမသာ ကိုယ်မနာ” လို. ၀င်ပြောကြပြန်တယ်။

မြို.တော်ဝန်ကဆက်ပြောတယ်။
“ဒီ မင်းသားခြေရင်းမှာလဲ ငှက်တကောင်သေနေပါလား။ မြို.တော်ဝန်အနေနဲ. ပြန်ကြားစာ တစောင်ထုတ် ဖို.လိုနေပြီ။ ငှက်တွေ  မြို.အတွင်းမှာ သေခွင်.မရှိ လို. ပြန်တမ်းစာထုတ်ရမယ်”

မြို.တော်ဝန်ရဲ. နောက်က တကောက်ကောက် လိုက်နေရတဲ. စာရေးက မြို.ထဲမှာ ငှက်တွေ လာ မသေရ ဆိုတဲ. သူ.အရာရှိ ရဲ. ညွှန်ကြားချက် ကို စာရွက်နဲ. ခဲတံထုတ်ပြီး ရိုရိုသေသေ မှတ်တမ်း တင်နေပါတယ်။  

ဒီလိုနဲ. သူတို.တတွေ (အစိုးရ မင်းမိန်.နဲ.) မင်းသားရုပ်ထုကြီးကို မြို.ထဲမှာ ဆက်မထားတော.ပဲ ဖြိုဖျက် ခဲ.ကြတယ်။ တက္ကသိုလ်က အနုပညာဌာနရဲ. ပါမောက္ခ တဦးက.......
“လှပမှုကင်းမဲ.သွားပြီဖြစ်တဲ. သုခမင်းသား ရုပ်ထု မြို.ထဲ မှာ မရှိတော.တာ အကောင်းဆုံးပဲ။ လှမှ မလှ တော. တာ၊ မလှရင် အသုံး မ၀င်နိုင်တော.ဘူး” လို. မှတ်ချက်ချပါတယ်။

ဒီလိုနဲ. (အမိန်.အရ) မင်းသားရုပ်ထု ကိုယ်ထည်က သတ္တုနဲ. လုပ်ထားသမျှ အစိတ်အပိုင်းတွေ ကို သံရေ ကျိုစက်ထဲ ထည်. ခဲ.ကြတယ်။ မြို.တော်ဝန်ကတော. မြူနီစပါယ် ကောင်စီဝင်တွေ၊မြို.မျက်နှာဖုံး လူကြီးတွေ နဲ. အစည်းအဝေးထိုင်ပြီး နောက်ထပ်ရုပ်ထု အသစ်တခု ထပ် ဆောက်ဖို. သူ.မှာ ဆန္ဒ ရှိနေကြောင်းပြောပြီး၊ ဒီ တခါမြို. မှာ ထပ် ဆောက်ရမဲ. ရုပ်ထု ကတော. “ငါမြို.၀န်မင်းရဲ. ရုပ်ထုသာ ဖြစ်ရမယ်” ---လို. ခပ်တည်တည်နဲ. မိန်.ကြားပါတော.တယ်။ 

မြို.၀န်က သူ.ရုပ်ထု ပဲ ဖြစ်ရမယ် ဆို တဲ. အဆို ကို  တင်တော. ကျန်တဲ. မြူနီစပယ် အဖွဲ.၀င်တွေ၊ မြို. မျက်နှာဖုံးကောင်စီလူကြီးတွေ၊ ပွစိပွစိ နဲ. အားလုံးတယောက်တပေါက်ဖြစ်ကုန်ပြီးသူတို.အားလုံးက --
“ကျုပ်ကတော. ကျုပ် ပုံနဲ.ပဲ  ရုပ်ထုအသစ် ဆောက် သင်.တယ်ထင်တယ်” လို. အသီးသီး အဆိုတင်သွင်းကြပါ တယ်။

လူတိုင်း က သူတို.ပုံကလွဲ ရင် နောက်တဦးရဲ.ရုပ်ထု ဆိုတဲ. အယူအဆကို လုံးဝ လက်မခံနိုင်ကြပါဘူး။ သူများ တယောက် ရဲ. ရုပ်ထုဆို လုံးဝ သဘောမကျ ဘူး၊ သူများ ပုံရုပ်ထု ဆို တခါတည်း နိုးပဲ။ ဖြစ်ခြင်းဖြစ် ကိုယ်.ပုံတူ ကိုယ်.ရုပ်ထုပဲ ဖြစ်ရမယ်ဆိုပြီး အားလုံးက ငြင်းကြ ခုန်ကြပါတော.တယ်။  ကြားရတာကတော. ဘယ်သူ. ပုံ နဲ. ရုပ်ထု အသစ် ထပ်ဆောက်မယ်ဆို တဲ.အချက်ကို ဘယ်လိုနည်းနဲ.မှအများသဘောတူညီ မှု မ ရ နိုင်ကြဘူး ဆိုပဲ။

