သစ်ထူးလွင် သတင်းစုစည်းမှု (၄-၇)
သစ်ထူးလွင်
|
- ဇူလိုင်လ ၇ ရက် အခန်းအနား ခွင့်ပြုမှာမဟုတ်
- တပ်မတော်သား ကိုယ်စားလှယ်များ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုသမ္မတ တစ်ဦး တင်မြှောက်ရမည်
- ဇူလိုင်လ ၅ ရက်နေ့ ထုတ် 7Days News ဂျာနယ်
- The Voice Weekly Journal - July 4
- နေပြည်တော်မှာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ မှု နောက်ဆက်တွဲ (သတင်း-ရုပ်သံ)
- ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန် အစည်းအဝေးကျင်းပ (ဓါတ်ပုံ)
- အသက်မပြည့်သည့် စက်ရုံလုပ်သား ၄၀ ကျော်ကို အလုပ်ထုတ်
- RCSS/SSA အား ထိုင်းအစိုးရက ဆုချီးမြှင့်ခြင်းကို မြန်မာအစိုးရမှ ကန့်ကွက်
- နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ AI တိုက်တွန်း
- ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော လွှတ်တော်လုပ်ငန်းကော်မတီဖွဲ့စည်
း - မြန်မာ့အရေး ကူညီလိုသူ များပြား
- ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည်
- ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ အမေးအဖြေများ
- ဇူလိုင်လ၊(၃)ရက် ၌ နိုင်ငံရေးအကျဉ်းသား(၂၃)ဦး လွတ်မြောက်
- ကနောင်မင်းသားကြီး၏ မြစ်ရတနာနတ်မယ် စားတော်ကျမ်းတစ်ခု ရေးနေ
- ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ဟု မလေးရှားနည်းပြပြော
- U-22 ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် မြန်မာအသင်း အနိုင်ရ
Posted: 04 Jul 2012 07:25 AM PDT
ကျောင်းသားသမဂ္ဂ အဆောက်အဦဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့်အခန်းအနားကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီ
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jul 2012 06:52 AM PDT
ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက်နေ့က ရာထူးမှ နှုတ်ထွက်ခွင့် ပေးရန် နှုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ လစ်လပ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်မြှောက်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ယနေ့ ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားကြောင်း------
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jul 2012 06:41 AM PDT
| ||
Posted: 04 Jul 2012 06:32 AM PDT
| ||
Posted: 03 Jul 2012 10:33 PM PDT
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် V-4 လမ်းမကြီးဘေး ရွှေနံ့သာ စိုက်ခင်း(၃) အနီး မှာ
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီ ခန့် က စည်ပင် ရဲ့ မီးရှို့ မှုကြောင့် မီးလောင်ကျွမ်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများမှာ ဓမ္မရက္ခိတ၊ အောင်သိဒ္ဓိ ၊ ပါရမီရှင်၊ ဒက္ခိဏရုံ၊ ပြည်လုံးချမ်းသာ၊ ဓမ္မဒီပ ---- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Jul 2012 09:52 PM PDT
| ||
Posted: 03 Jul 2012 09:44 PM PDT
လှိုင်သာယာစက်မှုဇုန်-၁ အတွင်းရှိ ဆန္ဒပြစက်ရုံများမှ တစ်ခုဖြစ်သော တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံရှိ လုပ်သား ၄၀ ကျော်ကို အလုပ်ရုံဥပဒေအရ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
