သစ်ထူးလွင် သတင်းစုစည်းမှု ( ၁၆-၇)
သစ်ထူးလွင်
|
- ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်
- ဒုသမ္မတလျားထားခံရသူ ဦးမြင့်ဆွေ ရဲ့ သား တာရာမြင့်ဆွေ သြစတြေလျနိုင်ငံသားခံ ယူထား
- ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၁
- စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး နှင့် ပတ်သက်၍ NLD ကြေငြာချက် ထုတ်ပြန်မည်
- ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြန့်ကြာဦးမည် ဟုဆို
- ဇူလိုင် ၁၆ ရက် လွှတ်တော်မြင်ကွင်းများ (ဓါတ်ပုံ)
- ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်
- မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့်မရ
- နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
- တာဝန်သိ စီးပွားရေးဆောင်ရွက်မှု GE စလုပ်မည်
- ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ
- လွှတ်တော်မှာတိုင်းရင်းသားအခွင်
့အရေး အဆိုတင် - ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဗုဒ္ဓဘာသာ ကူးပြောင်း (ရုပ်/သံ)
- ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံလုပွဲ (ရုပ်/သံ)
- လယ်တောသူ အလှမယ်ရွေးပွဲ
- အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်
- ပုလောမြို့နယ် မှာ NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု
- ဦးဝီရသူ ရခိုင်ဒုက္ခသည်တွေကို သွားရောက်ကူညီ
- မင်းကိုနိုင်၏ ပထမဆုံးစာအုပ် နာရီပိုင်းအတွင်း ဈေးကွက်တွင် ပြတ်
- မောင်တောမျြိုတွင် တိုင်းရင်းသားများမှ UNနှင့်INGOs အဖွဲ့များကိုဆန့်ကျင်ဆန္ဒပြ
- ရွာခံ အမျိုးသမီးများကို မဖွယ်မရာ လုပ်ပြသူ တရုတ် ဝန်ထမ်း ၃ ဦးကို ဆားလင်းကြီးတွင် အမှုဖွင့် တိုင်ကြား
- ပုဒ်မ ၁၄၄ကို အခွင့်ကောင်းယူပြီး ဖေါက်ထွင်းမူများ မောင်တောတွင် တိုးပွားနေ
- ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး
- ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ
- ထွန်းတုံးတိုက်ပွဲ နောက်ဆုံးအခြေအနေ (သတင်း/ရုပ်သံ)
Posted: 16 Jul 2012 07:02 AM PDT
မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။
နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။ “ကျနော်တို့အနေနဲ့ နိုင်ငံသားတွေအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေမှာ ပိုမိုများပြားတဲ့ ရွေးချယ် စရာတွေ ပေးလိုပါတယ်။ ဒါဟာ လူတိုင်းအတွက် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကျိုးဖြစ်ထွန်းစေမှာပါ” ဟု ဦးကျော်စိုးက ဆိုသည်။ အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းဌာနကြီးမှူး ဦးကျော်စိုးက ပြောဆိုသည်။ လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ၇၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။ ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေသစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။ မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။ မဇ္ဈိမသတင်းဌာန | ||
Posted: 16 Jul 2012 06:45 AM PDT
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်းသိရပါတယ်။
ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခြဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းထားမှုဟာ ဒုတိယသမ္မတဖြစ်ဖို့  လက်ရှိသတ်မှတ်ချက်များနဲ့  ညှိစွန်းနေတာကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အခုလိုတွေ့ ရပါတယ်။ | ||
