Wednesday, May 23, 2012

HIV ကာကွယ်ဆေး တွေ့ ပြီ


Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့် အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု  ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။

သို့ရာတွင် သတင်းထောက် များ၏ အဆိုအရ HIV/AIDS တိုက်ဖျက်ရေး အတွက် သမိုင်းမှတ် တိုင်သစ်တစ်ခု အဖြစ် ရောက်ရှိ လာမည် ဖြစ်သည်ဟု ဖော်ပြခဲ့ကြ သည်။ ဂလက်စတုန်း တက္ကသိုလ် မှ ဒေါက်တာ ရောဘတ်ဂရန့်က လည်း HIV/AIDS ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည့် ခေတ်ကို ရောက် ရှိတော့မည် ဖြစ်ကြောင်း၊ ပထမဆုံး သမိုင်းဝင် မှတ်တိုင်ကြီး ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်က စတင် လေ့လာမှုများအရ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ဂျီလတ်ဆိုင် ယင်ဝေ့က ထုတ်လုပ်ခဲ့သော Truvada ဆေးဝါးသည် ကျန်းမာ သန် စွမ်းသော လိင်တူ ဆက်ဆံသည့် အမျိုးသားများ အသုံးပြုသောအခါ HIV  ဖြစ်ပွားနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး HIV/AIDS ပိုးရှိနေပြီး လိင်ဆက်ဆံနေဆဲ ပိုး မရှိသေး သော သူများ အတွက် ၇၃ ရာခိုင် နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြ ရသည်ဟု ဆိုသည်။ HIV/AIDS အကြံပေးကော်မတီမှ FDAကို ၁၉ မဲ ၃ မဲဖြင့် အနိုင် ရတင်ပြထားသော အချက်မှာ ကူးစက်နိုင်ခြေ များသော လိင်ကွဲ၊ လိင်တူချင်း ဆက်ဆံမှု များသော ပိုးမရှိသေးသည့် အမျိုးသားများအား ၄င်းဆေးကို သုံးကြရန် အကြံပေး တင်ပြခဲ့ကြသည်။

၎င်းအဖွဲ့မှ လိင်ကျူးလွန်သူ များ၊ ပိုးရှိသူများနှင့် အတူ နေသူ များကိုလည်း ပိုးမကူးအောင် ကာ ကွယ်နိုင်သော ဆေးအဖြစ် ၄င်း ဆေးကို သေက်သုံးကြရန် ထောက် ခံမဲ အတော် များများ ပေးထားကြ သည်။ သို့ရာတွင် FDA က ၄င်း ဆေးဝါးကို သောက်သင့် မသင့် အတည်ပြုရန် ဇွန်လ ၁၅ ရက်နေ့ တွင် ချမှတ်သွားမည် ဖြစ်သည်။

KLMA,

Ref:Technorati/Reuter;
Popular Myanmar News Journal

0 COMMENTS:

POST A COMMENT

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...