အဆိုပါ စက်ရုံတွင်း၌ ၁၅ နှစ်အောက် လူငယ်လုပ်သား ၄၀ ကျော်အား သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိ၍ ဇွန်လ ၂၉ ရက်တွင် စက်ရုံပိုင်ရှင်က ၎င်းတို့အား လုပ်ခငွေအပါအ၀င် အလုပ်ရပ်စဲမှု စုစုပေါင်းဝန်ထမ်း အားလုံးအတွက် ကျပ် ၃၇ သိန်းကျော်ပေး၍ အလုပ်မှရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ “နောက်ဒီလိုမဖြစ်အောင် စက်ရုံပိုင်ရှင်ကို သတိပေးလက်မှတ် ထိုးခိုင်းထားတယ်။ စည်းကမ်းမလိုက်နာရင်တော့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ။ အခုထွက်သွားတဲ့ ကလေးတွေကိုတော့ ဘယ်လိုဆောင်ရွက်ပေးရမှာလဲ။ သူတို့အသက်မီမှ အလုပ်ပြန်လုပ်ပေါ့။ ဒါမှဥပဒေအရ အလုပ်လုပ်လို့ရမှာ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်အား ယင်းလုပ်သားများ၏ စားဝတ်နေရေးအတွက် မည်သို့ဆောင်ရွက်ပေးရန်ရှိလဲဟု မေးမြန်းသည့်အခါ ၎င်းကပြန်လည်ဖြေကြားသည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေပုဒ်မ ၇၇ အရ ၁၅ နှစ်နှင့်အထက် လူငယ်လုပ်သားများအား လူကြီးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ရန် သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်လက်မှတ်ဖြင့် တစ်နှစ်တစ်ခါ ဆေးစစ်ချက်ယူ၍ အလုပ်လုပ်ကိုင်ခွင့်ရှိပြီး တာဝန်ခံဆရာဝန် လက်မှတ်အား စက်ရုံမန်နေဂျာက သိမ်းဆည်းထားရန် လိုအပ်ကြောင်း သိရသည်။ “လက်ရှိ တည်ဆဲဥပဒေအရဆိုရင် အသက် ၁၅ နှစ်ပြည့်ပြီး ၁၈ နှစ်အတွင်းက အလုပ်လုပ်ကိုင်ခွင့် ရှိတယ်။ သူတို့ကို လူကြီးကဲ့သို့ အလုပ်လုပ်ကိုင်ရန် သင့်တော်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာယဗလအဆင့်အတန်း ရောက်ရှိပြီဖြစ်၍ အလုပ်လုပ်ရန် သင့်တော်ကြောင်း တာဝန်ခံလက်မှတ် ထုတ်ပေးသည့် ဆရာဝန်ထံ ဆေးစစ်ချက်ယူရတယ်။ ၁၈ နှစ်ကျော်ရင်တော့ ဒီလိုလုပ်စရာ မလိုတော့ဘူး”ဟု ဦးဝင်းရှိန်က ပြောသည်။ အလုပ်ရုံဥပဒေအရ အသက် ၁၅ နှစ် မပြည့်သေးသူများအား ကလေးဟု သတ်မှတ်ပြီး ၁၅ နှစ်မှ ၁၈ နှစ်တွင်းရှိ သူများအား လူရွယ်ဟုသတ်မှတ်ကာ ၁၈ နှစ်ပြည့်ပြီးသူများအား လူကြီးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ “အသက် ၁၅ နှစ်အောက်တွေ့လို့ အရေးယူပြီး အလုပ်က အင်အားလျှော့လိုက်တာကတော့ မျှတမှုမရှိဘူး။ ကျောင်းနေတဲ့အရွယ်မှာ စာမသင်နိုင်ဘဲ အလုပ်လုပ်ရတာ။ အလုပ်ကနေ အင်အားလျှော့ပြီး မဖြေရှင်းဘဲ ကလေးတွေရဲ့ဘ၀ကို စဉ်းစားပြီး နိုင်ငံတော်က ဘယ်လိုတာဝန်ယူပေးမလဲ စဉ်းစားဖို့လိုပါတယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။ စက်မှုအလုပ်သမားများအရေး လိုက်ပါဆောင်ရွက်နေသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသက်သက်အောင်က ထိုကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။ “အရှင်းဆုံးပြောရမယ်ဆိုရင် အသက်မပြည့်ဘဲ အလုပ်ခန့်ထားပြီး အခုမှ အလုပ်က အင်အားလျှော့လိုက်တော့ ဒီကလေးတွေ ဘယ်ကိုရောက်သွားမလဲပဲ စိတ်ပူတယ်။ သူတို့ရဲ့ အနာဂတ်ကို စိတ်ပူတယ်။ ဥပဒေအရဆိုရင်က ဒီအသက်အရွယ်က မိဘပိုင်အလုပ် မဟုတ်ဘူးဆိုရင် တခြားအပြင်မှာ အလုပ်လုပ်ခွင့်မရှိဘူး။ သူတို့ရဲ့ အနာဂတ်တွေအရ သူတို့ရောက်မယ့်နေရာတွေက ကောင်းတဲ့နေရာကို ရောက်ဖို့အရေးကြီးတယ်” လှိုင်သာယာစက်မှုဇုန်-၁ တွင်းရှိ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ၌ စုစုပေါင်းလုပ်သား ၁၀၀၉ ဦးရှိသည့်အနက် ၁၅ နှစ်မှ ၁၈ နှစ်ကြားရှိ အလုပ်သမားဦးရေ ၉၁ ဦးအား စစ်ဆေးတွေ့ရှိပြီး ၁၅ နှစ်အောက် အလုပ်သမားဦးရေ ၄၀ ကျော်ရှိကြောင်း သတင်းရရှိသည်။ 7Day News Journal | ||
Posted: 03 Jul 2012 06:53 PM PDT
“တရားဝင် စာပေးပို့လာတာတော့ မဟုတ်ဘူး။ ထိုင်းက မြန်မာနိုင်ငံရဲ့ အတွင်းရေး(နိုင်ငံရေး)ကို ဝင်ရောက် စွက်ဖက်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြောလာတာ” ဟု ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါသည်။ ထိုင်းအစိုးရမှ RCSS/SSA အား ရွှေလင်းယုန်ဆု ချီးမြှင့်သည်ကို မြန်မာအစိုးရက ကန့်ကွက်သည့်အပြင် ဧပြီလ ၂၀ ရက် ထိုင်းအစိုးရမှ အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသားများ ဖြစ်သော စိုင်းနော်ခမ်း (ဘတ်ငွေ ၂ သန်း)၊ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ဘတ် ၁ သန်း)နှင့် ယီဆေး (ဘတ် ၁ သန်း) ပါဝင်နေသည်ကိုလည်း မကျေနပ်ကြောင်း၊ စာရင်းထုတ်ပြန်မည် ဆိုပါက မြန်မာအစိုးရနှင့် ဦးစွာဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်ဟု ထိုင်းလုံခြုံရေး အာဏာ ပိုင်တစ်ဦးက ဆို၏။ “ဆုချီးမြှင့်တာ မြန်မာအစိုးရက ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ထိုင်းအစိုးရက ကျနော်တို့ကို ဆုချီးမြှင့်မယ်ဆိုတာလည်း ကြိုတင်ပြီးမသိဘူး။ ဆုလာရောက်လက်ခံဖို့ အကြောင်းကြားလာမှ သိရတာ။ ကျနော်တောင် တော်တော်အံ့ဩသွားတယ်။ မူးယစ်ဆေးဝါး လက်တွဲတိုက် ဖျက်ဖို့ဆိုတာ ကျနော်ရဲ့ တာဝန်ဖြစ်တယ်။ ဂုဏ်ပြုဆုတို့ဆိုတာ ဘာမှမျှော်လင့်မထားပါဘူး။ ဒါပေမဲ့ အခုလို ဆုချီးမြှင့်တဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။ ထိုင်းအစိုးရက မြန်မာအစိုးရအား မည်သို့အကြောင်းပြန်သည်ကို မသိရသေးကြောင်း၊ တိုင်းတပါးက မြန်မာနိုင်ငံသားအား ဆုချီးမြှင့်သည်ကို မြန်မာအစိုးရက ဂုဏ်ယူမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ သို့သော် မြန်မာအစိုးရက ကန့်ကွက်သည်ကို အံ့အားသင့်မိကြောင်း ထိုင်းအစိုးရဝန်ထမ်းတစ်ဦးက ဆို၏။ သျှမ်းပြည်တပ်မတော်-တောင်ပိုင်း ဟု လူသိများသည့် RCSS/SSA သည် ၁၉၉၈ ခုနှစ်မှ၌ ဖမ်းဆီးရရှိ သည့် မူးယစ်ဆေးဝါးတို့ကို မီးရှို့ဖျက်ဆီးကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရန် ပေါ်လစီချမှတ် ထားကြောင်း လူသိရှင်ကြား ကြေငြာခဲ့သည်။ သို့သော် ၎င်း၏ ပြိုင်ဖက်များက RCSS/SSA သည်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အပစ်ရပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၌ RCSS/SSA လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လွန်ခဲ့သည့် မေလ ၁၉ ရက် ကျိုင်းတုံ၌လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက် ရရှိခဲ့သည်။ သျှမ်းသံတော်ဆင့်သတင်း | ||
Posted: 03 Jul 2012 06:48 PM PDT
မြန်မာအစိုးရက အကျဉ်းသား အယောက် ၈၀ ကို ပြန်လွှတ်ပေးလိုက်တဲ့ ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပါလာတဲ့အပေါ် အများစုက ကြိုဆိုကြပါ တယ်။ တချိန်ထဲမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့အချိန်ကာလမှာ အားလုံးရဲ့ အင်အားတွေကိုယူပြီး လုပ်ဆောင်သင့်တာမို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး ဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ဖို့အတွက်၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ် တွေမှာ အားလုံးပါဝင်နိုင်ခွင့်ရှိစေဖို လွှတ်ပေးလိုက်တဲ့ နိုင်ငံသား ၄၆ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပြန်ပါလာပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတချို့လည်း ပြန်လွတ် လာပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေဖို့ ဆိုတဲ့ အတွက် အားလုံးကို ပြန်လွှတ်ပေးသင့်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြန်လွတ်လာသူတွေကို ကြိုဆိုတဲ့အချိန်မှာ ပြောခဲ့ပါတယ်။ “ဒီလူတွေဘယ်လိုအကြောင်းနဲ့မှထောင်ထဲမှာ မထားသင့်တော့ဘူး။ ကြာရင် လူတွေရဲ့စိတ်မှာ စိတ် အနာတရဖြစ်သွားရင် မကောင်းဘူး။ ကျနော်တို့က ဘယ်လောက်ပဲခံခဲ့ရပါစေ၊ အဲဒါတွေကိုမေ့ထားပြီး အနာဂတ်ကိုကြည့်မယ်လို့ ကျနော်တို့ဆုံးဖြတ်ထားတယ်။ အဲဒီအပေါ်မှာ နောက် လူတွေကိုလည်း စိတ်အနာတရမဖြစ်စေချင်ဘူး။ တိုင်းပြည်တည်ဆောက်ရေးအတွက် ဒီအင်အားတွေကို ချက်ခြင်းအပြင်ကို ထွက်စေချင်ပြီ။ သူတို့ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်ရအုံးမယ်။ အထဲမှာ အားလုံးက ညောင်းပြီး ပင်ပန်းလာကြတာ။” အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကေ “မြန်မာနိုင်ငံမှာ အခုလို ပြန်လွှတ်ပေးလိုက်တာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြိုဆိုပါ တယ်။ ဒါပေမဲ့ တခြားကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တိုက်တွန်း ပါတယ်။” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမား (T Kumar) ပါ။ ထင်ရှားသူတွေအပါအ၀င် နိုင်ငံရေးအကျဉ်းသား အတော်များများကို ဒီနှစ် နှစ်ဆန်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးချိန်ကတည်း “လုံးဝ ၀မ်းသာစရာအကြောင်းမရှိဘူး၊ တကယ်ဆို အရပ်သားအစိုးရတက်လာကတည်းက ကျနော်တို့ နောက်နေ့မှာ ထောင်ပြင်ကို ရောက်နေရမယ့် လူဗျ။ ထောင်ထဲမှာ နေစရာအကြောင်းကို မရှိဘူး။ အခုကျန်နေတဲ့ လူတွေ အားလုံးကိုလည်း တကယ်ဆို အနာကျက်အောင် ကုတာလား၊ အနာရင်းအောင် လုပ်တာလား၊ အနာကျက်အောင်ကုတယ်ဆိုရင် ဒီပုံစံတွေ မကောင်းဘူး။ အကုန်လုံး လွှတ်ပေးရမှာ။ ဒီနေ့ကို ချက်ချင်း လွှတ်ပေးရမယ် အကုန်လုံးကို။” ပြန်လွတ်လာတဲ့ထဲက တယောက်ဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမြင့်ကြိုင်ပါ။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတယောက်ပြဲ တချိန်တုန်းက လက်နက်ကိုင်ပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပြင်ပက တရားမ၀င် အဖွဲ့အစည်းတွေလို့ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တွေ့ဆုံ ဆွေးနွေးတာတွေ၊ သဘောတူညီချက်ယူတာတွေတောင်မှ ရှိလာနေပြီဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက် လို့ ထောင်ချခံထားရသူတွေ၊ နိုင်ငံရေးနဲ့ဆက်စပ်ပေမဲ့ တခြားပုဒ်မ အမျိုးမျိုးနဲ့ ထောင်ချခံ ထားရသူတွေ အားလုံး ပြန်လွတ်လာဖို့ ဆက်လုပ်သွားပါမယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။ “အဓိက ကတော့ဗျာ၊ တိုင်းပြည်မှာ တကယ်တည်ဆောက်ရေးအတွက် လုပ်အားရှင်တွေ လိုပါတယ်။ နိုင်ငံရေး အတွက် ကိုယ့် ယုံကြည်ချက်အတွက် ကြိုးစားကြရင်းနဲ့ အမှုကတော့ မျိုးစုံ ခေါင်းစဉ်တပ်လို့ ရတာပေါ့။ လက်နက်မှုနဲ့ နောက်ဆုံးတပ်လို့ရတယ်။ မတရားသင်းနဲ့ဆက်သွယ်တယ် ဆိုပြီး တပ်လို့ ရတယ်။ ခုတချိန်က မတရားသင်းလို့ သူတို့ ကြေညာထားတဲ့သူတွေက အခုအစိုးရနဲ့ အဆင်ပြေပြီးတော့ တရားဝင်လည်း ဖြစ်နေပြီဗျာ။ အဲလိုအချိန်မျိုးမှာ သူတို့နဲ့ ပတ်သက်ထားတဲ့လူတွေက ဘယ်လိုနည်းနဲ့မှ မကျန်သင့်တော့ဘူးပေါ့နော်။ ကျနော်တို့ အဲဒါကို အားစိုက်ခွန်စိုက် ဆက်ပြီးတော့ ကြိုးစားပါ့မယ်။” နိုင်ငံရေးအကျဉ်းသားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ ကွဲပြားချက်တွေ ရှိနေတာကြောင့်လည်း နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို ပြောတဲ့နေရာမှာ ကွဲလွဲချက်တွေရှိနေတာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစော By ကိုကျော်ကျော်သိန်း (ဗွီအိုအေ- မြန်မာပိုင်း) | ||
Posted: 03 Jul 2012 06:45 PM PDT
လွှတ်တော်နိုင်ငံရေးနှင့်လွှတ်တော
ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွ အဆိုပါကော်မတီများမှာ လွှတ်တော်လုပ်ငန်းကော်မတီနှင့် လွှတ်တော်ဆိုင်ရာကော်မတီတို့ဖြစ် လွှတ်တော်လုပ်ငန်းကော်မတီအား ကြားဖြတ်ရွေးကောက်ပွဲမှ လွှတ်တော်အတွင်း ရောက်ရှိသွားသည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်များပါဝင်ြ ယနေ့ပြုလုပ်သည့် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွ (မြစ်မခ) by Myit Makha Mediagroup | ||
Posted: 03 Jul 2012 06:43 PM PDT
