Monday, July 2, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၇)


သစ်ထူးလွင်



Posted: 02 Jul 2012 07:14 AM PDT
 မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြောရဲဆိုခွင့်ရှိသူက "ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာ ၂၈၀၀၀ ဦးရေနဲ့ တရားမ၀င် လက်ခံထားသော ၄၀၀၀၀၀ ကျော်တို့အား လက်ခံဖို့ မြန်မာ့ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ မနေ့က အစည်းအဝေးမှာ လက်ခံခဲ့ပါတယ်။"ဟု ဒေသထုတ် ၀ပ်ဆိုင်းတခုက ဖေါ်ပြသည်။

Mujarul Quayesက "မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာသို့ ရောက်လာမည့်ရက်ကို နောက်ဆုတ်လိုက်ပါပြီ၊ သူက ဇူလိုင် ၁၅-၁၇ ရက်တို့မှာ လာဖို့အစီအစဉ်ရှိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေကို သူကိုယ်တိုင်ဦးဆောင်ညွှန်ကြားရမယ် ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ဒါက ဦးမောင်မြင့်တို့က စနေနေ့က တရားဝင် အစည်းအဝေးမှာ ပန်ကြားခဲ့တာပါ။"ဟု ဆိုသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နစကနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)တို့ လာမည့် ဇူလိုင်လ ၂၂-၂၆ ရက်တို့တွင် အစည်းအဝေး ပြုလုပ်မည့် ရက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ အရေးပေါ် အခြေအနေများ ထုတ်ပြန်ချက်အား နစကမှ တာဝန်ယူနေရမှုကြောင့် နောက်ဆုတ်လိုက်ကြောင်း သိရှိရသည်။

ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့မှာ ဘင်္ဂလာသို့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကြိုတင်ဆိုက်ရောက်ခဲ့ပြီး ယနေ့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသအတွင်း ရာဇ၀တ်မှုဆိုင်ရာ အကြမ်းဖက်လုပ်ငန်းများကို သောင်းကျန်းလုပ်ဆောင်ပြီး တဘက်နယ်စပ်သို့ ဖြတ်ကျော်ကာ တိမ်းရှောင်နေကြသည့်သူများအား ပူးပေါင်းဖေါ်ထုတ် အရေးယူနိုင်ရန်အတွက် နှစ်ဘက်သဘောတူ ဥပဒေအရ စာချုပ်များကိုပါ ချုပ်ဆိုကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်းရေးနှင့် ပြည်သူလူထုများအကြား မသင်္ခါမှုတချို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆနေကြသည်။

RNDP၊ ပြည်ပရခိုင်ပြည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူလူထုတခုလုံးက မြန်မာ့မူဆလင် (ဘင်္ဂလီ)များအား ဒေသခံ ရခိုင်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသူများဖြစ်ကြောင်း အရေးယူနေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီဒုက္ခသည်များ လက်ခံရန် ဦးမောင်မြင့် လက်ခံခဲ့ခြင်းဖြစ်သည်။

Written by သဇင်ဥ - အာရကန်တိုင်းမ်စ်

Posted: 02 Jul 2012 06:57 AM PDT
ဓမ္မစေတီ ခေါင်းလောင်း နည်းပညာအကူအညီ မရယူဘဲ မြန်မာ့နည်းမြန်မာဟန်ဖြင့်သာ
ဆယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သုဓမ္မမဏိဇောတဓရ ဦးစံလင်း က
ယနေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီက စီးတီးစတားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ကြောင်းသိရသည်။

““ ဒီခေါင်းလောင်းကြီးကို ဆယ်ယူဖို့အတွက် သမ္မတ ထံမှာ စက်ယန္တရားအသုံးပြုခွင့်စာတင်ထားတယ်။ ၀ါခေါင်လကွယ်မှာစတင်လုပ်ပြီး ၂ ပတ်အတွင်း ရအောင်ဆယ်မယ်။ ရာသီဥတုအခြေအနေကိုလည်းမကြောက်ဘူး။”” ဟု ၄င်းကပြောသည်။

အဆိုပါ ခေါင်းလောင်းကြီးဆယ်ယူရေးနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံမှကန်ဒေါ်လာ ၁၀ သန်းကူညီမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၃၀ ရက် က ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို SD Mark International LLP ကုမ္ပဏီမှ ဦးစီးပြုလုပ်ခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

Posted: 02 Jul 2012 06:56 AM PDT
ဇူလိုင်လ ၂ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၉ အား Download ရယူနိုင်ပါသည်။
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
 
 


Posted: 02 Jul 2012 05:38 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့  နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီးအောင်ကြီး ဦးဆောင်သည့် အဖွဲ့ မှ ၈/၆/၁၂ ခုနှစ်တွင် အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) သုံးထောင်ငါးရာ နှင့်  ခွင့်ပြုခဲ့ပြီး  နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ------

