Monday, July 23, 2012
ပန်းချိုးသော လက်များ.
ကျွန်တော်နေသောလမ်းတွင် ဖြူဖြူသွယ်သွယ် နုနုနယ်နယ်နှင့်ချစ်စရာကောင်းသော ပဉ္စမတန်း
ကျောင်းသူလေးတစ်ဦးရှိသည်။ မွေးချင်းသုံးယောက်တွင်အကြီးဆုံးဖြစ်သင့်အားလျော်စွာ ပညာရေး
နှင့်ပတ်သတ်၍ မိဘများ၏ အထူးလေးထားဖေးမမှုကိုရထားသူလေးဖြစ်ပါသည်။ နေ့ စဉ်နံနက် ခုနှစ်
နာရီ ဒေါင်ခနဲဆိုသည်နှင့် ကျူရှင်သို့ ဇွဲရှိရှိနှင့် ရောက်နေနှင့်သည်။
အငယ်မလေးနှင့် မောင်လေးတို့ က အမလက်ကို နွေးထွေးဆုပ်ကိုင်က ကျူရှင်သို့ လိုက်ပါလာ တတ်ကြသည်။ သမင်လည်ပြန်နှင့် နှုတ်ဆက်ပြန်သွားကြသည့် အငယ်လေးနှစ်ယောကိုငေးရင်း သမီးလေးအတွက် နေ့ တစ်နေ့ ကို ပထမကျူရှင်နှင့်အစပြုသည်။ ကိုးနာရီထိုးသည်နှင့် ဒုတိယကျုရှင်သို့ ဆက်သွားရသည်။
ထိုကျူရှင်မှာပဲ အမေလာပို့ သော နံနက်စာကို တတ်သုတ်ရိုက်စားပြီး ဆယ့်နှစ်နာရီကျောင်းသို
့ကတိုက်ကရိုက်ပြေးရပြန်သည်။
ညနေ ငါးနာရီကျောင်းဆင်း၊ အိမ်ပြန်အဝတ်အစားလဲ၊ ညစာကျက်ဝိုင်းရှိရာသို
့သွား၊ ဤသို့ ဖြင့် ညရှစ်နာရီကျော်မှ တစ်နေ့ တာ စာသင်ပြီးဆုံးသွားသည်။ အိမ်ရောက်ချိန်
အငယ်လေးနှစ်ယောက်က အိပ်ပျော်နေကြပြီး မောမောပန်းပန်းနှင့် ညနေစာစား၊ အငယ်လေးနှစ်ယောက်ကြားကိုဝင်အိပ်စက် သမီးလေးတစ်နေ့ တာ ပုံမှန်လုပ်ငန်းဖြစ်သည်။
       မောင်နှမသုံးယောက်နွေးနွေးထွေးထွေးဆုံရချိန်ဆို၍နံနက်ကျူရှင်လာချိန်နှင့် ညအိပ်ချိန်နှစ်ချိန်
တည်းသာရှိသည်။ တစ်နေ့ စာသင်ချိန် ဆယ့်နှစ်နာရီပုံမှန်ရှိနေပြီး ကျောပိုးအိတ်လေးကို မနိုင်မနင်းသယ်၊
ကျူရှင်နှင့်ကျောင်း ခေါက်တုံ့ ခေါက်ပြန်ပြေးလွားသွားနေရသော တွေတွေဝေဝေ
ညှိးညှိးနွမ်းနွမ်းနှင့် သမီးလေးကိုကြည့်ပြီး ရင်မောမိသည်။ ဤကဲ့သို့  အရွယ်နှင့်မလိုက်အောင်
ပင်ပင်ပန်းပန်း သမီးလေးလိုကလေးမျိုး မည်ရွေ့ မည်မျှရှိနေသည် မသိပါ။ မိဘနှစ်ပါး၏
