Sunday, July 15, 2012

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ


by Bo K Nyein on Sunday, July 15, 2012 at 6:32pm 

မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁) က 
မနေ့က တမင်းဆိုင်မှာ စာပေလောက က လူငယ်တစ်ယောက်နဲ့ စကားစပ်မိရင်း လူငယ်က ဦးကျော်ငြိမ်းသားမှန်းသိတာကြောင့် ထင်ပါရဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း မေးလာတယ်။ တချိန်ထဲမှာ ကွန်မြူနစ် စစ်ဗိုလ်တွေ နဲ့ ကွန်မြူနစ် စစ်ဗိုလ်တွေ ရဲ့ အားပြိုင်မှု ရာဇ၀င်အကြောင်း လည်းသိချင်ပုံရတယ်။ ဘာမှသိပ်..မဆွေးနွေးရသေးခင်မှာ အမျိုးသမီးက မိုးချုပ်နေမယ်လို့ သတိပေးလို့ ထပြန်ခဲ့ရတယ်။ အားမလို ၊ အားမရဖြစ်ခဲ့ရတယ်။ ပြန်တွေးကြည့်တော့ မိမိ ဖခင်ကြီးအကြောင်း ရေးဖို့ရာ လွပ်လပ်ရေးရာဇ၀င်ကို စနစ်တကျ စတင်လေ့လာစဉ်ကလည်း … မေးခွန်းမေးလာ တဲ့ လူငယ်ကဲ့သို့ .ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း ဂဃနဏ သိချင်လို့ .. မနည်းကြိုးစား ..လေ့လာခဲ့ရတယ်။ အကြောင်းက ..မြန်မာနိုင်ငံရဲ့ စစ်တပ်လို့ ..ဆိုတာနဲ့ … ရဲဘော်သုံးကျိပ်..ဆိုတာက ရှေ့တန်းရောက် လာတယ်။ တချိန်ထဲမှာ ..ရဲဘော်သုံးကျိပ် ဆိုတာနဲ့ … ကွန်မြူနစ် ..စစ်ဗိုလ်တွေကိုပဲ ..မျက်စိထဲ. .ပေါ်လာတယ်။


အကြောင်းက …. မြန်မာစာပေလောက ကို လွပ်လပ်ရေးကာလ ..ကတည်းက ..လွှမ်းမိုးထားတာက ..လက်ဝဲ.အနီ ..စာရေးဆရာတွေ ..ဖြစ်တာအပြင် …. ကွန်မြူနစ်..ဆိုတာနဲ့ ..တချိန်ထဲ ..တွဲပါလာတာက ….၀ါဒဖြန့်ချီရေး..ဆိုတာပဲ။ ဒါကြောင့် ..မှားမှားမှန်မှန် … ကွန်မြူနစ်ဆိုရင် အကောင်း… ကွန်မြူနစ်ဆိုရင်လူတော် …ကွန်မြူနစ်ဆိုရင်..သူရဲကောင်း..ဖြစ်အောင် ..မြှင့်ရေး..ပင့်ရေး… မြှောက်ရေးကြတာ … မြန်မာနိုင်ငံမှ..မဟုတ် ..တကမ္ဘာလုံးပါပဲ။ ဒါ့အပြင် ..မြန်မာနိုင်ငံ့ ..လွပ်လပ်ရေးအတွက် ..အသက်ပေးသွားတဲ့ ..သူရဲကောင်းတွေထက် … ဘာမှမဆိုင်တဲ့ ..တရုတ်ကွန်မြူနစ် … ဗီယက်နမ်ကွန်မြူနစ် ..အိစံကွားလားတွေ ..အကြောင်း…ဝေချီဝေါင်းတို့..မော်တို့အကြောင်းကို အပြိုင်အဆိုင် ..ဘာသာပြန်ပြီး … ဒုတိယအကြိမ် ..တတိယအကြိမ် ..ထုတ်နေကြရတာက အမော။ ကြယ်နီနောက်ခံ..မှာ လက်သီးကြီးတွေတန်းပြီး… ရဲရဲတောက်..ကွန်မြူနစ် ..သူရဲကောင်းကြီးတွေ ..အဖြစ်..အားကျစရာ..မဖြစ်ဖြစ်အောင် ..ပုံဖေါ်နေကြတာ …အမျိုးသားစိတ်နဲ့ကြည့်ရင်..အော့နှလုံးနာစရာ…