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 02 Jul 2012 05:43 AM PDT
SSA မြောက်ပိုင်းတပ်ဖွဲ့
 ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဦးသိန်းစိန် က မြန်မာ့ တပ်မတော် ကို SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ SSPP နဲ့ တိုက်ပွဲ တွေ ဆက်မဖြစ် ဖို့ ညွှန်ကြားထားပေမယ့် ပြီးခဲ့တဲ့ ရက်ကပဲ နှစ်ဖက် တပ်ဖွဲ့တွေ ဟာ ရှမ်းပြည်မြောက်ပိုင်း----


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 05:51 AM PDT
တရားမ၀င် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးပြီး ပြန်ပို့တာမျိုး မလုပ်ဘဲ မြန်မာ သံရုံးကို အကြောင်းကြားပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို တရားဝင် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နဲ့ ထိုင်းနိုင်ငံ အလုပ်သမား ဒု-၀န်ကြီး ဆုံကီရက် ချာယာ ၀ရီဒေါင်းတို့ -------

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 06:01 AM PDT
ဟံသာဝတီ လေဆိပ်ပြန်လည်စတင်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်ရှိ မြေကွက်များမှာ (၂)နှစ်တာကာလအတွင်း ဈေးအဆမတန်ဈေးမြင့်တက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိမည့် ဥဿမြို့သစ်ရပ်ကွက်အနီး မြေကွက်များမှာ ယခင်-----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Jul 2012 06:05 AM PDT
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းဖြင့်
လုံလောက်မှု -----


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 06:11 AM PDT
လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံမှ လယ်သမားများသည် လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ယနေ့
ဇူလိုင်လ ၂ ရက်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှေ့တွင် ထပ်မံ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။

မေလအတွင်းက ယခုကဲ့သို့ပင် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သော်လည်း သိမ်းဆည်းခံထားရသော -----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 06:22 AM PDT
နေပြည်တော် ၊ဇူလိုင် ၁ ရက်

နိုင်ငံကူး လက်မှတ် မူဝါဒ ကို ပြောင်းလဲရန် အစီစဉ် မရှိသေးသော် လည်း ကောင်းမွန်သော နည်းစနစ်များနှင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက
 နေပြည်တော်ရှိ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပေါ်ပြူလာနယူးစ် ၏မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့
သည်။

လက်ရှိတွင် နိုင်ငံကူး လက်မှတ် ------

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 06:29 AM PDT
ဇူလိုင်(၄)ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ခွင့်(၃)ရက်ယူထားသည်မှာ မှန်သော်လည်း ကျန်းမာရေးအခြေအနေစိုးရိမ်စရာမရှိကြောင်း သူ၏ မိသားစုဆရာဝန် ဒေါက်တာ ပြုံးမိုအိက ဇွန်(၂)ရက်နေ့ နံနက်ပိုင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်းသဖြင့် အနားယူခြင်းသာဖြစ်ပြီး၊ ------


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 06:33 AM PDT
လွတ်တော်တွင် တင်ပြမည့် ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေအား အတည်ပြု သွားနိုင်ရန် ကချင် တိုင်းရားသားလက်နက်ကိုင် (ကေအိုင်အေ) အဖွဲ့အား စောင့်ဆိုင်းစရာမလိုကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က ပြောသည်။ " မဖြစ်မနေ ရှိရမဲ့ ဥပဒေတစ်ခု ဖြစ်တာကြောင့် အရေး တယူ ပြုလုပ်သွားရမယ့်-------


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 01 Jul 2012 09:13 PM PDT
နေပြည်တော် ဇူလိုင် ၁

ရခိုင်ပြည်နယ် အတွင်း၌ ၂ဝ၁၂ခုနှစ် မေလနှင့် ဇွန်လတို့တွင် တည်ငြိမ် အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေခဲ့သည့် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့သော ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းရွာနေ မသီတာထွေး (ဘ) ဦးလှတင်အား လူငယ်သုံးဦးက----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 01 Jul 2012 09:11 PM PDT
ကျွန်မတို့အိမ်မဲမြို့နယ်မှာရှိတဲ့ မြို့ပေါ်(၅)ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း(၉၇)အုပ်စုဟာ အိမ်မဲပြည်သူ့ဆေး ရုံကို အားကိုးတကြီးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနေကြရတာပါ။ အိမ်မဲပြည်သူ့ဆေးရုံမှာ နိုင်ငံတော်က ခန့် ထားပေးတဲ့ မြို့နယ်ဆရာဝန်ကြီးနဲ့ ဆရာဝန်၊ ဆရာမ အပေါင်းက ပြည်သူတွေကိုစရိတ်မျှပေး----




                                                                                   

