Tuesday, July 17, 2012

" သမ္မတကြီးဦးသိန်းစိန်သို့ စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ်နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ ရင်ဖွင့်သံ"


by အား မာန် on Tuesday, July 17, 2012 at 10:09am 

အငြိမ်းစားသစ်တောဝန်ထမ်းဧရာဝတီတိုင်းသားတစ်ဦးမှ ဒေါင်းမာန်ဟုန်ဆိုဒ်သို့ပေးပို့တဲ့စာကို တင်ပြလိုက်ပါတယ်....

ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင်ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့တက်ရောက်ခဲ့ပြီးသစ်တောသိပံ္ပဘွဲရရှိခဲ့ပြီးမိမိတိုင်းမှာပြန်လည်ထမ်းဆောင်ခွင့်မရပဲမြန်မာပြည်အနှံတာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တောဝန်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှစလို့
ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး ၊ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေ ရဲ့ နေရာယူမှု့ ၊ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများ သာ ရာထူးရရှိမှု့တွေနဲ့ သစ်တောဝန်ကြီးဌာနတခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။

ရာထူးနေရာယူမှု့တွေ၊စီးပွားရေးလက်ဝါးကြီးအုပ်မှု့တွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများအားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။

အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကျတာပါ။ဦးသိန်းအောင် ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူရကျပါတယ်။
FORESTER များနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုပ်လုပ်ရေးဌာနမှာလဲကျွန်တော်တို့ FORESTER များ တသက်လုံးကုန်းရုန်းပြီး ပင်စင်ယူခါနီးအထိတောထဲတောင်ထဲမှာနေခဲ့ပြီး ကြိုးစားပြီးအားထုပ်ကုန်းရုန်းအပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွေကိုယ်ဗိုလ်ကြီးဗိုလ်လေးတွေက နေရာအခန့်သားဝင်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ FORESTER မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်ကထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။

အထူးသဖြင့်ဦးသိန်းအောင်လက်ထက်မှာတော့သစ်တောဘွဲရတွေကိုမသုံးပဲသစ်တောအကြောင်းနားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေ နဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင်ခုတ်ပြီး သူတို့ မိသားစု နဲ့ လူယုံ လက်တဆုတ်စာ နဲ့စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကိုဖျက်သွားတယ်ဆိုတာ အထောက်အထားတွေနဲ့ ငြင်းလို့မရပါဘူး။
အဲဒီကာလရဲ့ သစ်တောတွေပြုန်းတီးမှု့ကိုစစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာသမိုင်းမှာ
မှတ်တမ်းတင်ထားလို့ရပါတယ်။
ကျွန်တော်တို့ FORESTER ပညာနဲ့ ပြောပြရှင်းပြသမျှလက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိမ်းခြောက်တားဆီးခဲ့ပါတယ်။

သူမိသားစု ၊သူတပည့်တွေနဲ့ နီးစပ်ရာလုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်းအလွန်ချမ်းသာမှု့ကတော့မရေတွက်နိုင်အောင်ချမ်းသာသွားကြတယ်လို့ကြားသိထားရပါတယ်။ကျွန်တော်တို့ကတော့ မပေးနိုင်တော့အဝေးမှာပဲ နေရပါတယ်။
ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီးအဆက်ဆက်နေလာခဲ့သမျှစိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင်မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေမပျော်ခဲ့ကြပါဘူး။ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန်ငါ့တို့ကို ပြသာနာရှာဒုက္ခပေးမလဲလို့ စိုးထိပ်နေရပါတယ်။

သစ်တောဝန်ကြီး ဦးသိန်းအောင် ရွေးကောက်ပွဲကာလနေထိုင်ခဲ့သည့် ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် အကုန်ကျခံဆောက်လုပ်ထားသည့် အိမ်
နိုင်ငံတော်သမ္မတကြီးကဒီမိုကရေစီခေတ်ဖော်ဆောင်လုပ်ကိုင်နေသော်လည်းကျွန်တော်တို့ဧရာဝတီတိုင်းအတွင်းတွင်တော့ ဦးသိန်းအောင်ဝန်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှု့များ ၊ပြောင်းလဲမှု့များမရှိသေးပါခင်ဗျာ။
အပေါ်ယံ လှုပ်ရှားမှု့လေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီးနောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက် သူကိုယ်ကျိုး အတွက်သာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ့်နေထိုင်ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကိုတိုးတက်ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစားစောင့်ကြည့်နေမိပါတယ်။

ဧရာဝတီလွတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှု့များ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်းလွတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။
ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်ကလာကျတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင်လုပ်နေတယ်ဆိုတာ သဘောပေါက်လက်ခံလိုက်ပါတယ်။

ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင် ၊ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ကိုယ်ရေးအရာရှိပဲဖြစ်ပါတယ်။
အဲဒီလူတွေကိုရှာကျွေးနိုင်တဲ့သူမိသားစုကို ဝေယျာဝစ္စလုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့တပည့်တွေကတိုက်ထုပ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့လွင့်ထွက်သွားကြပါပြီခင်ဗျာ။
ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲဖြုတ်ထုပ်သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက်ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။
ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်ပြီး သူမိန်းမ သူသမီးတွေနဲ့ သူတပည့် ဗိုလ်မှုးကလေးမောင်ငွေလင်မယား နဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွေ့ရတာထုံးစံဖြစ်ခဲ့ပါတယ်။

ပိုဆိုးတာကဗိုလ်မှုးလေးမောင်ငွေလင်မယားကြောင့်ဦးသိန်းအောင်ရဲ့တပ်တွင်းနေစဉ်ကထဲကသားသမီးပမာနေလာတဲ့ဗိုလ်ကြီးသန်းဦးပါ လွင့်စင်ထွက်သွားရပါတယ်.။
ကျွန်တော်တို့ နယ်တွေသို့ ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်းနောက်တော်ပါတပည့်တွေကို ပါ ကြောက်ရွံပြီးကျန်ဝန်ထမ်းများမှပြုစုလုပ်ကျွေးခဲ့ရပါသည်။ဦးသိန်းအောင်၏ဇနီးနှင့်သားသမီးများမှာလည်းအလွန်မောက်မာလှပါသည်။အောက်ခြေ၀န်ထမ်းများအပေါ်ဆက်ဆံရေးလုံးဝမကောင်းပါခင်ဗျား။
ယခုလည်း ဧရာဝတီတိုင်းရှိ ၀န်ကြီးများ၊လွတ်တော်မှအဖွဲ့များ၊ညွန်မှုးများ နှင့်ကတော်များဦးသိန်းအောင်ဇနီးနှင့်သမီးများ တပည့်အပေါင်းအပါများကို ရွံကြောက်ပြီးစိတ်ဆင်းရဲ့နေကျရပါသည်ခင်ဗျား

သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်းဘက်မှာပါ အောက်ခြေအဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနှင့် သူခေါ်လာ့တဲ့ ဗိုလ်မှုးကလေးမောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။

ယခုလဲ သစ်တောသို့ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီးဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟုကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင်နေထိုင်စဉ်ကထဲက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ်ညှာတာစွာဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သောပုဂ္ဂိုလ်ဟု ကျွန်တော်တို့သိရှိခဲ့ဖူးပါသည်။လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်းသိရှိနေကျပြီးဖြစ်ပါသည်။
အခုတဖန် ဧရာလွတ်တော်ဥက္ကဌနှင့်လည်းအဆင်မပြေခြင်းများကိုဂျာနယ်တွင်လွတ်တော်ဥက္ကဌမှပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။
ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာစိတ်ညစ်နေကျကြောင်းကြားသိနေရပါသည်။

ဒီလိုပုံစံနဲ့သာဆိုရင်ကျွန်တော်တို့ဧရာဝတီတိုင်း၏တိုးတက်ဖွံဖြိုးရေးမှာ(၁)နှစ်အတွင်းမည်ကဲ့သို့မှတိုးတက်ပြောင်းလဲလာခြင်းမရှိ ပါပဲ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင်အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်တကွ လူကြီးများသိရှိစေရန် တင်ပြအပ်ပါသည်ခင်ဗျား။

လေးစားစွာဖြင့်
အငြိမ်းစားသစ်တောဝန်ထမ်းဧရာဝတီတိုင်းသားတစ်ဦး

သတင်းအတွက်တာဝန်ယူပါတယ်
ဖြစ်ရပ်မှန်ပါ။
စုံစမ်းလို့ရပါတယ်။
၂၀၁၅တွင် တရားသဖြင့် ရွေးကောက်ပွဲဖြစ်စေလိုပါတယ်။
http://www.dawnmanhon.com/2012/07/blog-post_6913.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...