သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၇)
သစ်ထူးလွင်
|
- ရာဇ၀တ်မှုများ ထိမ်ချန်ဖျောက်ဖျက်ထားခြင်း
- ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ
- ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး
- ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်
- မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အစွမ်းကုန် ကြိုးပမ်းမည်
- မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း
- အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိ
- သံဃာတော်တွေကို အသုံးချတဲ့ အမျိုးသမီး
- ဇေကမ္ဘာကုမ္ပဏီကို လယ်သမားများချီတက်ဆန္ဒပြ (ဓါတ်ပုံ)
- ကိုကိုကြီးရဲ့ ရခိုင်ခရီးစဉ် အပေါ် မေးမြန်းချက်
- ပြည်ဆွမ်းလောင်းသင်း ဗဟို၏ဖြေရှင်းချက်
- တောင်သူလယ်သမားတွေ ဆန္ဒပြခွင့် လျှောက်ထား
- UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်ထုတ်ပြန်
- ပြည်မြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျေ
ာက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချခွင့်မပြု - ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ
- မြန်မာပြည်ကို ဂျီအီးကုမ္ပဏီ စတင်ဝင်ရောက်
Posted: 15 Jul 2012 07:30 AM PDT
(က) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင်
အမှုဖွင့်ထားသော ရာဇ၀တ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁။ ပ/၅၃-၂၀၁၁၊ ၂၉၅/၃၂၃/၁၁၄ (သီလရှင်ဆရာလေး တစ်ပါးအား အုပ်စုဖွဲ့ အကြမ်းဖက်ဝင်ရောက် ရိုက်နှိက်မှု) ၂။ ပ/၅၈-၂၀၁၁၊ ၂၉၅/၃၇၉/၁၁၄ (စုတ်ချွန်း(ခ) သန်းဠေးနှင့် အဖွဲ့မှ သံဃိကပိုင် ကျောင်း-ဇရပ်-နတ်လမ်း များမှ အဆောက်အဦးသုံး ပစ္စည်း ခိုးထုတ်ရောင်းချခြင်း ကိစ္စ) ၃။ ပ/၅၇၅-၂၀၁၁၊ ၂၉၅/၃၇၉/၁၁၄ (စိန်လှိုင် စက်ဘီးပစ္စည်းရောင်းသူ- ယခင် ရယကဥက္ကဋ္ဌဟောင်း) အထက်ပါ ရာဇ၀တ်မှုခင်းများအား မရမ်းကုန်း ရဲစခန်းမှုးဖြစ်သူ ဦးဇော်လွင်သည် မရမ်းကုန်းမြို့နယ် ဥပဒေရုံး၏ ၈.၆.၂၀၁၁ ရက်စွဲပါ- စာအမှတ် ၁၂-၄ (၂) ၁/၃ (၅၇၈) ဖြင့် တရားစွဲဆိုတင်ပို့ရန် ခွင့်ချရရှိပြီးဖြစ်သော်လည်း ဥပဒေနှင့်အညီ တရားရုံးသို့ တင်ပို့ခြင်း မရှိပဲ အနောက်ခရိုင် ရဲတပ်ဖွဲ့ရုံး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ နေပြည်တော်ရဲချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ သြဇာအရှိန်အ၀ါကို ရယူပြီး ထိမ်ချန်ဖျောက်ဖျက်ထားသည့် အုပ်စုဖွဲ့ ဥပဒေမဲ့ ရဲစည်းမျဉ်းစည်းကမ်းဖောက်ဖျက် အဂတိလိုက်စားမှု ဖြစ်ပေါ်နေပါသည်။ (ခ) ရာဇ၀တ်မှုခင်းများသည် မည်သည့်ပုဂ္ဂိုလ် ကျုးလွန်သည် ဖြစ်စေ ကျောသားရင်သားမခွဲခြားပဲ "ဥပဒေအထက်တွင် မည်သူမှ မရှိ" ဆိုသည့် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။ (ဂ) တရားဥပဒေစိုးမိုးရေး တရားစီရင်ရေး အုပ်ချုပ်ရေး ကိစ္စများ မမှန်မကန်ဆောင်ရွက်ထားသည်မှာ ထင်ရှားပါသည်။ (ဃ) မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ တိုင်းရဲတပ်ဖွဲ့မှုးရုံးသို့ ဥပဒေအရ ဆောင်ရွက်ပေးရန် ညှိနှိုင်း အကြောင်းကြားသော်လည်း ပွင့်လင်းမြင်သာသည့် ဆောင်ရွက်မှု တစ်စုံတရာမရှိ ဖြစ်နေပါသည်။ (င) သို့ဖြစ်ရ်ျ ပြည်ထဲရေးဝန်ကြီးနှင့် သက်ဆိုင်ရာဋ္ဌာနများသို့ အသိပေးတင်ပြပါသည်။ တင်ပြတိုင်ကြားသူ ဦးဇော်ဟန် ၁၂/မရက(နိုင်) ၀၈၃၀၁၈ ဖုန်း-၀၉၅၀၁၃၅၄၇ *မှတ်ချက်* ၄င်းကိစ္စနှင့် ပတ်သက်ရ်ျ လိုက်ပါဆောင်ရွက်သူများ အသက်အန္တရာယ် စိုးရိမ်ထိခိုက်မည့် အခြေအနေ ဖြစ်ပေါ်နေပါသည်။ | ||||
Posted: 15 Jul 2012 07:10 AM PDT
ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။
ပလက်ဝမြို့နယ် ဂူဝကျေးရွာ (ခမီးအုပ်စု)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နုနုခင်မှတဆင့် တရားစွဲဆိုခြင်းဖြစ်ပြီး အမှုအား စစ်ဆေးမေးမြန်းရန် စစ်တွေ တရားရုံးတော်သို့ ဇူလိုင် ၁၅ ရက်နေ့အရောက် သက်သေထွက်ဆိုဖို့ ခေါ်ယူထားကြောင်း ဒေါ်နုနုခင် အသိုင်းအ၀ိုင်းမှ ပြောသည်။ “ အတင်းအဓမ္မမ မုဒိန်းမှုပြုကျင့်ခံရတဲ့ မိန်းခလေးကို ပြောဖို့အတွက် သည်းခံပါရှင်၊ ဟုတ်ကဲ့ခမီးအမျိုးသမီးလေးပါ၊ ဆရာမ နုနုခင်ကို ၁၅ ရက်နေ့ စစ်တွေသို့အရောက် ခေါ်ထားပါတယ်၊ အဲဒီကိုရောက်တာနဲ့ ဒကစ(ဒေသကွပ်ကဲရေးမှူး) ကိုအသိပေးပြီး စစ်တပ်တရားခုံရုံးမှာ စစ်ဆေးဖို့သိရပါတယ်၊ တိုင်ကြားထားတာက ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပါတယ်၊ ကျမတို့သိရသလောက် အဲဒီ ဗိုလ်မှူး မင်းသိန်းထွန်းကိုတော့ စစ်အကျဉ်းထောင်မှာ ချုပ်ထားတယ်လို့ သိရပါတယ်၊ ဆရာမဦးဆောင်ပြီးတော့ စစ်တွေသို့လာကြမှာ ဖြစ်ပါတယ်။ ” ဟု အမည်မဖေါ်လိုသူ ဆရာမအသိုင်းအ၀ိုင်းက ရှင်းပြခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်အခြေစိုက် စစ်ဗျူဟာ ၃ သို့ ဂူဝကျေးရွာမှ တိုင်ကြားထားခြင်းဖြစ်ပြီး ၎င်းဗျူဟာမှ စစ်တွေမြို့ ဒကစ(ဒေသကွက်ကဲရေးမှူး) သို့တဆင့် အစီရင်ခံတင်ပြခဲ့ရာမှ ယခုကဲ့သို့ အရေးယူစစ်ရေးရန် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗိုလ်မှူး ဦးမင်းသိန်းထွန်းမှာ ပလက်ဝမြို့နယ် အနောက်ခြမ်းနှင့် မြောက်ခြမ်းတို့တွင် လုံခြုံရေး၊ စည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ဖြင့် လှုပ်ရှားနေသော စစ်ကြောင်းမှူးဖြစ်ပြီး ခလရ (၂၀) မှာ စစ်တွေမြို့သလုံးတော်ဓါတ် ဘုရားကြီးရှေ့တွင် အခြေစိုက်သော တပ်ရင်းဖြစ်သည်။ ယင်းပလက်ဝမြို့နယ် ခလရ (၂၀) စစ်ဆင်ရေးစစ်ကြောင်းကို ဗိုလ်မှူး မျိုးမင်းထွန်းအား အစားထိုးတာဝန်ပေးထားကြောင်းနှင် Written by သဇင်ဥ - အာရ်ကန်တိုင်းမ်စ် | ||||
Posted: 15 Jul 2012 06:56 AM PDT
ဇူလိုင် ၁၅၊ ၂၀၁၂ (YPI) ယနေ့မနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။ စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခြဲ့ စက်လှေရပ်တန့်စေရန် ရေတပ်က ခြောက်လှန့်ပစ်ခတ်စဉ် စက်လှေပေါ်မှ လက်နက်များ ရေထဲသို့ပစ်ချခဲ့သည်ဟု ယူဆရသောကြောင့် ၎င်းနေရာတစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေလျှက်ရှိသည်။ ဆင်တပ်မော်ကျွန်းသည် စစ်တွေမြို့မှ စက်လှေဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်ရှိသည့် ရခိုင်လူမျိုးများနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သည်။ တက်ခ်နပ်ဖ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ တစ်ဖက်ကမ်း နတ်မြစ်ဝ အနီးတွင်တည်ရှိသည်။ ။ by Yangon Press International | ||||
Posted: 15 Jul 2012 06:42 AM PDT
------------------------------ မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု? သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။ မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။ ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။ DD85 (MMCP) ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။ “နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်း သိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။ “အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အလျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန်အစိုးရဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ပေးချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆိုမယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။”အမျိုးသားဒီမိုကရေစီ ကိုသောင်း ပုလဲမြေ | ||||
Posted: 14 Jul 2012 11:37 PM PDT
နှစ်ပေါင်း ၆၀ လောက် အထီးကျန်ပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ မြန်မာနိုင်ငံကို အာရှမှာ အလေးထား အသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ၊ Siam Reip မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်း ပြောစဉ်မှာ ခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ အလေ့အထ ပျောက်နေတာဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလငတန်၊ အာဆီယံနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တက်ရောက်ကြတဲ့ ညစာစားပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာပဲ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူတာတွေဘေးဖယ်ပြီး တူတာတွေ လက်တွဲလုပ်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အကြောင်း၊ ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ အပြင် ကဏ္ဍစုံက လူပေါင်းစုံနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သမ္မတက မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရှေ့ဆက်သွားနိုင်ရေးမှာ ကူညီလိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှု တချို့ကို ဖယ်ရှားပေးခဲ့ပြီး နောက်တရက်မှာပဲ ဝန်ကြီး ကလင်တန်က သမ္မတဦးသိန်းစိန်ကို အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကနေ့ပဲ မြန်မာနိုင်ငံကို ဒီနေ့ရောက်လာတဲ့ Chevron၊ Caterpillar၊ General Motors စတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ နက်ဖြန်ကျရင် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်မယ့် အခွင့်အလမ်းတွေကို မြန်မာနိုင်ငံက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||||
Posted: 14 Jul 2012 11:35 PM PDT
မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက တရားဝင်ဖယ်ရှားပေးလိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ General Electric – GE ကုမ္ပဏီက ရန်ကုန်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို ဓာတ်မှန်ရိုက်ကူးစက်တွေ ရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ Sea Lion ဆိုတဲ့ မြန်မာကုမ္ပဏီကတဆင့် ဒေါ်လာ ၂ သန်းဖိုး အဲဒီ စက်ကိရိယာတွေကို ရောင်းချမှာဖြစ်တယ်လို့ GE ကုမ္ပဏီက ပြောပါတယ်။ အခုဆို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုလည်း မရှိတော့ဘူးဆိုတော့ တခြား စီးပွားရေးလုပ်ငန်းတွေ ဘက်ကိုလည်း ချဲ့ထွင်လုပ်ဆောင်သွားဖို့ ကြည့်နေတယ်လို့ GE ကုမ္ပဏီ အာရှဌာနခွဲရဲ့ အကြီးအကဲ Stuart Dean က ပြောပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့ကပဲ တရားဝင် ရုတ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး လုပ်ဆောင်နိုင်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ဟာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာအရာရှိတွေဟာ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ် (၇၀) လောက်ကို ဖိတ်ကြားပြီး တွေ့ဆုံနေပေမဲ့ အရင်က စစ်အစိုးရကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြူလုပ်ခံရပြီး နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တာကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့နေရာမှာ အခက်အခဲ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။ အခက်အခဲတွေထဲက အဆိုးဆုံးကတော့ ခေတ်မမှီတော့တဲ့ အခြေခံ အဆောက်အအုံတွေပဲ ဖြစ်ပြီး အဲဒီထဲမှာ လျှပ်စစ်ပေးဝေရေး စနစ်က အမြဲတမ်း ပြဿနာပေါ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ By ဗွီအိုအေ (မြန်မာဌာန) | ||||
Posted: 14 Jul 2012 11:17 PM PDT
အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှ
ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။ ''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ် ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။ ''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်ေ အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။ အေးမြမြထွန်း - Yangon Media Group | ||||
Posted: 14 Jul 2012 11:11 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၄)လမ်း
အမှတ်(၇၄)တွင်တည်ရှိသော ပါရမီရှင်အမိမြေကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားရာ ခြံဝန်း အတွင်းသို့ (၁.၇.၂၀၁၂)ညနေ (၄း၀၀)နာရီခန့်တွင် အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦးနှင့် ဿံဃာတော်(၅)ပါးတို့ရောက်ရှိလြာ ရှိနေသော ကုမ္ပဏီဒါ ရိုက်တာနှင့်အတူ ၀န်ထမ်းများ၊ ဧည့်သည်များအား ဤကုမဏီရုံးခန်းအတွင်းမှ ချက်ချင်းထွက်ခွာပေးရန် ပြောဆိုခဲ့သည်---- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 14 Jul 2012 10:03 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများကို ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန်အတွက်ဆိုကာ သိမ်းယူထားခဲ့ခြင်းကြောင့် ကုမ္ပဏီနှင့် လယ်သမားများအကြား ပဋိပက္ခ ဖြစ်ပွားနေသော မင်္ဂလာဒုံမြို့နယ်တွင် ယနေ့  ဇူလိုင်လ ၁၅ရက်နေ့ နံနက်(၉)နာရီမှမွန်းလွဲ (၁)နာရီအထိ ရွေနံသာကျေးရွာမှလယ်သမားများနှ
