သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၇)
သစ်ထူးလွင်
|
- ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေးခေတ္တနားချိန်မှာ သတင်းသမားများနှင့် တွေ့ ဆုံ (ရုပ်/သံ)
- ဒုတိယသမ္မတ အမည်စာရင်းတင်ဖို.ကတော့မသေချာ (ရုပ်/သံ)
- ရေလည်ကျွန်း မှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြူတ်ပေးမယ် (ရုပ်/သံ)
- HIV ကူးစက်နှုန်း ကျတဲ့ ပထမဆုံး ဆေး
- မိုးထိ မိုးမိ ရွှေတူးခွင့် မပြေလည်သေး
- မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး
- တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီးနိတ်အမတ် မစ်ခ်ျမက္ကောနယ် ဆွေးနွေး
- ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းများတည်ဆောက်ပြီး
ပါက ဖုန်းလိုသလောက် ချထားပေးမည် - မန်းတက္ကသိုလ်ကို ပြန်လည်အသက်သွင်းစေလို
- လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်
- SHADE ဂျာနယ်၊ဇူလိုင်၁၈ ရက်မှ ၂၄ ရက်နေ့အထိ
- အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၃
- နတ်မောက်မြို့ နယ်မှာလည်း အာဇာနည်နေ့  ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခွင့် မပြု
- အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်
- စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး
- လွှတ်တော်မှာတင် အချိန်ကုန်မခံဖို့ ဒေါ်စု တိုက်တွန်း
- ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း
- ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ အမေရိကန်ပြည်ထောင်စုသို့ရောက်
မည် - အဆိုတော်ရန်ရန်ချန်း ဘာသာရေး တိုက်ခိုက်မှုမပြုလုပ်ခဲ့ဟုငြင်း
ဆို - ရိုဟင်ဂျာများ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် လွှတ်တော်မှာ တင်သွင်းပြောကြား
Posted: 17 Jul 2012 06:19 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဒီကနေ့ ဇူလိုင် ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေတ္တနားချိန်မှာ သတင်းသမားများ သတင်းယူရန်သတ်မှတ်ထားတဲ့ အခန်းကို ကြိုတင်စီစဉ်ထားခြင်း မရှိပဲ လာရောက်လည်ပတ်ပြီး သတင်းသမားတွေနဲ့ တွေ့ဆုံသွားပါတယ်။ ဒီဗွီဘီ သတင်းထောက် ဇော်ရိုက တင်ဆက်ထားပါတယ်။ (ရိုက်ကူး ဇေကြီး) — DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 17 Jul 2012 06:14 AM PDT
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ.အစီအစဉ်ကိုဒီကနေ.ဆက်လက်
ကျင်းပမှာဖြစ်ပေမယ့် လစ်လပ်နေတဲ့ဒုတိယသမ္မတ အမည်စာရင်းတင်ဖို.ကတော့မသေချာေ ဦးကျော်သက်မင်းသတင်းပေးပို.ထား ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 17 Jul 2012 06:19 AM PDT
သောင်ရင်းမြစ်ပေါ် က နှစ်နိုင်ငံ အငြင်းပွားနေ တဲ့ ရေလည်ကျွန်း မှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြူတ်ပေးမယ်လို့  ဇူလိုင်လ ၁၇ ရက်နေ့ မှာ ပြူလုပ်တဲ့ထိုင်းမြန်မာနယ်ခြာ
မြန်မာဘက်က ဂတိပေးလိုက်ပါတယ်။ ကိုသက် - DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 17 Jul 2012 05:26 AM PDT