လက်ရှိ..၂၁ရာစု ..ခေတ် …ကမ္ဘာကြီးမှာ ကွန်မြူနစ် ဆိုတာနဲ့ ..ဟင်..ဟာ..ထွီ..ဆိုပြီး ….ပေါ်လ်ပေါ့ တို့…စတာလင်တို့လို..လူသတ်ကောင်တွေပဲ..မြင်ကြပြီး …. ကွန်မြူနစ် ၀ါဒ..လမ်းဘေးရောက် သွားပြီ ဆိုတာကိုတောင် (သတိ) ..မရှိကြရှာဖူး။ တရုတ်ကြီးက … ကြယ်နီကြီးကိုသာ ..မဖြုတ်တာ… အရင်းရှင်..အမေရိကန်ထက်တောင် ..ဆိုးသေး…(ငွေ) အတွက်ဆို (၀)တို့က ဘာမဆိုလုပ်မှာ .. ဗီယက်နမ် ကလည်း ..တရုတ်နောက်လိုက်ပြီး….အမေရိကန်ကို .. ခါးဖက်ပြီး…ချမ်းသာနေလေရဲ့…. မြန်မာနိုင်ငံက ..ကိုယ်ရွှေဗမာကွန်မြူနစ်.တွေကသာ..ရဲရဲနီနေကြတုန်း။ ပစ္စည်းမဲ့ဘ၀က..မတက်နိုင်…တရုတ်ကြီးက ..ခွစားထားလိုက်တာ..မြန်မာနိုင်ငံက သံရာဇာတတွေလည်း ကုန်လုပြီ…နစ်ဖြူတွေက ..တရုတ်ဆိုရင်… အဖေခေါ်ချင်တုန်း…

ဒီလို..အနီ..တွေလွှမ်မိုးထားတဲ့ ..စာပေလောကမှာ ….မသိရင်… သူရဲကောင်းဆိုတာနဲ့ …ဗိုလ်ချုပ်အောင်ဆန်း..နဲ့ ဗိုလ်ချုပ်ကျော်ဇော် သာ ရှိသယောင် ..အတင်းပုံဖေါ်ထားတဲ့ ..စာပေလောကမှာ ….ဆိုရှယ်လစ်စစ်ဗိုလ်တွေသာမက … လွပ်လပ်ရေးအတွက် …တကယ်အသက်ပေးသွားတဲ့ …. တကယ့်သူရဲကောင်းတွေ..အကြောင်း…နောက်ခေတ်လူငယ်လေးတွေ ..မသိကြတော့တာ..မဆန်းလှပါဖူး…

