သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၇)
သစ်ထူးလွင်
|
- အောင်ပန်းမြို့တွင် အာဏာပိုင်များက ခွင့်မပြုသည့် အာဇာနည်နေ့
- ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေတဲ့ ကွန်ဟိန်းအမတ် နန်းဝါနု
- ရန်ကုန်မြို့ပေါ် လုံခြုံရေး တင်းကျပ်ထားတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ (ရုပ်/သံ)
- ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ
- မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွ
င် လွမ်းသူ့ပန်းခွေချခွင့်မပြု - ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
- ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
- အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက် သူနာပြုချုပ် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်
- မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ
- အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓါတ်ပုံ)
- ယနေ့ ကျင်းပသည့် ပြည်မြို့ ၊ နတ်မောက်မြို့ နှင့် ပေါင်မြို့ မှ အာဇာနည်နေ့ အခမ်းအနား ဓါတ်ပုံများ
- အမေရိကန်ကို မြန်မာ့သွင်းကုန် တင်သွင်းခွင့် နောက်ထပ်သုံးနှစ် ပိတ်ပင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း ဆွေးနွေး
- စစ်ဘက် ထိပ်တန်းရာထူး ကင်မ်ဂျုံအွန်း ရရှိ
- အမေရိကန်ဒဏ်ခတ်အရေးယူမှု သက်တမ်းတိုးဖို့ မဲခွဲဆုံးဖြတ်
- ဆီးရီးယား ကာကွယ်ရေးဝန်ကြီး လုပ်ကြံခံရ
- ရိုဟင်ဂျာ ပြဿနာ အာဆီယံတွင် မီးပွားလွင့်
Posted: 19 Jul 2012 07:01 AM PDT
(၆၅)နှစ်မြောက်အာဇာနည်နေ့အခန်း
အောင်ပန်းမြို့ ဗိုလ်မှူးကြီးဗထူးကျောက်တိုင်မှ အောင်ပန်းမြို့သူ/မြို့သားများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ေ အောင်ပန်းစာကြည့်တိုက်အဖွဲ့၊ NLD လူငယ်များအဖွဲ့နှင့် နိုးကြားတက်ကြွသော မျိုးဆက်လူငယ်များအဖွဲ့ တို့မှ ယနေ့နံနက် (၇း၃၀)မှ (၁၀)နာရီအချိန်ထိ လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှ လွမ်းသူ့ပန်းခွေချကာ အလေးပြုအခန်းအနား ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါ ထို့အပြင် (၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်း ကျောင်းသားများအဖွဲ့နှင့် နိုးကြားတက်ကြွသော လူငယ်များအဖွဲ့တို့က ယနေ့နံနက်အာရုံဆွမ်းအဖြစ် အောင်ပန်းမြို့၊ အောင်စင်္ကြာ စာသင်တိုက်တွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားရဟန်းသာမဏေများအား ဆက်ကပ်လှူဒါန်းပြီး အာဇာနည်များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြော သတင်းရရှိပါသည်။ အောင်ပန်းမြို့တွင် အာဇာနည်နေ့အခန်းအနားကို အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီးသွားလမ်းဘေးရှိ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ေ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပဲ ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခွင့်ပြုပေးခဲ့ခြင်းမရှိ သဖြင့် အခန်းအနားကို ပြုလုပ်ကျင်းပနိုင်ခြင်းမရှြိေ အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့အခန်းအနားကျင်းပနိုင် ခွင့်ပြုချက်မရနိုင်သောကြောင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ေ တောင်းခံခဲ့သော်လည်း ဝေ့လည်ကြောင်ပတ်ဖြင့်ပြောဆိုေ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးတွ ၀င်စာထွက်စာများကိုစစ်ဆေးခိုင် စပ်လျဉ်း၍ မည်သည့်ညွှန်ကြားချက်မှမရှိကြော တင်ပြပေးခြင်းမရှိဘဲ ပြန်လွှတ်ခဲ့ပါသည်။ မနေ့က(၁၈.၇.၂၀၁၂)ရက်နေ့ညတွင် ကလောမြို့နယ်အထွေထွေအုပ်ချုပ်ေ အခန်းအနားကျင်းပခြင်းမပြုလုပ် အောင်ပန်းရဲစခန်းမှ ည (၈)နာရီဝန်းကျင်တွင် အကြောင်းကြားခဲ့ကြောင်းသိရှိရပါ သို့ပါသော်လည်း အောင်ပန်းမြို့မှ အာဇာနည်နေ့အခန်းအနားကျင်းပနိုင် နှင့် အောင်စင်္ကြာကျောင်းတိုက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ြေ ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်တော်လှန်ရေးဆင်နွဲနေချိန် ၁၉၄၅/၄၆ခုနှစ်ခန့်က ရွံ့ ရွံ့ချွံချွံ တိုက်ပွဲဝင်ခဲ့သော မြန်မာ့သမိုင်းတွင်စံထားရသော စစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း အားလုံးသိကြပါသည်။ ဖက်ဆက်တော်လှန်ရေးစစ်ပွဲဆင်နွဲေ ရွာငံမြို့နယ်ယခု-(ဓနုကိုယ်ပို တွင် ငှက်ဖျားရောဂါဖြင့်ကွယ်လွန်ခြဲ့ ကျောက်တိုင်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွ ပြည်ထောင်စုလမ်းမကြီးဘေးတွင် လမ်းမမှကြည့်လျှင် မွေးမြူရေးနှင့်ရေလုပ်ငန်းဖြွံ့ တိုးတက်ရေးဘဏ် နောက်ခံဖြင့် တွေ့မြင်နိုင်ပါသည်။ ယခုအချိန်အခါသည် ပွင့်လင်း၍ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ ပတ်သက်၍ အောင်ခြေတွင် ပြုပြင်ပြောင်းလဲမှုမရှိကြောင်း လုပ်ဆောင်ရမည်များကို သေချာစွာကိုင်တွယ်ဆောင်ရွက်နို သမားများ......မှ ဝေဖန်လျက်ရှိနေကြပါကြောင်း တင်ပြလိုက်ပါသည်။ | ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 06:07 AM PDT
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွက်တွ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်) ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။ နန်းဝါနု နှင့် ကျားဖြူပါတီဥက္ကဌစိုင်းအိုက်ပေါ ဇာတ်လမ်းအသေးစိတ်သိရှိလိုပါက--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 06:49 AM PDT
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ နိုင်ငံရေးပါတီများ၊ ကျောင်းသူကျောင်းသားများနဲ့ အများပြည်သူလူထုမှ အာဇာနည်ဗိမာန်ကို လာရောက်ပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကိုးဦးကို ဂါရဝပြုခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်ကို လာရောက်တဲ့ လမ်းတလျှောက် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ အလံတွေကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်ရှေ့မှာတော့ အာဇာနည်ဗိမာန်အတွင်းကို ဝင်ရောက် ဂါရဝပြုမယ့် ပြည်သူလူထုတွေ အတွက် တားမြစ်ချက်တွေ၊ အသိပေးချက်တွေကို ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေး တားမြစ်ထားပါတယ်။ ဒီကနေ့ အာဇာနည်နေ့မှာတော့ ရန်ကုန်မြို့နဲ့ အာဇာနည်ဗိမာန်ရှိရာ လမ်းတလျှောက် လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရှိခဲ့ရပါတယ်။ ၆၅ နှစ်မြောက် အာဇာနည်နေ့မှာတော့ ထူးထူးခြားခြား အဖြစ် နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းဝ်ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။ | ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 05:10 AM PDT
By Eleven Media Group
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုနေစဉ်-သတင်း-ဓါတ်ပုံ - Eleven Media Group
အခမ်းအနားတွင် နိုင်ငံတော် အလံကိုတိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ က သေနက်မြှောက် အလေးပြုခြင်း စစ်ခရာအဖွဲ့က အလေးပြု ခရာမှုတ်ခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်လာသူများက အာဇာနည်ခေါင်း ဆောင်ကြီးများအား မေတ္တာပို့အမျှ ဝေရန် နှစ်မိနစ်ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။ ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်းသုံးခြင်းဖြင့် ကန်တော့ခဲ့ပြီး သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားမိသားစုဝင်တစ်ဦးက လွမ်းသူပန်းခွေချ ကန်တော့ခဲ့သည်။ ဆက်လက်၍ သခင်မြ၊ ဦဘချို၊ဦးဘ၀င်း၊ဦးမန်းဘခိုင်
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်-သတင်း-ဓါတ်
ယင်းနောက် အာဇာနည် ဗိတ်မာန်အား နံနက် ၁၀နာရီခွဲ နောက်ပိုင်း မှစ၍ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အများပြည်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီး ပြည်သူများက အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုခဲ့ကြသည်။ Eleven Media Group ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ
| ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 05:00 AM PDT
တနိုင်ငံလုံးတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နှင့် မြို့ တိုင်မှာရှိတဲ့
ဗိုလ်ချုပ်ကြေးရုပ် ၊ ဗိုလ်ချုပ်ကျောက်တိုင် စတဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ နေရာများကို သွားရောက်အလေးပြုမှုများ၊ အများပြည်သူမှ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင် မုံရွာမြို့ မှာတော့ ထူးထူးခြားခြား မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွ ပန်းခွေချခွင့် တားမြစ်ခဲ့ပါတယ်။
| ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 04:36 AM PDT
ဒီလ ၁၄ ရက်နေ့က ရှေ့နေဖြစ်သူ ကိုဖိုးဖြူက ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆန္ဒထုတ်ဖော်ဖို့ စာတင်ခဲ့ရာမှာ သတ်မှတ်စည်းကမ်းချက် ၁၀ ချက်နဲ့ ခွင့်ပြုလိုက်တာ ဖြစ်တဲ့အတွက် လယ်သမားတွေက ဇူလိုင် ၂၀ ရက်နေ့မှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ ၂၀၀၈ နဲ့ ၂၀၀၉ လောက်က လယ်သမားတွေရဲ့ လယ်ယာမြေဧက ၁ သောင်းကျော်ကို ကုမ္ပဏီတွေက စတင်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ဇန်န၀ါရီလတုန်းကလည်း အရှေ့ပိုင်းခရိုင်ရုံးမှာ လယ်သမား ၃၀၀ ကျော်ဟာလည်း လယ်ယာမှုခင်းတွေကို တင်သွင်းခဲ့သလို ဥပဒေပြု လွှတ်တော်ကိုလည်း တင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလယ်သမားတွေဟာ ရန်ကုန် မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက်လည်း အဏာပိုင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။ ဆန္ဒပြရာမှာ ပါဝင်မယ့် လယ်ယာမြေ ၁၀ ဧကလောက် သိမ်းခံထားရတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားကြီး ဦးလှကြိုင်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။ “ဆန္ဒပြရတဲ့ အကြောင်းအရင်းက အဆင့်ဆင့် နေရာတွေနှံ့အောင် လယ်ယာမြေနဲ့ ပတ်သက်ပြီး အမှုတွေ လိုက်ထားတယ်။ တင်လည်း တင်ထားတယ်။ အခုအချိန်အထိ ဘာမှ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ ဆန္ဒပြမှာ ဖြစ်ပါတယ်။” လျှောက်ထားခဲ့စဉ်တုန်းက လယ်သမား ၉၀၀ ကျော်နဲ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ပါဝင်ဆန္ဒထုတ်ဖော်ဖို့ လျှောက်ထားခဲ့ပေမယ့် လယ်သမား ၃၀၀ နဲ့ မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုခဲ့တယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ကိုဖိုးဖြူက ပြောပါတယ်။ ဒီဆန္ဒပြပွဲခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ကိုဖိုးဖြူက သူ့အမြင်ကို အခုလို ပြောပါတယ်။ “ဒီလူတွေရဲ့ အသံတွေဟာ လွှတ်တော်ကို တဖြည်းဖြည်းနဲ့ ရောက်ရှိနေရုံတင် မကဘဲ လွှတ်တော်ကလည်း ပြည်သူတွေရဲ့ အသံကို အလေးထား နားထောင်ပြီး ဥပဒေပြဋ္ဌာန်းပေးဖို့၊ စီမံခန့်ခွဲရေး ဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ နစ်နာလွန်းတဲ့ တရားမဲ့ လယ်သိမ်းခံရတာတွေကနေ လွတ်မြောက်အောင် ဆောင်ကျဉ်းပေးဖို့ လိုအပ်ပါကြောင်းပါဗျာ။” ခွင့်ပြုတဲ့နေရာနဲ့ ခွင့်ပြုတဲ့အချိန်မှာ ခွင့်ပြုတဲ့ လျှောက်လွှာပါတဲ့သူတွေနဲ့ ဆန္ဒပြရာမှာ ပြုလုပ်သွားဖို့ သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေကိုသာ ကြွေးကြော်ဖို့ အသက်အန္တရာယ်တွေ ဖြစ်နိုင်တဲ့ တုတ်၊ ဓား၊ လက်နက်တွေ မယူဆောင်ဖို့လည်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ခွင့်ပြုထားတဲ့ အကြောင်းအရာကနေ တခြားမလိုလားအပ်တဲ့ အရာတွေကို မပြုလုပ်ဖို့၊ ခွင့်ပြုထားတဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့ခန်းမနဲ့ တာရိုးပေါ်မှာပဲ ဆန္ဒပြဖို့၊ စုဝေးတဲ့နေရာက ပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးဖို့လည်း ပါဝင်ပါတယ်။ ဆန္ဒပြရာမှာ ခွင့်ပြုထားတဲ့ ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကတော့ ပြည်ထောင်စုလွှတ်တော်တို့ လွှတ်တော်၊ ပြည်သူ့အခွင့်အရေး ဖော်ဆောင်ပေး၊ တောင်သူလယ်သမားအရေး လွှတ်တော် ပြဋ္ဌာန်းပေး၊ လယ်ယာမြေခွဲဝေရေး ပြည်သူ့အရေးနဲ့ တောင်သူလယ်သမား အလုပ်သမား ဆေးရုံ ဆောက်လုပ် လှူဒါန်းခွင့်ပြုပါတို့ပဲ ဖြစ်ပါတယ်။ by ကိုထွေး - ဒီဗွီဘီ | ||||||||||||||||||||||||||||||||
Posted: 19 Jul 2012 04:32 AM PDT
မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ နစ်နာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မြန်မာနိုင်ငံ အထက်ပိုင်းကိုဖြတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူနန်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့လိုင်း ဟာ မြန်မာ နိုင်ငံ နေရာတော်တော်များများက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးနေတယ်လို့ မန္တလေး အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါ တယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ- ရိုက်တာ) “သဘာဝဘေးမဲ့တော၊ ရွှေ စက်တော် ဘေးမဲ့တောတွေ ပါသွားတယ်။ တချို့ ဥပမာ နွားထိုးကြီး နယ်စပ်မှာ ရှိတဲ့ တရာသီလုံး သုံးလို့ရတဲ့ သုံးရေ၊ သောက်ရေ၊ တိရစ္ဆာန်တွေအတွက်လည်း သုံးရတဲ့ ရေကန်ကြီးတွေ၊ ဒါတွေကျတော့ အများပိုင် ဆိုတော့ လျော်စရာမလိုဘူးလေ။ အဲလို ရေကန်ကြီးတွေ ဖောက်ချသွား တယ်။ တပြားတချပ်မှလည်း မပေးဘူး။ ရေကန်ကြီးကို ကန်ဘောင်ကြီး ချိုးချသွားတဲ့အခါမှာ အဲ့နားက ဒေသခံတွေ စိုက်ခင်းမြေမှာလည်း ဒုက္ခရောက်သလို သောက်သုံးရေမှာလည်း ဒုက္ခရောက်ကုန်တယ်။ ဒီနှစ်မိုးခေါင်တော့ ပိုဆိုးတယ်။ ကန် ၂ ကန်၊ ၃ ကန် ကျနော်တို့တွေ့ခဲ့တယ်။” “နောက်တခါ ပေါက်ရောက် သစ်ပင်၊ စိုက်ပျိုးထားတဲ့ သရက်၊ မန်ကျည်းကို နည်းနည်းလျော်တယ်။ ဘာလို့ဆိုတော့ ဒါတွေက အများကြီးပျက်စီးသွားတာ။ သူတို့က ဖြစ်နိုင်ရင် အများပိုင်ပုံစံလုပ်လိုက်တယ်၊ ပြီးတော့ ဖျက်ချသွားတဲ့အခါမှာ ရှိနေတဲ့ ပေါက်ရောက် သစ်ပင်ကြီးတွေကို ဘာမှ ပြန်လည် အစားထိုး ဆောင်ရွက်ပေးသွားတာ မရှိဘူး။ လုပ်ချင်တာလုပ်သွားတယ်။ ဘယ်သူ့မှ လျော်ကြေးပေးစရာမလိုဘူး. အများကြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သွားပြီ။ ဒါက လက်ငင်း ပိုက်လိုင်းချတဲ့ နေရာမှာ ထိခိုက်တာ၊ ဂက်စ်စလွှတ်ပြီဆိုတာနဲ့ ဂက်စ်ကို pressure pump တွေနဲ့ ထိန်းကြမယ်။ လေထဲမှာ ခွဲကြမယ်။ ဖြစ်လာမယ့် ယိုစိမ့်မှုအန္တရာယ်တွေ ဘာတွေဘယ်လို ပြင်ထားလဲ၊ လုပ်ထားလဲ၊ သူတို့အစီအစဉ်တွေဆိုတာ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထင်သာမြင်သာရှိအောင် ပွင့်ပွင့်လင်းလင်းလုပ်ထားတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ဆက်တွဲ စိုးရိမ်စရာတွေ အများကြီးပဲ။” တရုတ်နိုင်ငံကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြေယာဆုံရှုံး နစ်နာတဲ့ တောင်သူတွေတင်မကဘဲ တနိုင်လုံးနဲ့ပါ သက်ဆိုင်နေပြီဖြစ်တဲ့အတွက် လေ့လာရေးတွေ လုပ်နေပြီး နစ်နာတာတွေကို ထုတ်ပြန်သွားမယ်လို့ ပြောသွားပါတယ်။ “စိမ်းရောင်စိုအနေနဲ့ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာက ပြည်သူလူထုတွေရဲ့ ခံစားချက်တွေရယ်၊ ပိုက်လိုင်းဖြတ်သွားတဲ့ ကိစ္စဆိုတာဟာ မြေပါသွားတဲ့ လူတွေရဲ့ ကဏ္ဍတင်မဟုတ်တော့ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကဏ္ဍတခုလို့ ခံယူတယ်။ ဒါကြောင့် ကျနော်တို့ သဘောထားတခု စစ်တမ်းတွေ လုပ်နေပြီ။ ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲ မပြောချင်တဲ့အတွက် စစ်တမ်းတွေလုပ်တာ တော်တော် များများ သိလာတဲ့ အချက်တွေ ရှိလာပြီ။” ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှ “ပိုက်လိုင်းကြီးတခု ဖြတ်သွားပြီဆိုရင်တော့ လူထုရော၊ ပတ်ဝန်းကျင်ရေးရာတွေရော အများကြီး ခံစားရမှာပေါ့။ ပင်လယ်ကြမ်းပြင်က စဖြတ်တယ်ဆိုရင် အဲ့ဒေသမှာရှိတဲ့ ရေလုပ်ငန်းတွေ၊ သန္တာကျောက်တန်းတွေ၊ ဒါတွေ ထိခိုက်လား မထိခိုက်လား ဆန်းစစ်ရ မှာပေါ့။ ဖြတ်သွားတဲ့ နေရာမှာရှိတဲ့ နဂို ပတ်ဝန်းကျင်ရေးရာကို ကြည့်မှသိမှ ဖြစ်မယ်။ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ဒေသခံလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ တော်တော် ဒုက္ခရောက်တယ်ဆိုတာ ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရတယ်။” “မြေပေါ်ရောက်သွားတယ်ဆိုလည်း ဒီအတိုင်းပဲတွေ့ရတယ်။ သူတို့ကတော့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်တယ်လို့ပဲပြောတယ်။ သူတို့ထည့်မစဉ်းစားမိတဲ့အချက်၊ ကျနော်တို့ ကိုယ်တိုင် မစဉ်းစားမိတဲ့အချက် ပြီးခဲ့တဲ့ ၁ လက ဘာသွားတွေ့လဲဆိုတော့ ပိုက်လိုင်းဖြတ်သွားတော့ လယ်က ၂ ခြမ်းကွဲသွားတယ်။ ရွာက ၂ ခြမ်းကွဲသွားတယ်။ ဟိုဘက်ဒီဘက်ကူးဖို့၊ ကလေးတွေ ကျောင်းသွားတတ်ဖို့ ဟိုဘက်ရွာကို ဖြတ်သွားဖို့၊ လယ်ကိုသွားအလုပ်လုပ်ဖို့၊ အဲလို အခက်အခဲလေးတွေလည်းတွေ့ရတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားထားပုံမပေါ်ဘူး မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုတွေကနေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့အစည်းတွေဆီကနေ တရားဝင် မရနိုင်သေးတဲ့ အတွက် နစ်နာဆုံးရှုံးတာနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ အများကြီး ရှိသေးတယ်လို့လည်း ဦးဝင်းမျိုးသူ က ပြောဆိုသွားပါတယ်။ by မင်းလွင် - ဒီဗွီဘီ | ||||||||||||||||||||||||||||||||
Posted: 18 Jul 2012 09:38 PM PDT
တစ်နေ့ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ဗိုလ်ချိုရပ်ကွက်
ဆေးရုံမှာ ယခင်ပုံစံနှင့် မတူလွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံတော်မှပြန်လည်ပြုပြင်ထား ယနေ့ထုတ်ဝေနေတဲ့ သတင်းဂျာနယ်အတော်များများတွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ် သို့ပါ၍ ကျွန်တော့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက်ဒေါ်ခင်ကြည်နှင့် အမေဒေါ်ခင်ကြည်နှင့် ပတ်သက်၍တင်ပြရလျှင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အားခရစ်န ၂၀၁၂ ဧပြီလ(၁၆)ရက်နေ့တွင်နှစ်(၁၀၀)တိ မြောင်းမြမြို့ အမျိုးသားကျောင်း၌ ဆရာမအဖြစ် နှစ်အနည်းငယ်ကြာအမှုထမ်းခဲ့ပြီး။ သူနာပြုဆရာမသင်တန်းဆင်းပြီး ရှေးဦးစွာရန်ကုန်ပြည်သူ့ဆေးရုံ ၁၉၄၂ ခုနှစ်တွင် စစ်ကြီးအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးဆေးရုံကိုဖွင့်လှစ်ခဲ့ေ ထိမ်းမြားလက်ထပ်ပြီးနောက်ပိုင်း ၎င်းနောက် ၁၉၅၀ ခုနှစ်များတွင်လည်း မြန်မာအမျိုးသမီးများအသင်းဥက္ကဋ္ဌန ထို့အပြင် ဒေါ်ခင်ကြည်သည် လူမှုရေးလုပ်ငန်းများ၌ထူးသောပါ ပြည်ထောင်စု လူမှုဝန်ထမ်းကောင်စီတွင် ၁၉၅၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌ၊ကိုယ်ဝန်ဆောင်နှင့် ကလေးစောင့်ရှောက်ရေး အမျိုးသားကောင်စီ တွင် ၁၉၅၄ မှစ၍ဥက္ကဋ္ဌ၊ ကလေးသူငယ်များ စောင့်ရှောက်ရေး ကောင်စီတွင်ဥက္ကဋ္ဌ၊စာရိတ္တမြှင့် စစ်ပြီး ပြည်တွင်းစီးပွားရေး ပျက်ပြားမှုကြောင့် လူမှုရေးပြဿနာအမျိုးမျိုးပေါ်ပေါ ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပို ပင်စင်လစာနှင့် ၎င်း၏ သံအမတ်ကြီးပင်စင်လစာ၊ နိုင်ငံဂုဏ်ရည်ပင်စင်နှင့်အစိုး တင့်လွင် by Myit Makha Mediagroup | ||||||||||||||||||||||||||||||||
Posted: 18 Jul 2012 09:36 PM PDT
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအာ ''ဘီလ်စနစ်ကနေ ကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း (၁၁)နာရီခွဲလောက် ဖုန်းအမြဲပြောဖြစ |
0 comments:
Post a Comment