Saturday, July 21, 2012

ကဗျာရေးဖို့လက်တွန့်လာတဲ့အကြောင်းရင်းများ . . .


by Mar Ga Luelin on Saturday, July 21, 2012 at 9:19am ·


ကဗျာရေးဖို့လက်တွန့်လာပြီ
အခုဆို . . .
ကဗျာဆရာအချင်း မွေးရာပါအင်္ဂါတွေနဲ့ နိုင်းချွတ်ဆဲကြ
ကဗျာဆရာဆိုသူတွေက ကဗျာကို တရာဖိုး သုံးထည် ဆိုသလို
ပေါပေါများများ လူစည်ကားရာတွေမှာ ချရောင်းကြ ၊ အလကားပေးကြ

လူတန်းစားမရွေး အသိညဏ်မရွေး အတွေ့အကြုံမရွေး ဖေါချင်းသောချင်း
ကဗျာဆရာတွေ ရှက်လောက်အောင် ကဗျာဆရာနာမည်ခံကြ
ကဗျာဟာ ပေါသထက်ပေါ ၊ ကဗျာဟာ ဖေါသထက်ဖေါ ၊ ကဗျာဟာရောသထက်ရော . . .

အရင်ကလို ကြည်ညိုစရာ လူတန်းစားမဟုတ်တော့
အရင်ကလို အငတ်ခံနေတဲ့ လူစားမျိုးတွေမဟုတ်တော့
အရင်ကလို ဘ၀နဲ့ရင်းတဲ့ လူမိုက်တွေမဟုတ်တော့
အခုတော့ အခုတော့ ပေါ်ပင် ဖေါ်ဖင် အရှက်မရှိကြတော့ . . .

ဂျာနယ်ကဗျာဆရာ
မဂ္ဂဇင်းကဗျာဆရာ
အွန်လိုင်းကဗျာဆရာ
ဖေ့ဘုတ်ကဗျာဆရာ
ဂျီမေးလ်ကဗျာဆရာ
လမ်းဘေးကဗျာဆရာ
အိမ်နေကဗျာဆရာ
ဟိုကဗျာဆရာ
ဒီကဗျာဆရာ
ကဗျာဆရာ ကဗျာဆရာ ကဗျာဆရာ
၂၁ ရာစုရဲ့ အပေါဆုံးပစ္စည်း
လတ်တလော ၂၀၁၂ ရဲ့ အကြောင်ဆုံး အမည်
ဦးနှောက်ထဲက ထွက်လာသမျှ ကဗျာများ
ရှက်စိတ်နဲ့ ဦးနှောက်ထဲကို ပြန်ပြီးရိုက်သွင်းမိ
ကဗျာဆရာ ကဗျာဆရာ ငါ  ကဗျာဆရာ
လူတကာ အမြင်မှာ ဟာသ သာ မဖြစ်လိုက်ပါနဲ့ . . .

လွမ်းတယ် ဖော်ဝေး
လွမ်းတယ် မောင်ချောနွယ်
လွမ်းတယ် ခရမ်းပြာထက်လူ
လွမ်းတယ် တာရာမင်းဝေ
ကျနော်သိသမျှ ခဗျားတို့စာတွေ ကိုပဲ
ကျနော် ဒိုင်ခံလွမ်းပါတယ်
တရာ့တပါးသော ကျနော်မသိသမျှ
ကဗျာဆရာများရဲ့နာမည်မပါလို့
-ီး ဆိုပြီး ကျနော့်ကိုများ မွေးရာပါ အင်္ဂါတွေနဲ့
နိုင်ချွတ်ဆဲရေးကြမလား . . .

ကဗျာမှာ အယူဝါဒ ရှိသတဲ့
ကဗျာမှာ ဂန္တ၀င်မှ လက်ခံမတဲ့
ကဗျာမှာ ဒီလိုအရည်အချင်းရှိမှ
ကဗျာမှာ ဟိုလို အရည်အချင်းရှိမှ
ဒီကဗျာဆရာ ခဗျားတို့လို အရည်အချင်းမရှိပဲ
ခဗျားတို့ကို စိတ်ပျက်လို့ ဒီကဗျာကို
လက်တန်းရေးပါတယ်
ကမ္ဘာ့ ရွံစရာအကောင်ဆုံး
ဖောက်ပြန်ရေးကဗျာဆရာတို့ . . .

မာဃလုလင်
https://www.facebook.com/margaluelin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...