Saturday, July 7, 2012

သို့.....အမေ


by မိုးကြာညို မိုး on Saturday, July 7, 2012 at 7:22am 

                
ဆူနာမီရေလှိုင်းလုံးကြီးများ၏အော်ဟစ်သံ၊ မာလာမုန်တိုင်း၏သေမင်းတမန်လေချွန်သံ၊
အီရတ်စစ်ပွဲများ၏ အမြောက်ဆံ ဗုံးသံ၊ ငတ်မွတ်နေကြသောဝမ်းဗိုက်တို့၏တောင်းပန်ငိုယိုသံ၊
သေအံ့မူးမူးအချိန်၏ခြောက်ခြားဖွယ် ရေရွတ်ညည်းတွားသံ..........

အသံ…အသံ....အသံတွေရဲ့ကြားမှာ အဖြူရောင် ၀တ်လုံတစ်ထည်ရဲရင့်စွာ ပျံဝဲခဲ့ပေါ့…………

မြတ်ဗုဒ္ဓ သည် ဆင်ဆိုးကြီးဠာနာဂီရိ ကိုလည်းကောင်း၊ မာန်နတ်၏ ရန်ဇောင်းမာန်ကြွနေသော နတ်စစ်သည် တို့အား လည်းကောင်း၊ ယနေ့ထိတိုင် လူသားတို့၏ ရင်တွင်းမှ ဒေါသ၊မောဟ၊ မာန်မာန တို့အားလည်းကောင်း မေတ္တာဖြင့် အေးငြိမ်းစေခဲ့သည်။


ယေရှုခရစ် သည်ဒေါသူပုန်ထရန်လိုနေကြသော လူထုကြီးနှင့် ဘာသာရေးဆရာ ကျမ်းတတ်တို့အားလည်းကောင်း၊ အာဏာ ရမ္မက်၏ ကျေးကျွန် ရောမစစ်သည်တော်တို့အား လည်းကောင်း၊ ယနေ့ထိတိုင် လူသားတို့၏ ရင်တွင်းမှ ဒေါသ၊မောဟ၊ မာန်မာန တို့အားလည်းကောင်း မေတ္တာဖြင့် အေးငြိမ်းစေခဲ့သည်။

ထိုထိုသောမေတ္တာတို့ကို ၀တ်ဆောင်လျက်၊ အဖြူရောင်ဆာရီကိုခြုံရုံလျက၊် အရပ် ၅ ပေမျှသာ ရှိသော၊ လူလတ်တန်းစား မိသားစု ၏ ပြည့်စုံပျော်ရွှင်မှုကို စွန့်လွှတ်ကာ မြတ်သောအကျင့်ကိုကျင့်ခဲ့သော၊ အုတ်ကြွပ်မိုးတိုက်...လှပသောပန်းခြံ...ချစ်စဖွယ်သော အထက်တန်းစား ကျောင်းသူများကို အုပ်ချုပ်ရတဲ့ ကျောင်းအုပ်ဘ၀ကိုစွန့်လွှတ်ပြီး လမ်းဘေးမှ ညစ်ပတ်ပေရေနေသည့် အကလေးငယ်တို့ကို စာသင်ပေးခဲ့သော၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုကို ပုန်ကန်၊ ဘာသာရေးထုံးတမ်းဓလေ့ တို့ကို မျက်ကွယ်ပြုဆန့်ကျင့်ကာ ဘာသာမရွေး၊ လူမျိုးမခွဲ၊ ချမ်းသာဆင်းရဲ မခြားနားစေဘဲ မေတ္တာ ပြခဲ့သော....

အဖြူရောင်ဝတ်လုံရှင် အမေထရီဇာ ရယ်ပါ………..

သူဆင်းရဲတို့အတွက် မိမိပိုင်ဆိုင်သမျှ အရာရာစွန့်လှူခဲ့သော၊ အနူအရွဲ လက်ခြေတို့ကိုကြင်နာစွာ သုတ်သင်ပေးခဲ့သော၊ သူသေတို့အတွက် နားခိုလှဲလျောင်းရာ ဖန်တီးပေးခဲ့သော၊ ချိုးခြံခြင်းအကျင့် ဆောက်တည်လျက် လူသိန်းပေါင်းများစွာကို ၀လင်အောင်ကျွေးမွေးခဲ့သော...

မေတ္တာရှင် အမေထရီဇာ ရယ်ပါ……….

အမေရေ…အရှေ.အလယ်ပိုင်းမငြိမ်းချမ်းခင်မှာ..အကျွန်တို့အရှေ.ဖျားမှာ နာဂစ်မုန်တိုင်း ၀င်မွှေပြန်လေရဲ့…အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အို တို့မိသားစုနဲ့ ဝေးခဲ့ရပြီလေ..မိသားစုမဲ့ခဲ့ ကြရပါပြီ…နောက်ဆက်တွဲပြသနာ အလုံးအထွေးတွေနဲ့

“မုန်တိုင်းက ဘာလို့ ငါ့ကိုမခေါ်သွားရတာလဲ” တဲ့……..

“သားတို့မှာမေမေမရှိတော့ဘူး..အိမ်လဲမရှိတော့ဘူး”တဲ့......

“ ပင်လယ်ထဲမျောပြီးပါသွားတာ ဘာလို့ ငါ မဖြစ်ရတာလဲ” တဲ့…အမေရယ်

ကလေးတွေလဲတက်စရာကျောင်းမရှိသေးဘူး…သောက်ရေအတွက်ရေတွင်းလဲမပြည့်စုံသေးဘူး…..အမေ..
ပေးစာကမ်းစာမစားချင်လို.ကိုယ့်လယ်လေးပြန်လုပ်မယ်ဆိုပြန်တော့လည်း…
ဘယ်မှာလဲ ကျွဲ၊ နွား နဲ့ မျိုးစေ့ ....... ဆားငံရေ၀င်တဲ့ လယ်မြေတွေကိုလည်း ၃-၄ နှစ် ပစ်ထားရဦးမယ်တဲ့…..အမေရယ်

အမေသာရှိရင် အမေဘာလုပ်မလဲ….

အမေကတော့...ကောင်းမွန်တဲ့နေရာတစ်ခုခုမှာရောက်နေလောက်ပြီပေါ့..…ပြုံးလို့ရယ်လို့လေ…
အမေကိုယ်တိုင်သဂြို င်္လ်ပေးလိုက်တဲ့ အမေ့သားသမီးတွေနဲ့တောင် တွေ့နေမလားပဲနော်…

ဟင်..ဘာရယ်အမေ…အကျွန်က နားလေးမျက်စိမွဲလှပါတယ် ကျယ်ကျယ်လေးပြောပေးပါလားဟင်..

အမေငိုနေတယ်..ဟုတ်လား..
အမေ့လိုအားနွဲ.ပြီး ရောဂါဖိစီးနေတဲ့ အမယ်အိုလောက်တောင်သားတို.သမီးတို.လူငယ်တွေမသန်စွမ်းကြလို့....
အမေငိုနေတယ်..

မငိုပါနဲ့အမေရယ်…အကျွန်တို့ကြိုးစားပမ်းစားလုပ်ကိုင်နေကြတာ အမေ့အမြင်ပဲမဟုတ်လား..

အမေ..ပြန်ပြောပါဦးလား..အကျွန်နားလေးတာသိရက်နဲ့ပြန်မိန့်ပါဦး..အမေ..

သားတို.သမီးတို.့လက်ကလုပ်နေပေမဲ့ရင်ထဲကမေတ္တာဘယ်ရောက်နေလဲတဲ့လား????
ကလေးတို့က ဂရုဏာထားပြီး လုပ်နေပေမဲ့ ရင်ထဲကမေတ္တာစစ်မပါသေးလို့….ဟုတ်လားအမေ???

သားတို့သမီးတို့ကားအကြီးကြီးတွေနဲ့သွားလာ ၊ ဒေါ်လာကြေးငွေတွေကိုင်တွယ်သုံးစွဲနေတဲ့အခြေအနေမျိုးမှာ  
အမေက ဖိနပ်တောင်မပါဘဲ ငွေကြေးတပြားတချပ်မှမရှိဘဲ ရင်ဆိုင်ခဲ့ရတာ မေ့နေကြပြီလားတဲ့….

ဟင်.....အကျွန်တို့ရဲ့ နှလုံးသားမှာမေတ္တာစစ်ရှိမနေဘူးတဲ့လားအမေ......

ဒါကအခြေအနေအရ.......

အို..အမေခေါင်းခါတယ်..ဘာလို.ဘာကြောင့်များပါလဲ အမေရယ်..

အမယ်အိုလဲ..ဒီအခြေအနေဆိုတာတွေကိုရင်ဆိုင်ဖြတ်သန်းရုန်းကန်ခဲ့ရတယ်ကွယ်..

သားတို့သမီးတို့မှာ ရုန်းကန်ဖို့ ပြောင်းလဲဖို့ခွန်အားမရှိတော့ဘူးလို့အမေဆိုလိုတာလားဟင်..

ဒါဆိုခွန်အားပေးပါနော်..အမေ..အမေ့လိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ရဲရင့်မှုနဲ့ သတ္တိတွေပေးမျှ ပါလားအမေ..
ဦးဆောင်လမ်းပြပါဦး..အမေထရီဇာရယ်....

အဲ....မလိုဘူး..အဲဒါတွေမလိုပါဘူး..ဘယ်လိုကြီးလဲအမေရယ်..အကျွန်ခေါင်းရှုပ် လိုက်တာအမေရယ်....

နှလုံးသားကြီးကြီးထဲမှာ မေတ္တာအများကြီး ထည့်ထားလိုက်ပါ တဲ့လား

အမေ..အကျွန်တို့..လူငယ်တွေကြိုးစားပါ့မယ် အမေ......
အမေထရီဇာ ရဲ့ ခြေဖ၀ါးအောက်က မြူတစ်မှုန်လောက်ကို မှီအောင် ပေါ့…
အကျွန်တို့ကြိုးစားပါ့မယ်..အမေရယ်

သားသမီးတို.ကြောင့် အမေထရီဇာ ရောက်ရာဘုံဘ၀မှ ပြုံးပျော်နိုင်ပါစေ

ချစ်တဲ့အမေ့သမီး
မိုးကြာညို

(ဦးလေးဘိုဟန် Bo Han ရဲ့ Wall မှာ မာသာထရီဇာပုံ share ယူထားတာတွေ့လို့ လွန်ခဲ့တဲ့ ၃နှစ်လောက် (နာဂစ်ပြီးစအချိန်) က ရေးဖြစ်ခဲ့တဲ့ စာအဟောင်းလေး ပြန်တင်မိပါတယ်.... ပုံရဲ့မူရင်းပိုင်ရှင်ကိုလဲ ခွင့်မတောင်းဘဲ ယူသုံးမိတာ ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...