ပညာရေးဦးစားပေးစီမံမှုအောက်တွင် မရုန်းသာမရွံသာကစားချိန်၊ နားချိန်မရှိ၊ ခဏတစ်ဖြုတ်ရသည့်အချိန် အငယ်လေးတွေနှင့်ဆော့တာပြုတာ သူ့ အမေလုပ်သူက မကြိုက်၊ မိဘတွေရဲ့ ခေါင်းထဲမှာ စာမှတစ်ပါးအခြားမရှိ၊ သမီးဦးမို့ပညာရေးတွင် ဦးကျိုးမသွားစေချင်၊ ရှေ့ ကနွားလား ဖြောင့်ဖြောင့်သွားမှ ဆိုသလို အငယ်လေးများအတွက်စံနမူနာဖြစ်စေလိုသော မိဘနှစ်ပါး၏ ရည်ရွယ်ချက်၊ အခက်အခဲကြားမှ လိုလေသေးမရှိ ပံ့ပိုးပေးလျှက် မေတ္တာ၊ စေတနာပုံအောပေးထားသည်။
        သို့ သော် ပေးကာ ပေး၏ ၊ ရ မရကို သူတို့ မစဉ်းစားမိကြပါ။ အိပ်စက်ချိန်မှအပ ကစားချိန်၊ နားချိန်
မရှိ “ စာ ” နှင့် ဖိထားခံရသော သမီးလေး၏ အနာဂတ်ဘဝကို အိုးကမပူ စလောင်းကပူ မဆီမဆိုင်တွေး
ပူမိပါသည်။ လည်ပတ်နေသော သက်မဲ့ပစ္စည်းများသည်ပင်လျှင် အချိန်အကန့်အသတ်နှင့် အနားပေးရ
စကားရှိပါသည်။ ခံစားသိတတ်သော လူသားများဖြစ်ကြသည်နှင့်အညီ အချိန်တိုအတွင်း
အတင်းတွန်း၍ပုံသွန်းလုပ်ယူရအ်ပ်သော အရာမျိုးမဟုတ်ပါ။ သို့ ကြောင့်လည်း အရွယ်နှင်လိုက်၍ သင်ကြားသင်ယူနိုင်စေရေး၊ ပညာရှင်များကိုယ်တိုင် စနစ်တကျ သင်ရိုးမာတိကာများရေးဆွဲလျှက်
စီမံဆောင်ရွက်ကြရခြင်းဖြစ်ပါသည်။
         ပန်းတစ်ပွင့် ငွားငွားစွင့်စွင့်ပွင်လာနိုင်ရေးတွင် အချိန်အခါနှင့် လိုက်လျောညီထွေစွာည ပေါင်းသင်
ရေးလောင်း မြေသြဇာကျွေး၊ နွေးထွေးမှုနှင့် ဖေးမပေးရမည်မှာ မိဘတို့ ၏ တာဝန်ဖြစ်သည်။ အချိန်မတိုင်
မီ ဆန္ဒစောလျှက် ပွင့်ဖတ်ပွင့်ချပ်ကလေးများကို အတင်းဆွဲလှန်ပွင့်စေပါက
လက်ဆိပ်သင့်ပြီး ပန်းကောင်းအညွှန်ကျိုး ချိုးလိုက်သလို ညှိနွမ်းသွားစေနိုင်ပါသည်။ ပုခက်လွဲသော
     ပညာရေးလောကတွင် နှစ်ပေါင်း လေးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး၏ လက်တွေ့ ၊
မျက်တွေ့ ၊ စာတွေ့ ပေါင်းစုအကြံပြုလိုသည်မှာ ကလေးတိုင်းတွင်လေ့လာသင်ယူခြင်းနှင့်အတူ ကစား
ချိန်၊ အနားယူချိန် ထပ်တူညီမျှရှိနေဖို့ အမှန်တကယ်လိုအပ်ပါကြောင်း
ပညာရှိ သတိဖြစ်ခဲအသိပေးတင်ပြလိုက်ရပါသည်။
                                    အောင်ကျော်ညို  ( ဆင်ချဆိပ် )
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...