Posted: 01 Jul 2012 03:44 PM PDT
မြန်မာနိုင်ငံအတွင်းရှိ Shopping center များတွင် လုပ်ကိုင်လျက်ရှိသော ဆိုင်ဝန် ထမ်းများ
မနက်(၉)နာရီ ၊ ည(၉)နာရီ စုစုပေါင်း အလုပ်ချိန် တစ်နေ့(၁၂)နာရီ အလုပ်ချိန်ဖြင့်
လုပ်ကိုင်နေရပါတယ်။

အခြေခံ လစာဥပဒေ မရှိသဖြင့် အချိန်ပိုလုပ်အားခ မရရှိပါ။  အရောင်းဝန်ထမ်းအများစု
အခြေခံလုပ်ခလစာမှာ (၃-သောင်းကျပ်)ခန့်သာ-----


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 





Posted: 01 Jul 2012 03:44 PM PDT
ဆဲဗင်းဇူလိုင်အောက်မေ့ဘွယ် ဆွမ်းကြွေးပြုလုပ်မယ့် မုံရွာမြို့က ဗမာနိုင်ငံ နိုင်ငံလုံးဆိုင်ရာ
 ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေနဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအုပ် 
ဆရာတွေက တားမြစ်လိုက်ပြီး ကျောင်းတွေမှာ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတယ်
လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ မုံရွာကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးတာဝန်ယူထားတဲ့-----






Posted: 01 Jul 2012 03:48 PM PDT
မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 01 Jul 2012 03:47 PM PDT
လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်မှာ----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 

Photo:Myanmar President Office Web site
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။


Posted: 01 Jul 2012 03:50 PM PDT

အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား ဇွန်လ ၂၈ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အကြောင်းစုံကိုတော့-----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 01 Jul 2012 12:27 PM PDT
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။ ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက---

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

Popular Myanmar News Journal


ဓါတ်ပုံ - Popular Myanmar News Journal

Posted: 01 Jul 2012 12:31 PM PDT
သရုပ်ဆောင် နေတိုး၊ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့ မှ ဒုက္ခသည်များ
အား တရင်းတနှီး တွေ့ ဆုံနှစ်သိမ့်စဉ် - ဓါတ်ပုံ-Popular Myanmar News Journal
ရန်ကုန်၊ ဇူလိုင်-၁
ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ကူညီရန်အတွက် ဇွန်-၃၀ ရက်ညပိုင်းက ကပြဖျော်ဖြေခဲ့သော နှင်းဆီရင်ခွင်အဖွဲ့မှ ရရှိသည့် အလှူငွေများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းခေါင်းဆောင် သည့် ရုပ်ရှင်လောကသားများက စစ်တွေမြို့သို့ ကမ္ဘောဇလေကြောင်းလိုင်းမှ ကူညီပံ့ပိုးမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း -----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2012 12:33 PM PDT
ယခုအခါ နိုင်ငံတော်အစိုးရက ပညာရေးကို အားပေးနေါသည်။ ၂၀၁၂ -၁၃ ပညာသင်နှစ်တွင်မူလတန်းအဆင့် ကျောင်းသူကျောင်းသားအားလုံးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်အပြည့်အစုံနှင့် လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်စီကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့နေပါ သဖြင့် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ မူလတန်းအဆင့်ကို အခမဲ့ ပညာသင်နိုင်အောင် ဆောင်ရွက်နေသည်မှာ သတင်းစာများတွင် နေ့တိုင်းဖတ်နေရမြင်နေရပါသည်။
          သို့သော် ကျွန်တော်တို့ တောင်တွင်းကြီးအမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်းသည် နိုင်ငံတော်မူနှင့် တစ်ခြားစီဖြစ်နေပါသည်။ ကျွန်တော်၏သားကို
----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2012 12:34 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်)တွင် English
Composition Class သင်တန်း(သင်တန်းကြေးအခမဲ့)တက်ရောက်သင်ကြားနိုင်-----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 01 Jul 2012 12:35 PM PDT
ဒေါက်တာမြအေး(ပညာရေးဝန်ကြီး)ဦးအေးကြူ(ဒုဝန်းကြီး အခြေခံပညာ)
ဥိးအောင်ချိန်(ဒု-ချုပ် အမှတ်(၃)ဦးစီး)
            ကျွန်တော်က အငြိမ်းစား ပညာရေးဝန်းထမ်းတစ်ဦးပါ။ လွန်ခဲ့သောပညာ သင်နှစ် ၂ နှစ်က မှအငြိမ်းစား ယူခဲ့ပါတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်ဟု ခဲယူချက်အပြည့်ရှိပြီး အနာဂတ်သားသမီးကောင်းများ မွေးထုတ်နိုင်ရမည့်ပညာရေးကို မျှော်လင့်ချက်အပြည့်ထားခဲ့ပါသည်။
            တကယ်တမ်း ကျွန်တော်ရင်ဆိုင်ရတဲ့ ပညာရေးစနစ်ဟာ အင်မတန်မှ လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်-----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...