Switzerland, Norway, Ireland, Britain နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ခဲ့စဉ်အတွင်းမှာ မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စေတနာရှိတဲ့သူ၊ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတာ ကို တွေ့ခဲ့ရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကူညီချင်သူတွေအပြင် အောင်မြင်စေချင်တဲ့ ဆန္ဒ ရှိသူ တွေကို လည်း အံ့သြစရာကောင်းလောက်အောင်ကို သူတွေ့ခဲ့ရပါတယ်တဲ့။ “ကျမတို့နိုင်ငံကို သိနေတဲ့ အနောက်ပိုင်းနိုင်ငံတွေနဲ့ ကျမတို့နိုင်ငံဒေသကသာ မဟုတ်ဘဲ တော်တော် ဝေးတဲ့ အရပ်က ရိုးရိုး အလည်ရောက်နေတဲ့ ဧည့်သည် ပြည်သူ ပြည်သားတွေ၊ တခြားနိုင်ငံသူ နိုင်ငံသားတွေက မြန်မာနိုင်ငံပေါ်မှာ စေတနာအများကြီး ထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။” ခုလို ဥရောပ ခရီးစဉ်က ပြန်လာပြီးတဲ့နောက် ရန်ကုန်မှာ လုပ်စရာအလုပ်တွေ၊ တွေ့စရာလူတွေ ရှိတဲ့ အပြင်၊ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကိုလည်း သွားဖို့ အချိန်ပေးချင်တာမို့ လွှတ်တော် တက်ဖို့ ခွင့်ယူ ထားရတယ်ဆိုတာကိုလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။ လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် “ဥပမာဆိုလို့ရှိရင်၊ ဥပဒေပြုတဲ့ .. ပြုနေတဲ့ အချိန်အခါမှဆိုလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါ တယ်၊ ခုဆိုလို့ရှိရင် ဥပဒေပြုပြီးတဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှပဲ အများပြည်သူက လေ့လာပြီးမှ ဒီဥပဒေမှာ ဘာရှိလဲဆိုတာကို သိရတယ်၊ တကယ်ဆို ဥပဒေမပြုခင်ကတည်းက ဒီဟာကို လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါမှာကတည်းက ပွင့်လင်းမြင်သာမှု လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့် သူ အားလုံးက ဒီပြဋ္ဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့ အချက် အလက် တွေကို လေ့လာပြီးတော့ လိုရင် လိုသလို ပိုရင် ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ ဥပဒေ မပြုခင် ကတည်းကကို အကောင်းဆုံး ဖြစ်အောင်လို့ စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ နောက် တခြား ဥပဒေ ပြုချင်တာတို့၊ တခြား မသင့်တော်တဲ့ ဥပဒေတွေကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာပဲ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် ပွင့်လင်း မြင်သာမှု ရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်လို့ ကျမ ပြောချင်ပါတယ်။” ကြားဖြတ်ရွေးကောက်ပွဲစည်းရုံး “ကျမတို့ဟာ ဘယ်သူ့ကို ဖယ်ရှားဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ၀င်သွားတာမဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲဆောင်ရွက်မှသာလျှင်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင် ဖို့ဆိုတာ တပ်မတော်သားတွေနဲ့ ပူးတွဲဆောင်ရွက်မှ ရမှာပေါ့” ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးကြ ပြောကြတဲ့ နောက်ကိစ္စ တခု ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာနဲ့ ပါတ်သက်လို့ အစိုးရက သတိပေးတဲ့ကိစ္စပါ၊ ဒါနဲ့ ပါတ်သက်လို့ ပြဋ္ဌာန်းချက်တရပ်အနေနဲ့ မရှိတာကို NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဥပဒေကြောင်းအရ ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီအရ ကို ခေါ်ချင်သလို ခေါ်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေနဲ့ ခုလို ဥပမာပေးပါတယ်။ "ဥပမာဆိုလို့ရှိရင် ကျမတို့ အင်္ဂလန်နိုင်ငံလို့ ခေါ်နေတာ၊ တကယ်က သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပေါ့။ ကျမတို့က ဒီလိုပဲ ပြောနေတာပဲ၊ အင်္ဂလန်လို့ပြောတယ်၊ ဗြိတိန်လို့ပြောတယ်၊ ယူကေလို့ အင်မတန်မှ ပြောခဲတယ်။ ဘယ်သူမှလည်း ဒါကို ဘာမှမပြောကြပါ ဘူး။ ကိုယ် သင့်တော် သလို ခေါ် တာပေါ့နော်၊ နောက် ဥပမာ၊ ပြင်သစ်မှဆိုလို့ရှိရင်၊ မြန်မာနိုင်ငံကို သူတို့ ဗြမာနီ လို့ပဲ ပြော တာပဲ၊ ဒါ သူတို့ ပြင်သစ်စကားလေ၊ ကျမတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ ခေါ်တယ်၊ ဘာလို့ လာစပွန့်စ် လို့ မခေါ်လဲ၊ ဒါ ကျမတို့စကားနဲ့ ကျမတို့ ပြင်သစ် လို့ ခေါ်တယ်၊ ပြင်သစ်က လည်း လာပြီးတော့ ငါတို့နိုင်ငံကို လာစပွန့်စ် လို့ပဲ ခေါ်ရမယ်လို့ တခါမှ လာမပြောဘူးနော်.. အဲတော့ ဒီဟာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ နံပါတ် တစ် က နိုင်ငံတနိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီးတော့ ပေးလိုက်တဲ့ နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ နဲ့ မဆိုင်ဘူးနော်၊ ဒါက သပ်သပ်။ ဒါဟာ ပြည်သူ ပြည်သားတွေ ရဲ့ သဘောထားကိုတော့ လေ့လာပြီးမှ လုပ်သင့်တယ် ဆိုကလည်း ဒါ ဒီမိုကရေစီ အမြင်ပဲ။ ပြည်သူ တွေကို လေးစားတဲ့ အနေနဲ့။ နောက်တခု ကလည်း လွတ်လွတ် လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဒါ ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး၊ အဲဒါဟာလည်း ဒီမိုကရေစီ ရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ ဒီမိုကရေစီ ကို ယုံကြည်လို့ ကျမဘာသာကျမ ကျမ သုံးချင်သလို သုံးလို့ ရတယ်လို့ ကျမ ယူဆတယ်” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့မှာပဲ အစိုးရက အကျဉ်းသား ၄၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ရဲ့ စာရင်းထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်ရှင်။ By စုမြတ်မွန် (ဗွီအိုအေ - မြန်မာပိုင်း) | ||
Posted: 03 Jul 2012 06:40 PM PDT
လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိ
“ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပု ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌ “မနက်ဖြန် မနက် ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက် မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင် တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။ လူမျိုးရေးအဓိကရုဏ်းများကြောင့် “စစ်တွေအခြေနေမှာတည်ငြိမ်နေပါ ဒေသခံအများစုကမူစစ်တွေမြို့မဈေ “မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန် မိုးဝေ (မြစ်မခ) by Myit Makha Mediagroup | ||
Posted: 03 Jul 2012 06:37 PM PDT
၂၀၁၂ခုနှစ်ဇူလိုင်လ (၃)ရက်နေ့နံနက် ၉နာရီခွဲခန့်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာအောင်ဆန်းစုကြည်အနေဖြင့် သတင်းထောက်များရဲ့ မေးမြန်းချက်များနှင့် အဖြေများကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ မေး။ ။ဥရောပနိုင်ငံက ပိတ်ဆို့အရေးမှုအားလုံးကို ဖယ်ရှားပေးပြီလို့မြင်ပါသလား။ ဖြေ။ ။အခုဟာတွေက သူတို့တွေက ဆိုင်းငံ့ထားတာတွေရှိတယ်။ ဆိုင်းငံ့ထားပြီဆိုရင် စလုပ်ပေါ့။ ဆိုင်းငံ့ထားတာနဲ့ ဖယ်ရှားတာမတူဘူးဆိုပေမဲ့ ဆိုင်းငံ့တာတောင်မှ မထူးခြားဘူးဆိုရင် ဖယ်ရှားလို့ရော ထူးခြားနိုင်မလားလို့ မေးစရာဖြစ်တာပေါ့။ ဆိုင်းငံ့ထားပြီဘဲ အဲ့မှာရတဲ့အခွင့်အရေးတွေကို ယူပြီးတော့ အောင်မြင်အောင်လုပ်ရမှာပေါ့။ မေး။ ။အန်တီစုအနေနဲ့ လွှတ်တော်အပေါ်ထင်မြင်ယူဆချက်ပြော ဖြေ။ ။ဥပဒေတွေကတော့ အများကြီးပါဘဲ ဒါပေမဲ့ ဥပဒေပြုရေး ၊ ပြုပုံပြုနည်းတွေကလည်း ပြုပြင်ဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာဆိုရင် ဥပဒေပြုနေတဲ့ အချိန်အခါမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ အခုဆိုရင် ဥပဒေတွေဟာ ဥပဒေပြုပြီးမှ ဥပဒေဖြစ်တဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှဘဲ အများပြည်သူကလေ့လာပြီး ဒီဥပဒေထဲမှာ ဘာရှိလဲဆိုတာကို သိရမယ် တကယ်ဆိုရင် ဥပဒေမပြုခင် လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါတောင်မှ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့်သူ အားလုံးဟာ ဒီပြဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့အချက်အလက်တွေကို လေ့လာပြီးတော့ လိုရင်လိုသလို ပိုရင်ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ မပြုပြင်ကတည်းက အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ တခြားဥပဒေပြုပြင်တာတို့ တခြားမသင့်တော်တဲ့လူကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာဘဲ။ ဘာဘဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်ရမယ်လို့ မြင်ပါတယ်။ မေး။ ။အန်တီအနေနဲ့ လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ constitutionကိုလည်း ပြုပြင်မယ်လို့ အန်တီပြောခဲ့တယ်ပေါ့နော် အခုလာမယ့်လွှတ်တော်မှာ ဘယ်ဟာကို အရင်ဆုံးဆွေးနွေးသွားမှာပါလဲ။ ဖြေ။ ။တရားဥပဒေစိုးမိုးရေးကို ပထမဦးဆုံး ထည့်ထားတာက တရားဥပဒေစိုးမိုးရေးဟာ အခြေခံကျတယ်လို့ ထင်လို့ပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ မေး။ ။ရွေးကောက်ပွဲကော်မရှင်ကနေ မြန်မာနိုင်ငံကို Burma ဆိုပြီးလုပ်တာနဲ့ ပတ်သက်ပြီးတော့ အသိပေးထားတယ်လို့ သိရပါတယ်။ အန်တီဘာများပြောချင်တာရှိပါသလဲ။ ဖြေ။ ။အဲ့ဒီကိစ္စက ဥပဒေပြုရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးဖွဲ့စည်းပုံအခြေခံဥပေ ဦးဥာဏ်ဝင်းဖြေ။ ။အဲ့ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်။ ဒီဟာမျိုးကော်မရှင်က စာပို့တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ကိုးကားပြီးတော့ ကျွန်တော်တို့ ပြောရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပထမဆုံးပြောချင်တာက ကျွန်တော်တို့အားလုံး လိုက်နာကြရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗမာပြည်မှာ ဘယ်နှစ်ခုရှိလဲ။ တစ်ခုပဲရှိတယ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဒီထက်ပိုရှင်းအောင်ပြောရရင် ဗမာလိုပဲရှိတယ်။ မြန်မာစာနဲ့ပဲရှိတယ်။ အင်္ဂလိပ်လို မရှိပါဘူး။ ကျွန်တော်တို့ ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ် မေး။ ။မြန်မာနိုင်ငံရဲ့ပညာရေးကိုရော အန်တီအနေနဲ့ ဘယ်လိုမြင်ပါသလဲ ၊ ဘယ်လိုအဆင့်တွေကို ပြင်လိုက်မယ်ဆိုရင် ပိုကောင်းသွားမယ်ထင်လဲ။ ဒေါက်တာအောင်ဆန်းစုကြည် ဖြေ။ ။ ပညာရေးနဲ့ပတ်သက်လို့ ဒီနိုင်ငံက ပညာရေးမှာ လုပ်စရာတွေက အများကြီးပါ။ ချက်ချင်းလက်ငင်းလုပ်ရမယ့်အထဲမှ မေး။ ။အန်တီအနေနဲ့အန်အယ်လ်ဒီပါတီနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ကတော့ အစဉ်တစ်ဆိုက်ပဲ တရုတ်နိုင်ငံနဲ့ ဆက်ဆံ့ရေးကောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အခုလဲ ဒီလိုပဲ ထက်ပြီးတော့ ကြိုးစားသွားမှာပဲ။ ကြိုးစားသလောက်ကို အသီးအပွင့်တွေက ဖြစ်မြောက်မယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်။ မေး။ ။ဒီနေ့ နိုင်ငံပိုင်အစိုးရကနေ နိုင်ငံရေးအကျဉ်းသား(၈၀)လွှတ်ပေး ဖြေ။ ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ် မေး။ ။အန်တီအနေနဲ့ပေါ့ ပြည်ပမှာ Burma လို့သုံးရတဲ့ အန်တီရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။ ဖြေ။ ။ ကျွန်မတို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရပြီးကတည်းက အင်္ဂလိပ်ဘာထည့်ကနေ တရားဝင် ဗားမားလို့သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗားမားလို့ သုံးခဲ့တာကို န၀တ ခေတ်မှာပြောင်းခဲ့ပါတယ် ပြောင်းတုန်းက ဒီကိစ္စကို ပြည်သူလူထုရဲ့ ဆန္ဒကိုလုံးဝမလေ့လာခဲ့ဘူး။ ဆန္ဒခံယူပွဲမလုပ်တာကိုပြောတာမဟု အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းထောက် (၅၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး နံနက်၁၀နာရီ၂၀မိနစ်ခန့်အချိန်တွ ၀င့်သင်ဇာကျော်(မြစ်မခ) by Myit Makha Mediagroup | ||
Posted: 03 Jul 2012 06:33 PM PDT
၂။ ကိုအောင်အောင်ဦး ( ကသာ အကျဉ်းထောင်) ၃။ ဒေါ်လှလှဝင်း(ခ)ဒေါ်ဝင်း (ကော့သောင်း အကျဉ်းထောင်) ၄။ ကိုပြည့်ဖြိုးမောင် (ပြည်အကျဉ်းထောင်) ၅။ ကိုအောင်နိုင် (ဖားအံ အကျဉ်းထောင်) ၆။ ဦးဝီရိယ (ခ)ခင်မောင်ဝင်း (မန္တလေး အကျဉ်းထောင်) ၇။ ဒေါက်တာကျော်ကျော် (မြင်းခြံ အကျဉ်းထောင်) ၈။ ခွန်ကောရီယို(ခ)မာရီယို (မြင်းခြံ အကျဉ်းထောင်) ၉။ ကိုသန့်ဇော်(ခ)သန်းဇော် (သရက် အကျဉ်းထောင်) ၁၀။ ကိုအန်ထောနီ(ခ)ထွန်းမြ (အင်းစိန် အကျဉ်းထောင်) ၁၁။ ကိုအောင်မိုးဇော်(ခ)မိုးသီဟ (အင်းစိန် အကျဉ်းထောင်) ၁၂။ မအေးအေးနွယ် (အင်းစိန် အကျဉ်းထောင်) ၁၃။ ကိုအေးသိန်း(ခ)ရန်နိုင် (အင်းစိန် အကျဉ်းထောင်) ၁၄။ ကိုမြင့်ကြိုင် (အင်းစိန်အကျဉ်းထောင်) ၁၅။ စောဖရန်စစ် (ခ)ကျော်ကျော် (အင်းစိန်အကျဉ်းထောင်) ၁၆။ စောနိုင်ဝင်း(ခ) အလက်ဇန္ဒား (အင်းစိန်အကျဉ်းထောင်) ၁၇။ မဇာနည်ဦး(ခ)ဇာဇာ (အင်းစိန် အကျဉ်းထောင်) ၁၈။ စောဝီလီယမ် (အင်းစိန်အကျဉ်းထောင်) ၁၉။ ကိုဇော်မင်းအောင် (အင်းစိန်အကျဉ်းထောင်) ၂၀။ ကိုထွန်းမြတ်သူ (အင်းစိန်အကျဉ်းထောင်) ၂၁။ မဦး (ထားဝယ်အကျဉ်းထောင်) ၂၂။ မ၀ါ (ထားဝယ်အကျဉ်းထောင်) ၂၃။ ကိုဝင်းလွင် (ထားဝယ်အကျဉ်းထောင်) ယနေ့ဇူလိုင်လ၊(၃)ရက်တွင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားများမှာ နောက်ဆုံးစုံစမ်းရရှိသည်အထိ စုစုပေါင်း(၂၃)ဦး ဖြစ်ပါသည်။ ယခုလွတ်မြောက်လာသူများစာရင်းမှာ ၈၈မျိုးဆက်ကျောင်းသားများရုံး၏ နောက်ဆုံးရရှိအတည်ပြုထားသောစာ 88 Generation Students Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။ | ||
Posted: 03 Jul 2012 06:20 PM PDT
ကနောင်မင်းသားကြီး၏ မြစ်ရတနာနတ်မယ် စားတော်ကျမ်းတစ်ခု ရေးနေကနောင်မင်းသားကြီး၏ မြစ်တော်စပ်သူရတနာနတ်မယ် စားတော်ကျမ်းတစ်ခုကို ရေး သားနေကြောင်း ၄င်းနှင့်နီးစပ် သည့်အသိုင်းအဝိုင်းမှသိရသည်။ ဇွန်လက အသက် ၈ဝ ပြည့်ခဲ့ သည့် ရတနာနတ်မယ်သည် ကနောင်မင်းသားကြီး၏ သားဖြစ် သူ လင်းပင်မင်းသားနှင့် ရေနံ့သာ ခင်ခင်ကြီးတို့မှ မွေးဖွားလာသည့် သားသမီးခြောက်ဦးထဲမှ သမီးတော် လင်းပင်ထိပ်တင်မလတ်နှင့် သြစတြေးလျနိုင်ငံသားအင်္ဂလိပ် လူမျိုးပြင်ဦး လွင်၊ မြင်း ပြိုင်ကွင်း၊ မြင်းဒိုင်ချုပ်ဘွတ်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy တို့မှ မွေးဖွားသည့် တစ်ဦးတည်း သော သမီးဖြစ်သည်။ သမ္မတဟောင်း ဗိုလ်ချုပ်နေ ဝင်း၏ တတိယအိမ်ထောင်ဘက် တစ်ဦးဖြစ်ခဲ့သည့် သူမသည် အီတ လီနိုင်ငံTuscany ပြည်နယ်မြို့တော် ဖြစ်သော ဖလောရန့်မြို့တွင်Studio June Bellamy ဆိုသည့် Cooking School ကို ဖွင့်ထား သည်။ By Popular Myanmar News Journal | ||
Posted: 03 Jul 2012 06:13 PM PDT
ဇူလိုင်-၃
အာရှယူ-၂၂ ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ကြောင်း မလေးရှားအသင်းနည်းပြ အွန်ကင်ဆွီးက မလေးရှား-မြန်မာပွဲအပြီးပြုလုပ် ပြောကြားသည်။ “ပြိုင်ပွဲဝင်အသင်းတွေမှာ အသက်ကျော်ကစားသမားတွေ မပါဝင်ဖို့မျှော်လင့်ပါတယ်။ ပါခဲ့မယ်ဆိုရင်တော့ ဒီပြိုင်ပွဲအတွက် ပူပန်မိတယ်။ ဒီပွဲစဉ်မှာ မြန်မာအားကစားသမား တော်တော်များများ အရမ်းကောင်းပါတယ်။ ဒါပေမယ့် သက်ကြီးကစားသမားတွေ ပါတယ်လို့(ကျွန်တော်သေချာမသိေ မလေးရှားအသင်းနည်းပြက ပြောကြားသွားခဲ့သည်။ ၄င်း၏ မလေးရှားအသင်းတွင် အသက်ကျော်သည့် အားကစားသမားရှိသည်ဆိုပါက ဆွဲထုတ်ပြရန်နှင့် မလေးရှား ယူ-၂၂အသင်းတွင် ၁၆နှစ်အရွယ်ကစားသမားတစ်ဦးပင်ပါ ပြောကြားသွားခဲ့သည်။ by 7Day News Journal | ||
Posted: 03 Jul 2012 06:11 PM PDT
Eleven Media Group |
0 comments:
Post a Comment