ဥပမာ… BIA ၀င်ကာစ ..မှာ ..အလွန်နံမည်ကြီးတဲ့ … အင်္ဂလိပ်ကိုတကယ်တိုက်ပြီး လူသိများ ခဲ့ရတာ BIA ရဲဘော်သုံးကျိပ်ဝင် ..သူရဲကောင်း ..ဟာ…ဗိုလ်ရန်နိုင်ပဲ..ဖြစ်တယ်။ ရွှေတောင်တိုက်ပွဲ မှာဗမာ သူရဲကောင်း ၆၀ကျော် အသက်ပေးခဲ့ကြရတယ်။ ဗိုလ်ရန်နိုင်ဟာလည်း..ဟိုးလေးတကျော်…နံမည်ကြီးခဲ့ရတယ်။ အခု..သူသိများတဲ့..ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုတာ …. အဲဒီအချိန် က.. (ရန်နိုင်ဈေး) ..လို့တောင်အမည်တွင်ခဲ့တာ။ ဗိုလ်ရန်နိုင်ဟာ ဆယ်တန်းကျောင်းသားဘ၀ကတည်းက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး …. တကသ..ကျောင်းသားသမဂ္ဂမှာလည်းခေါင်းဆောင်… ဒါကြောင့် ရဲဘ်ာသုံးကျိပ်ကိုလွှတ်တဲ့ ..ပြည်သူ့အရးတော်ပုံပါတီက..ခေါင်းဆောင်တွေနဲ့ သိကျွမ်းကြပြီး … ဗိုလ်ဇေယျနည်းတူ… ကျောင်းသားကိုယ်စလှယ်အနေနဲ့..ရဲဘော်သုံးကျိပ်..အဖြစ်အရွေးခံရတာ။ နိုင်ငံရေး ရာဇ၀င်ရှိတဲ့ BIA ခေတ်သူရဲကောင်း။ အလားအလာရှိတဲ့ သူရဲကောင်းမို့ ..ဂျပန်ခေတ် အဓိပတိ..ဒေါက်တာဘမော်က….သူ့စစ်ဖက်လက်ထောက်အဖြစ်ခေါ်ထားရင်း..ဒေါက်တာဘမော်ရဲ့ သမီးနဲ့ အိမ်ထောင်ကျခဲ့တာ။