ဒီလိုနဲ.---- “ဘယ်သူ.ပုံ မှ မကောင်းဘူး၊ ငါ. ပုံမှ ငါ.ပုံ ပဲ”   လို. အားလုံးက အစည်းအဝေးမှာ မိမိကိုယ်မိမိ ဗဟိုပြုပြီး အဆိုပြုကြပါတယ်။ ဒီလိုနဲ. လူကြီးတွေ ဆက် လက် ရန်ဖြစ်နေကြတာ ကိုပဲ တွေ. နေရ ပါတော.တယ်။ 

အဲဒီ. အချိန်မှာ သံရည်ကြိုစက်မှာ မင်းသားရုပ်ထု ၏ အချို.အစိတ်အပိုင်းတွေ ကြီးမားပူပြင်းလှတဲ. မီးဖိုကြီး အပေါ်မှာ စ အရည်ဖျော် နေကြပါပြီ။ အလုပ်သမားခေါင်းဆောင် က တအံ.တသြနဲ. ပြောတယ်။

“ဘယ်လိုဖြစ်တာလဲ၊ ထူးဆန်းလိုက်တာ။  ဒီ အပိုင်းကို ဘော်ခဲ နဲ. လုပ်ထားတယ်လဲဆိုသေး၊ ဒါပေမဲ. မင်းသားရဲ. နှလုံးသား က ဘယ်လိုပဲ မီးပြင်းပူတိုက်တိုက် အရည်မပျော် နိုင်ပါလား။ ဘယ်လိုလုပ်လုပ် ဒါကြီးက အရည်မပျော်မဲ. အတူတူ လွှင်.ပစ်လိုက်တာပဲ ကောင်းမယ်”

နောက်ဆုံးတော.  မီးထဲမှာ အရည်ပျော်မသွားတဲ. မင်းသားရဲ. နှလုံးသားကို ငှက်သေလေး အလောင်း စွန်.ပစ်ထားတဲ. အမှိုက်ပုံပေါ်မှာ သူတို. ခပ်လွယ်လွယ်ပဲ လာပစ်သွားကြတယ်။ 

ကောင်းကင်ဘုံ ကစောင်.နိုင်တယ်။   

နတ်မင်းကြီးက သူ.လက်ထောက် နတ်သားတွေ ဖက် လှည်.ပြီး သူတို.ထဲက တမန်တော် နတ်ငယ်တဦး ကို ခုလို ခိုင်းလိုက်တယ်။
“မင်းတို.ထဲကတယောက် လူ.ပြည်သွား။ ဟော ဒီမြို.မှာ တန်ဖိုးအကြီးဆုံး ရတနာ၂ခု ရအောင်ရှာပြီးငါ.စီယူလာကြရမယ်”   လို. အမိန်.ပေးလိုက်ပါတယ်။

ဆင်းသွားတဲ.နတ်သားက ပစ္စည်း၂ခုယူလာပြီးနတ်သိကြားမင်းကြီးကို ဆက်သပါတယ်။ သူယူလာတာတွေက အခြားမဟုတ်ပါ။ ဘော်ခဲသားဖြင်.ပြုလုပ်ထားတဲ. မင်းသားလေးရဲ. အသဲနှလုံးနဲ. သေသွားတဲ. ငှက်ကလေး ရဲ. အလောင်းပါ။
“အသင် နတ်သား--ဒီ ပစ္စည်း၂ခုကို ပဲ မင်း ရွေးချယ်လာမှု က တကယ်ကို သင်.မြတ်ကောင်းမွန် လှပါပေတယ်” လို. နတ်မင်းကြီးကပြောပြီး -------

“ကဲ-ဒီနေ.ကစပြီး ဒီ ကောင်းကင်ဘုံ မှာ ရှိတဲ. နတ်တို. ဥယျာဉ်သာမှာပဲ ငှက်ကလေး ထာဝရ ပျော်ပျော်ရွှင်ရွှင် တေးဆိုနေပါတော.။ သုခမင်းသား လေးကလည်း ရွှေစင်အတိနဲ.ပြီးတဲ. ကောင်းကင်မြို.တော်မှာ စံမြန်း ပြီး  ငါနတ်မင်းကြီး ရဲ.ကောင်းမှုတွေကို ချီးမြှင်.စေသား” လို. ဆိုကာ ကောင်းကင်ဘုံကိုရောက်လာ တဲ.တန်ဖိုးကြီး အရာ၂ခု ကို ဤသို. ကောင်းချီးပေး လိုက်ပါတယ်။
-----------------------------------------------------------------------------------------------------------------------------------------


ကျေးဇူးပါ။
aye aye soe win
July 19, 2012
Oscar Wilde From the Critic as Artist----

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...