Truvada ဆိုတဲ့ ဆေးကို HIV ပိုးရှိသူနဲ့ ကိုယ်လက် နှီးနှောမှုလို ကူးစက် နိုင်ခြေ များတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။ ဆေးသောက်တာ အပြင် ကွန်ဒုံး သုံးတာ၊ HIV ပိုး ရှိမရှိ မှန်မှန် စစ်တာတွေလဲ လုပ်မှ ရောဂါကို ထိရောက်အောင် ကာကွယ် နိုင်တယ် အမေရိကန် ဆေးဝါး အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း စေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။ ဘီဘီစီ မြန်မာပိုင်း | ||||||
Posted: 17 Jul 2012 04:54 AM PDT
မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ဆန္ဒပြရန် ချီတက်စဉ် ခရီးတထောက်အရောက် ဇွန်လ ၁၄ ရက်နေ့တွင် ကုမ္ပဏီက ပြန်လည် လုပ်ကိုင်ရန် သဘောတူခဲ့သော် လည်း အလုပ်သမားများ ရွှေတွင်းသို့ ပြန်ရောက်ချိန်မှ စ၍ ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ “ပြန်လုပ်ဖို့ ဆိုတာက အလုပ်သမားတို့၊ စက်ကိရိယာတို့၊ ဆီတို့၊ ရိုက်ပြား ဇကာတို့ ဒါတွေ လိုမယ်ပေါ့ဗျာ။ ဒါတွေတောင်ပေါ် ရောက်အောင် ကားတွေ ဆိုင်ကယ်တွေကို တက်ခွင့် မပေးဘူး။ ဒီလို မပေးတာဟာ အင်းလုပ်ခွင့်ကို ပိတ်လိုက်တာနဲ့ အတူတူပဲ” ဟု လွတ်လပ်သော ရွှေလုပ်သားများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုသက်လွင် က ပြောသည်။ သို့သော် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကမူ လုံခြုံရေးအရ လုပ်ငန်းခွင်နှင့် လုပ်ငန်းဧရိယာ ပြင်ပကို ဇွန်လ ၁၅ ရက်နေ့မှ စ၍ ပိုင်းခြားလိုက်ခြင်းသာ ဖြစ်ပြီး လုပ်ငန်းခွင် ပြင်ပမှ သယ်ဆောင်လာသည့် ပစ္စည်းများကို လုပ်ငန်းခွင်သုံး ကားများဖြင့် နေ့စဉ် တနေ့သုံးကြိမ် သယ်ပို့ပေးကြောင်း ပြောသည်။ “ကျနော်တို့မှာ ဂိတ် ၁၊ ဂိတ် ၂ ဆိုတာ ရှိတယ်ခင်ဗျ။ ဂိတ် ၁ ဆိုတာက ကျနော်တို့ လမ်းစလုပ်ထားတဲ့ နေရာပေါ့။ register (မှတ်ပုံတင်) လုပ်ထားတဲ့ ကားတွေအားလုံး ဂိတ် ၁ ကို ပေးတက်တယ်။ ဂိတ် ၂ ဆိုတာက မိုင်းဧရိယာထဲ ရောက်သွားပြီပေါ့။ မိုင်းတွင်းသွားတဲ့ လုပ်ငန်းခွင်သုံး ကားအားလုံးကိုပဲ ထားပြီးတော့ ဂိတ် ၂ ကို လာတဲ့ ကားအားလုံး ကို အဲဒီကနေ ပစ္စည်းတွေ သယ်ပေးတယ်” ဟု အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကပြောသည်။ ယခင်က တောင်ပေါ်တက်ရန်အတွက် ကားတစီးလျှင် နှစ်သိန်းကျပ်၊ ဆိုင်ကယ်တစီးလျှင် ၃,၀၀၀ ကျပ်ဖြင့် တောင်ပေါ်တက်ခွင့် လက်မှတ် ကုမ္ပဏီက လုပ်ပေးထားပြီး မှတ်ပုံတင်ထားသည့်ကား အစီး ၅၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းပြင် ရွှေဗြုံး ကြိတ်ရန်အတွက် ကြိတ်စက်ကို ကုမ္ပဏီက တောင်ခြမ်း မြောက်ခြမ်း နှစ်နေရာ သတ်မှတ်ထားသော်လည်း နေရာပြင်ဆင်သည့် အဆင့်သာ ရှိသေးသည့်အတွက် ကြိတ်ခွဲနိုင်ရန် အချိန်အတန်ကြာ လိုသေးကြောင်း လည်း ကိုသက်လွင်က ပြောသည်။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁၀၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်းကျော်ကို ငါးနှစ်သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နှုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာ တွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။ အသေးစား ရွှေထုတ်လုပ်မှုသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်ဟု