Posted: 16 Jul 2012 06:08 AM PDT
| ||
Posted: 16 Jul 2012 05:59 AM PDT
နေပြည်တော် ၊ ဇူလိုင် ၁၆
မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထားကို သီးခြား ထုတ်ပြန် ပေးသွားမည်ဟု ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် အရေးကြီး အဆို အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကို မဆို မည်သည့် နည်းလမ်းကို မဆို အသုံးပြု ၍ ဖြစ်စေ ညှိုနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အကြား မိုက်(Microphone)လု၍ ဆွေးနွေး ခဲ့ရသည် အထိ အခြေအတင် ဖြစ်ပွားခဲ့ရသည်။ ပြည်ထောင်စု အစိုးရ အနေနှင့် လူ့အခွင့်အရေး နှင့် တရားဥပဒေ စိုးမိုးရေးများကို အာမခံချက် ပေးရန် လိုကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရုံဖြင့် တိုင်းပြည် တိုးတက်လာမည် မဟုတ်ကြောင်း အုပ်ချုပ်သူ၊ အုပ်ချုပ်ခံနှင့် စနစ် အံဝင်ခွင်ကျ ဖြစ်ရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးသည်။ စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် ပြည်ထောင်စုက ဖြေလျှော့ ပေးလိုက်ပြီ ဆိုသော်လည်း အမေရိကန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ လာရောက် ခွင့်ပြုခြင်းသာဖြစ်ပြီး အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် မက်ကော်နယ်နှင့် အဖွဲ့ဝင် အချို့က စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ပေးရန် တင်ပြထားခြင်း ဖြစ်သည်ဟု သတင်း အခိုင်အမာ ရရှိထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျ The Voice Weekly | ||
Posted: 16 Jul 2012 05:56 AM PDT
နေပြည်တော်၊ ဇူလိုင် ၁၆
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းထားသော ဒုတိယ သမ္မတကို ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုရန် လတ်တလော အစီအစဉ် မရှိသေးသဖြင့် ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြာဦးမည်ဟု ထင်ကြောင်း ဒုတိယသမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ မိသားစုဝင် တစ်ဦးမှာနိုင်ငံခြားသား ခံယူထားသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုသမ္မတ ဖြစ်ရန် အရည်အချင်း မကိုက်ညီကြောင်း၊ ယင်းကြောင့် လွှတ်တော်တွင် တင်သွင်းရန် ကြန့်ကြာနေခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများနှင့် အစိုးရ အသိုင်းအဝိုင်းကြားတွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။ အမည်မဖော်လိုသော လွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း ယင်းသတင်းကို မမှန်ကန်ဟု မငြင်းလိုကြောင်း ဒုသမ္မတ အရည်အချင်း စစ်ဆေးရေး အဖွဲ့ဖွဲ့ထားပြီးဖြစ်ရာ အရည်အချင်းမပြည့်မီကြောင်း နောင်မှ ပေါ်ပေါက်ပါက ယင်းအဖွဲ့က တာဝန်ယူရမည် ဖြစ်ကြောင်းပြောကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများတွင် ရှိရမည့်အရည်အချင်းများတွင် "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊" ဟုအတိအလင်း ဖော်ပြထားသည်။ လစ်လပ်နေတဲ့ ဒုသမ္မတ ရာထူးအတွက် စိစစ် ရွေးချယ်ရမယ့် ဒုသမ္မလောင်း အမည်ကို ခုချိန်ထိ မသိရသေးဘူးလို့ ဒုသမ္မတ စိစစ် ရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရန် ဇူလိုင် ၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ မနက်ဖြန် (ဇူလိုင် ၁၇ ရက်နေ့) မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်လည်း ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်မည့် အစီအစဉ်တွင်လည်း ပါဝင်လာခြင်း မရှိသေးကြောင်းပြည်ထောင်စု လွှတ်တော် အစီအစဉ် လျာထားချက် အရသိရသည်။ The Voice Weekly | ||
Posted: 15 Jul 2012 10:32 PM PDT
ယနေ့နေ့လည်ပိုင်းတွင် ကျင်းပရန်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပေးပို့ထားသည့် ရခိုင်ပြည်နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ်ဥပဒေကို အတည်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က The Voice Weekly သို့ပြောကြားသည်။
| ||
Posted: 15 Jul 2012 09:24 PM PDT
နေပြည်တော်၊ဇူလိုင်-၁၆
ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေး န၀မမြောက်နေ့တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ မေးခွန်းခြောက်ခုတွင် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်က လယ်သမားများ လယ်ယာမြေပြန်လုပ်ခွင့်ပြုရန်နှ မဲဆန္ဒနယ်မှ ဦးကြီးမြင့်က စရိတ်မျှပေး ကျန်းမာရေး စနစ်နှင့် စပ်လျင်းသည့် မေးခွန်း၊ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် စပ်လျင်းသည့်မေးခွန်း အစရှိသည့် မေးခွန်းများအား မေးမြန်းကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုနှစ်ခုမှာ ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် စပ်လျင်းသည့်အဆိုနှင့် မြောက်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်းက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချလုပ်ဆောင်ရန်နှင့် စပ်လျင်းသည့် အဆိုများအား တင်သွင်းကြမည်ဖြစ်သည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့တ၀က်သာကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ြ 7Day News Journal | ||
Posted: 15 Jul 2012 09:01 PM PDT
မွန်ပြည်နယ် ရေးမြို့နယ်မှာ လာမည့် ဇူလိုင်လ (၁၉)ရက်နေ့ မှာ ကျရောက်မည့်
အာဇာနည်နေ့ တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ချီတက်အလေးပြုခွင့် လျှောက်ထားချက်ကို ရေးမြို့ နယ် ရဲတပ်ဖွဲ့ မှူးရုံးမှာ ငြင်းပယ်လိုက်ကြောင်းသတင်းရရှိ ရဲတပ်ဖွဲ့ ရုံးမှ ပြန်ကြားချက်အပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ | ||
Posted: 15 Jul 2012 07:21 PM PDT
AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။ ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အ၀င်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြားကြမှာ ဖြစ်ပါတယ်။ RFA - Burmese | ||
Posted: 15 Jul 2012 06:42 PM PDT
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံက ဗဟိုစည် ဆေးရုံနဲ့ ပန်းလှိုင် ဆေးရုံတွေက အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီကနေ အမေရိကန် ဒေါ်လာ ၂ သန်းလောက် တန်ဖိုးရှိတဲ့ ခေတ်မီရောဂါ ရှာဖွေရေးနဲ့ ကုသရေး စက်ပစ္စည်းတွေ ၀ယ်ယူခဲ့ပါတယ်။ အဲဒီလို ၀ယ်ယူခဲ့တဲ့ အရောင်းအ၀ယ် စာချုပ် လက်မှတ်ထိုးတဲ့ အခမ်းအနားကို ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တာကို မြန်မာနိုင်ငံရဲ့ GE ကိုယ်စားလှယ် စင်ကာပူအခြေစိုက် Sea Lion ကုမ္ပဏီက ဒါရိုက်တာ ဒေါက်တာ ၀င်းဇော်အောင်က အခုလို ပြောပြပါတယ်။ “အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက် နိုင်ငံခြားရေးဝန်ကြီး under secretary မစ္စတာ ရောဘတ်ဟောမတ်စ် (Robert Hormats) ရယ်၊ စီးပွားကူးသန်းဝန်ကြီးဌာနက under secretary မစ္စတာ ဖရန်ဆစ္စကို ဆန်းချက် (Francisco Sanchez) ရယ်၊ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချဲလ် (Derek Mitchell) ရယ်၊ တက်ရောက် ချီးမြှင့်တယ်။ ၃ ဦးစလုံးက ဒီစက်ပစ္စည်းတွေကို မြန်မာနိုင်ငံက ဆေးရုံတွေကို ရောင်းချနိုင်ခြင်း၊ ဒီဆေးရုံတွေကို မြန်မာလူမျိုးတွေ အသုံးပြုနိုင်ခွင့် ရရှိတာနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ၊ နှစ်နိုင်ငံ ဆက်ဆံရေး ပွင့်လင်းလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တွေ ပေးသွားပါတယ်ခင်ဗျ။” ဗဟိုစည် နဲ့ ပန်းလှိုင် ဆေးရုံကြီးနှစ်ခုက ၀ယ်သွားခဲ့တဲ့ စက်တွေဟာ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးထားတဲ့အတွက် မြန်မာလူထုအတွက် အဆင့်မြင့် ကျန်းမာရေး ၀န်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းကို သူက တဆက်တည်း ပြောပါတယ်။ “ဗဟိုစည်ဆေးရုံက ၀ယ်သွားတဲ့ GE 128 အော်တီမာ စီတီ ၆၆၀ ဆိုတဲ့ စက်ကတော့ အသေးစား ဆိုတဲ့ နည်းပညာ ထည့်ထားပါတယ်။ အဲဒီနည်းပညာဟာ ဓာတ်မှန်ရိုက်တဲ့အခါ ဓာတ်ရောင်ခြည်သင်မှုက ၄၀% လျော့ချလို့ ရပါတယ်။ အဲဒီတော့ လူနာတွေကို အကျိုးအများကြီး ဖြစ်ထွန်းစေမှာပါ။ နောက် ပန်းလှိုင်ဆေးရုံကို ရောင်းလိုက်တဲ့ GE အန်နိုဗာ အိုင်ဂျီအယ် ၅၃၀ ဆိုတဲ့ စက်ကတော့ နှလုံးသွေးကြောတွေ ခန္ဓာကိုယ်အနှံ့အပြားက သွေးကြောတွေကို ကြည့်ဖို့အတွက် ပုံရိပ်ဖော်စက်တခု အနေနဲ့ နောက်ဆုံးထုတ်တဲ့ စက်တခု ဖြစ်ပါတယ်။ ဒီလိုမျိုး စက်အကောင်းစားတွေကို မြန်မာလူနာတွေအနေနဲ့ စတင်သုံးစွဲခွင့် ရလာမယ့်ကိစ္စဟာ ကျနော်တို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပြေလည်လာပြီးတော့၊ ဒီထုတ်ကုန် product တွေကို မြန်မာပြည်သူတွေကို မိတ်ဆက်ပေးခွင့် ရတဲ့အတွက် ကျနော်တို့ အများကြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။” အခုလို မြန်မာနိုင်ငံအတွက် ပထမဆုံးအနေနဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီက မြန်မာလူထုအတွက် တာဝန်သိ စီးပွားရေး လုပ်ဆောင်မှုတွေ ဖြစ်လာအောင် ဘယ်လို အစီအစဉ်မျိုးတွေ လုပ်ဖို့ရှိသလဲဆိုတဲ့ အမေးကိုတော့ သူက အခုလို ဖြေပါတယ်။ “GE ကုမ္ပဏီမှာ GE foundation ဆိုတဲ့ Philanthropic wing (ကုသိုလ်ပြုတဲ့ဌာန) တခု ရှိပါတယ်။ မြန်မာနိုင်ငံ ဝေးလံခေါင်းပါးတဲ့နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရတဲ့နေရာတွေမှာ လိုအပ်နေတဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး တွေမှာ လိုအပ်တဲ့ အကူအညီတွေကို သူတို့အနေနဲ့ လှူဒါန်း ၀န်ဆောင်မှုတွေ ပေးသွားဖို့အတွက်ကို ကမ်းလှမ်းထားတာ ရှိပါတယ်ခင်ဗျ။ မြန်မာပြည်ကို မကြာခင်ပြန်လာပြီး ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူစာချုပ်တွေ ချုပ်ဆိုဖို့ အစီအစဉ်တွေ ရှိတယ်လို့ ကြားသိရပါတယ်။” မြန်မာနိုင်ငံအတွက် ပထမဆုံး ကျန်းမာရေး ၀န်ဆောင်မှုပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ Sea Lion ကလည်း မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ အတွက် ဘယ်လို ဆောင်ရွက်မှုတွေ လုပ်နေသလဲ ဆိုတာကို ဒေါက်တာ ၀င်းဇော်အောင်က တဆက်တည်း ရှင်းပြပါတယ်။ “ကျနော်တို့ Sea Lion ကုမ္ပဏီအနေနဲ့ ဆိုရင်လည်းပဲ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အဆင့်အတန်း