Mark Zuckerberg နှင့် Myanmar Jokes တွေ့ဆုံခြင်း
by Myanmar Jokes on Sunday, May 20, 2012 at 4:22am
MJ - ဒါနဲ့ ဘာဖြစ်လို့ အခုမှ လက်ထပ်လိုက်တာလဲ?
MZ - ကုမ္ဗဏီလဲ ထောင်ပြီးသွားပြီ။ IPO လဲ ရောင်းထုတ်ပြီးပြီ။ လုပ်စရာကုန်တော့ မိန်းမကောက်ယူလိုက်တာပေါ့...
MJ - ဘယ်လိုတွေ့ပြီး ရွေးဖြစ်တာလဲ။ Facebook ပေါ်ကပဲလား။
MZ - သိတဲ့အတိုင်းပဲ Facebook Users က သန်း ၁ ထောင်လောက်ရှိတာဆိုတော့ အဲဒီထဲကရွေးရင်တော့ မဆိုးဘူးထင်လို့ ရွေးလိုက်တာပဲ။
MJ - ဘယ်လိုရွေးတာလဲ သိလို့ရမလား?
MZ - data တွေက ဆာဗာထဲမှာ အကုန်ရှိတာပဲလေ။ အဲဒီတော့ filter လုပ်ချလိုက်တာပေါ့။ ပထမ ယောက်ျားတွေကို ဖယ်လိုက်တယ်။ ကျုပ်က Gay မှ မဟုတ်တာ။ နောက်ပြီး married, relationship, complicated, divorced တွေကိုဖယ်ရသေးတယ်လေ။ ရည်းစားရှိတဲ့သူ သွားကြိုက်ရင် အရိုက်ခံနေရဦးမယ်။
ပြီးတော့ ဖွန်ကြောင်ရင် သွားရလာရလွယ်အောင် US မှာနေတဲ့သူတွေကို ရွေးလိုက်တယ်။ တော်ကြာ အီရတ်တွေ၊ ဆီးရီးယားတွေ ရောက်သွားရင် မလွယ်ဘူးလေ။
အသက်အရမ်းကြီးလွန်းရင်လဲ မကောင်း။ ငယ်လွန်းပြန်ရင်လည်း မဖြစ်။ ခင်ဗျားသိပါတယ် ငရုတ်သီးစိမ်းလေးတွေက ပိုစပ်တယ်လေ။ အဲဒီတော့ ကိုယ်နဲ့ သိပ်မကွာ +/- ၁နှစ်လောက်ရှာလိုက်ရတာပေါ့။ နောက်ပြီး ကျနော်က ကိုယ်သိပ်မလှတဲ့ပုံတွေကို instagram နဲ့ပြင် ပြီးရင် လှသယောင် တင်တာတွေကို လန့်တယ်လေ။ တော်ကြာ ရုပ်ဆိုးဆိုးကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ရုပ်မချောရင်တောင် ရုပ်မဆိုးမှ ဖြစ်မှာ။ တော်ကြာ တစ်ရေးနိုးသရဲကား ကြည့်ရသလိုဖြစ်နေမယ်။ ဒီတော့ instgram ကိုဝယ်လိုက်တာပေါ့။ အဲဒီထဲက user တွေကိုစစ်ထုတ်လိုက်တယ်လေ။
နောက်ပြီး တစ်ချို့ကရှိသေးတယ်။ တစ်နာရီ တစ်ခုနှုန်းလောက် status ကိုတင်နေတာ။ အဲဒါမျိုးကြပြန်တော့ မဖြစ်ပြန်ဘူး။ တော်ကြာ လင်မယားစကားနည်းနည်းများတာနဲ့ တစ်ကမ္ဘာလုံးသိကုန်မယ်။ ဒါနဲ့ status တင်နှုန်းများတဲ့သူတွေကို ဖယ်လိုက်ပြန်ရော။ တစ်ချို့ကလဲ ကိုယ့်ပုံမတင်ပဲ မင်းသား၊ မင်းသမီးပုံတွေတင်၊ ကလေးပုံ၊ ခွေးပုံတွေတင် အဲဒါမျိုးတွေလဲ ဖယ်ရပြန်ရော။ တော်ကြာ လူအတုတွေဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။ ဟိုတရုတ်က ဂေါ်ဖီထုပ်တောင် အတုလုပ်နေတာ။ လူအတုနဲ့ တိုးနေရင်ဒုက္ခ။
အဲဒီလို ရွေးလိုက်တော့ ၂ ယောက်ပဲကျန်တော့တယ်လေ။ အဲဒီအထဲမှာ ၁ ယောက်က Google+ ပဲသုံးတော့တယ်။ facebook မသုံးတော့ဘူးဆိုလို့ စိတ်နာနာနဲ့ ဒီတစ်ယောက်ကို ယူလိုက်တာ..
MJ - ခင်ဗျားနည်းကို သဘောကျတယ်ဗျာ... ကျနော်လဲ ရွေးထုတ်ကြည့်ချင်တယ် US နေတော့ မဟုတ်ဘူးပေါ့။ Myanmar မှာနေတဲ့အထဲကပေါ့။ ဆာဗာထဲမှာ ရှာကြည့်ပေးပါလား
MZ - ခဏစောင့်...
ခဏအကြာ အဖြေရလာသည်က "0" result found..
Congratulations to Mark Zuckerberg
(Just for Fun & it's a staire, not based on real facts)
Thanks
0 comments:
Post a Comment