ရှေ့စိတ် ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား
y Zay Ya on Saturday, July 21, 2012 at 10:39am ·
(၁၀-၇-၆၂)
ဦးလွန်းဖေ၏ မေးမြန်းချက်
တပည့်တော် လျှောက်ထား လိုတာက ရှေ့စိတ် ကို နောက်စိတ် က သိရမယ် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ် မှာ အရှင် ဗုဒ္ဓဃောသ ကလည်း ဒီလိုပဲ ဟောထား ပါတယ်၊ ဒီ အရှင်ဘုရား ရဲ့ တရား မှာလည်း ရှေးစိတ် ကို နောက်စိတ် နဲ့ တွေ့ရမယ် ဒီလို ဆိုထား တော့ တပည့်တော် များ လက်တွေ့ လုပ်ကြည့် တော့လည်း ဒီအတိုင်းပဲ လုပ်လို့ ရပါ သလား ဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာ ထားတဲ့ ပုဂ္ဂိုလ် အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူး ဖြစ်နေတယ်၊ စိတ် အစဉ် တို့ မည်သည် မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေ နဲ့ ဒီလို တစ်ဝီထိ ပြီး တစ်ဝီထိ သွားနေတဲ့ အခါ ကျတော့ ရှေ့စိတ် ကို နောက်စိတ်နဲ့ ၀ီထိ ဒီလောက်များ နေပါလျက် နဲ့ ရှေ့စိတ် ကို နောက်စိတ် လုပ်လို့ မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့် မကျနိုင်ဘူး လို့ ဒီလို နားလည် ထားပါတယ်။
မိုးကုတ်ဆရာတော် ဘုရား၏ ဖြေကြားချက်
ဒီလို နားလည် ထားတော့ ဘုန်းကြီး ရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတန ဆိုတာ (တင်ပါ့)။ ကိလေသာဝီထိ မပါရင် ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ် မှန်က ရှိပါတယ်၊ အဲဒီ စိတ်ကလေး တွေ ပျက်တဲ့ အခါကျလို့ ရှိရင်တဲ့ နောက်စိတ်နဲ့ ရှု ဆိုတာ “မဂ်” ကို ဆိုလို ပါတယ်၊ ၀ိပဿနာ မဂ် ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိ ပါ၊ ဒီကြား ထဲမှာ ဘ၀င်တွေ ခြား ပါတယ်၊ အများကြီး ခြားပါ တယ်၊ ခြား ပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြား မရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိ မပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ် က မနောယတန နောက်စိတ် ကလည်း မနာယတန ပါပဲ (တင်ပါ့) မနာယတန မနာယတန ချင်း အာရုံ ပြုတယ် လို့ မှတ်ပါ၊ ဒါဖြင့် ရှေ့ မနာယတန က ဖြစ်ပျက်၊ နောက် မနောယတန ကလည်း ဖြစ်ပျက်၊ ရှေ့ ၀ီထိကို နောက် ၀ီထိနဲ့ ကြည့်၊ အလယ် မှာ ဘ၀င် တွေ ဘယ်လောက် ခြားခြား၊ ကိုယ့် သန္တာန်မှာ ဖြစ်တဲ့ ဘ၀င်က အာရုံ တစ်ခု ကို ကိုယ် ယူတာ ကိုယ် မသိပါဘူး (တင်ပါ့)။
နောက် ဆိုတာ အဝေးကြီး လို့ မှတ်ပါ
ကိုယ် ယူတာ ကိုယ် မသိတဲ့ အတွက် ယူထား တဲ့ အာရုံပဲ မဂ်က နေပြီး စူးစိုက်တဲ့ အတွက် ရှေ့စိတ် ကို နောက်စိတ် နဲ့ ရှုရတယ်၊ နောက် ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေ တစ်သိန်း ထား၊ ခြားပေမဲ့ ခင်ဗျား တို့မှာ အဖြစ် မရှိ ဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီ ကြား ကို သူတို့ ကလည်း နောက်စိတ် ခေါ်နိုင် တာပဲ၊ ခေါ်နိုင် ပေမဲ့ သူတို့ က အတိတ် က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိ တစ်ခု မခြားဘူး လို့ ယူလိုက် ပါ၊ ဘ၀င် ကတော့ များစွာခြားတယ် လို့ ယူပါ။
ကိလေသာ မခြား တာကို ဆိုတယ်
ဒါပေမယ့် “ရှေ့စိတ် ကို နောက်စိတ် နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား?
ကိလေသာ မခြား လို့ ရှိရင်ဖြင့် ရှေ့စိတ် နဲ့ အပျက် ကို နောက်စိတ် နဲ့ မြင်နိုင် တယ်၊ ကိလေသာ ခြားလို့ ရှိရင် ကိလေသာ အမှောင်ကွယ် တဲ့ အတွက် ရှေ့စိတ် ကို မမြင် နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ ရှု ဆိုတဲ့ ၀ိသုဒ္ဓိမဂ် က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိ လို့ သတိပဋ္ဌာန် က ရေးရေး၊ ဒါက သရာဂ စိတ် ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင် ဘူးလား (ဖြစ်နိုင် ပါတယ်) ဒါဖြင့် ရှေ့စိတ် ကို နောက်စိတ်နဲ့ ရှု ဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာ ကိုကော မကိုက် ဘူးလား (ကိုက် ပါတယ်) ဒီပါဠိ ကို အကိုးအကား ထားပြီး ၀ိသုဒ္ဓိမဂ် က ရှေ့စိတ် ကို နောက်စိတ် နဲ့ ရှုပါ ဆိုတာပဲ။ ဒီကြား ထဲ စိတ်တွေ ဘယ်လောက် ရှိသတုံး၊ မသိနိုင် ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့် ဟာ ကိုယ် ဖြစ်တာ ကို ကိုယ် မသိပါ ဘူး ကိုယ့်ဟာ ကိုယ် ဖြစ်တာ ကို ကိုယ် မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့ မယူပါ နဲ့တော့” ခြား ခဲ့သော် ကိလေသာ ခြားရင်လည်း ရှေ့စိတ် ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေ ပေးလိုက်ပါတယ်။
ကိလေသာ မခြား လို့သာ မြင်တာ
ရှေ့စိတ် ချုပ်သွား တာကို နောက်စိတ်က မြင်တယ် ဆိုရင် ကြားမှာ ကိလေသာ မခြား လို့သာ မြင်ခြင်း ဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မ နိမိတ်, ဂတိ နိမိတ် သုံးပါး အတိတ် က အာရုံ ကို ယူနေတဲ့ အတွက် သူနဲ့ ကျုပ် တို့နဲ့ ဘာမျှ မဆိုင် (တင်ပါ့)။
ကိုယ့် သန္တာန် မှာ သက်စောင့် သာ သူ ဖြစ်တယ်၊ မသေ အောင် စောင့် တာသာ ဖြစ်တယ်၊ အာရုံ ကို ကန့်ကွက် တဲ့ သဘော နဲ့ မယူ ပါနဲ့၊ ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက် မဂ် ဆိုတာ သဘောကျပြီ လား၊
.................
အမ ထားထားမိုး ထံမှ
.................
0 comments:
Post a Comment