ဗိုလ်ရန်နိုင်သာ..ကွန်မြူနစ်ဖြစ်ကြည့်ပါလား …. အဝေစိသာမက ၊ တာဝတိံသာအထိပွက်ပွက်ဆူအောင်..ကွန်မြူနစ်တွေ… သူရဲကောင်းဖြစ်ကြောင်း..လှည့်မောင်းခပ်..လိုက်ကြမှာပေါ့။ ဗိုလ်ရန်နိုင့် သားအမွှာညီနောင်နှစ်ယောက် စလုံး… တောထဲမှာ..သေခဲ့ကြရရှာတယ်။ ရန်မျိုးနိုင် ..ရန်လင်းနိုင်လို့ ခေါ်တယ်။ စာရေးသူနဲ့ တတန်းထဲသားတွေပါ။ သားအကြီးရန်မျိုးက နိုင်ငံရေးစိတ်ပါတယ်။ (ဇ)ရှိတယ်။ ရန်လင်းကပိုအေးတယ်။ စာရေးသူနဲ့ ရန်မျိုးကအပြိုင်..ဘာကြောင့်မှန်းမသိ… ငယ်ငယ်ကတည်းကကြည့်မရကြ။ ကျောင်းကောင်စီမှာလည်း အမြဲပြိုင်ဖက်… ဆယ်တန်းအောင်တော့..စာရေးသူက စက်မှုတက္ကသိုလ်..သူကဆေးကျောင်းရတယ်။ ဒုတိယနှစ် (၁၉၆၉)မှာ… အဖေရှိရာတောထဲ..လိုက်သွားပြီး… နှစ်ယောက်စလုံးတောထဲမှာ … အသက်ရှုံးခဲ့ကြရတယ်။ ထိုစဉ်က ဗိုလ်ရန်နိုင်က ..ဦးနုတော်လှန်ရေး မှာ..တိုင်းမှူး။ ငယ်ငယ်ကပြိုင်ဖက်ဖြစ်ခဲ့ကြပေမဲ့ ဆေးကျောင်းကိုစွန့်..ဘ၀နဲ့ရင်းပြီး …ပေးစပ်ခဲ့ကြရတဲ့.. ကျောင်းနေဖက် သူငယ်ချင်းကို … အလေးပြုလျက်ပါ။ ဗိုလ်ရန်နိုင်တောခိုတော့ သူ့ဇနီးကို ပါဖမ်းတာ..မှတ်မိသလောက်… ဒေါက်တာဘမော်သမီး.. ဒေါ်တင်ဇာဟာ ဗိုက်ကြီးနဲ့ ..ထောင်ထဲမှာပဲ..ခလေးမွေးတယ်လို့ …မှတ်မိတယ်။ မိသားစု..လိုက်..ဘ၀နဲ့.. ရင်းခဲ့ရတဲ့..တော်လှန်ရေး.. မိသားစုပါ။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ …. တရားခံ..မထင်ရှားခင်မှာ လွတ်သွားမှာစိုးတာကြောင့် … ဦးကျော်ငြိမ်းက အားလုံးကိုဖမ်းတယ်။ ..ဒေါက်တာဘမော်ကို ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဖမ်းရတယ်။ ဗိုလ်ရန်နိုင်တို့လည်း ..ဒီမိုကရေစီခေတ်မှာ အဖမ်းခံရတယ်။ ဦးနေ၀င်းအာဏါသိမ်းပြီး ..ပြန်ဆုံကြတော့ … ဗိုလ်ရန်နိုင်က ..ဦးကျော်ငြိမ်းကို ..ခင်ဗျားကျုပ်ကို..ဘာကြောင့် အကြာကြီး ((၃)နှစ်၊ စာရေးသူ) ဖမ်းတာလည်း..ဆိုပြီး..ရန်တွေ့တယ်။ ဦးကျော်ငြိမ်းက .. “ခင်ဗျားကလူစွာတစ်ယောက်၊ ခင်ဗျားကကျူပ်နေရာ ပြည်ထဲရေးဝန်ကြီးလုပ်၊ ၊ ကျူပ်ကခင်ဗျားနေရာ ဗိုလ်ရန်နိုင်လုပ် ၊ အဲဒီအခါ ကျူပ်ကို ခင်ဗျား ဘယ်နေရာထားမှာလဲ ၊ ကိုယ့်လူအသေအချာစဉ်းစားကြည့် အဲဒါကြောင့် ကိုယ့်လူကို ကျုပ်တို့ထောင်ထဲထည့်ထားတာဟာစိတ်အချဆုံးဖြစ်တာလို့ ပိုသဘာဝကျတာပေါ့။ ကျနော်သေသေချာချာ ပြန်စဉ်းစား ကြည့်သည်။ သူပြောတာလမ်းကျသည်။ ကျနော်သူကို စိတ်ဆိုးပြေသွားသည်။ (မှတ်ချက်။ မြောင်းမြဘဆွေပြန်ထုတ်တဲ့ ( ကျွန်ုပ်တို့နှင့် ဦးကျော်ငြိမ်း ၊ စာမျက်နှာ ၁၃၂ မှ ဗိုလ်ရန်နိုင်၏ကိုယ်တိုင်ရေး))။ ဟိုတုန်းကခေါင်းဆောင်တွေချစ်စရာကောင်းတာက နိုင်ငံရေးအရ အဖမ်းခံရသော်လည်း ပုဂ္ဂိုလ်ရေးအငြှိုးမထားကြ၊။ ဦးကျော်ငြိမ်းကား တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များထဲတွင် ကျနော်အလေးစားဆုံးပုဂ္ဂိုလ် တစ်ဦး ပင်ဖြစ်သည်ဟု ဗိုလ်ရန်နိုင်က မှတ်တမ်းတင်ခဲ့သေးသည်။ (စာမျက်နှာ ၁၂၇)။