ကုမ္ပဏီဘက်မှ အကြောင်းပြသော်လည်း အလုပ်သမားဘက်ကမူ ၎င်းမှာ ခိုင်လုံသော အကြောင်းပြချက် မဟုတ်ဟု ဆိုသည်။ “ရွှေတွေက အရမ်းထွက်နေလို့ ကုမ္ပဏီက လောဘကြီးပြီးတော့ အင်းပိုင်တွေကို ပေးမစားချင်တော့လို့ လူတိုင်း မလုပ်နိုင်အောင် အင်းလေးတွေကို ပိတ်လိုက်တယ်လို့ ရွှေလုပ်သားတွေက ပြောတယ်” ဟု ရွှေလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး က ပြောသည်။ အသေးစား ထုတ်လုပ်မှု ဖြစ်သည့် အင်းတခုလျှင် သိန်း ၁၀၀ ခန့် ကုန်ကျပြီး အကြီးစားလုပ်ငန်း ဖြစ်သည့် အက်ဒစ်ခေါ် အက်တာတခုလျှင် သိန်း ၃၅၀ ခန့် ကုန်ကျသည့်အတွက် အင်းပိုင်များအနေနှင့် အကြီးစား လုပ်ငန်းကို လုပ်နိုင် စွမ်း မရှိကြောင်း ဒေါ်မြင့်မြင့်အေး က ပြောသည်။ ရွှေလုပ်သားများ အနေနှင့် ဇွန်လ ၁၄ ရက်နေ့က သဘောတူထားချက်အတိုင်း လုပ်ကိုင်ခွင့် မရရှိသေးသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးရန် တောင်းဆိုထားပြီးနောက် ကုမ္ပဏီများဘက်က ဇူလိုင်လ ၁၈ ရက်တွင်ပြေလည်အောင် ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ထားသည်။ ကုမ္ပဏီများဘက်မှ သတ်မှတ်ရက်တွင် ဖြေရှင်းမပေးပါက လူထုအင်အားဖြင့် တောင်အောက် တဖန်ဆင်းကာနေပြည်တော်ထိ ချီတက်ဆန္ဒပြရန် သို့မဟုတ် ကုမ္ပဏီက ပိတ်ထားသည့် ဗြုန်းကြိတ်စက်တွင် ဝင်ကြိတ်ရန်တို့ကို ဆုံးဖြတ်ထားကြောင်းလည်း ဒေါ်အေးအေးမြင့် ပြောပြချက်အရ သိရသည်။ ကွန်းချမ်း စံခလပူရီ (မဇ္ဈိမ) | ||||||
Posted: 17 Jul 2012 06:19 AM PDT
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက်ရန်ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က ရွာသားတဦး သေဆုံးသွား သည်ဟု သိရသည်။
တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြန်ဖြေခဲ့သော ဆိုဇန်ရွာသား ဦးထန်မှုန်းသည် စစ်သား များ၏ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့က တီးတိန်ပြည်သူ့ဆေးရုံး တွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချူပ် ခေါင်းဆောင် ပူးထန်ဒိုး လျန်ကပြောသည်။ “ ရဲတယောက်နဲ့ စစ်သားတွေက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းတာ သူ့ရွာ သား တွေနဲ့စကား များတာ သူကတဖက်နဲ့တဖက် ရန်မဖြစ်နဲ့ဆိုပြီး ဖျန်ဖျေတာ စစ်သားတွေက ရိုက်တာပေါ့နော် သူ့နဖူး ၂ လက်မလောက် ကွဲပြီးတော့ ၂ လက်မလောက် နက်တယ်နော် ခုဆေးရုံးမှာ သေသွားတယ်’’ ဟု သူကပြောသည်။ အခင်းဖြစ်ပွားရာတွင် ပါဝင်သော ရဲ တဦးကို တီးတိန်မြို့နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဟု သိရပြီး စစ်သား ၂ ဦး၏ အခြေအနေကိုမူ မသိရသေးပေ။ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ တွင် ဟားခါးမြို့မှ ပြည်နယ်ရဲမှူး တီးတိန်မြို့ သို့ ရောက် လာမည်ဟုသိရသည်။ တီးတိန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အရပ်သား နှင့် အာဏာပိုင်များ ခိုက်ရန်ဖြစ်ပွားမှုမကြာခဏဖြစ် ပွားလျက်ရှိ သည်။ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင် ပိုင်ရှင် မမားမာန် ကို ဒေသတွင်းအခြေ စိုက် စစ်ဘက်ရေးရာလုံခြုံရေး( စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေးက လည်ပင်းညှစ်ပြီး ဦးခေါင်းကို ထိုးနှက်ခဲ့မှုတခုဖြစ်ပွား ခဲ့ပြီး ယင်းကိစ္စကို အရေး ယူပေးရန် အထက်အာဏာပိုင်များထံ အမှုဖွင့်တိုင်ကြားခဲ့သည်။ ခိုနူမ်းထုန် သတင်းဌာန | ||||||