ဓါတ်ပုံ - Messenger News Journal | ||||
Posted: 14 Jul 2012 09:05 PM PDT
RFA: ကိုကိုကြီးရဲ့ ရခိုင်ပြည် ခ၇ီးစဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရလဲ။
ကိုကိုကြီး - ကျနော်တို့ တခြားတိုင်းနဲ့ ပြည်နယ်ခရီးစဉ်တွေမှာကတော့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်တွေ့တဲ့သဘောမျိုး တက်ကြွမှု ရွှင်လန်းမှု ဖြစ်တယ်ပေါ့ဗျာ။ အခု ဒီ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်လို့ ကတော့ ကိုယ်တိုင် ရောက်သွားတဲ့ အချိန်မှာ မြင်ရတာတွေ အရကတော့ ခါတိုင်း ခရီးစဉ်နဲ့ မတူဘူးပေါ့လေ။ စိတ်ထိခိုက်စရာတွေရော နောက် ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အန္တရာယ် တွေ အဖြစ်ပေါ့လေ။ သတိပြုမိတာတွေရော ခံစားမှုတွေကတော့ တနင့်တပိုးကြီးပေါ့ဗျာ ဒီတခေါက်သွားရတာကတော့။ RFA : တိုင်းပြည်အတွက် အန္တရာယ်တွေ သတိပြုမိတယ်ဆိုတာက ဘယ်လိုဟာတွေလဲ။ ကိုကိုကြီး - ကျနော်တို့ စစ်တွေကို သွားတုံးကတော့ စစ်တွေမှာက မြို့ပေါ်မှာတင်ပေါ့ဗျာ။ ရထားလမ်းကို ဟိုဘက်ဒီဘက် စည်းခြားထားသလိုမျိုး တဘက်နဲ့ တဘက် ကင်းစောင့်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်နေတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ အခြေအနေ မဟုတ်ဘူးပေါ့။ အဲဒီကနေ ကျနော်တို့ ဘူးသီးတောင် မောင်တောကို ရောက်တော့လည်း မောင်တောမှာ အခြေအနေက ဌာနေ ရခိုင်လူမျိုးတွေက လူနဲစု ဖြစ်ပြီးတော့ ဒီ ဘင်္ဂါလီရွာတွေက ကျနော်တို့ သွားတဲ့ လမ်းတလျှောက်လုံးမှာ ဘင်္ဂါလီရွာတွေချည်းဘဲ ဖြစ်နေတယ်။ ကျနော်တွေ့ခဲ့တဲ့ အခါမှာ ရခိုင်အမျိုးသားကြီးတယောက်ဆို ယောက်ျားကြီးတန်မဲ့ သူ မချိတင်ကဲ ပြောပြီး မျက်ရည်ကျတာမြင်တော့ ကျနော်လည်း မခံစားနိုင်ဘူး။ ဒီမြေဒီရေမှာ နေပြီးတော့ ဒါကို စွန့်ခွါပြီးတော့ သူတို့ ထွက်ပြေးရမယ်ဆိုတဲ့ အဖြစ်ကို သူတို့ လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သူတို့ ကျားကုတ်ကျားခဲ ဒီမှာ ရပ်တည်နေတဲ့ အခြေအနေတွေ သူတို့ ပြောပြတယ်ပေါ့ဗျာ။ ဆိုတော့ ဒီကိစ္စက အတော်အလေးအနက်ထားဖို့ လိုအပ်လာပြီလို့ ကျနော် မြင်တာပေါ့ဗျာ။ RFA : ကိုကိုကြီးတို့ သွားခဲ့တဲ့ တလျှောက်လုံးမှာ အဲဒီ ဌာနေပေါ့။ ကမန်တို့ ဘရာမန်ကီတို့ ဆိုတဲ့ အစ္စလာမ် ကိုးကွယ်တဲ့ ဌာနေတွေကို တွေ့ခဲ့သေးလား။ ကိုကိုကြီး - ဟုတ်ကဲ့။ ကျနော်တို့ သွားတယ်။ သွားတယ်ဆိုတာက ဒီ မွတ်စလင်ဒုက္ခသည်တွေ များတဲ့ တလျှောက်လုံး ကိုလည်း ကျနော်တို့ သွားကြည့်တယ်။ သက်ကယ်ပြင်ရွာမှာဆိုရင် အဲဒီမှာဆိုရင် ဒေသခံတွေနဲ့လည်းတွေ့တယ်။ တွေ့တာ့ ကျနော်က ဒီကိစ္စဟာ ဘာသာရေး ပဋိပက္ခ လို့ ဆိုတာကို ကျနော် လုံးဝ လက်မခံဘူး။ နှစ်ပေါင်းများစွာ ပြဿနာဗျ။ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ ဒီ တရားမ၀င် ၀င်လာတဲ့ သူတွေ၊ နောက်ဒီဘက်က တာဝန်၇ှိတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေအပိုင်းက အကျင့်ပျက် ခြစားမှုတွေ ကြောင့်လို့ စုပြုံလာတဲ့ ပြဿနာ။ နောက်ထူးခြားချက် တခုကတော့ လူဦးရေ ပေါက်ပွားတဲ့ နှုန်း၊ အဆမတန် များတယ်။ များတော့ ကြာတော့ ဌာနေတွေ အနေနဲ့ အနေကျုံ့လာတယ်ပေါ့။ ဒီမွတ်စလင်ဘက် အခြမ်းကို သွားတဲ့ အခါကျတော့လည်း တော့်တော်စိတ်ထိခိုက်စရာပါ။ အဲဒီမှာ မြေကြီးပေါ်မှာ ဒီ ရွက်ဖျင်တဲတွေနဲ့ ဒုက္ခ သုက္ခ ရောက်နေတဲ့ သူတွေ ပေါ့လေ။ ကျနော်လည်း သူတို့ကို ပြောပါတယ်။ နိုင်ငံသား အခွင့်အရေးဟာ အားလုံး တန်းတူညီမျှ ဖြစ်ရမယ်။ ဒါ ကျနော်တို့ သဘောထားပဲလို့ ကျနော် သူတို့ကိုလည်း အခိုင်အမာပြောတယ်။ တချိန်ထဲမှာပဲ နိုင်ငံသား အခွင့်အရေးဆိုတာနဲ့ အတူ ဒါ နိုင်ငံသားရဲ့ တာဝန် ၀တ္တရားတွေ ဆိုတာလည်း ရှိတယ်။ ကျနော်တို့ ဌာနေ တိုင်းရင်းသားတွေ ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ညီညီညွတ်ညွတ်နဲ့ သဟဇာတ ဖြစ်အောင် နေနိုင်ဖို့ကလည်း အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျနော် ပြောပြတယ်။ နောက်တခုကတော့ နိုင်ငံသား ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ လူသားချင်းစာနာမှုအနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးဖို့ ပေါ့လေ။ အဲဒါကတော့ တပိုင်းပေါ့။ လူသားချင်းစာနာမှုအရ။ တဘက်ကတော့ နိုင်ငံသားဖြစ်မှုကတော့ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအရကို ဒါကို အသေးစိတ် စိစစ်လေ့လာဖို့ လိုလိမ့်မယ်လို့ မြင်တယ်။ RFA : ခုနက ကိုကိုကြီးပြောသွားတဲ့အထဲမှာ မွတ်စလင်တွေက လူဦးရေမတန်တဆ တိုးပွားနေတယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ပြည်ပမှာ ရှိနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အဖွဲ့အစည်းတွေက ပြောကြတယ်။ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာတွေ ကလေးမွေးဖွားနှုန်း ကန့်သတ်ခံနေရပါတယ်လို့ ပြောကြတယ်။ အဲလို အပြောနဲ့ဆိုရင် ကိုကိုကြီးတို့ ဘယ်လို တွေ့ခဲ့ရလဲ။ ကိုကိုကြီး - ရိုဟင်ဂျာဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ အများကြီး စဉ်းစားဖို့ လိုလိမ့်မယ်။ ဒေသခံတွေကို ကျနော်မေးကြည့်တယ်။ ခင်ဗျား ဘာလူမျိုးလဲဆိုတော့ ဘင်္ဂါလီလို့ပဲ ပြောတယ်။ ဆိုလိုတာက အောက်ခြေ သူတို့ လူမျိုးတွေကိုယ်တိုင်က သူတို့ကိုယ် သူတို့ ဘင်္ဂါလီလို့ပဲ သတ်မှတ်တယ်။ တဘက်ကလည်းပဲ ကျနော် ဘူးသီးတောင် မောင်တော ရောက်တဲ့ အချိန်မှာ ကျနော်သိသလောက ၉၇ ရာခိုင်နှုန်းလောက်က ဒီ ဘင်္ဂါလီတွေ ဖြစ်သွားပြီ။ နယ်စပ်ဂိတ်ကိုလည်း ကျနော်ရောက်တယ်။ နယ်စပ်ဂိတ်အနေအထားကလည်း ဟိုဘက် ဒီဘက် ကူးလူးဆက်ဆံလို့ ရတဲ့ အနေအထားဘဲ။ ဆိုတော့ စစ်တွေမှာ ဆိုရင် ကျနော်သွားကြည့်တဲ့လူထဲမှာ ကျနော်နဲ့ ပြောဆိုပြီး ရင်ဖွင့်တဲ့သူကိုတိုင်က ဧည့်နိုင်ငံသား အဆင့်ပဲ ရှိသေးတယ်။ တကယ်သာ ကျနော်တို့က နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်ပြီးတော့ စာရင်းဇယား ပြုစုတော့မယ်ဆိုရင် တရားမ၀င် လာရောက်နေတဲ့သူတွေ အများကြီး ထွက်လာလိမ့်မယ်။ အဲဒါကိုင်တွယ်ရင်တောင်မှ တကယ့်ကို ပညာပေးမှုတွေရော၊ အားလုံး ပူးပေါင်းဆောင်ရွာမှုတွေရော အများကြီးလိုမယ်။ RFA : ပြီးခဲ့တဲ့ ရက်တွေကလည်း သမ္မတ ဦးသိန်းစိန်က ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့တဲ့အခါမှာ ဒါ တဘက်နိုင်ငံက ၀င်လာတဲ့ သူတွေ ဖြစ်တဲ့အခါကျတော့ ဒုက္ခသည်စခန်းလိုမျိုး ဖွင့်ပေးမယ်။ ဒါကို တတိယနိုင်ငံတွေက ခေါ်ရင်လည်း ခေါ်ပါ ဆိုပြီးတော့ ပြောလိုက်တယ်ပေါ့နော်။ ဒီသဘောထားတဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးတို့ ဘယ်လို မြင်လဲခင်ဗျာ။ ကိုကိုကြီး - နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုတဲ့ ပတ်သက်တဲ့ ဥပဒေတွေ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဟာတွေက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ သဘာဝနဲ့ လိုက်လျောညီထွေ ပြဌာန်းရတာချည်းဘဲ။ တနိုင်ငံနဲ့ တနိုင်ငံ တပုံစံထဲ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ လူမျိုး ကျနော်တို့ ရေမြေရဲ့ လိုအပ်ချက်နဲ့ အညီ ကျနော်တို့ ကျင့်သုံးရမှာဘဲ။ ပြဌာန်းရမှာပဲလိုဘဲ မြင်တယ်။ RFA : ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း ဒီအပေါ်မှာ တုန့်ပြန်ပြောဆိုတယ်ပေါ့နော်။ ဒီအပေါ်မှာ။ ဒါဟာ ဗမာပြည်ထဲက ကိစ္စပဲ ဖြစ်တယ်။ သူတို့ UNHCR ရဲ့ မူနဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူး လို့ ပြောတယ်။ ဒီအပေါ်မှာရော ကိုကိုကြီးတို့ အနေနဲ့ ဘာများပြောချင်လဲ။ ကိုကိုကြီး - ဒီနိုင်ငံတကာအဖွဲ့အစည်းတွေ တာဝန်၇ှိတဲ့ သူတွေ အနေနဲ့က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် သူတို့ သိထားသလောက် အချက်အလက်တွေနဲ့ ကောက်ချက်ချတာတို့ သဘောထားပေးတာမျိုးဟာ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ အခါကျရင် ကျနော်တို့ နိုင်ငံသားတွေရဲ့ စိတ်ခံစားမှုတွေကိုပါ လာပြီးတော့ သက်ရောက်နိုင်တယ်။ ဥပမာဆိုလို့ရှိရင် ကျနော်ရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ UN ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ INGO ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ ဆိုလိုတာက ကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေ က အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေအေ RFA Burmese RFA ကိုနေရိန်ကျော် က မေးမြန်းခဲ့တာပါ။ (ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) | ||||
Posted: 14 Jul 2012 08:00 PM PDT
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေဂူရပ်ကွက် အမှတ်(၇၇) လမ်းရှည်လမ်းနှင့် ပန်းဆိုးတန်း
လမ်းထောင့်ရှိ တနင်္ဂနွေဆွမ်းလောင်းအသင်းပိုင်ြ ခေတ္တထားသောအရံမီးသတ်တပ်ဖွဲ့ တပ်စု(၇) မှ တပ်ဖွဲ့ဝင်များနှင့်မြို့နယ်အု တို့ မှ ၄င်းသာသနာပိုင်အဆောင့်အအုံအား မီးသတ်တပ်ဖွဲ့ပိုင်အဆောင့်အအုံ သိမ်းယူလျှက်ရှိသောကြောင့် ဆွမ်းလောင်းအသင်းမရှိပါကမြို့ေ တောရကျောင်းများမှ သံဃာတော်အပါးနှစ်ထောင်ကျော်တို့ မြို့ခံပြည်သူများမှ စိုးရိမ်လျှက်ရှိကြောင်း သတင်းကို Myanmar News Now မှ ဖော်ပြခဲ့ ပါတယ်။ ဒီသတင်းနဲ့ ပါတ်သတ်၍-- ပြည်ဆွမ်းလောင်းသင်း ဗဟို၏ မှ ဖြေရှင်းချက် ပေးပို့ ထားပါတယ်။ ဖြေရှင်းချက် အပြည့် အစုံကို မှုရင်းအတိုင်းဖော်ပြပေးလိုက်ပါ | ||||
Posted: 14 Jul 2012 07:34 PM PDT
မြန်မာနိုင်ငံတ၀ှမ်း လယ်ယာမြေတွေ အဓမ္မသိမ်းယူခံထားရတဲ့ တောင်သူ
လယ်သမားတွေ အတွက် သူတို့ရဲ့ လယ်မြေတွေ ပြန်လည် ရရှိအောင် ဥပဒေတရပ် ပြဌာန်းပေးဖို့ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်ပြီး တောင်သူ လယ်သမားတွေ ဆန္ဒပြပွဲတခု ပြုလုပ်ကြမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့ကို သွားရောက်ပြီး လာမယ့် ဇူလိုင်လ ၂၀ ရက်၊ သောကြာနေ့မှာ ဆန္ဒပြခွင့် ရရှိရေးအတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ ဒီကနေ့ လျှောက်ထား ခဲ့တယ်လို့ တောင်သူ လယ်သမား အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ကိုဖိုးဖြူက RFA ကိုပြောပါတယ်။ "အခုလို ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေ ပြန်လည် ခွဲဝေပေးရေး ဆိုင်ရာ စီမံခန့်ခွဲရေး ဆုံးဖြတ်ချက်၊ ဒါ့အပြင် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးနိုင်ဖို့ အတွက် အရေးဆို သွားမှာ ဖြစ်ပါတယ်။ ဒီလို အရေးဆိုဖို့ အတွက် ဆန္ဒပြခွင့် လိုင်စင်ကို လျှောက်ထားတာပဲ ဖြစ်တယ်။" ဒီဆန္ဒပြပွဲမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ရွှေနဂါးမင်း၊ မက်စ် မြန်မာ၊ အေးရှားဝေါလ၊် ဂွတ်ဘရားသားစ် စတဲ့ ကုမ္ပဏီ (၁၆) ခုက အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းလို့ ဆိုကာ လယ်မြေဧက (၇၅၀၀) ကျော်ကို ၂၀၀၈ ခုနှစ်အတွင်း သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ ဒီဆန္ဒပြပွဲမှာ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ သရက်ပင်ချောင်၊ ညောင်ပင်၊ ကျီစု၊ ထောင်တစ်လုပ်၊ သုံးခွ စတဲ့ လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ကျေးရွာ (၉) ရွာက တောင်သူလယ်သမား (၃၀၀) ကျော်လောက် ပါဝင်ဆန္ဒပြကြမယ်လို့ ရှေ့နေကိုဖိုးဖြူက ပြောပါတယ်။ RFA Burmese | ||||
Posted: 14 Jul 2012 07:25 PM PDT
ယနေ့ 14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များ
အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော်သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည်ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည် ဖော်ပြထားသည်။ မူရင်း ကြေညာချက်ကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 14 Jul 2012 07:16 PM PDT
( HRDP )အနေနဲ့ 10-7-2012 နေ့ နေလည်2နာရီ15မိနစ်အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှုးထံ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျေ အတွက်ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီးတန်းလှည့်လည်ခွင့်ပြုရန်လှေ 11-7-2012 ရက်နေ့ ည ၉ နာရီမှာ တရားလွှတ်တော်ရှေ့နေဦးမြင့်အေး ထံက ခွင့်ပြုမိန့်မရ ကြောင်း သဘောထားပြန်ကြားခဲ့ပါတယ်။ HRDP လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ယက်ကလည်း ခွင့်ပြုမိန့် ရဖို့ အယူခံတက်ထားကြောင်းသိရပါတယ်။ ခွင့်ပြုမိန်မရတဲ့ အကြောင်း ရဲတပ်ဖွဲ့ မှူးမှ ပြန်ကြားစာ။ ခွင့်ပြုဖို့ လျှောက်ထားစာများကို အပြည့်အစုံဖတ်လိုပါက-- သတင်းအပြည်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment