သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၇)
သစ်ထူးလွင်
|
- ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်
- မရမ်းကုန်းရဲစခန်း၌ လူသတ်မှုအားစစ်နေစဉ် စစ်ဆေးခံနေရသူ တစ်ဦး သေဆုံး
- တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့် ဒု.သမ္မတအား ကန့်ကွက်ခွင့်ပြု
- ဒုသမ္မတနေရာအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းပြီဟုဆို
- မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နော်ဝေအစိုးရ ကူညီမည်
- ယနေ့ လွှတ်တော်တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
- လယ်ယာမြေပြဿနာ မှတ်တမ်းကားကို ဆက်လက်ရိုက်ကူးသွားမည်ဟု ဒါရိုက်တာဝိုင်း ပြောကြား
- ကျောက်ဖြူတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ
- လုပ်ဆောင်မှုက ပဓာနကျ ဦးဌေးဦးဆို
- သုံးခွမှာ လယ်တွေ ရေမြုပ်
- အတိုက်အခံလုပ်ရန်လွှတ်တော်တက်ြ
ခင်းမဟုတ်ဟုဒီချုပ်ဥက္ကဌလမ်းညွှန် - ဇူလိုင် ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရန် မရှိ
- မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
- ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
- ရွှေပြည်သာမှာ ဆန္ဒပြ
- ကုန်သွယ်ရေးကို တိုးမြှင့်ဖို့အတွက် အမေရိကန် အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကိုစေလွှတ်ဖို့ ရှိ
Posted: 10 Jul 2012 06:54 AM PDT
မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးနေတဲ့ ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာက ရေးသားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက် မှာ ထိုင်း-မြန်မာ နယ်စပ် ကပ်လျက်မှာ ရှိတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အစိုးရ စစ်ကြောင်းက နယ်မြေ စိုးမိုးရေး ရှင်းလင်းစဉ်မှာ စီးပွားဖြစ် ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးကြတဲ့ ထိုင်းနိုင်ငံသားတွေကို လက်နက်ခဲယမ်း တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၆၁ ယောက်မှာ အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ပါတယ်။ သူတို့ကို ဥပဒေကြောင်း အရ အရေးယူသွားမှာ ဖြစ်သလို ဒီကိစ္စအတွက် ထိုင်းအစိုးရနဲ့ သံတမန်ရေးအရ ဖြေရှင်း ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yuththasak က ထိုင်းနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံထားရကြောင်း၊ သူတို့ဟာ ရော်ဘာ စိုက်ခင်း၊ ဆေးခြောက်စိုက်ခင်း အပြင် လက်နက်ခဲယမ်းတွေပါ ကိုင်ဆောင်ထားကြကြောင်း အတည်ပြု ပြောဆိုပါတယ်။ သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို မလည်ပတ်ခင်မှာ သူတို့ အားလုံး လွတ်မြောက် လာမယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာဘက်ခြမ်းမှာ ဒီထိုင်းနိုင်ငံသားတွေ တရားမဝင် စိုက်ပျိုးထားတဲ့ ရာဘာစိုက်ခင်း မြေတွေကို တရားဝင် ငှားရမ်း စိုက်ပျိုးနိုင်ဖို့အတွက် မိမိအနေနဲ့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံကို လည်ပတ်တဲ့ အခါ ဆွေးနွေးမယ်လို့လည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။ RFA Burmese | ||
Posted: 10 Jul 2012 06:44 AM PDT
မရမ်းကုန်းမြို့နယ်ရဲစခန်းမှ ဇွန်လအတွင်းက သေဆုံးခဲ့ သောမပိုပိုးမော်၏ အမှုအား စစ်ဆေးစဉ် အစစ်ဆေးခံနေရသူတစ်ဦးမှာ ရဲစခန်း၌ပင်သေဆုံးမှုဖြစ်ပွားခဲ့
ဖြစ်စဉ်မှာသေဆုံးသူကိုကုလားကြီး သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Jul 2012 06:20 AM PDT
“ဒု.သမ္မတ နေရာရွေးချယ်ခွင့်ရှိတာက တပ်မတော်သား ၂၅ခိုင်နူန်းကပါ။ သူတို့ရွေးချယ်တဲ့ သူကိုတော့ လွှတ်တော်ထဲမှာ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်ရတဲ့အကြောင်းအရာကိုတော့ ခိုင်လုံတဲ့အချက်အလက်၊ အကြောင်းပြချက်ကိုတော့ တပ်ပြဖို့လိုတယ်”ဟု---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Jul 2012 06:03 AM PDT
လစ်လပ်သွားသည့် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာသို့ အစားထိုးရန်အတွက် တပ်မတော်သား ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချု
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Jul 2012 05:52 AM PDT
နော်ဝေ အစိုးရက မြန်မာ့ ခရီးသွားလုပ်ငန်းကို အကူအညီ ပေးမယ်ဆိုတာ မှန်ကန်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင်က အတည်ပြု ပြောတယ်လို့ သိရပါတယ်။
ဘယ်လို အကူအညီတွေ ပေးမယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် လာမယ့် နှစ်အနည်းငယ် အတွင်း ရန်ကုန်ကနေ မိုင် ၃ဝ နီးပါး ဝေးတဲ့ ပဲခူးမြို့နယ် အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ် တည်ဆောက် မယ်လို့ ဒုတိယ ဝန်ကြီး ဦးဌေးအောင်က ပြောဆိုကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ များလာနေတာကြောင့် ပြည်တွင်းမှာ ဟိုတယ်ခန်းတွေ အလုံအလောက် ဝန်ဆောင်မှု မပေးနိုင်သေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ညိနှိုင်း ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။ RFA Burmese | ||
Posted: 09 Jul 2012 10:05 PM PDT
ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ပထမအကြိမ်စတုတ္တပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် ။ ဓါတ်ပုံပေါင်း(၁၁) ပုံကို တင်ပြထားပါ
တယ်။ ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jul 2012 09:14 PM PDT
ဒါရိုက်တာ ၀ိုင်းက လယ်သမားတွေရဲ့ ဘ၀အကြောင်းနဲ့ လယ်ယာမြေပြဿနာ အကြောင်း မှတ်တမ်းကားအတွက် သူ ရိုက်ကူး ထားတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လက ပြင်ဦးလွင်မှာ ဖျက်ဆီးခံလိုက်ရတဲ့အပေါ် တစ်စုံတစ်ရာတုံ့ပြန်မှု ပြုလုပ်သွားမှာ မဟုတ်သလို မှတ်တမ်းကားကိုလည်း ပြီးဆုံးတဲ့အထိ---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jul 2012 08:32 PM PDT
ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြ သည်။
ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီကိုင်ဆောင် ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။ “ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။ ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြတောင်းဆို ခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။ ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။ “ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။ ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီးများကျောင်းသား များ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။ ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင်အုပ်ချုပ်ရေး မှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ပျက်စီးနေသော ငလကျွန်း- ဂုံးရှိန်လမ်းအတွက် ပြုပြင်ရန် အတွက် ဒေ၀ူး ကိုးရီးယား ကုမ္ပ္ပဏီမှ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ထုတ်ပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသ အာဏာပိုင်များက လမ်းကို ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အပါအ၀င် ဒေသခံများ အကြားတွင် အထူးမကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။ နိရဉ္စရာ သတင်းဌာန | ||
Posted: 09 Jul 2012 07:45 PM PDT
၁၉၈၈ မတိုင်ခင် ကထဲက ပါတီစုံ စနစ် ပြောင်းဖို့ စတင် စိုင်းပြင်း ခဲ့ကြပြီး အစဉ် အဆက် အားထုတ် ခဲ့ကြလို့ ကနေ့ အထိ ပြောင်းလဲ လာတာ ဖြစ်တယ် လို့လဲ ဆိုပါတယ်။ ပြောင်းလဲ မှု အဆင့်တိုင်းကို ကြံ့ခိုင်ရေး က မကန့်ကွက် ခဲ့ဘဲ တိုင်းပြည်နဲ့ ပြည်သူ အများ ကို ထိခိုက် တာတွေ ရှိလာရင် အခြေခံ ဥပဒေ ပြင်ရေးကို လဲ ထောက်ခံ သွားမယ် လို့ သူက ဆိုပါတယ်။ တိုင်းပြည် တိုးတက် ပြောင်းလဲဖို့ တည်ငြိမ် အေးချမ်းရမယ်၊ စီးပွားရေး ကောင်းပြီး နိုင်ငံနဲ့ နိုင်ငံသား တွေ အကျိုး ဖြစ်ထွန်း ရမယ်၊ လူစွမ်းအား ရင်းမြစ် တွေလဲ ဖွံ့ဖြိုးမှ တိုင်းပြည် တိုးတက် နိုင်တယ်လို့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး အမြင် တွေကို ပြောကြား သွား ပါတယ်။ ဘီဘီစီ မြန်မာပိုင်း | ||
Posted: 09 Jul 2012 07:42 PM PDT
