Sunday, July 8, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၇)


သစ်ထူးလွင်


Posted: 07 Jul 2012 11:54 PM PDT
မုံရွာ၊ ဇူလိုင်-၇

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ သတ္တုတူးဖော်သော မြန်မာဝမ်ပေါင် ကုမ္ပဏီရုံးရှေ့တွင်  ဇူလိုင် ၇ ရက် နံနက်ပိုင်းက လုပ်ခလစာ အပြည့်အ၀ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော အလုပ်သမား ၈၀ ၏ တောင်းဆိုမှုကို ကုမ္ပဏီက လိုက်လျောခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ဆီနိုဟိုက်ဒရိုလုပ်ငန်းဌာနခွဲမှ ၀န်ထမ်း ၈၀ ကျော်တို့သည်  လုပ်ခလစာ အပြည့်အ၀ရရှိရန်၊ သတ်မှတ်အလုပ်ချိန်အပြည့် အလုပ်ဆင်းရရန်နှင့် အလုပ်နားမည်ဆိုပါက ကြိုတင်အကြောင်းကြားရန်  ပထမဆုံးအ ကြိမ်အဖြစ် ၂ နာရီကြာ တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။

“အခုတောင်းဆိုတာက အလုပ်သမားများကို သတ်မှတ်ထားတဲ့ လုပ်ခလစာ အပြည့်အ၀ရရှိအောင် တောင်းဆိုကြတာပါ” ဟုလုပ်ခလစာ အပြည့်အ၀ ရရှိရေးတောင်းဆိုခဲ့သော ၀န်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့မှာ စီနိုဟိုက်ဒရိုဌာနခွဲတွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်မှ မလိုက်လျောသည့်အတွက် မိခင်ကုမ္ပဏီဖြစ်သောမြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်း၌ ၇ နာရီမှ ၉ နာရီအထိ လာရောက်တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်း
ဆိုချက်ကို လိုက်လျောခဲ့ခြင်းဖြစ်သည်။

by 7Day News Journal

Posted: 07 Jul 2012 11:49 PM PDT
ဇူလိုင် ၈၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများကြောင့် ပိတ်ထားသည့် အဆင့်မြင့်ပညာကျောင်းများအနက် သံတွဲ G.T.I အစိုးရ စက်မှုလက်မှုသိပ္ပံ  အား ဇူလိုင် ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပတ်ခန့်ကစ၍ ပိတ်ထားခဲ့သည့် သံတွဲG.T.I ကျောင်းအား ဇူလိုင် ၃ ရက်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့ပြီးနောက် ဇူလိုင် ၅ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းသားတွေ မရောက်ကြဘူး၊ ကျွန်တော်တို့အတန်းမှာတော့ ဆယ်ယောက်လောက် ရောက်တယ်” ဟု မြို့ပြပထမနှစ် ကျောင်းသားတစ်ဦးက ပြောသည်။

သံတွဲ G.T.I တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ မြို့များမှ ကျောင်းသား ၃၈၀ ကျော် တက်ရောက်လျှက်ရှိရာ ယင်းအနက် ကျောင်းသား ၂၀၀ ကျော်မှာ  သံတွဲမြို့မှ ဖြစ်ကြသည်။

အခြား ရခိုင်ပြည်နယ်တွင်းရှိ အဆင့်မြင့်ပညာကျောင်းများမှာ ကျောက်ဖြူပညာရေး ကောလိပ်၊ စစ်တွေ တက္ကသိုလ်၊ စစ်တွေသူနာပြုတက္ကသိုလ် နှင့် စစ်တွေနည်းပညာတက္ကသိုလ် တို့ဖြစ်ပြီး ကျောက်ဖြူပညာရေး ကောလိပ်မှာ ပိတ်ခဲ့ခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

သို့ရာတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စသည့်မြို့များရှိ အခြေခံပညာကျောင်းအချို့ ယခုအချိန်ထိ ပိတ်ထားဆဲဖြစ်၍  စစ်တွေမြို့ပေါ်တွင်လည်း အ.ထ.က(၆) တစ်ကျောင်းတည်းသာ ဖွင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အ.ထ.က (၆)က စစ်တပ်နားမှာရှိတယ်၊ အခြားကျောင်းတွေအားလုံးက အကန့်အသတ်မရှိ ပိတ်ထားပါတယ်”ဟု စစ်တွေမြိ့နယ်၊ ၀ါဘိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဆူပူမှုများဖြစ်ခဲ့သည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော စစ်တွေဒေသခံ ဆရာ၊ ဆရာမများမှာ စစ်တွေတွင် လက်ရှိဖွင့်ထားသည့် ကျောင်းများတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြကြောင်း ဒေသခံ ဆရာတစ်ဦး ကပြောသည်။

ဇွန်လ ၃ ရက်နေ့မှ စတင်သည့် ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် မငြိမ်သက်မှုများကြောင့် မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်သည်။       ။

by Yangon Press International

Posted: 07 Jul 2012 03:56 PM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို လိုက်နာခြင်း မရှိသော ဒေသခံနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း ---

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

သံတွဲမြို့ 



Posted: 07 Jul 2012 02:49 PM PDT
ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။

Popular Myanmar News Journal

Posted: 07 Jul 2012 02:02 PM PDT
လယ်ယာမှုခင်းဖွင့်လှစ်ပြီး မြေယာစီမံခန့်ခွဲမှုအဖွဲ့မှ ဆုံးဖြတ်ပေးရန်
မြေယာမှုခင်းကို ဦးဖိုးဖြူနှင့်ရှေ့နေများမှ တင်သွင်းခဲ့ပါသည်။
လယ်သိမ်းခံရသောလယ်ကွင်းများအရောက်သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။

ပြည်သူ့စစ်များ၊ ရဲများကို ခေါ်ယူပြီး
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် လယ်သမားတို့၏လယ်ထဲသို့
ထွန်စက်များဖြင့် ဆင်းထွန်ပါသည်

လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာမှ
လယ်သမား(၄၈)ဦးနှင့်လ/တကျေးရွာအုပ်စု ဘုရားကြီးအငူကျးရွာမှ
လယ်သမား(၁၇)ဦးတို့အား ၂၀၁၂ခုနှစ်၊ မေလ(၂၂)ရက်နေ့မှာ
မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းရုံးသို့ချီတက်သွားကြပြီး
လယ်ယာမြေပြန်လည်ခွဲဝေပေးရေးအရေးဆိုမှုများပြုလုပ်ခဲ့ပါသည်။
သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

 

Posted: 07 Jul 2012 02:42 PM PDT
 ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်

 ၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက် ယမန်နေ့  နံနက် ၈ နာရီခန့် တွင် ရွှေညောင်မြို့ အောင်သပြေ အခြေစိုက် အမှတ် (၂၂၂) ထောက်ပံ့ရေးနှင့် ပို့ ဆောင်ရေးတပ်မှ စစ်သည်အင်အား ၂၀ သည် ရွှေညောင် မှ ရပ်စောက် လမ်းဘေးရှိ လှိုင်ဘုံသာ ရပ်ကွက်အတွင်းရှိ နေအိမ် (၁၈) လုံးပါ မြေနေရာအား တပ်ပိုင်မြေအဖြစ် အုတ်တံတိုင်းကာရန် မြေတူးဖော်မှု လုပ်ခဲ့သဖြင့် အိမ်ပိုင်ရှင် နှင့် မိသားစုဝင် (၆၀) ခန့် ---

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဇူလိုင် ၆ ရက် ယမန်နေ့  နံနက် ၈ နာရီခန့် က အိမ်ရှင်များ ဆန္ဒပြနေစဉ်
သတင်း ဓါတ်ပုံ - ညီဇော် (Myanmar News Now)



Posted: 07 Jul 2012 01:39 PM PDT
 ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်

ရှမ်းပြည်နယ်မြို့ တော် တောင်ကြီးမြို့ တွင် 7 July အခမ်းအနား ကျင်းပရန် စီစဉ်ခဲ့သော ကျောင်းသား တချို့ အား ကျောင်းအာဏာပိုင်က ခြိမ်းခြောက်အကြပ်ကိုင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက် ယမန်နေ့ တွင် ဗကသ ကျောင်းသား ၅ ဦးအား တောင်ကြီးတက္ကသိုလ် အာဏာပိုင်က---
 သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
 ညီဇော် သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

တောင်ကြီးတက္ကသိုလ်



Posted: 07 Jul 2012 01:31 PM PDT
ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ကိုအေးအောင်နှင့် တွေ့ဆုံခြင်း။
(မွန်ပီး-ကလေး)

 ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ကိုအေးအောင်သည် ဇူလိုင်လ(၃)ရက်နေ့တွင် ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။ ကိုအေးအောင်၏ သဘောထားအမြင်အချို့ကို ၄င်းခေတ္တနားနေရာတွင် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

 ၁။      မင်္ဂလာပါ ကိုအေးအောင်၊ ပထမဆုံး အခုလို လွတ်မြောက်လာတဲ့အတွက် ခံစားမှုကို

သိချင်ပါတယ်။

       " လွတ်မြောက်လာတယ်ဆိုတာ လုံခြုံမှုရှိမှ လွတ်မြောက်တယ်လို့ နားလည်တယ်။ လုံခြုံတယ်ဆိုတာ က တရားဥပဒေအရ လုံခြုံမှုပေါ့နော်။ တရားဥပဒေအရ ကျွန်တော့်ကို တကယ် အကာအကွယ်ပေးနိုင် မလား။ ဆိုချင်တာကဗျာ-ကျွန်တော့်သူငယ်ချင်းတွေ အခု ပတ်စ်ပို့လိုချင်တယ်။ မရဘူးလို့ ကြားတယ်။ ကျောင်းပြန်တက်ချင်တယ်။ တက်ခွင့်မရဘူးလို့ကြားတယ်။ ဒါဆိုရင် ကျွန်တော်တို့က နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရပါသလား။ တရားဥပဒေက ကျွန်တော်တို့အပေါ်မှာ တကယ်လုံခြုံမှုပေးနိုင်သလား။ တကယ် လုံခြုံတယ်ဆိုရင်တော့ တကယ်လွတ်လပ်မှာပဲလို့ ကျွန်တော်ဒီလိုပဲနားလည်ပါတယ်။"

 ၂။      အစ်ကို့ကို ဘာအမှု၊ ဘာပုဒ်မတွေနဲ့ ဘယ်နှနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါလဲ။

       " ဖြစ်စဉ်ကတော့ဗျာ။ လှည်းတန်းလမ်းဆုံမှာ ပြည်သူ့လွှတ်တော်ခေါ်ရေးထောက်ခံဆန္ဒပြမှုပေါ့။ သူတို့ပုဒ်မတွေကတော့ အများကြီးပေါ့ဗျာ။ ၅(ည)က (၄)မှု၊ ၁၇/၂၀ က (၂)မှု၊ ၁၇/၁ က (၁)မှု။ အားလုံးပြစ်ဒဏ် (၅၉)နှစ်ပါ။ အထဲမှာနေခဲ့ရတာက (၁၄)နှစ်နီးပါးပေါ့။ စက်တင်ဘာဆို(၁၄)နှစ်ပြည့်မှာပါ။"

 ၃။      အထဲမှာ နေထိုင်ခဲ့စဉ်အတွင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲသိချင်ပါတယ်။

        "အခုနောက်ပိုင်းမှာတော့ တော်တော်လေးအဆင်ပြေတဲ့သဘောရှိပါတယ်။ အရင်တုန်းကတော့ ကလေးထောင်က ရေ၊မီး အကုန်ခက်ခဲတယ်။ ကျွန်တော်တို့ကြားတာကဗျာ ကလေးထောင်ကို
 ဖောင်ကူးနားမှာဆောက်ဖို့စီမံကိန်းရှိတာ။ ဒါပေမယ့် တပ်ကနေ နေရာလာကြည့်ပြီး စစ်တပ်နားမှာဆိုရင်လုံခြုံရေးပိုကောင်းမှာပဲဆိုပြီး အခုဆောက်တဲ့နေရာကို ရွေးလိုက်တာ။ တပ်ကစီမံခန့်ခွဲမှုမှာ ၀င်ပြီးတော့ စီမံခန့်ခွဲတယ်။ ဒါပေမယ့် အကျဉ်းဦးစီးကလူတွေလောက် သူတို့က စီမံခန့်ခွဲမှု မကျွမ်းကျင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းဦးစီးက သိတယ်ဗျာ၊ ထောင်ဆောက်မယ်ဆိုရင်ရေလိုမယ်၊ မီးလိုမယ်၊ ဘာညာသူတို့က သိတယ်။ ဖောင်ကူးနားမှာရေလျှံတွင်းတွေရှိတယ်။ ဖောင်ကူးနားမှာဆောက်ဖို့ဆိုပြီးတော့ နဂိုကစီစဉ်ထားတာ။ တပ်က လုံခြုံရေးအတွက်ဆိုပြီးတော့ . . .။ နံရံလေးဖက်ကာထားတာပဲဗျာ။ လုံခြုံတာပေါ့။ ဒါပေမယ့် သူတို့အခုဆောက်လိုက်တဲ့နေရာက သချိုင်္င်းနေရာဟောင်း။ အဲဒီမှာ ရေမရှိဘူး။ ရေတူးလို့ မရဘူး။ အခု ဒီဘက်နောက်ပိုင်းကျတော့မှ သူတို့ ရေအရင်းအမြစ်တို့ ဘာတို့က ရေတူးတာ။ ရေရတာ သိပ်မကြာသေးဘူး။ အရင်တုန်းက တစ်လျှောက်လုံး ရေအခက်အခဲရှိတယ်။ ရေချိုးဖို့ နေ့တိုင်းလိုလို ရန်ဖြစ်နေရတယ်။ အခုနောက်ပိုင်းတော့ အဆင်ပြေလာတယ်။

 ၄။      အထဲမှာ နေခဲ့စဉ်တုန်းကပေါ့။ ကလေးဒေသခံတွေရဲ့ ကူညီမှုတွေဘယ်လိုရှိခဲ့တယ်ဆိုတာ သိချင်ပါတယ်။

       " ဟုတ်ကဲ့၊ အကုန်လုံးက စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာကော အားပေးကြတယ်။ အားပေးစကားတွေပြောကြတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ဆေးရုံလာတွေ့ကြတယ်။ ကျွန်တော်ဆေးရုံတက်ရတဲ့အချိန်မှာ ကျွန်တော့်ကို ကူညီမယ့်သူတွေ လာမှာပဲလို့ ကျွန်တော်နားလည်တယ်။ ဒါပေမယ့် တစ်မြို့လုံးလာလိမ့်မယ်လို့တော့ မမျှော်မှန်းထားဘူး။ တခြားမြို့တွေဆို နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေရောက်သွားပြီဆို ဥပမာ-သရက်ထောင်၊ အောင်လံမှာဘယ်သူရှိတယ်။ ဘယ်သူ့ဆီမှာတည်း၊ ဘယ်သူက ဘယ်သူက ကူညီမယ်။ ဒါမျိုးပေါ့။ ကလေးမြို့မှာတော့ ဘယ်သူက ကူညီမယ်လို့ခင်ဗျားလက်ညှိုးထိုးလိုက်စရာမလိုဘူး။ ကြိုက်တဲ့သူဆီသွား၊ ကူညီမှာပဲ။ ကလေးမြို့ရဲ့ ထူးခြားချက်ပေါ့။"

 ၅။      အထဲမှာရှိစဉ်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ မြင်တွေ့ရတဲ့ ပြောင်းလဲမှုတွေကို ပြောပြပေးပါလား။

"ကျွန်တော်တို့ ၀င်တဲ့အချိန်တုန်းကတော့ သိတဲ့အတိုင်းပဲ ကျွန်တော်ထောင်ကျတယ်ဆိုတော့ အမျိုးတွေတောင်မှ အနားမကပ်ချင်ဘူး။ အခုထောင်ကထွက်လာတဲ့အချိန်မှာတော့ ကျွန်တော် မထွက်ခင်ကိုပါပဲ။ ဆေးရုံတက်ချိန်မှာပဲ ဆေးရုံကိုလာပြီး အားပေးကြတယ်။
 နိုင်ငံရေးဟာ ကြောက်စရာမဟုတ်တော့ဘူးဆိုတဲ့ အခြေအနေတစ်ခုကို လမ်းစပျိုးနေပြီပေါ့။ အပြောင်းလဲ အပြောင်းလဲဆိုတာ ဘာတွေပြောင်းလဲသွားပြီဆိုတာတော့ ကျွန်တော်လေ့လာရဦးမှာပါ။ အပြောင်းလဲပြောလို့ရှိရင် ကျွန်တော်ကာတွန်းတစ်ကွက်သွားသတိရတယ်။ voice ထဲမှာပါတာ။ မီးပွိုင့်မှာ ကားတွေ ရပ်ထားတာ။ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူက သူ့ဂျာနယ်ကို ကြော်ငြာတာပေါ့ဗျာ။ အပြောင်းလဲတွေ၊ အပြောင်းလဲတွေတဲ့၊ မီးပွိုင့်မှာ ကားရပ်စောင့်ရင်း အပျင်းပြေဖတ်လို့ရတဲ့အပြောင်း အလဲတွေတဲ့။ အဲဒါအပြောင်းအလဲပါပဲ။"

 ၆။      နောက်တစ်ခုက အစ်ကို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးပါ။

"ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဟိုတလောက လိပ်ခေါင်းခွဲရတယ်ပေါ့နော်။ အဲဒီဟာက အကင်းမသေသေးသော်ငြားလည်းပဲ ကောင်းသွားမှာပါ။ ဆရာဝန်ကြီးကလည်းပြောတယ်။ တဖြည်းဖြည်းနဲ့ ကောင်းသွားမှာပါ။ ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီ လိပ်ခေါင်းက အပြင်ကတည်းကရှိတာလား။ အထဲရောက်မှ ရှိလာတာလား။ အထဲမရောက်ခင်ကတည်းက ဖြစ်တာပါ။ အပြင်မှာကတည်းက ကျွန်တော်က အထိုင်များတယ်ဆိုတော့လေ။ လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်ဘူး။

 ၇။      နောက်တစ်ခုက အစ်ကိုက ကျောင်းမပြီးသေးဘူးလို့ သိရပါတယ်။ရှေ့ဆက်ပြီးတော့ ကျောင်းပညာရေးကို ဘယ်လိုစီစဉ်ထားလဲ သိချင်ပါတယ်။

        "ပညာရေးက ဒုတိယဦးစားပေးပေါ့။ နံပါတ်(၁)က နိုင်ငံရေးကို လုပ်ချင်တဲ့အတွက် နိုင်ငံရေးကို အရင်လေ့လာမှာပါ။ နိုင်ငံရေးပညာကို လေ့လာရမယ်။ နောက်ပြီးတော့ ကျွန်တော့်စားဝတ်နေရေးလည်း လုပ်ရဦးမယ်။ ဒီကြားထဲကမှ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်က ကျွန်တော်ဘွဲ့ရဖို့အတွက်
 ကျောင်းတက်ချင်ပါတယ်။ မဟုတ်ရင်တော့ လတ်တလော အခုလိုအပ်နေတဲ့ အိုင်စီတီနည်းပညာ၊ ကွန်ပျူတာတွေ လုပ်ရမှာပေါ့။ အင်တာနက်တွေ သုံးနိုင်အောင် အများကြီးလေ့လာရဦးမှာပါ။ ကျွန်တော်ထောင်ကျတဲ့ ၉၈ ခုနှစ်အချိန်က အင်တာနက်မှ မရှိသေးတာ။ အဲဒီတော့ အခုအိုင်စီတီနည်းပညာနဲ့ပတ်သက်ပြီးတော့ လေ့လာမယ်။ တစ်ဖက်မှာလည်းနိုင်ငံရေးလုပ်ချင်တယ်ဆိုတော့ တကယ်တမ်းနိုင်ငံရေးလုပ်ဖို့ ကျွန်တော့်မှာအရည်အသွေးမပြည့်ဝသေးဘူး။ အဲဒီတော့ အဲဒီဖက်ကိုလည်း လေ့လာရဦးမှာပါ။"

 ၈။      အစ်ကို့ရဲ့ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးခံယူချက်ကို သိချင်ပါတယ်။

       " နိုင်ငံရေးအယူအဆကို ရှင်းရှင်းပြတ်ပြတ်ပြောနိုင်ဖို့အတွက်ကတော့ခက်ပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းစ၊ တည်ဆောက်စအချိန်ကိုး။ ကျွန်တော်တို့က ဖွဲ့စည်းတည်ဆောက်ပြီးစပုံစံ၊ ဆရာ ဒဂုန်တာရာ စကားနဲ့ပြောရရင် ဘယ်လိုအရောင်ထွက်လာမယ်ဆိုတာမသိသေးပါဘူး။ အခုမှ ဆေးစက်တွေ ချနေဆဲပေါ့။"

 ၉။      အထဲမှာ ကျန်သေးတဲ့သူတွေအတွက် ဘာပြောစရာရှိမလဲ။

        "ကျန်တဲ့သူတွေကိစ္စက၊ ဟိုတလောက ကျွန်တော်တို့ဂျာနယ်တွေထဲမှာ ဖတ်ရတာ ဦးစိုးသိန်းကပြောတယ်။ ဇူလိုင်မှာ နိုင်ငံရေးအကျဉ်းသားအမြောက်အမြားကိုပြန်လွှတ်ပေးမယ်ပြောတယ်။ အခု ဒီကနေ့ ကျွန်တော်သိလိုက်ရတာတစ်နိုင်ငံလုံးမှာ (၄၆)လွှတ်တယ်။ ဒါဟာ အမြောက်အမြား မဟုတ်တာ သေချာတယ်။ကျွန်တော်နားလည်တာက ကျွန်တော့်ကို ဇွန်လ(၂၀)ရက်နေ့မှာ ခင်ဗျားအမှုတွဲတွေဘယ်သူလဲ၊ ဘယ်နှယောက်ကျန်သလဲ၊ အဲဒါ လာမေးတယ်။ လာမေးတော့ ကျွန်တော်က(၆၈)ယောက်ရှိတယ်။ ကျွန်တော်မှတ်မိသလောက် အယောက်(၂၀)ရေးပေးလိုက်တယ်။ကျွန်တော်နားလည်တာက ဘာကြောင့် ကျွန်တော်တို့ကျန်ခဲ့သလဲဆိုတာ သူတို့စိစစ်ပြီးတော့ ကျန်ခဲ့တဲ့အတွက် လွှတ်ပေးတယ်။ ဆိုလိုတာက ဇန်န၀ါရီအသုတ်ရဲ့နောက်ဆက်တွဲအဖြစ် လွှတ်ပေးတယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဇူလိုင်အသုတ်လို့ကျွန်တော်နားမလည်ဘူး။ ဇူလိုင်အသုတ်လွှတ်လိုက်ဦးမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဦးစိုးသိန်းပြောတဲ့ ဇူလိုင်မှာအမြောက်အများလွှတ်မယ်ဆိုတဲ့ အသုတ်ပေါ့။"

 ၁၀။     နောက်ဆုံးအနေနဲ့ အစ်ကို့ဘ၀မှာ ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်သွားမလဲဆိုတာ သိချင်ပါတယ်။

       " လောလောဆယ်တော့ ခုနပြောတဲ့ လေ့လာရေးပါပဲ။ နိုင်ငံရေးလေ့လာရမယ်။ နည်းပညာတွေ လေ့လာရမယ်။ ကျွန်တော့်စားဝတ်နေရေးလုပ်ရမယ်။ ဒီလောက်ပါပဲ။

 ၁၁။     ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

 ကိုအေးအောင်သည် ၁၉၉၈၊ စက်တင်ဘာ(၁၂)ရက်နေ့တွင် အဖမ်းခံရပြီး ၁၉၉၉၊ ဇန်န၀ါရီ (၁၅)ရက်နေ့တွင် ထောင်ဒဏ်(၅၉)နှစ်ကျခံရန် အမိန့်ချမှတ်ခံရသည်။ ၁၉၉၉၊ ဧပြီ(၁၁)ရက်နေ့တွင် အင်းစိန်ထောင်မှ ကလေးထောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ(၄)ရက်နေ့မနက်တွင် ကလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့ရှိ မိဘများထံသို့ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။

 မွန်ပီး(ကလေး)

 မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်။  အမှတ်(၆၆)၊ သောကြာနေ့၊ ဇူလိုင်(၆)ရက်၊ ၂၀၁၂ ခုနှစ်။

 ကိုအေးအောင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်း

 ကိုအေးအောင်ကို အဖ ဦးသောင်းစိန်၊ အမိ ဒေါ်စန်းမြင့်တို့မှ ၂၂.၈.၁၉၇၆တွင် မွေးဖွားခဲ့ပြီး မွေးချင်းအစ်ကိုမှာ ကိုမင်းမောင်ဖြစ်သည်။ သူသည် မူလတန်းပညာရေးကို အ.မ.က(၁၉)၊ (ဃ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမှ အောင်မြင်ခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းကို အ.ထ.က(၃) သင်္ဃန်းကျွန်းမှ အောင်မြင်ခဲ့သည်။ ဒဂုံတက္ကသိုလ်တွင် ရူပဗေဒဘာသာ အဓိကဖြင့်အဝေးသင်တက်ရောက်နေရင်း ၁၉၉၆၊ ဒီဇင်ဘာ ကျောင်းသားဆန္ဒပြပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။ ၄င်းနောက် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းတည်ထောင် သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်လာပြီး(ဒ.က.သ)ဖွဲ့စည်းကြောင်း ကြေငြာချက်ထုတ်ဝေခဲ့ရာ စစ်ထောက်လှမ်းရေးမှ ဒ.က.သအဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချစဉ် ကိုအေးအောင်မှာထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

၎င်းနောက် ၁၉၉၈တွင် NLD၏ သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားလွှတ်တော်ခေါ်ယူပေးရေး ကြေငြာ ချက်ထွက်ပေါ်လာပြီးနောက် ကျောင်းသားထု၏ထောက်ခံမှုအသံ ဖော်ထုတ်ပြသရန်နှင့် တက္ကသိုလ်စာမေးပွဲများကို မိမိတို့နေထိုင်ရာ မြို့နယ်ရှိအထက်တန်းကျောင်းများတွင်ဖြေဆိုခိုင်းသည်ကို လက်မခံမကျေနပ်ကြောင်း ပြသနိုင်ရန်၊ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး ကျောင်းသားဆန္ဒပြပွဲကို (၂၄)ရက်၊ သြဂုတ်လ၊ ၁၉၉၈တွင် လှည်းတန်းလမ်းဆုံ၌ ဦးဆောင်ပြုလုပ်ခဲ့သည်။ ၄င်းနောက် ထပ်မံထွက်ပြေးတိမ်းရှောင်နေရစဉ် (၁၂.၉.၉၈)ရက်နေ့တွင် စစ်ထောက်လှမ်းရေး၏ဖမ်းဆီးခြင်း ခံလိုက်ရသည်။ စစ်ကြောရေးကာလများကို ဖြတ်သန်းခဲ့ရပြီးနောက် အင်းစိန်အထူးတရားရုံးမှ ပုဒ်မ ၅-ည၊ ၁၇/၂၀၊ ၁၇(၁)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်(၅၉)နှစ် ချမှတ်ခြင်း ခံရသည်။ ၄င်းနောက် အင်းစိန်အကျဉ်းထောင်မှ ကလေးမြို့ အကျဉ်းထောင်သို့ ၁၉၉၉၊ ဧပြီလဆန်းတွင်ပြောင်းရွေ့ခံလိုက်ရသည်။ ၂၀၁၀၊ ဇူလိုင်(၃)ရက်နေ့တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

 ကိုအေးအောင် ရေးသားသော ကဗျာတစ်ပုဒ်။

 လွတ်လပ်ခြင်း

 တံခါးအချပ်ချပ်

သော့အထပ်ထပ်နဲ့

အရပ်ရပ်အန္တရာယ် ကာကွယ်လေပြီ

ဒီလို

အပြင်က ခတ်ထားတာမျိုး မဟုတ်ဘူး။ (အေးအောင်)
ဂျာနယ်ပါ ပုံ။ (ဓာတ်ပုံ-ကိုဝါကာ)



Posted: 07 Jul 2012 03:29 PM PDT
လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။

ကျွမ်းကျင်အဆင့် အလုပ်သမား တစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ --
သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

Famoso အထည်ချုပ်စက်ရုံ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းမှုကို မင်္ဂလာဒုံစက်မှုဇုန် အုပ်ချုပ်ရေးရုံးတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ရာ အလုပ်ရှင်ဘက်မှ ပြောဆိုဆွေးနွေးနေစဉ်။ အဆိုပါပွဲကို အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနဲ့ တိုင်းဒေသကြီး လူမှုဝန်ထမ်းနဲ့ အလုပ်သမားရေးဝန်ကြီး ဦးစိုးမင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက် စေ့စပ်ဖြန်ဖြေပေးခဲ့သည်။ RFA



Posted: 07 Jul 2012 11:35 AM PDT
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။

ဘူးသီးတောင်၊ မောင်တော---
သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2012 11:23 AM PDT
စာရင်းအင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့် ခွဲမူ့ ဆိုင်ရာဘာသာရပ်များအကြောင်းရှင်းလင်းပြောကြားခြင်း နှင့် တစ်စိတ်တစ်ပိုင်းပညာသင် ထောက်ပံ့ ကြေးပေး အပ်မည့် Singapore Accountancy Academy

မြန်မာနိုင်ငံမှကျောင်းသူကျော်းသားအများစုစိတ်ဝင်စားသော၊ စီမံခန့် ခွဲမှူ့ ဘာသာရပ်များတွင်၊ ဆင့်ပွားဘာသာရပ်ခွဲပေါင်းများစွာရှိပြီး ကျောင်းသူကျောင်းသားအများစုမှာ ၄င်းဘာသာရပ်များ၏ သဘောသဘာဝကို ခွဲခြားသိရှိရန်ခက်ခဲလေ့ရှိပါသည်၊၊ သို့ ဖြစ်ပါ၍ Accounting, Finance, Management ဘာသာရပ်များ၏ သဘောသဘာဝများ၊ သင်ယူနိုင်သည့် တက္ကသိုလ်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး၊ ၂၀၁၂ အောက်တိုဘာလတွင် အဆိုပါဘာသာရပ်များကို တက်ရောက်မည့်ကျောင်း သားတိုင်းကို တစ်စိတ်တစ်ပိုင်းပညာသင်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၂,၀၀၀ ပေးအပ်သွားမည့်အစီအစဉ်ကို ဇူလိုင်(၁၀)ရက်နေ့၊ အင်္ဂါနေ့ ၊ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီအထိ  Summit Parkview Hotel တွင်ရှင်းလင်းပြောကြားသွားမည်စ်ြကြောင်းသိရသည်၊၊

အဆိုပါ အစီအစဉ်ကို CROWN Education နှင့် စင်ကာပူနိုင်ငံမှ Institute of Certified Public Accountants of Singapore (ICPAS)၏ ပညာရေးလေ့ကျင့်မှုဌာနခွဲတစ်ခုဖြစ်သော SAA-GE မှပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊ SAA-GE တွင် သင်ယူလေ့လာနိုင်သော Plymouth University မှ အသိအမှတ်ပြုပေးအပ်မည့်BA (Hons) Business Administration, BA (Hons) Accounting & Finance နှင့်  Final Year Top-up Degree တို့ ကို SAA-GE တွင်တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်ဟုသိရသည်၊၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ပထမနှစ်အောင်မြင်ထားသျူား (သို့မဟုတ်) GCE ‘A’ အောင်မြင်ထားသူများအနေဖြင့် Plymouth University ၏ BA (Hons) နောက်ဆုံးနှစ်ကိုတက်ရောက်လိုပါက SAA-GE Advanced Diploma Level 1 & 2 ကို ဦးစွာတက်ရောက်ရမည်ဖြစ်သည်။ (၁၈)လ ကြာမြင့်မည်ဖြစ်သော အဆိုပါ Advanced Diploma တွင် ကျောင်းသားကျောင်းသူများ၏ business skills ၊ business environment ၊ business management practices ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။

Plymouth University သည် No.1 Green university in UK ဖြစ်သည့်အပြင် ကျောင်းသားဦးရေ အများဆုံးတက်ရောက်နေသည့် လန်ဒန်တက္ကသိုလ်နှင့် မန်ချက်စတာတက္ကသိုလ် တို့ပြီးပါက Plymouth University သည် လက်ရှိ ကျောင်းသား ၃၀,၀၀၀ ကျော် တက်ရောက်နေသည့် စတုတ္ထမြောက် အကြီးဆုံးကျောင်းဖြစ်သည်။ Sunday Times ၏ ဖော်ပြချက်အရ ခေတ်မီ ထိပ်တန်း တက္ကသိုလ် (၃)ခုတွင် ပါဝင်သော Plymouth University သည် Top 50 Research University တစ်ခုအဖြစ်လည်း အဆင့်သတ်မှတ်ခြင်းခံရသည်။
အဆိုပါဘာသာရပ်များကို တက်ရောက်သင်ယူရာတွင် အရစ်ကျ စနစ်ဖြင့် တစ်ကြိမ်လျင် (၁၈) ခန့် သာပေးသွင်းရန်လိုအပ်ပြီး IETLS / TOEFL ရမှတ်မရှိသူများပါလျှောက်ထားနိုင်ကြောင်းသိရသည်၊၊

သေးစိတ်အချက်အလက်များကို သိရှိလိုသူများနှင့် ကျောင်းလျှောက်ထားလိုသူများကို ဇူလိုင်(၁၀)ရက်နေ့၊ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီအထိ SAA-GE မှ မန်နေဂျာ Kelvin Goh ကိုယ်တိုင် one-to-one ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါဖြင့် CROWN Education  ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ၊ အခန်းအမှတ် (၄၀၄)၊ ပြည်လမ်း၊ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း၊ ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊ 

source:  www.crown-education.com



Posted: 07 Jul 2012 08:47 AM PDT
လစ်လပ်သွားသည့် ဒုတိယသမ္မတ နေရာတွင် အစားထိုးခန့် အပ်ရန် ရေပန်းစားသူများ ထဲတွင် ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင် စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ၊ ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ဦးမြင့်ဆွေ စသူတို့၏ အမည်စာရင်းများ ထွက်ပေါ်လျက်ရှိရာ ဦးဌေးဦး မှာ ရေပန်းအစားဆုံး--

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Jul 2012 08:35 AM PDT
ပထမအကြိမ်ပြည်သူ.လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကိုတက်ရောက်လာတဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို အာဆီယံ ပါလီမန် အမတ်များအဖွဲ.က နေပြည်တော်မှာလာရောက်တွေ.ဆုံခဲ့ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို့ထားပါတယ်။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2012 08:15 AM PDT
သည်တစ်ပတ်မှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေး အမှန်ဖြစ်ဖို့ ဗဟိုဘဏ်က ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဧပြီလကစပြီး ဗဟိုဘဏ်က ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေဈေးနှုန်းက---
သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2012 08:10 AM PDT
အစိုးရအဖွဲ့ ပိုမိုအားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ ပြုလုပ်မည့်စာရင်းကို စတင်ကျင်းပနေပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ယခုရက်ပိုင်းအတွင်း တင်ပြရန်ရှိကြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့်-----
 သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2012 08:01 AM PDT
ဇူလိုင်လ (၉)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2012 07:54 AM PDT
ဇူလိုင်လ (၇) ရက်နေ့ ထုတ် သျှမ်းသံတော်ဆင့် စာစောင်
စာစောင် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...