ဂျပန်ခေတ်က ဒေါက်တာဘမော်က အဓိပတိ။ ဦးကျော်ငြိမ်းက ကက်ဘိနက်အတွင်းဝန်။ ဒေါက်တာဘမော်က သူ့ရဲ့ သာမက်ဦးရဲထွန်းကိုပြောဖူးတယ်။ အောင်ဆန်း ၊ သန်းထွန်းနဲ့ ကျော်ငြိမ်း..တို့ (၃) ယောက်က အထက်ဆုံးတဲ့ ။ ဒါပေမဲ့ …သခင်သန်းထွန်းနဲ့ အတဲ့ဆုံး။ မျက်နှာလိုက်တယ်။ ဒါကြောင့် ဦးကျော်ငြိမ်းက အစာမကျေဖူး။ နောက်ဆုံးပြောင်းဖို့ကြိုးစားတော့ ၊ ဗိုလ်ချုပ်အောင်ဆန်းက ဦးကျော်ငြိမ်းကို ၀န်ကြီးပေးဖို့ ကက်ဘိနက်မှာ အဆိုပြုတော့ သခင်သန်းထွန်းက ကျုပ်ကန့်ကွက်တယ်ဆိုလို့ …. ဦးနုက သူ့ရဲ့ နိုင်ငံခြားရေးဌါနမှာ..ခေါ်ထားရတယ်။ ဒါလူမသိ ၊ သူမသိအတွင်းကြိပ်.. နိုင်ငံရေး.. အားပြိုင်နေကြတာ။

ဦးကျော်ငြိမ်းနဲ့ ဒေါက်တာဘမော် အစာမကျေကြတာလေးတွေရှိကြပေမဲ့ … ဗိုလ်ရန်နိုင်ဟာ … သူရဲကောင်း..ဆိုတာဟာ fact.. အဖြစ်မှန် ဆိုတာကိုလက်ခံရမှာပဲ။ သို့သော် ..မြန်မာစာရေးဆရာ ..ဘယ်နှစ်ယောက်က … ရွှေတောင်တိုက်ပွဲကို ..မှတ်တမ်းတင်ရေးကြသလဲ…မထင်မရှား..တစ်ယောက်စ..နှစ်ယောက်စ..  အနီစာရေးဆရာတွေက… သူတို့ကြီးတော်လင်…. တရုတ်ပြည်တွင်းစစ်က တရုတ်သူရဲကောင်းအကြောင်းတွေ အမွှမ်းတင်လိုက်ကြတာ .. ဘာသာပြန်လိုက်ကြရတာ။ တိုင်းပြည်အတွက် …အသက်ပေးသွားကြတဲ့ ဗမာသူရဲကောင်း ..၆၀..အကြောင်းတော့ ..သတိတောင်..မရ..ကြဖူး။ နောက်မှလူုဖြစ်ရတဲ့ လူငယ် ၊ လူရွယ် ၊ လူကြီး တွေ ရွှေတောင်တိုက်ပွဲအကြောင်း ၊ ကြားတောင်ကြားဖူးကြရဲ့လား။ ကံကောင်းချင်တော့ လူ့ဘောင်သစ်ဥက္ကဌ ကိုအောင်မိုးဇော်ရဲ့ အိမ်ကစာအုပ်စင်ကို မွှေရင်း ..Louis Allen ရေးတဲ့ ..The Longest War 1941-1945 ဆိုတဲ့ စာအုပ်ကိုရလိုက်တယ်။ ဒီမှာမှ စာမျက်နှာ ၆၂ -၆၃ မှာ အသေးစိပ်ရေးပြထားတယ်။

ဗိုလ်ရန်နိုင်နဲ့ BNA တပ်သား ၄၀၀ လောက်ဟာ အင်္ဂလိပ်တပ်တွေ ရွှေတောင်မြို့ က အဆုတ်ကို ပိတ်ဖို့ ဂျပန်တွေနဲ့ အတူ စောင့်နေခဲ့ကြတယ်။ ဂျပန်တွေကို Hirayama နဲ့ Ikeda စစ်ဗိုလ် (၂) ယောက်ကအုပ်ချုပ်တယ်။ ဗမာတွေက ပြည်လမ်းရဲ့ ဘယ်ဖက် ၊ ဂျပန်တွေက ညာဖက် မှာနေရာယူထားကြတယ်။ ကံကောင်းချင်တော့ ဂျပန်တွေလက်ထဲမှာ ရှိတဲ့ တစ်ခုထဲသော Anti-tank gun နဲထု လိုက်တာ အင်္ဂလိပ် တင့်ကားကို ထိမိပြီး အရေးကြီးတဲ့ တံထားကိုပိပ်မိနေတာကြောင့် ဘာမှရွှေ့လို့မရတော့ပါ။ အဲဒီအချိန်မှာ အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက်နဲ့ အတူ ကုလားစစ်သား (၇၀) လောက် လက်မြှောက်ပြီး လက်နက်ချဖို့ ထွက် လာ ကြတယ်။ ဗိုလ်ရန်နိုင်နဲ့ Hirayama တို့က ဗမာတွေကို အပစ်ရပ်ဖို့ အမိန့်ပေးပြီး ကုလားစစ်သားတွေကိုလည်း လက်နက်တွေမြေပေါ်ချဖို့ အော်ပြောလိုက်တယ်။ အဲဒီလို လက်နက်ချဖို့ ငြှိနှိုင်းနေကြတုန်း အင်္ဂလိပ်ဖက် က ပစ်လိုက်တာ ဂျပန်ဗိုလ်နှစ်ယောက် ကျဆုံး သွားကြရတယ်။ ဗိုလ်ရန်နိုင်က ချက်ချင်း ပစ်မိန့်ပေးပြီး ကုလားတွေတစ်ယောက်မကျန် သေကုန်မှ ရပ်လိုက်ကြတယ်။ ဗိုလ်ရန်နိုင်က စဉ်းစားနေ ဖို့ အချိန်မရလိုက် ၊ ကျုပ်မျက်စိရှေ့မှာ အရင်အနှီးဆုံး လုပ်ဖေါ်ကိုင်ဖက် နှစ်ယောက် လဲသေနေတာတွေ့တော့လည်း ပိုစိတ်ဆိုးမိတယ်လို့ ဒေါက်တာဘမော် ကိုပြောတယ်လို့ စာရေးသူက ဖေါ်ပြထားတယ်။ အဲဒီတိုက်ပွဲမှာ ဗမာစစ်သား ၆၀ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြရတယ်။

ရာဇ၀င်သင်တာ..(မ..အ) ဖို့လား?

ရာဇ၀င်ဆရာကြီး..ဒေါက်တာသန်းထွန်းက ရာဇ၀င်သင်တာ (မ..အ) ရအောင်လို့ ဆိုခဲ့တယ်။
စာရေးသူက ..တဆင့်..ပို..လိုက်ချင်တယ်… (သင်)တာနဲ့ (လေ့လာ) တာမတူပါ။ 
(သင်) တာက သူတပါး ..စေခိုင်းလို့…. (လေ့လာ)တာက ..မိမိကိုယ်နှိုက်က..သိချင်လို့ ..စည်းပူးတာ….
ရာဇ၀င်..လေ့လာတာ…. သင်္ခန်းစာယူတတ်ပြီး ..နောက်ထပ်.(မမှား)..ရအောင်လို့…
ရှေကမှားခဲ့ကြတဲ့ အမှားကို (မမြင်) ကြရင် ..နောက်ထပ်..ထပ်မှားကြဦးမှာ .. စိုးလို့ပါ…
ဗမာစကားမှာ ..ရာဇ၀င်ဘီး..တပတ်လည်ပြန်ပြီ လို့ဆိုကြသလို…အင်္ဂလိပ်..စကားမှာလည်း… History Repeats itself ..ဆိုတဲ့စကားရှိပါတယ်။
ဒီလို..ထပ် (မမှား) ဖို့ရာ ..သင်္ခန်းစာ…ယူတတ်ကြရပါမယ်။ သင်္ခန်းစာယူတတ်ဖို့ရာ… သုံးသပ်ချက် ..Analysis မှန်ရပါမယ်။  သုံးသပ်ချက်မှန်ဖို့ရာ…အချက်အလက်..(မှန်)ရပါမယ်။
အချက်အလက်..(မှန်)..ဖို့ရာ..ရိုးသားဖြူစင်တဲ့ Honest ဖြစ်တဲ့ (အမြင်)..နဲ့ကြည့်နိုင်ရပါမယ်။

ကွန်မြူနစ်နဲ့ ၀ါဒဖြန့်ချည်ရေး

ပြဿနာက.. ကွန်မြူနစ်..ဆိုတာနဲ့ .. (၀ါဒ) အစွဲက..ကပ်ပါလာတယ်။ ဒီဝါဒ ..အစွဲကြောင့် … ကွန်မြူနစ်..ဆိုရင်..(အကောင်း) ဆိုတဲ့… တဖက်စောင်းနင်း..(အမြင်) က ကပ်ပါလာပြန်တယ်။ တခါ (တော်လှန်ရေးမှ) ဆိုတဲ့ စိတ်ဓါတ်ကို ဖြည့်စီးဖို့.. သူရဲကောင်း ရှာပုံတော် ဖွင့်..သူရဲကောင်းဋီကာချဲ့…တခြားသူတွေကို ရာဇ၀င်က ပယ်ဖျောက်ချင်တဲ့ ..စိတ်ဓါတ်..ရဲ့ လွှမ်းမိုးမှုက..ရုံးမထွက်..နိုင်ကြပြန်ဖူး
..ဒါကြောင့် ..ဗိုလ်နေ၀င်း…မိန်မပွေတာကြတော့ ..စာရိတ္တချို့ယွင်းတာ…. ဗိုလ်ဇေယျ..မိန်မကြိုက်တာကြတော့… ဗိုလ်ချုပ်ကျော်ဇော်လို ..သူရဲကောင်းကြီးကတောင်… မဆီမဆိုင် … အငြိမ့်သမကို ခါးဖက်လျက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ထိပ်တိုက်တွေ့တာကိုတောင် … ကာဆီးကာဆီး ဖေးဖေးမမ ..ကာကွယ်ပြီး..မိမိရဲ့အတ္ထုပ္ပတ္တိမှာ..ရေးပြရသေးတယ်။ ဗိုလ်ချုပ်ကျော်ဇော်လို အဆင့်မြင့်ဗိုလ်ချုပ် အဆင့် level မှာတောင်… Statesman အကျင့်ထက်..ကွန်မြူနစ်အကျင့်ကလွှမ်းမိုးနေသေးတော့..အောက်ခြေအဆင့်မှာတော့ ..ပြောစရာမလိုတော့ဖူးပေါ့… စိတ်မကောင်းစရာက..ဗိုလ်ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိ ကို အသေအခြာလေ့လာကြည့်ရင် … ကွန်မြူနစ်ဆိုရင်အကောင်း.. ကွန်မြူနစ်မဟုတ်ရင်..မကောင်းရေးထားတာကိုတွေ့ရမယ် …objective မဖြစ်တာစိတ်မကောင်းစရာ….

စာရေးသူက ဗိုလ်ချုပ်ကျော်ဇော်ကို ကွန်မြူနစ်သက်သက်လို့မမြင်ချင် …. တော်လှန်ရေးသမားလို့သာ..မြင်ချင်တယ်။ ဒါကြောင့် သေခြာတဲ့.. အချက်အလက်ကိုသာအခြေပြုတဲ့.. Academic level အဆင့်မှီဖြစ်စေချင်တယ်။ ပိုဆိုးတာက ..အတန်းစာတောင် ..မပြီးတဲ့..အဆင့်မရှိတဲ့..သူတွေက.. ကွန်မြူနစ်မျက်စိနဲ့ … ၀ါဒဖြန်ချီရေးသက်သက်..ရာဇ၀င်အချက်အလက်ကို ..မိမိအထင်နဲ့ ..ပြောင်းရေးပြီး.. ဗိုလ်ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိ..ကိုညွှန်းပါတယ်တယ်ဆိုတော့ … အလကားနေရင်း…ချီးအပေခံရရှာတယ် …

ဆက်ရန် အပိုင်း (၁) ခ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...