Wednesday, July 25, 2012

မဟောသဓာ မရှိရင် အခက်




သင်းတို့တစ်တွေက ဇိမ်ခံစား
ကလိမ်ဥာဏ်တွေကလည်း များလွန်းလှ
စကားတစ်ခွန်းဟရင်လည်း မုသားအပုပ်
ပလုပ်ဆေးလို့မှ မစင်

ဘီလူးမ ကြိုးစားတယ်။

မဟော်သဓာမရှိရင် အခက်
မဟော်သဓာဆိုတာ လူထု
လူထုမသိရင် အခက်

တင်မိုး
၂၃-၆-၂၀၀၁
 

  1 comment:

  1. မဟောသဓာမရှိရင် အခက်

    တခါတင်ထားပြီး၊ တယောက်ပို့တယ်။ ကျေးဇူး။ စာရိုက်တင်းထားသူတွေက ဆရာတင်မိုးရဲ့ တဝမ်းပူကို ပုံဖျက်တင်ကြတယ်။ ပြန်တင်ပြန်ထုတ်သမားတွေကလည်း စိတ်ဆိုးကြတဲ့ လက်ရေးမူ။ သူတို့ထင်သလို ပြင်ရ။

    ယဉ်ကျေးမှု ရေချိန်လွန်ပြီး
    ငါ့စကားတွေတောင် ကျွံခဲ့ပေါ့
    ရွံ့စရာတွေက များလွန်းတယ်။
    သင်းတို့တတွေက ဇိမ်ခံစား
    ကလိမ်ဉာဏ်တွေကလည်း များလွန်းလှ
    စကားတခွန်းဟရင်လည်း မုသားအပုပ်
    အရှုပ်ရှုပ်အထွေးထွေး
    ပလုပ်ဆေးလို့မှ မစင်
    အန်ချင်စရာ အမှားချည်းပါကလား။
    ဘီလူးနဲ့ အမေရင်း သားလုတော့
    မတရားမှုမှန်း သိရက်ကနဲ့
    သားကလေးထိမှာစိုးလို့
    အငြိုးတွေလျော့ပြီး လက်လွှတ်တာကို
    ဇွတ်တရွတ်အနိုင်ရဖို့
    ဘီလူးမ ကြိုးစားတယ်။
    မဟော်သဓာမရှိရင် အခက်
    မဟော်သဓာဆိုတာ လူထု
    လူထုမသိရင် အခက်။ ။ (တင်မိုး ၂၃-၆-၂၀၀၁ )

    စာရိုက်တင်ထားသူတွေက -
    သင်းတို့(တစ်)တွေက တဲ့။
    စကား(တစ်)ခွန်းဟရင်လည်း တဲ့။
    သားကလေးထိမှာ(ဆိုး)လို့ တဲ့။
    ကာတွန်းဆိုရင်တော့ မဖြစ် ဖြစ်အောင် ပြင်ကြတဲ့ခေတ်။ မဟောသဓာမရှိရင် အခက်။

    ဒေါက်တာတင့်ဆွေ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...