သုံးခွမြို့နယ်က ရွာပေါင်း ၆ဝ ကျော် ထဲက ရွာ၎ဝ ကျော်က စပါးခင်းတွေ ရေမြုပ် ပျက်စီးနေတာလို့ လယ်သမား တွေက ပြောပါတယ်။ ဒီလို လယ်ကွင်းတွေရေမြုပ်ရတာဟာ ရေငံမ၀င်အောင် တားဖို့ လုပ်ထားတဲ့ သုံးခွရေထိန်း တံခါး ပိတ်ဆို့နေလို့ မိုးရေတွေ မထွက်နိုင်ဘဲ ရေ၀ပ်နေတာလို့ ပြောပါတယ်။ အာဏာပိုင်တွေ ဘက်က ရေငံမ၀င်အောင် လုပ်ထားပေမယ့် မိုးရွာရင် မိုးရေတွေ အလွယ်တကူစီးနိုင်အောင် စီမံ မထားတာကြောင့် လယ်သမားအများစု နစ်နာမှု ရှိခဲ့တယ်လို့ သိရပါတယ်။အာဏာပိုင်တွေ ဘက်ကတော့ မြို့နယ် အုပ်ချုပ်ရေး မှူး ကိုယ်တိုင် ရေတံခါး သွားကြည့်ပြီး ဖွင့်ပေးထား တယ်လို့ သုံးခွ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ တဦးက ဖြေကြားသွား ပါတယ်။ လယ်သမားတွေ ဘက်ကတော့ မနှစ်ကလည်း ဒီလို ရေမြုပ်တာမျိုး ၃ကြိမ်လောက် ဖြစ်ခဲ့ တာမို့ ဆုံးရှုံး နစ်နာခဲ့ရပြီး ဒီနှစ် ပထမဆုံး အကြိမ် မြုပ်တာမို့ နောက်ထပ် စိုက်မယ့် စပါးခင်းတွေ ရေထပ်မြုပ် မှာကို စိုးရိမ် နေကြပါတယ်။ ဆိုင်ရာ က ရေထိန်း တံခါးတွေနဲ့ ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် ပြုပြင်မပေးဘူး ဆိုရင် မကြာခင်မှာ ဆန္ဒပြ တောင်းဆို ကြမယ် လို့လည်း ပြောပါတယ်။ ဒီသုံးခွ ရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်က ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စအသုံးပြု ကထဲက မိုးများတဲ့ နှစ်တိုင်း ရေတံခါးအထက်ပိုင်း အရပ်တွေမှာ ဒီလိုမျိုး ရေနစ်မြုပ် မှုတွေ မကြာခဏ ဖြစ်လေ့ ရှိတယ်လို့ သိရပါတယ်။ ဘီဘီစီ မြန်မာပိုင်း | ||
Posted: 09 Jul 2012 07:28 PM PDT
ယနေ့ည ၇နာရီခွဲတွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် လွှတ်တော်တက်သည့် ရည်ရွယ်ချက်သည် အတိုက်အခံလုပ်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ် ကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jul 2012 07:23 PM PDT
လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ နေရာအတွက် ခုနှစ်ရက်အတွင်း အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စု လွှတ်တော်နာယကက တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကို ပြောကြား ထားသည့် ခုနှစ်ရက်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ခေါ်ယူရန် မရှိဟု ---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Jul 2012 07:17 PM PDT
ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူတစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။ "ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ်ချင်တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ" ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီအပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘောတူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ်အိုးအိမ်ဦးစီးဌာနထံ အယူခံဝင်နိုင်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။ ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ၀င်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။ သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။ RFA Burmese | ||
Posted: 09 Jul 2012 07:10 PM PDT
လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။ ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။ လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ RFA Burmese | ||
Posted: 09 Jul 2012 07:07 PM PDT
စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။ "ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူးဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက်ကိုလည်း အလုပ်မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်" အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုကို အလုပ်သမားခေါင်းဆောင် ကိုထွန်းလင်းအောင်က ၀င်ရောက် ဖြေရှင်းပေးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ်ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မမာမာဦးက ပြောပါတယ်။ ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။ RFA Burmese | ||
Posted: 09 Jul 2012 08:21 PM PDT
မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို
အရှိန်တိုးမြှင့်ဖို့အတွက် အမေရိကန် အစိုးရက အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကို---- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment