Thursday, July 5, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၇)


သစ်ထူးလွင်



Posted: 05 Jul 2012 06:56 AM PDT
ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော စစ်တွေမြို့ လမ်းမကြီး ၏ မြင်ကွင်းကို ဇွန်လ ၁၈ ရက်နေ့ကတွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သော  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ  ၁၄၄ တွင် တစ်စိတ် တစ်ဒေသ ပါဝင်သော  ညမထွက်ရအမိန့်ကို  မကြာခင် ရက်ပိုင်းအတွင်း  ပြန်လည် သုံးသပ်ဖွယ် ရှိနေကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက---





Posted: 05 Jul 2012 06:19 AM PDT
ကော့မှူးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် က သူ့ ရဲ့ မဲဆန္ဒ နယ် က ဒေသခံတွေ ရဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ဖို့ သွားရောက်တွေ ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကိုသက် ရိုက်ကူး ဇေကြီး
DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2012 06:22 AM PDT
နာမည်ကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း မန္တလေးမြို့ ကိုရောက်ရှိ လာပီး ကြိုဆိုသူတွေများတာကြောင့် ကလေးတွေ ကို တွေ့ မဲ့ အစီအစဉ်ဖျက်လိုက်ပါတယ်။ DVB TV News
ကိုသက် ။ ရိုက်ကူး စောနန်း
ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jul 2012 05:42 AM PDT
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။

(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

by 7Day News Journal

Posted: 05 Jul 2012 05:33 AM PDT
ကော့မှူး၊ ဇူလိုင်- ၅

ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံပွဲတွင် ဒေသခံလယ်သမားများ၏ အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စတို့ တင်ပြခဲ့ကြသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ တောင်သူများချေးငွေလိုအပ်နေခြင်းနှင့် ချောင်းမြောင်းများမကောင်းသဖြင့် လယ်မြေများ ရေမြုပ်ခြင်း၊ ၀မ်းစာမရှိ၍ ဆန်ကို ၅ ကျပ်တိုးနှင့်ချေး၍ စားနေရခြင်းတို့ကို ပြောသည်။

ပညာရေးနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းများသို့ သွားရန် ခက်ခဲခြင်း၊  ဆင်းရဲခြင်းတို့ကြောင့် ပညာဆက်လက်မသင်ကြားနိုင်သည့် အခြေအနေကို တင်ပြခဲ့ကြသည်။

ကျန်းမာရေးတွင်လည်း ဆေးပေးခန်းမရှိခြင်းနှင့် ဆရာဝန်၊ ဆရာမ မရှိခြင်းတို့ကို တင်ပြခဲ့ကြပြီး ကျန်းမာရေးနှင့် ပတ်သက်၍ အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး ဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ငွေကြေးခက်ခဲနေသူများ အားကူညီရန် အသေးစားချေးငွေပြုလုပ်နေသော အဖွဲ့တစ်ခုနှင့် တိုင်ပင်နေပြီး သုံးလေးလအတွင်း ဆောင်ရွက်ပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြန် လည်ဖြေကြားခဲ့သည်။

သို့သော် လမ်းပန်းဆက်သွယ်ရေးနှင့် ရေကိစ္စနှင့် ပတ်သက်၍“မိုးကုန်တာနဲ့ တတ်နိုင်သမျှ လမ်းရော ရေရောလိုတယ်ဆိုတာ သိတယ်။ ဦးစားပေးလုပ်ပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတကျောင်းတွင် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီ ၄၀ ကျော်အထိ ၂ နာရီကျော် ကြာတွေ့ဆုံခဲ့သည်။

by 7Day News Journal

Posted: 05 Jul 2012 05:41 AM PDT
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း ကိုတွေ့ရစဉ်။
ဓာတ်ပုံ- စန်းယုကျော်
 ဂျက်ကီချန်းမှာ မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့ညနေ ၆ နာရီခန့်တွင် ရောက်ရှိလာသည်။ ကိုယ်ပိုင်လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ရောက်ရှိပြီး၊ အဆိုပါကျောင်းသို့ ကားဖြင့် တိုက်ရိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းတွင် သတင်းယူရန် စောင့်ဆိုင်းနေသော သတင်းထောက်နှစ်ဆယ်ဝန်းကျင်နှင့် ဂျက်ကီချန်းကို
လာရောက်ကြည့်ရှုသော မြို့ခံပရိသတ်များလည်း ရောက်ရှိနေပြီး၊ ယူနီဆက်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုသူ အားလုံးကိုကျောင်းဝန်းအပြင်ထွက်ပေးရန် ပြောသည်။

သို့သော် ဂျက်ကီချန်းရောက်လာပြီးနောက် ပရိသတ်ပိုများလာသဖြင့် ဂျက်ကီချန်းမှာ ကျောင်းအတွင်း
ခေတ္တသာ နေပြီး ပြန်လည်ထွက်ခွါသွားကြောင်း 7day news သတင်းထောက်က သတင်းပေးပို့သည်။
သို့သော် သတင်းထောက်များမှာ ဂျက်ကီချန်းပြန်လာမည်ဟု ယူဆပြီး စောင့်ဆိုင်းနေကြဆဲဖြစ်သည်။
ဂျက်ကီချန်းမှာမန္တလေးမြို့မှ ရန်ကုန်သို့ ဇူလိုင် ၇ ရက်တွင် လာရောက်မည်ဖြစ်သည်။


7Day News Journal

မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း ကိုတွေ့ရစဉ်။


Posted: 05 Jul 2012 05:16 AM PDT
နေပြည်တော် ဇူလိုင် ၅ ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး နံနက်ပိုင်းတွင် အရေးကြီး အဆိုတစ်ရပ် အဖြစ် အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေက အဆို တင်သွင်းသည်။

အဆိုမှာ ၂၀၁၂ ခုနှစ် ဇွန်လ အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော  အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူများ သေကျေ ထိခိုက်ခြင်း၊ နေအိမ်နှင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ လတ်တလော ရပ်တည်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ နေ့တွက်စားရိတ် ရရှိငွေများမှ (၃)ရက်စာ စုပေါင်းလှူဒါန်း ပေးသင့်ကြောင်းနှင့် စေတနာရှိပြီး တတ်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များကလည်း ထပ်ဆောင်း လှူဒါန်းသင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများ၏ အခြေအနေများကို သိရှိနိုင်ရန်၊ ပြည်သူများနှင့် တွေ့ဆုံ အားပေးမှုများ ပြုလုပ်နိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားသည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းသည့် အဖွဲ့တစ်ဖွဲ့အား စေလွှတ်ပေးပါရန် ပြည်သူ့လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

(သတင်းစဉ်) Ministry of Information

Posted: 05 Jul 2012 05:01 AM PDT
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့၏ အထူးသံတမန် ဖြစ်သော ကမ္ဘာကျော်ရုပ်ရှင် သရုပ်ဆောင် ဂျက်ကီချန်း သည် ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။

၎င်းသည် ကလေးသူငယ်များလူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ သို့ရောက်ရှိနေစဉ်အတွင်း ခက်ခဲကြမ်းတမ်းသော ဘ၀အခြေအနေများနှင့် ရင်ဆိုင်နေရသည့်ကလေးသူငယ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

Posted: 05 Jul 2012 04:52 AM PDT
ဒုတိယသမ္မတသစ်တင်မြှောက်ရာ၌ လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ရာခိုင်နှုန်းကရွေးချယ် သူ  ကိုသာ   ပြည်ထောင်စုလွှတ်တော်သို့အမည်စာရင်းတင်သွင်းခွင့်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံက သိရှိရသည်။

 “အခုလစ်လပ်သွားတဲ့ ဒုတိယသမ္မတက တပ်မတော်သားဖြစ်တဲ့အတွက် ကျွန်မတို့အမျိုးသား လွှတ်တော်နဲ့   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တပ်မတော်သား အစုအဖွဲ့ကသာ သူတို့က ရွေးချယ်ပြီး   ပြည်ထောင်စု လွှတ်တော်ကို အမည်စာရင်းတင်သွင်းရမှာပါ။ လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားက ၂၅ရာခိုင်နှုန်းရှိတယ်လေ အဲ့ဒီရာခိုင်နှုန်းက ဒုတိယ သမ္မတနေရာမှာ ကိုယ်ကြိုက်တဲ့သူရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

 လွှတ်တော်အတွင်းတွင် အစားထိုးခန့်အပ်ရန် ဒုတိယသမ္မတလောင်းနေရာအတွက် ဒုတိယသမ္မတလောင်းအဖြစ် ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီမှ အထွေထွေအတွင်းရေးမှူး) ၊ ဦးစိုးသိန်း (လက်ရှိ ပြည်ထောင်စုဝန်ကြီးနှင့် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ) နှင့် ဦးတင်အေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)နှင့် ဦမြင့်ဆွေ(ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်) တို့မှာ ဒုတိယသမ္မတအဖြစ်ခန့်အပ်ခြင်းခံရရန် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

 ဒုတိယသမ္မတနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သော သီဟသူရတင်အောင်မြင့်ဦး ကျန်းမာရေးအခြေ အနေကြောင့် ဇူလိုင်လ(၁) ရက်နေ့တွင် နှုတ်ထွက်ရန်တင်ပြခဲ့ပြီး ဇူလိုင်လ(၄)ရက်နေ့၌ ကျင်းပခဲ့ သော ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဒုတိယသမ္မတနေရာ လစ်လပ်ခြင်းကို နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းဖြင့် အတည်ပြုခဲ့ သည်။

 ဦးတင်အောင်မြင့်ဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်မှုဝါဒကောင်စီတွင် ဥက္ကဋ္ဌနှင့် တပ်မတော်တွင် စစ်ထောက်ချုပ်တာဝန်အား ထမ်းဆောင်ခဲ့ သူ ဖြစ်သည်။

 ဒုတိယသမ္မတကိစ္စနှင့် ပတ်သတ်၍ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၂၄ /၂၅ နှင့်အညီဒုတိယသမ္မတအသစ် ရွေးချယ်သင့်ကြောင်း အဆို တင်သွင်းခဲ့ကြောင်းကိုလည်း သိရှိရသည်။

 ဒု-သမ္မတရွေးချယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)ပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတက သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူကိုသာရွေးချယ်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)တွင်  နိုင်ငံတော်နှင့်နိုင်ငံသားအပေါ် သစ္စာစောင့်သိသူဖြစ်ရမည် ၊ ရွေးချယ်တင်မြှောက်ခံရသူသည် အသက်(၄၅)နှစ် ပြည့်ပြီးသူဖြစ်ရမည် ၊ သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး နှစ်(၂၀)နိုင်ငံတော်တွင် အခြေခံနေထိုင် သူဖြစ်ရမည် ၊ နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊စီးပွားရေး နှင့်စစ်ရေး အမြင်များရှိရမည်  တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်ရ ၊ တိုင်းတစ်ပါး၏ ကျေးဇူးခံစားခွင့်ကို ခံစားနိုင်ခွင့်ရှိသူမဖြစ်ရ စသည့်အချက် တို့ပါဝင်သည်။

 အဆိုပါအချက်များနှင့် ပြည်စုံသူကို လာမည့်ဇူလိုင်လ(၁၀)ရက်နေ့နောက်ဆုံးထားကာ လွတ်တော် အတွင်းရှိတပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ဒုတိယသမ္မတ အမည်စာရင်းပေးပို့ရမည် ဖြစ်သည်။

 ဒုတိယသမ္မတဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေရာတွင် အစားထိုးမည့် ဒုသမ္မတသစ်သည် တိုင်းပြည်အတွက်   ပြုပြင်ပြောင်းလဲရေးကို လိုလားသူ၊ စိတ်ဝင်စားသူဖြစ်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဆိုထားသည်။

 “ဒုတိယသမ္မတကို တင်မြောက်တဲ့အခါမှာ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)နဲ့ ညီတဲ့ အချက် အလက်တွေနဲ   ပြည့်စုံရမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အဓိကက တိုင်းပြည် ပြုပြင်ပြောင်းလဲ ရေးကို လိုလားတဲ့သူ ၊ စိတ်ဝင်စားတဲ့ သူဖြစ်ရမယ်။ နောက်တစ်ခုက ပြည်သူကို နှိပ်ကွပ်လိုတဲ့သူ မဖြစ်သင့်ဘူး” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက အကြံပြုပြောဆိုသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup

Posted: 05 Jul 2012 04:32 AM PDT
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ခရီးစဉ်ပုံရိပ်များ (14 photos)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇူလိုင်လ ၅ရက် နံနက် က သူ၏ မဲဆန္ဒနယ်မြေ ဖြစ်သောကော့မှူးမြို့နယ်သို့ ဒေသခံများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။
Popular Myanmar News Journal

ဓါတ်ပုံပေါင်း ၁၄ ပုံကို ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jul 2012 04:23 AM PDT
စစ်တွေမြို့ မြို့မဈေးတွင် ယခင်က ဘင်္ဂလီအလုပ်သမားများလုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင်ရခိုင်တိုင်းရင်းသား အလုပ်သမားများအား အစားထိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

''ဒီနေ့ မြို့မဈေးကိုဖွင့်ထားပါပြီ၊ ဈေးတွင်းအလုပ်သမားတွေကိုလည်း ရခိုင်တွေကိုပဲ ခန့်ထားပါပြီ၊ ဒါကလဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရခိုင်အလုပ်သမားတွေ အတွက်ပါ၊ လူကြီးတွေရဲ့ အစီအစဉ်နဲ့ လုပ်တာပါ၊''ဟု ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဒေသခံ ရခိုင်လုပ်သားအများစုမှာ ကြုံရာအလုပ်များအား ဝင်ရောက်လုပ်နေကြရပြီး လက်ရှိတွင် မြို့မဈေးအတွင်း၌ ရခိုင်အလုပ်သမားများကိုသာ  အသုံးပြုရတော့မည်ဖြစ်သည်။

" ကျွန်တော်တို့်က အလုပ်မရှိတာ ကြာပြီ ကြုံရာလုပ်နေရတာ အခုလို ဈေးမှာ ပုံမှန် လုပ်နေရမယ်ဆိုတော့ မိသားစုအတွက် ဝင်ငွေကောင်းသွားပါပြီ''ဟု မြို့မဈေးတွင် ကုန်တင်ကုန်ချအလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သားတစ်ဦးက ပြောသည်။

ထိုအပြင်လူမှုရေးအဖွဲ့စည်းတစ်ခုဖြစ်သည့် ၀ံလက်ဖောင်ဒေးရှင်းမှလည်း ရခိုင်အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာအနေဖြင့်  မုန့်လုပ်ငန်းဆိုင်ရာသင်တန်းများကို အခမဲ့ပို့ချပေးနေကြောင်းကိုလည်း သိရှိရသည်။

'' လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလဲ ရခိုင်တွေကိုပဲ အသုံးပြုဖို့ အစီအစဉ် ရှိပါတယ်၊''ဟု စစ်တွေမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့သာရေးနာရေးအသင်းမှ ဆရာတော်ကြီးများကလည်း လုပ်ငန်းခွင်များတွင် ဘင်္ဂလီများအစား ရခိုင်လူမျိုးများကိုသာ  အလုပ်ပေးရန် တောင်းဆိုထားသလို ရခိုင်အလုပ်သမား သမဂ္ဂဖွဲ့စည်းရန်လည်း   တောင်းဆိုထားကြောင်း သိရသည်။

" ရခိုင်အလုပ်သမား သမဂ္ဂကိုဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒီလို ဖွဲ့စည်းထားမှ အလုပ်ရှင်တွေအတွက် လိုအပ်တဲ့ ရခိုင်အလုပ်သမားတွေကို ရှာဖွေပေးနိုင်မှာ''ဟု ရခိုင်သမိုင်းသုတေသီဆရာတော်ဦးပညာစာရက မိန့်ကြားသည်။

မိုးဝေ(မြစ်မခ)
by Myit Makha Mediagroup


Posted: 05 Jul 2012 04:18 AM PDT
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေး မတက်ရောက်မီ သူ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်သို့ ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီက ရောက်ရှိပြီး ဒီချုပ်အဖွဲ့ဝင်များဒေသ ခံမြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့သည်။တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်တွင်းလိုအပ်လျှက်ရှိသော ကိစ္စရပ်များကို မေးမြန်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုယ်စားလှယ်များမှ မိမိတို့လိုအပ်ချက်များ ကိုတင်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ကော့မှူးမြို့နယ် အတွင်း ရှိ ကျေးရွာပေါင်း ၆၁ ရွာမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး မိမိကျေးရွာအတွင်းရှိ လိုအပ်ချက် ကိစ္စများကို တင်ပြခဲ့ကြရာ အဓိကလို အပ်ချက်များသည် သန့်စင်သောရေရရှိရေး ၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေးဆေးပေးခန်း၊စိုက်ပျိုးရေးအသုံးစရိတ်၊ပညာသင်ကြားရေး၊ ချေးငွေ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆည်ရေအသုံးပြုမှုနှင့် ရပ်ကျေးပါတီ အဖွဲ့ အစည်းတွင်းကိစ္စရပ်များဖြစ်သည်ကို တင်ပြချက်အရသိရသည်။
ယင်းကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းပြောကြားခဲ့ရာတွင် မိမိအနေဖြင့် ရော ဒီချုပ်ပါတီအနေဖြင့်ပါ အချိန်တိုတွင်းဆောင် ရွက်နိုင်သော ကိစ္စရပ်များကို အချိန်တိုတွင်းဆောင်ရွက်ပြီးစီနိုင်အောင် စီစဉ်ပေးရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ၊ အချိန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် တတ်သိနားလည် ကျွမ်းကျင်သူများဖြင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

““ ဒီဒေသမှာ အထူးလိုအပ်နေတာ ရေနဲ့ လမ်းပမ်းဆက်သွယ်ရေးဆိုတာ ကျွန်မသိတယ်။ မိုးကုန်တာနဲ့ ဒါတွေ စနိုင်ဖို့ကြိုးစားမယ်။ ကျေးရွာဆေးပေး ခန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုကျေးရွာမျိုးတွေမှာ အဓိကလိုအပ်နေသလဲ ၊ ဘယ်လောက်ထိ အနီးဝန်ကျင်မှာရှိတဲ့ ဒေသတွေပါ အကျိုးရှိနိုင်မလဲ ဆိုတာကိုလေ့လာဖို့ အဖွဲ့တစ်ခု စေလွှတ်မယ်။ အမြန်ဆုံးလုပ်ရမယ့် ကိစ္စတွေကို အမြန်ဆုံးလုပ်မယ်။ အချိန်ယူပြီး လုပ်ရမယ့်ဟာကို အချိန်ယူပြီး လုပ်မယ် ”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများ၏ တင်ပြချက် များကို ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဒေသခံများ၏ တင်ပြချက်များကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၁နာရီ မိနစ် ၅၀ ထိ မတ်တပ်ရပ်လျှက်ဖြင့် နားထောင်ကာ ပြန် လည်ဖြေရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal

Posted: 05 Jul 2012 06:42 AM PDT
စစ်တွေမြို့မဈေးကြီးဝင်ပေါက်အနီးတွင် ဈေးဝယ်သူများကို ဇွန်လ၂၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ကတွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှိသော မြို့မဈေးကြီး ကို ပြန်လည်ဖွင့်လှစ် ရာတွင် လုံခြုံရေး ကဒ်စနစ် ၃ မျိုးကို အသုံးပြုကာ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မြို့မဈေးကြီးတွင် ဈေးရောင်းချမည့် ဆိုင်ပိုင်ရှင်များကို ဈေးရောင်းခွင့်ကဒ် အပြာရောင် ၊ ဈေးဝယ်သူများ အတွက်ဈေး ၀ယ်ခွင့်ကဒ် အ၀ါရောင်နှ င့် ဈေးအတွင်း လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်သမားကဒ် ပန်းနုရောင်---

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2012 03:42 AM PDT
လှိုင်သာယာမြို့နယ်ရှိ ကျေးရွာများမှ သိမ်းယူထားသည့် လယ်ယာမြေများအတွက် ကုမ္ပဏီများမှ တောင်သူများအား လျော်ကြေးပေးရန် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇူလိုင်လ ၃ ရက်နေ့တွင် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ လှိုင်သာယာရှိ လယ်ယာမဲ့ လယ်သမားရေးရာ ကူညီလုပ်ဆောင်ပေးနေသူ ကိုယ်စားလှယ် ဦးဝင်းချို က ”လှိုင်သာယာကအသိမ်းခံလိုက်ရတဲ့ လယ်တွေအတွက် ရပ်ကွက် ရုံးမှာ ကုမ္ပဏီတွေက လျော်ကြေးပေးပါမယ်လို့----

 သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌာနရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော လယ်သမားများအား ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်



Posted: 04 Jul 2012 07:10 PM PDT
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့ ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်နေရင်း လက်လုပ်လက်စားတွေကို ရွှေရှာခွင့် ပိတ်ပင်လိုက်တဲ့အတွက် မြစ်ငယ်မြို့က မိုးထိရွှေစင်ကုမ္ပဏီနဲ့ ဒေသခံတွေ စပ်တူ ရွှေတူးခွင့် လျှောက်ထားခဲ့တယ် ဆိုပါတယ်။
ခွင့်ပြုချက် မကျလို့ တနင်္လာနေ့က သွားရောက် စုံစမ်းတဲ့အခါ တခြားကုမ္ပဏီကို ချထားပေးလိုက်ပြီလို့ သိရတဲ့အတွက် အသနားခံစာ တင်ကြတာလို့ ဒေသခံရွှေလုပ်သား တစ်ဦးကပြောပါတယ်။
"မိုးထိရွှေစင် ကုမ္ပဏီဆိုပြီးတော့ ကျွန်တော်တို့ ဒေသခံတွေက မန္တလေးတိုင်း အစိုးရအဖွဲ့ကို လျှောက်တယ်ပေါ့။ ရဲထွဋ်ကျော် ကုမ္ပဏီပေါ့နော်။ ပိုင်ရှင်က ကယားပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်လို့ ပြောတယ်။ နှစ်ဦး အပြိုင် လျှောက်ကြတာပေါ့။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လျှောက်တဲ့ အချိန်လည်း ကျွန်တော်တို့က စောတယ်။ ဘယ်သူမှလည်း မဝင်ဘူး။ ဒီတိုင်းပဲ နေတာပေါ့နော်။ လုပ်ငန်းကတော့ ဒီသတ္တုတွင်း ကနေပြီးတော့မှ တရားဝင် မကျသေးတော့ မလုပ်ပါနဲ့ ဆိုပြီးတော့ ကျွန်တော်တို့ကို နားခိုင်းထားတယ်ပေါ့။ တိုင်းအစိုးရ ဝန်ကြီးချုပ်ရုံးကို သွားတဲ့အခါကျတော့ ရဲထွဋ်ကျော်ကို ပေးလိုက်ပြီတဲ့၊ ပြီးခဲ့တဲ့ ကြာသပတေး အစည်းအဝေးကလို့ ပြောတယ်။ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထဲမှာတော့ ကျွန်တော်တို့ မိုးထိရွှေစင်ကို မပေးဘူးပေါ့။ အဲလိုပြောတဲ့ အခါကျတော့ ရွှေလုပ်သားတွေရဲ့ မှတ်ပုံတင်နံပါတ်ရယ်၊ နာမည်ရယ်၊ လက်မှတ်ရေးထိုးပြီးတော့မှ ဝန်ကြီးချုပ်ရုံးကို အသနားခံစာ တင်ခိုင်းလိုက်တယ်"
ရွှေလုပ်သား ၃၇ ဦးက အသနားခံစာ တင်တာလို့ ဆိုပါတယ်။ ဒေသခံတွေမှာ ကိုယ်ပိုင်ကုမ္ပဏီ မရှိတဲ့အတွက် မိုးထိရွှေစင် ကုမ္ပဏီနံမည်နဲ့ လုပ်ကွက်ချထားပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ ရရှိတဲ့ ရွှေပမာဏရဲ့ သုံးပုံတပုံကို ကုမ္ပဏီကို ရှယ်ယာခွဲဝေပေးမယ့် သဘောတူညီချက်လည်း ရှိကြောင်း ဒေသခံ ရွှေလုပ်သားတွေက ပြောပါတယ်။

RFA Burmese 


Posted: 04 Jul 2012 07:09 PM PDT
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"
ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်းနေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါတယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို"
ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese 


Posted: 04 Jul 2012 11:25 AM PDT
ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ ဒုတိယ သမ္မတလောင်းအဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေးနေကြောင်း ---


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Jul 2012 11:00 AM PDT
နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကယန်းလူငယ် ခွန်ကော်ရီယိုဟာ  မြင်းခြံထောင်မှ ယမန်နေ့ ၁၁နာရီက လွတ်လာပြီဖြစ်တယ်လို့ ကယန်းလူငယ် အဖွဲ့ကပြောပါတယ်။
မကြာခင်က ပြန်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကယန်းလူငယ် ခွန်းဘီးဒူက "သူ့ကိုမနေ့က ၁၁နာရီလောက်မှာ သူ့ကိုထောင်ကနေ လွတ်လာတယ် ဒီမနက် ၇ နာရီချိန်လောက်မှာ ဖယ်ခုံကို ပြန်ရောက်လာပါတယ်။ အခု သူကျနော့် အိမ်မှာပဲရှိနေသေးတယ် ညနေလောက်မှ သူ့အိမ်ကို ပြန်ပို့ပေးမှာ----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...