ဆိုနီယာဂန္ဒီအကြောင်း တပိုင်းတစ
ရာဂျစ်ဂန္ဒီ နဲ့ ဇနီး အီတလီသူ ဆိုနီယာ ဂန္ဒီ ။ သူတို့ ( ၂ ) ယောက်က လန်ဒန်မှာတွေ့ပြီး ချစ်သူဖြစ်တာ ။ ယူပြီးတော့ ဆိုနီယာက အိန္ဒိယမှာဘဲ အိမ်ရှင်မလုပ်ပြီး ကလေးထိန်းနေခဲ့တယ် ။ ရာဂျစ်ဂန္ဒီကလည်း အစက အိန္ဒိယလေကြောင်းမှာ Pilot လုပ်နေပြီး နိုင်ငံရေးမှာ မပါခဲ့ဘူး ။
သူ့အမေ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီကို အကြံပေးကူညီနေခဲ့သူက သားကြီးဖြစ်သူ ဆန်ဂျေ ဂန္ဒီ Sanjay Gandhi ဖြစ်တယ် ။ နိုင်ငံရေးရာထူးတိတိကျကျ မယူထားပေမယ့် အစိုးရအတွင်းမှာ ဆန်ဂျေပြီးမှ ပြီးတယ် ဆိုရမလောက် အာဏာရှိခဲ့သူလည်း ဖြစ်တယ် ။
ဒါပေမယ့် ၁၉၈၀ မှာ ဆန်ဂျေက လေယာဉ်ပျက်ကျပြီး သေတာကြောင့် သားအငယ် ရာဂျစ်ဂန္ဒီက အမေကို ကူဖို့ နိုင်ငံရေးထဲ မဖြစ်မနေ၀င်ခဲ့ရတယ် ။ ၁၉၈၄ မှာ အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရပြီး သားဖြစ်တဲ့ ရာဂျစ်ဂန္ဒီက ၀န်ကြီးချုပ်ဖြစ်လာတယ်။ ၁၉၉၁ မှာ ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြန်တယ် ။
အဲဒီကတည်းက ထင်းစည်းပြေသလို လျော့ရဲနေတဲ့ ကွန်းဂရက်စ်ပါတီက ဆိုနီယာဂန္ဒီကို အတင်း နိုင်ငံရေးလုပ်ဖို့ တိုက်တွန်းခဲ့တာ ။ ဟိုကလည်း ယောက္ခမ လုပ်ကြံခံရ ၊ ယောက်ျားပါ လုပ်ကြံခံထားရတော့ နိုင်ငံရေးကို မလုပ်ခင်က စိတ်ကုန်နေပုံရတယ် ။ အရေးထဲ သူရဲ့ အီတလီ ဇစ်မြစ် ဆိုတာကလည်း အတိုက်အခံဘက်က တစ်ချိန်လုံး ခလုတ်တိုက်စရာ ဖြစ်နေခဲ့တယ် ။
ဒါပေမယ့် ကွန်းဂရက်စ်ပါတီဆိုတာက အိန္ဒိယရဲ့ သက်တမ်းအရှည်ဆုံးပါတီ၊ အင်္ဂလိပ်လက်က လွတ်လပ်ရေး ရဖို့ကြိုးပမ်းရာမှာ အရမ်းကို အရေးပါခဲ့တဲ့ ပါတီ ၊ ဂျဝါဟလာနေရူးလက်ထက်ကတည်းက သူတို့မိသားစု ပါဝင်လာတဲ့ပါတီ .....အဲဒါကြီးက ပြိုကွဲတော့မလောက် ဖြစ်နေတော့ ဆိုနီယာ ဂန္ဒီလည်း နောက်ဆုံး ထိုင်ကြည့်မနေနိုင်လို့ဘဲလား မသိ ၊ ၁၉၉၇ မှာ နိုင်ငံရေးထဲ ၀င်ဖို့ သဘောတူခဲ့တယ် ။
ဆိုနီယာ ဂန္ဒီ ၁၉၉၈ ကတည်း Congress Party ပါတီဥက္ကဌ ဖြစ်တာ ဒီနေ့ထိဘဲ ။ ၁၂၅ နှစ်သက်တမ်းရှိတဲ့ ကွန်းဂရက်စ်ပါတီရဲ့ သမိုင်းမှာ ဥက္ကဌသက်တမ်းအရှည်ဆုံး အဖြစ်စံချိန်တင်နေသူ ဖြစ်သလို အစိုးရထဲမှာ တကယ်အာဏာရှိတဲ့ de facto leader လို့လည်း ဆိုတယ် ။
၂၀၀၄ မှာ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်ခဲ့ပေမယ့် ၀န်ကြီးချုပ်ရာထူးကို မယူဘဲ လက်ရှိ ၀န်ကြီးချုပ် မာမိုဟန်ဆင်းကို လွှဲပေးခဲ့တယ် ။
( မာမိုဟန်ဆင်း မြန်မာပြည်ကို လာတော့ ဆိုနီယာ ဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာလည်ဖို့ ဖိတ်ကြားတဲ့ စာထည့်ပေးလိုက်သေးတယ် ။ )
ဒါပေမယ့် တစ်ဘက်ကလည်း အရမ်းကို တိုက်ခိုက်ခံရသူ ၊ ဝေဖန်ခံရသူလည်း ဖြစ်တယ် ။ ဝေဖန်ခံရတဲ့ အကြောင်းတွေထဲက တစ်ခုက လျို့ဝှက်လွန်းလို့၊ transperancy မရှိလို့ တဲ့ ။ အင်တာဗျူးလည်း မပေး ၊ ပါလီမန်မှာလည်း စကားမပြော ။ ယုတ်စွအဆုံး မနှစ်က ကင်ဆာဖြစ်လို့ အမေရိကန်မှာ ဆေးသွားကုတာ မီဒီယာကို ဘာမှမပြောလို့ ဆိုပြီး ဆွေ့ဆွေ့ခုန်နေကြတယ် ။
ဆွေ့ဆွေ့ခုန်ဆို အိန္ဒိယဆိုတာကလည်း သူဟာသူ ဘယ်လောက်ဘဲ အကျင့်ပျက်ပျက် ခြစားစား ၊ ဆင်းရဲရဲနေနေ ဒီမိုကရေစီနိုင်ငံဖြစ်တယ် ။ ပညာတတ်လည်း အရမ်းများတယ် ၊ အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တဲ့ မီဒီယာသမားတွေလည်း ပုံလို့ ။ အဲဒါကို ဟိုကလည်း စိတ်ကုန်နေတာဘဲလား ဘာလား ဘာမှ မပြောတော့ ဝေဖန်ခံရတာတော့ မဆန်းပါဘူး ....။
သန်းခြောက်ဆယ်ရှိတဲ့ နိုင်ငံမှာ အတတ်နိုင်ဆုံး လုပ်ပေးကိုင်ပေးနေတာတောင် အပြောခံနေရတာရှိသေးတယ် မဟုတ်လား ။ လူသန်း ၁၂၀၀ ရှိပြီး ဒီမိုကရေစီလမ်းပေါ် ကိုယ်တို့ထက် ပိုရောက်နေတဲ့ အိန္ဒိယမှာဆိုတော့ ................D:........ ....
( ဆိုနီယာ ဂန္ဒီအကြောင်း ရေးထားတဲ့ စာအုပ်တွေရှိပါတယ် ။ ဒါပေမယ့် ဘယ်စာရေးဆရာကိုမှ အင်တာဗျူးမပေး၊ လက်ခံတွေ့ဆုံခြင်းမရှိတဲ့ အတွက် သူနဲ့ နီးစပ်ရာလူတွေကို ဗျူးပြီး ရေးထားကြတာသာ ဖြစ်တယ် ။ ဆိုနီယာဂန္ဒီကိုယ်တိုင်က အဲဒီစာအုပ်တွေရေးတဲ့ သူတွေကို သူလက်ခံမတွေ့ထားဘူးးလို့ ပြောထားတယ် ။ )
သူ့အမေ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီကို အကြံပေးကူညီနေခဲ့သူက သားကြီးဖြစ်သူ ဆန်ဂျေ ဂန္ဒီ Sanjay Gandhi ဖြစ်တယ် ။ နိုင်ငံရေးရာထူးတိတိကျကျ မယူထားပေမယ့် အစိုးရအတွင်းမှာ ဆန်ဂျေပြီးမှ ပြီးတယ် ဆိုရမလောက် အာဏာရှိခဲ့သူလည်း ဖြစ်တယ် ။
ဒါပေမယ့် ၁၉၈၀ မှာ ဆန်ဂျေက လေယာဉ်ပျက်ကျပြီး သေတာကြောင့် သားအငယ် ရာဂျစ်ဂန္ဒီက အမေကို ကူဖို့ နိုင်ငံရေးထဲ မဖြစ်မနေ၀င်ခဲ့ရတယ် ။ ၁၉၈၄ မှာ အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရပြီး သားဖြစ်တဲ့ ရာဂျစ်ဂန္ဒီက ၀န်ကြီးချုပ်ဖြစ်လာတယ်။ ၁၉၉၁ မှာ ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြန်တယ် ။
အဲဒီကတည်းက ထင်းစည်းပြေသလို လျော့ရဲနေတဲ့ ကွန်းဂရက်စ်ပါတီက ဆိုနီယာဂန္ဒီကို အတင်း နိုင်ငံရေးလုပ်ဖို့ တိုက်တွန်းခဲ့တာ ။ ဟိုကလည်း ယောက္ခမ လုပ်ကြံခံရ ၊ ယောက်ျားပါ လုပ်ကြံခံထားရတော့ နိုင်ငံရေးကို မလုပ်ခင်က စိတ်ကုန်နေပုံရတယ် ။ အရေးထဲ သူရဲ့ အီတလီ ဇစ်မြစ် ဆိုတာကလည်း အတိုက်အခံဘက်က တစ်ချိန်လုံး ခလုတ်တိုက်စရာ ဖြစ်နေခဲ့တယ် ။
ဒါပေမယ့် ကွန်းဂရက်စ်ပါတီဆိုတာက အိန္ဒိယရဲ့ သက်တမ်းအရှည်ဆုံးပါတီ၊ အင်္ဂလိပ်လက်က လွတ်လပ်ရေး ရဖို့ကြိုးပမ်းရာမှာ အရမ်းကို အရေးပါခဲ့တဲ့ ပါတီ ၊ ဂျဝါဟလာနေရူးလက်ထက်ကတည်းက သူတို့မိသားစု ပါဝင်လာတဲ့ပါတီ .....အဲဒါကြီးက ပြိုကွဲတော့မလောက် ဖြစ်နေတော့ ဆိုနီယာ ဂန္ဒီလည်း နောက်ဆုံး ထိုင်ကြည့်မနေနိုင်လို့ဘဲလာ
ဆိုနီယာ ဂန္ဒီ ၁၉၉၈ ကတည်း Congress Party ပါတီဥက္ကဌ ဖြစ်တာ ဒီနေ့ထိဘဲ ။ ၁၂၅ နှစ်သက်တမ်းရှိတဲ့ ကွန်းဂရက်စ်ပါတီရဲ့ သမိုင်းမှာ ဥက္ကဌသက်တမ်းအရှည်ဆုံး အဖြစ်စံချိန်တင်နေသူ ဖြစ်သလို အစိုးရထဲမှာ တကယ်အာဏာရှိတဲ့ de facto leader လို့လည်း ဆိုတယ် ။
၂၀၀၄ မှာ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်ခဲ့ပေမယ့် ၀န်ကြီးချုပ်ရာထူးကို မယူဘဲ လက်ရှိ ၀န်ကြီးချုပ် မာမိုဟန်ဆင်းကို လွှဲပေးခဲ့တယ် ။
( မာမိုဟန်ဆင်း မြန်မာပြည်ကို လာတော့ ဆိုနီယာ ဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာလည်ဖို့ ဖိတ်ကြားတဲ့ စာထည့်ပေးလိုက်သေးတယ် ။ )
ဒါပေမယ့် တစ်ဘက်ကလည်း အရမ်းကို တိုက်ခိုက်ခံရသူ ၊ ဝေဖန်ခံရသူလည်း ဖြစ်တယ် ။ ဝေဖန်ခံရတဲ့ အကြောင်းတွေထဲက တစ်ခုက လျို့ဝှက်လွန်းလို့၊ transperancy မရှိလို့ တဲ့ ။ အင်တာဗျူးလည်း မပေး ၊ ပါလီမန်မှာလည်း စကားမပြော ။ ယုတ်စွအဆုံး မနှစ်က ကင်ဆာဖြစ်လို့ အမေရိကန်မှာ ဆေးသွားကုတာ မီဒီယာကို ဘာမှမပြောလို့ ဆိုပြီး ဆွေ့ဆွေ့ခုန်နေကြတယ် ။
ဆွေ့ဆွေ့ခုန်ဆို အိန္ဒိယဆိုတာကလည်း သူဟာသူ ဘယ်လောက်ဘဲ အကျင့်ပျက်ပျက် ခြစားစား ၊ ဆင်းရဲရဲနေနေ ဒီမိုကရေစီနိုင်ငံဖြစ်တယ် ။ ပညာတတ်လည်း အရမ်းများတယ် ၊ အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တဲ့ မီဒီယာသမားတွေလည်း ပုံလို့ ။ အဲဒါကို ဟိုကလည်း စိတ်ကုန်နေတာဘဲလား ဘာလား ဘာမှ မပြောတော့ ဝေဖန်ခံရတာတော့ မဆန်းပါဘူး ....။
သန်းခြောက်ဆယ်ရှိတဲ့ နိုင်ငံမှာ အတတ်နိုင်ဆုံး လုပ်ပေးကိုင်ပေးနေတာတောင် အပြောခံနေရတာရှိသေးတယ် မဟုတ်လား ။ လူသန်း ၁၂၀၀ ရှိပြီး ဒီမိုကရေစီလမ်းပေါ် ကိုယ်တို့ထက် ပိုရောက်နေတဲ့ အိန္ဒိယမှာဆိုတော့ ................D:........
( ဆိုနီယာ ဂန္ဒီအကြောင်း ရေးထားတဲ့ စာအုပ်တွေရှိပါတယ် ။ ဒါပေမယ့် ဘယ်စာရေးဆရာကိုမှ အင်တာဗျူးမပေး၊ လက်ခံတွေ့ဆုံခြင်းမရှိတဲ့ အတွက် သူနဲ့ နီးစပ်ရာလူတွေကို ဗျူးပြီး ရေးထားကြတာသာ ဖြစ်တယ် ။ ဆိုနီယာဂန္ဒီကိုယ်တိုင်က အဲဒီစာအုပ်တွေရေးတဲ့ သူတွေကို သူလက်ခံမတွေ့ထားဘူးးလို့ ပြောထားတယ် ။ )
0 comments:
Post a Comment