မြင့်မားဖို့အတွက် အဓိကလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေကအစ အောက်ခြေ ကျန်းမာရေး နည်းပညာရှင်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေပေါ့နော်။ သူတို့ရဲ့ ပညာသင်ကြားရေးတွေ၊ နိုင်ငံခြားမှာ သွားပညာသင်ဖို့ ကိစ္စတွေမှာ တတ်နိုင်တဲ့ဘက်ကနေပြီး ပံ့ပိုးနေတာတွေ ရှိပါတယ်။ ကျနော်တို့က ဒီ ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ မြန်မာငွေကို သပ်သပ်ဖယ်ထားပြီး သင်ကြားရေး Training တွေမှာ အသုံးချသွားဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ပြန်ပေးသွားဖို့ အဓိကထားပြီး လုပ်နေတာတွေ ရှိပါတယ်။” အခုလို အမေရိကန် မြန်မာ စီးပွားရေး ဆက်သွယ်မှုလမ်းကြောင်း စပြီးတော့ပွင်လာတာကြောင့် မြန်မာလူထု ကျန်းမာရေးအတွက် ပံ့ပိုးပေးနိုင်မယ့် အလုပ်တွေကို ဆက်ပြီး လုပ်ကိုင်သွားဖို့ မျှော်လင့်တယ်လို့လည်း GE ကုမ္ပဏီရဲ့ မြန်မာကိုယ်စားလှယ်က ဗွီအိုအေကို ပြောဆိုပါတယ်။ By မမိုးဖြူ - ဗွီအိုအေ မြန်မာပိုင်း | ||
Posted: 15 Jul 2012 06:38 PM PDT
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြကောင်း တင်ပြနိုင်တယ်လို့ သူမရဲ့ လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော်က ပြောပါတယ်။ သူမအနေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆိုတွေကို တင်ပြသွားဖို့ ရှိပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ အဆိုနဲ့ မေးခွန်းပေါင်း ၄၀၀ ကျော် ရှိနေတာကြောင့် ဆွေးနွေးမေးမြန်းမှုတွေ ဘယ်တော့ ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဇေယျာသော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။ “ကျနော်တို့ အဆိုတွေ၊ မေးခွန်းတွေကိုတော့ တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆိုတဲ့နေရာမှာ အင်မတန်မှ စိတ်ဝင်စားတယ် ဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေမှာတော့ ပြင်ဆင်ဆဲ အခြေအနေလို့ပဲ ပြောလို့ရပါသေးတယ်။” လွှတ်တော်အတွင်း ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဟာ တပတ်တကြိမ် တနင်္လာနေ့တိုင်း နေပြည်တော်မှာ အစည်းအဝေး လုပ်ပြီး တပတ်အတွင်း လွှတ်တော်တွင်း ပြော ဆိုဖို့တွေကို ပြင်ဆင်တယ်လို့ ဦးဇေယျာသော်က ပြောပါတယ်။ “အမေစု အနေနဲ့ သီးသန့် သီးခြား ပြင်ထားတဲ့ အစီအစဉ်မျိုးတွေ မရှိပါဘူးခင်ဗျ။ ကျနော်တို့တွေက လွှတ်တော်ကိုယ်စားလှယ် အားလုံး တနင်္လာနေ့တိုင်း အစည်းအဝေး ထိုင်ပါတယ်။ တပတ် တပတ် အတွင်းမှာ ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို အစည်းအဝေး ထိုင်ကြပါတယ်။ အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ ကျရင်တော့ မနက်ဖြန်ည အစည်းအဝေး ထိုင်ပြီးတော့မှ တပတ်စာကို ကျနော်တို့က ဆုံးဖြတ်ကြမှာပါခင်ဗျ။” မနက်ဖြန် ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြပါတယ်။ “လွှတ်တော် အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်း ကြိုပြီးတော့ပေါ့၊ အဲဒါက tentative ပေါ့ သူတို့ ပေးထားတယ်။ အဲဒီအထဲမှာ ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အကြောင်းအရာ တခု နှစ်ခုလောက် ပါတယ်။ အဲဒီကိစ္စတွေ အတွက် ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းတင်ထားတဲ့ ပုဂ္ဂိုလ်များက လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေက လွှတ်တော်စည်းကမ်းအရ ကြိုသိသွားအောင် ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ ဆွေးနွေးဖို့ကတော့ ကျနော်တို့တွေလည်း ပြင်ဆင်နေကြတယ် ဆိုတဲ့အကြောင်း၊ အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။” သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကွမ်းဟိန်း မဲ ဆန္ဒနယ်က ဒေါ်နန်းဝါနု ရဲ့ အဆိုတခု တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘာတွေဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ By ကိုရဲကျော်အောင် - ဗွီအိုအေ မြန်မာပိုင်း | ||
Posted: 15 Jul 2012 06:35 PM PDT
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ချင်းတိုးတက်ရေး ပါတီ စတာတွေ ပါဝင်ကြပါတယ်။ ကွတ်ခိုင် အမတ်တင်သွင်းတဲ့ အဆိုပြုလွှာ ကို တိုင်းရင်းသားပါတီ တွေ က စုပေါင်း ဆွေးနွေးရာမှာ ဆုံးဖြတ်ချက် တခု ကျလာကြောင်း၊ အဲဒါကတော့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ဆိုင်ရာ ပြဿနာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံမကျမှု အပေါ် မူတည်ကြောင်း၊ ၂၀၀ဂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်မှသာ ပြဿနာ အရပ်ရပ် ဖြေရှင်းရာ ရောက်မယ်လို့ သဘောတူ ရာမှ ဆုံးဖြတ်ချက် ကို ဒေါ်အောင်ဆန်းစုကြည် ထံ ပို့လိုက်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်ရေးမှာ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် တွေ များနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါတီ က လူနည်းစု မို့ ဖြစ်နိုင် မဖြစ်နိုင် မေးခွန်းကို ဦးစိုင်းလိတ် က ရှင်းပြရာမှာ စစ်တပ် ကိုယ်တိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင် တဲ့ ပင်လုံညီလာခံ ပုံစံ ကျင်းပလိုတဲ့ ပြောသံကြောင့်၊ အတိုက်အခံ အင်အားစုတွေ တစိတ်တဝမ်းထဲ ရှိရေးသာ အဓိက ကျပုံ ကို ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။ ဘီဘီစီ မြန်မာပိုင်း | ||
Posted: 15 Jul 2012 08:47 PM PDT
ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး အစ္စလာမ်ဘာသာ
ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြောင်း သူရဲ့ အင်တာဗျူး ရုပ်/သံ တခုမှာ ပြောဆိုထားပါတယ်။ အင်တာဗျူး ရုပ်/သံ မှာ ဘာကြောင့် ဘာသာကူးပြောင်းခဲ့ တယ်ဆိုတာကို အင်တာဗျူး ရုပ်/သံ မှာ ရဲတိုက် ရဲ့ ပြောဆိုချက်တွေကို ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 15 Jul 2012 05:23 PM PDT
David Haye knocks out Dereck Chisora in the 5th Round.
David Haye vs Dereck Chisora - 14th July 2012 ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံလုပွဲ (ရုပ်/သံ) အစအဆုံးကို တဆက်ထဲ ကြည့်ရှုနိုင်ပါတယ်။ ကြာမြှင့်ချိန် ၄၆ မိနစ် ၅၉ စက္ကန့် ရှိပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 15 Jul 2012 04:39 PM PDT
ဇူလိုင် ၁၅ရက် နေ့ လယ် ၂နာရီ က MCC ခန်းမတွင် " Miss Farmer Contest " လယ်တောသူ ရွေးချယ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
The Voice Weekly မှ ရိုက်ကူးပြီ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြထားတဲ့ လယ်တောသူ အလှမယ် ဓါတ်ပုံပေါင်း (၂၅) ပုံကို တဆက်ထဲ ကြည့် ရှုနိုင်ပါတယ်။ ဓါတ်ပုံများကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ | ||
Posted: 15 Jul 2012 08:48 PM PDT
ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားတာြ |
0 comments:
Post a Comment