Wednesday, July 11, 2012

အခြေခံဥပဒေထဲက ဒုသမ္မတများ


by Myat Thi Ha on Tuesday, July 10, 2012 at 4:17pm 

Tuesday, July 10, 2012  Sithu Linn

(photo: Xinhua)

မြန်မာပြည်မှာ ဒုသမ္မတ ၂ ယောက် ရှိရမယ်၊ သူတို့က
ပြည်ထောင်စုအစိုးရအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ဘဏ္ဍာရေးကော်မရှင်
တို့မှာ တာဝန်ယူရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။


အခြေခံဥပဒေ အပိုဒ် ၅၇ မှာ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" လို့ ဆိုထားသလို

၄၁၈ မှာလည်း ဒီလို ဆိုထားပါတယ်။
နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်ရမယ်။ လွှတ်တော်တွေ ရပ်ရမယ်၊
"နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်" တဲ့။

မကြာသေးခင်ကာလ အထိတော့ ခေါင်းဆောင် ၃ ဦးက အခုလို ဖြစ်ပါတယ် -
ဦးသိန်းစိန် - သမ္မတ
သီဟသူရ ဦးတင်အောင်မြင့်ဦး - ဒုသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း - ဒုသမ္မတ

ဦးသိန်းစိန်က အကြောင်းတခုခုကြောင့် တာဝန်မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် ဒုသမ္မတ တယောက်က ဦးသိန်းစိန်နေရာမှာ ယာယီတာဝန်ယူရပါမယ်။

ဒီအကြောင်း အပိုဒ် ၇၃ မှာ ဒီလို ဆိုထားပါတယ် - "သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်"

ဒုတိယမဲအများဆုံး ရခဲ့တာ ဦးတင်အောင်မြင့်ဦး ပါ။ သူက လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူပါ။ အခု သူ နုတ်ထွက်ပါပြီ။

ဒါကြောင့် လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူက ဒေါက်တာစိုင်းမောက်ခမ်း ဖြစ်လာမှာပါ။

ဦးတင်အောင်မြင့်ဦး နေရာမှာ အစားဝင်လာမယ့်လို့ ယူဆရတဲ့ ဦးမြင့်ဆွေက
ဒေါက်တာစိုင်းမောက်ခမ်းနောက်ကို ရောက်သွားပါလိမ့်မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...