Posted: 17 Jul 2012 04:26 AM PDT
ရန်ကုန်၊ ဇူလိုင်-၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်းများတွင် ခွာနာလျှာနာရောဂါရှိနေသောကြောင် တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင် UMFCCI (မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်)သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှတစ် လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းစိန်ကဇူလိုင် ၁၇ ရက်တွင်ပြောသည်။ ''တရုတ်ကို တင်ပို့နေတဲ့ အသားတွေ အမဲသားတွေမှာ ခွာနာ လျှာနာရောဂါ မကင်းရှင်းတာကြောင့်တရုတ်နိုင် စစ်ဆေးရေး ဥပဒေအရ အခု ကျွန်တော်တို့ဆီက အေးခဲအမဲသားတင်ပို့မှုတွေ ရပ်ဆိုင်း သွားပါပြီ ''ဟု ၎င်းက ပြောသည်။ အေးခဲအမဲသားအပြင် ကြက်ငှက်တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများပါ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းနှင့် အသားထွက်ကုန်များကို အခြားနိုင်ငံမှ ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုပါ ပိတ်ပင်လိုက်ကြောင်း အထက်ပါစာတွင် ပါရှိသည်။ ''မြန်မာမှာ ကြက်ငှက်တုပ်ကွေးနဲ့ ခွာနာလျှာနာရောဂါတွေ ကျရောက်နိုင်တဲ့အတွက် သူတို့ဆီကနေပြီး တော့ ဒီအသားတွေ တင်ပို့ခြင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့ မြန်မာသံရုံးကို တရုတ်နိုင်ငံ မွေးမြူရေးဌာနကနေပြီးတော့တရား ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန် လည်း ပြောသည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ အသားတင်ပို့သော လုပ်ငန်းရှင်များ၏ စက်ရုံ၊ အလုပ်ရုံများလည်း ရပ်ဆိုင်းသွား၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်ကြကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန် သုံးလအတွင်း အေးခဲအမဲသားတန်ချိန် ၄၈၈၄ တန် တင်ပို့နိုင်ခဲ့သည်။ သို့ရာတွင် ပုံမှန်ရက်သတ္တပတ် တစ်ပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄၀၀ ခန့်တင်ပို့နေရာမှ ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်တွင်မူ ၁၄၅ တန်သာ တင်ပို့နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ စာရင်းဇယားများအရ သိရှိရသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်း များအားလုံး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြော 7Day News Journal | ||||||
Posted: 16 Jul 2012 09:58 PM PDT
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတ္ထုထပုံမှန် အစည်းအဝေးကို နေပြည်တော် ဥတ္တရသီရိ၌တက် ရောက်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင် ဆန်းစုကြည်သည်၂၀၁၂ခု၊ဇူလိုင်၊
တယ်လီဖုန်းဖြင့်ဆက်သွယ် ကာ Burma Freedom and Democracy Act (BFDA) ကိုဆွေးနွေးသည်။ ယင်းသို့ဆွေးနွေးရာတွင် မြန်မာအမေရိကန်ချစ်ကြည်ရေးတိုး ကိစ္စ၊မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မြန်မာပြည်လူထုဘ၀များပိုမိုကော တာဝန်ခံ ဗဟိုပြန်ကြားရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ||||||
Posted: 16 Jul 2012 10:01 PM PDT
ချင်းပြည်နယ်၌ မိုဘိုင်းစခန်းများတည်ဆောက်ပြီး
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သော ချင်းပြည်နယ် အလယ်ပိုင်း ချင်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများ “ဒီဒေသတွေက ရွာတွေဖြစ်တော့ မြို့ကြီးတွေလို ဆွဲအားသုံးထောင်လောက်ရှိတဲ့ တာဝါတိုင်တွေ ဆောက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် မိုက်ခရိုဝေ့ဆက်ကြောင်းတွေကတစ် ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းတည်ဆောက်ပြီးစီး “မိုဘိုင်းစခန်းတွေ ပြီးသွားရင် ချင်းပြည်နယ်က ဖုန်းသုံးစွဲသူများတွေ လိုင်းမကြပ်အောင် ဖုန်းလိုင်းတွေကို လိုအပ်သလောက် ချထားပေးသွားမှာပါ။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ (၈၀)ရာခိုင်နှုန်းတွင် ကျေးလက်ဒေသ တယ်လီဖုန်း သိပ်သည်းဆမှာ (၃၈) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လာမည့် ၂၀၁၇ခုနှစ်တွင် ကျေးလက်ဒေသ တယ်လီ ဖုန်းသိပ်သည်းဆ (၇၀) ရာခိုင်နှုန်းနှင့် ၂၀၂၀ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ (၁၀၀)ရာခိုင်နှုန်းအထိ မြင့် တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။ ဥာဏ်ဥာဏ် (မြစ်မခ) by Myit Makha Mediagroup | ||||||
Posted: 16 Jul 2012 09:01 PM PDT
![]() ခေတ္တတွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။ `` မနှစ်မြို့စရာကောင်းတဲ့ ပုရ၀ဏ်တစ်ခုကို ပို့လိုက်တာမျိုးပေါ့ဗျာ ၊အားလုံးလဲ သိပြီးသားပါ ထန်းတောထဲ အရက်ပုန်း ဆိုင်တွေကြားထဲမှာ ၊လောင်းကစားဝိုင်းတွေကြား ထဲမှာ နောက်တစ်ခါ တည်းခိုခန်းတွေ ကြားထဲမှာကျွန်တော်တို့ နောက်မျိုးဆက်တွေအတွက်တော့ ရင်ထုမနာဖြစ်မိတယ်ဗျာ ´´ ဟုမင်းကိုနိုင်က ပြောကြားခဲ့ သည်။ မန်းတက္ကသိုလ်ထွက်ကျောင်းသားဟော ကြိုးစားစေချင်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ `` မန္တလေးဆိုရင် အရင်တုန်းက မန်းတက္ကသိုလ်ပေါ့ မာဇူးပြန်အသက်ဝင်အောင်ပေါ့၊ အရင်ကျောင်းတက်ခဲ့ဖူးတဲ့ မျိုးဆက်တွေပေါင်း ပြီးတော့ အဲဒါကိုအင်နဲ့အားနဲ့လုပ်စေချင် ဟု မင်းကိုနိုင်က မန္တလေးစာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။ မန္တလေးတက္ကသလိုလ်ကို အာဇနည်နည်ပုဂ္ဂိုလ်ကြီးတစ်ဦြး များ နိုင်ငံရေးသမားများ ထွက်ပေါ်ခဲ့သည်။ မင်းမင်းလတ်-မန္တလေး(မြစ်မခ) by Myit Makha Mediagroup | ||||||
Posted: 16 Jul 2012 08:47 PM PDT
စီမံကိန်း လုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ ဇူလိုင်လ (၁၄) ရက်နေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။ အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားပါတယ်။ လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ လယ်သမား တွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လ အတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အချက်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေပါတယ်။ အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က စောင့်ကြပ်နေ တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ် ။ ဆန္ဒပြခဲ့ကြစဉ်က ဒေသခံတွေနဲ့ သဘောတူလက်မှတ်ထိုးတဲ့ မူရင်း စာရွက် စာတမ်းတွေ ကို Myanmaer News Now မှ ပြည့်အစုံတင်ပြထားပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 16 Jul 2012 08:01 PM PDT
| ||||||
Posted: 16 Jul 2012 08:01 PM PDT
| ||||||
Posted: 16 Jul 2012 07:06 PM PDT
နတ်မောက်မြို့ နယ်မှာလည်း အာဇာနည်နေ့  ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချရန် တင်ပြမှု့ကို တားဆီးပိတ်ပင်ခံရပါတယ်။
ပထမကော်မရှင်ကိုတင်ပြရာမှာ မြို့နယ်မှုးထံတင်ရမည်ဟု ပြောပါတယ်။ မြိုနယ်မှုးထံ ၅ ရက် ကြိုတင်ပြရာ ခွင့်မပြုနိုင်ကြောင်း ၊ တိုင်းရုံးသို့ အယူခံတင်နိုင်ကြောင်းပြန်ကြားခဲ ရဲတပ်ဖွဲ့ မှူးရုံးမှ အကြောင်းပြန်ကြားစာကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ | ||||||
Posted: 16 Jul 2012 07:02 PM PDT
အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။ RFA Burmese | ||||||
Posted: 16 Jul 2012 06:15 PM PDT
![]() ရွာသာကြီး ထောင်သာဇယ် ကွင်းအမှတ် (၉) မှာ ဒေသခံ တောင်သူတွေ စုပေါင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လွန်ခဲ့တဲ့ (၃) ရက်လောက်က စပြီး ဘူဒိုဇာစက်တွေနဲ့ ၀င်ရောက်ထိုးမွှေ ဖျက်ဆီး လိုက်တာလို့ ကာယကံရှင် လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။ ၀န်းရံခကုမ္ပဏီက ပျိုးခင်းတွေကို လာရောက်ဖျက်ဆီးရာမှာ ယူနီဖောင်းဝတ် ရဲဝန်ထမ်းတချို့ ပါဝင်တယ်လို့ လယ်သမားတွေက ပြောပေမယ့် ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် စုံစမ်းရာမှာ သူတို့ ရဲစခန်းအနေနဲ့ အဲဒီလို ပါဝင်ဆောင်ရွက်မှု မရှိဘူးလို့ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။ ၀န်းရံခ ကုမ္ပဏီကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဒီကနေ့အထိ ဖျက်ဆီးခံလိုက်ရတဲ့ လယ် (၁၅) ဧကအပါအ၀င် ထောင်သာဇယ် အမှတ် (၉) ကွင်းမှာ ရှိတဲ့ လယ်ဧကပေါင်း (၅၀၀) ကျော်ဟာ ၀န်းရံခကုမ္ပဏီက လယ်သမားတွေနဲ့ အကျိုးတူ ပူပေါင်း စိုက်ပျိုးမယ်ဆိုပြီး ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ လယ်တွေဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ စတင် သိမ်းပိုက်စဉ်က လယ်တစ်ဧကကို ငွေကျပ် (၂)သောင်းနှုန်း နစ်နာကြေး ထုတ်ပေးခဲ့ပြီး လယ်သမားတွေကို သူတို့ လယ်မြေတွေထဲကနေ တစ်ပတ်အတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ကာယကံရှင် လယ်သမားတွေက ပြောပါတယ်။ RFA Burmese | ||||||
Posted: 16 Jul 2012 06:05 PM PDT
မှာပဲ အချိန်ကုန်နေ တာမျိုး မဖြစ်စေလိုတဲ့ အကြောင်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ လွှတ်တော်တွင်း ဥပဒေပြုရေး ကိစ္စတွေနဲ့ ဆွေးနွေးပြောဆို မှုတွေမှာသာ အချိန်ပေးနေ ရမယ်ဆိုရင် လူထုနဲ့ နီးစပ်မှု မရှိတဲ့အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင် ဆန်း စုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ လွှတ်တော် ဆွေးနွေးပွဲ အပြီးမှာ သတိပေးလိုက်တာပါ။ ဒါ့အပြင် ဒီကနေ့ လွှတ်တော်တွင်း ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာတွေကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အမြဲ ကြိုးပမ်းနေရမှာဖြစ်ပြီး လူထုနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က NLD အမတ်တွေကို ဒီကနေ့ သတိပေးသြ၀ါဒစကား ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း မိတ္ထီလာမြို့နယ် NLD လွှတ်တော်အမတ် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပြပါတယ်။ “ကျနော်တို့ NLD လွှတ်တော်အမတ်တွေကို သြဝါဒပေးတာပါ။ အဓိက-ကတော့ ကျနော်တို့ လွှတ်တော်ထဲမှာ အချိန်ကြာတာကို သူသိပ် သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လွှတ်တော်အမတ်တွေက ကိုယ့် နယ်မြေ၊ ကိုယ့်မြို့နယ်ကိုယ် ပြန်ပြီးတော့မှ လူထုအကျိုးအတွက် လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်တွေ နည်းသွားတာကို သူက အားမလို အားမရဖြစ်နေတာ။ “NLD ပြည်သူ့လွှတ်တော်အမတ်တွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ထဲမှာ တင်တဲ့အဆိုတွေနဲ့ ပတ်သက်လို့ စကားတွေအပိုမပြောဘဲနဲ့ ထိထိရောက်ရောက်နဲ့-- ပြီးဖို့ရယ်၊ နောက်တခုက ပြည်သူလူထု အကျိုးအတွက် လုပ်ဖို့ရယ်၊ နောက်တခုကတော့ ပြည်သူ့လွှတ်တော် အမတ်တွေကို ကိုယ့်မြို့နယ်နဲ့ကိုယ် မကင်းကွာအောင်လုပ်ဖို့၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ဒီယာကတော့ - လွှတ်တော် အမတ် ဖြစ်ပြီဆိုလို့ရှိရင်တော့ တသက်လုံး နောက် ရွေးကောက်ပွဲအထိဟာ လွှတ်တော်အမတ်ပဲ၊ ကိုယ့်နယ်မြေ နဲ့ ကိုယ့်ပြည်နယ်နဲ့ ညှိပြီးတော့မှ ကိုယ့်နယ်မြေအကျိုးအတွက် အမြဲတမ်း ကြည့်ရှုပြီးမှ အလုပ်လုပ်ဖို့ပေါ့။ အဲဒါတွေ ကျနော်တို့ကို သြဝါဒပေးတယ်။” အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေအပြီး ညနေပိုင်းမှာ ပါ တီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော်အမတ်တွေကို သီးသန့်တွေ့ဆုံပြီး အခုလို သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာတော့ အကြောင်း အရာ တော်တော်များများကို ဆွေးနွေးခဲ့ကြတဲ့အထဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့သလို မြန်မာနိုင်ငံကို သံတမန်အဆင့် ပြန်ဆက်သွယ်ဖို့ ကမ်းလှမ်းလာ တဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ လတ်တလော အများစိတ်ဝင်စားနေ တဲ့ ဒုတိယသမ္မတ ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ တစုံတရာ ဆွေးနွေးလာတာ မရှိခဲ့ဘူးလို့ ဦးဝင်းထိန်က ပြောပြပါတယ်။ “ပြည်ထောင်စုလွှတ်တော်ဆိုတော့ အမျိုးသားလွှတ်တော်နဲ့ ကျနော်တို့လွှတ်တော် (ပြည်သူ့လွှတ်တော်) ပေါင်း ပြီးတော့ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာ တည်စေသော အမိန့်၊ အဲဒီအမိန့်ကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေက အများအားဖြင့် ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်အမတ်တွေပါ။ အဲဒါတွေ ပြီးတဲ့အခါကျတော့မှ ဗမာပြည်ကို သံတမန် အဆင့်နဲ့ ဆက်သွယ်ဖို့ ကမ်းလှမ်းတဲ့နိုင်ငံ ၈ နိုင |
0 comments:
Post a Comment