Thursday, May 17, 2012

ျမန္မာ EBOOK မ်ား

from  https://www.myanmarisp.com/burmese_ebooks 
Up one level

ရောမနိုင်ငံ သုခမိန် စီဆာရို (Cicero 106-43) က ပြောခဲ့ပါတယ်၊ . . . "စာအုပ်တွေ မရှိတဲ့ အခန်းဟာ ဝိညာဉ် မရှိတဲ့ ခန္ဓာကိုယ်လို တန်ဖိုးမရှိ အခွံ သက်သက်ပါ" တဲ့ . . .။ ဒါကြောင့် မြန်မာ နိုင်ငံသားတွေ အတွက် မြန်မာ စာအုပ် မျိုးစုံကို လွှင့်တင် ပေးလိုက်ပါတယ်။ ဒီ မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) အများစုဟာ၊ ForEverSpace.Com.MM က ဝယ်ယူခဲ့တဲ့ PDF အမျိုးအစား မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) တွေ ဖြစ်ပြီး၊ MyamarISP.Com ပရိတ်သတ် မျှဝေ ခံစားနိုင်ဖို့ ပြန်လည် လွှင့်တင် ပေးထားတာ ဖြစ်ပါတယ်၊။ ဒီ မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) တွေဟာ PDF အမျိုးအစား ဖိုင်တွေ ဖြစ်လို့၊ ဒါတွေကို ဖတ်ဖို့ ဆိုရင် Adobe Acrobat Reader ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့် ကွန်ပျူတာမှာ မရှိသေးရင်၊ [get.adobe.com/reader] ကနေ အခမဲ့ ဆွဲချပြီး ကွန်ပျူတာထဲကို ထည့်သွင်းပါ (install လုပ်ပါ)။ ဒီကွန်ရက် စာမျက်နှာပေါ်မှာ လွှင့်တင်ပေးထားတဲ့ စာအုပ်စာရင်းကို သက်ဆိုင်ရာ စာရေးဆရာရဲ့ အတ္ထုပ္ပတ္တိ စာမျက်နှာ အောက်ခြေမှာ ချိတ်တွဲ ပေးထားပါတယ်။
next 10 items »[1] 2 3 4 ... 61
သောင်းကျန်းမှု၏ ဒဏ်ချက်များ
စတုတ္ထစစ်လက်ရုံး (စတုတ္ထဂ်) မှ ရေးသားပြုစုတဲ့၊ သင်ခန်းစာအမှတ်-စဓ-၄၃၀၆ "သောင်းကျန်းမှု၏ ဒဏ်ချက်များ" စာအုပ် ဖြစ်ပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်နဲ့ ခုနှစ် မပါရှိပါ။ အရွယ်အစား 323.7 kB - ဖိုင်အမျိုးအစား application/pdf
ပြည်တွင်းသောင်းကျန်းမှုသမိုင်း
စတုတ္ထစစ်လက်ရုံးမှ ရေးသားပြုစုတဲ့၊ ကွန်မြူနစ် ပါတီပေါ်ပေါက်လာပုံ၊ ကွန်မြူနစ်များနှင့် ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှု၊ ကွန်မြူနစ်များ၏ လက်နက်ကိုင် သောင်းကျန်းမှု၊ ကေ-အန်-ဒီ-အို သောင်းကျန်းမှုသမိုင်း၊ ပအိုး-မွန်-မူဂျာဟစ်(မူဆလင်) သောင်းကျန်းမှု သမိုင်း အစရှိတဲ့ "ပြည်တွင်းသောင်းကျန်းမှုသမိုင်း" စာအုပ် ဖြစ်ပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်နဲ့ ခုနှစ် မပါရှိပါ။ အရွယ်အစား 431.1 kB - ဖိုင်အမျိုးအစား application/pdf
မြန်မာမင်းလက်ထက်တော် စာတမ်းများ
၁၉၆၇ ခုနှစ်မှာ၊ ပုဂံစာအုပ်တိုက်မှ ပထမအကြိမ်အဖြစ်၊ ရှုမဝ၊ မြဝတီ၊ ယဉ်ကျေးမှု စတဲ့ မဂ္ဂဇင်း စာစောင်တွေမှာ၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ရေးသားခဲ့တဲ့ ရှေးမြန်မာမင်းများ လက်ထက် အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ လူမှုဘဝနဲ့ ရှေးမင်းမိဖုရားတွေ အကြောင်း သိမှတ်စရာ ဆောင်းပါးတွေမှနေ ကောက်နုတ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့၊ "မြန်မာမင်းလက်ထက်တော် စာတမ်းများ" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 311.6 kB - ဖိုင်အမျိုးအစား application/pdf
နှလုံးရည်တိုက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဒဿန
စကော့်အေဟန့်ဒ် ရေးသားတဲ့ 'ငြိမ်းချမ်းရေးအနာဂတ်' စာအုပ်၊ အခန်း (၁) မှ 'ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နှလုံးရည်ဖြင့် အောင်ပွဲဆင်ခြင်း' ကို ၂၀၁၁ ခုနှစ်၊ မေလမှာ "နှလုံးရည်တိုက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဒဿန" အမည်နဲ့ နေသွင် ဘာသာပြန်ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အရွယ်အစား 285.2 kB - ဖိုင်အမျိုးအစား application/pdf
ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင် ငြိမ်းချမ်​ရေးနိုဗယ်လ်ဆုရှင် အောင်ဆန်းစုကြည်ရဲ့ ဘဝပုံရိပ်တွေနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို စာရေးဆရာ သန်းဝင်းလှိုင် မှတ်တမ်းပြုစု ရေးသားလိုက်တဲ့ "ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 3.6 MB - ဖိုင်အမျိုးအစား application/pdf
ပုသိမ် ၃၂ မြို့စစ်တမ်း
တက္ကသိုလ် ပညာပဒေသစာစောင် အတွဲ ၅၊ အပိုင်း ၂၊ ၁၉၇၀ ခုနှစ်ထုတ်မှာ ဖော်ပြပါရှိတဲ့ ဦးဧကျော် (​သမိုင်းနည်းပြဆရာ၊ တောင်ကြီးကောလိပ်) ရေးသားတဲ့ "ပုသိမ် ၃၂ မြို့စစ်တမ်း" သမိုင်းဆောင်းပါး ဖြစ်ပါတယ်။ အရွယ်အစား 138.3 kB - ဖိုင်အမျိုးအစား application/pdf
နမ့်ဆန်မြို့နယ်သမိုင်း
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် တိုင်းရင်းသားများ နေထိုင်ရာ တောင်ပေါ်မြို့ တမြို့ဖြစ်တဲ့ "နမ့်ဆန်မြို့နယ်သမိုင်း" ကို ၅၊ ၈၊ ၂၀၀၉ နေ့စွဲနဲ့ အရှင် ဇဝန (နမ့်ဆန်) စုဆောင်းပြုထားတာ ဖြစ်ပါတယ်။ အရွယ်အစား 160.8 kB - ဖိုင်အမျိုးအစား application/pdf
အော်ဆွေး
မင်းလူ ရေးသားတဲ့၊ "အော်ဆွေး" လုံးချင်း အချစ်ဝတ္ထုကို မြန်မာကျူးပစ် ဖိုရမ်မှာ ပြန်စာစီစာရိုက် တင်ပေးထားရာကနေ ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 741.4 kB - ဖိုင်အမျိုးအစား application/pdf
လေရူးသုန်သုန် (ဒုတိယတွဲ)
၁၉၉၉ ခု၊ နိုဝင်ဘာလမှာ ဒုတိယအကြိမ်အဖြစ်၊ ဘဝတက္ကသိုလ် စာပေမှ ပုံနှိပ်ထုတ်ဝေတဲ့၊ Margaret Mitchell ရေးသားတဲ့ Gone With The Wind ဝတ္ထုကို ဆရာ မြသန်းတaင့် မြန်မာဘာသာ ပြန်ဆိုထားတဲ့ "လေရူးသုန်သုန် (ဒုတိယတွဲ)" ကို မြန်မာဆိုက်ဘာ မီဒီယာမှာ ပြန်စာစီစာရိုက် တင်ပေးထားရာကနေ ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 2.4 MB - ဖိုင်အမျိုးအစား application/pdf
ဂီတနှင့် အက
၁၉၆၈ ခုနှစ်မှာ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ် အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့၊ သီချင်းအမျိုးမျိုးတို့ရဲ့ သဘောထားနဲ့ ဆိုပုံဆိုနည်းတွေ၊ အတီးကင်းတဲ့ အဆိုပညာခန်း၊ အတီးအမှုတ် တူရိယာများ ပြုလုပ်ပုံ ပြုလုပ်နည်းနဲ့ အသုံးပြုပုံ၊ မြန်မာ့အကရဲ့ အခြေခံ၊ ဇာတ်၊ ရုပ်သေး၊ အငြိမ့်ဆိုင်ရာ အကနဲ့ သရုပ်ဆောင်မှု၊ သဘင်လောကရဲ့ သဘောနဲ့ အစဉ်အလာ ဆောင်ရွက်ခဲ့ပုံ စတဲ့ ဆို-က-ရေး-တီးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ အဖြာဖြာတို့အပြင် မိမိ ပညာရင်နို့ သောက်စို့ခဲ့ရတဲ့ ဆရာတွေအကြောင်းကို အလင်္ကာကျော်စွာ ဒေါ်စောမြဧကြည် (ဘီ-အေ) လိုတိုရှင်း ရေးသားပြုစုထားတဲ့ "ဂီတနှင့် အက" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 790.8 kB - ဖိုင်အမျိုးအစား application/pdf [ပြန်စာစီစာရိုက်ပြီး ဝေမျှပေးသူ - Shan Yoma]
next 10 items »[1] 2 3 4 ... 61

CONTAINED SMART FOLDERS:

ငြင်းပယ်ခြင်းအလှ (ဖြစ်တည်မှု ဒဿန နိဒါန်း)
မြန်မာ့ စာပေနယ် အတွက် အတွေးအခေါ်ပိုင်း ဆိုင်ရာ လိုအပ်ချက် တစိတ်တဒေသကို ဖြည့်စွမ်းပေးဖို့ မျှော်လင့်ချက်နဲ့ ယန်းပေါ့ဆာ့တ်ကို မဏ္ဍိုင်ပြုလို့ ဖြစ်တည်မှု ဒဿန နိဒါန်းကို တင်ပြထားတဲ့ မောင်ကြည်သစ်ရဲ့ "ငြင်းပယ်ခြင်း အလှ" စာအုပ် ဖြစ်ပါတယ်။ ဖိုင်အမျိုးအစား application/html
မြန်မာ စာပေ တိုက်ပွဲများ
'အယူအဆရေးရာ၊ စာပေရေးရာ၊ သမိုင်းရေးရာ၊ ပုဂ္ဂလိကရေးရာ၊ အတ္တရေးရာ' တို့အတွက် စာပေခေတ် အဆက်ဆက် ကလောင်လက်နက် ဆင်နွှဲခဲ့ကြသော၊ စာပေ ဗိမာန်ဆုရ၊ မေမြို့မိုးကြည်ရဲ့ "မြန်မာ စာပေ တိုက်ပွဲများ"၊ အေးxမိုးစာပေ၊ တတိယအကြိမ် (ပေါင်းချုပ်)၊ ၁၉၈၅၊ ဇူလိုင်လထုတ် ပုံနှိပ် စာအုပ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဖိုင်အမျိုးအစား application/html
The WAVES မဂ္ဂဇင်းများ
စာရေးဆရာ ကျော်ဝင်း ထုတ်ဝေပြီး၊ အယ်ဒီတာ အဖွဲ့ဝင်များ အဖြစ် ကျော်ဝင်း၊ ရွှေကျော်၊ မောင်ဇေယျာ၊ နေမျိုးသူရတို့ တာဝန်ယူ ထုတ်ဝေနေတဲ့ ၂၀၀၈ ခုနှစ်ထုတ်၊ "The WAVES မဂ္ဂဇင်း"များ ဖြစ်ပါတယ်။ ဆက်သွယ်ရန် လိပ်စာ - အမှတ် (၂၁၇)၊ ပထမထပ် (ဝဲ)၊ ဆိပ်ကမ်းသာလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၅ ၁၉၃၁၀၆၊ ၃၈၄၁၉၉။
နိုင်ငံရေးစာပေ
မြန်မာအိုင်အက်စ်ပီ (MyanmarISP) မှာ လွှင့်တင်ပေးထားတဲ့ နိုင်ငံတကာ (ဝါ) မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေး စာအုပ် စာတမ်းတွေ သက်သက်ကိုသာ ပြန်လည် စုစည်းဖော်ထားတဲ့ ကွန်ရက် တည်နေရာ တခု ဖြစ်ပါတယ်။
စာစုစာရင်းများ
"စာစုစာရင်း" ဆိုတာ ပညာရပ် တခုခုနဲ့ ပတ်သက်လို့သော် လည်းကောင်း၊ စာရေးသူ တဦးတယောက်နဲ့ သက်ဆိုင်လို့သော် လည်းကောင်း စုဆောင်း ပြုစုထားတဲ့ စာအုပ်စာရင်းတွေ ဖြစ်ပါတယ်။ မှီငြမ်း အသုံးပြုသူတွေ အလျင်အမြန် လွယ်လွယ်ကူကူနဲ့ ရှာဖွေတွေ့ရှိနိုင်အောင် စာမျက်နှာ အမှတ်စဉ်နဲ့ တကွ တိတိကျကျ ဖော်ညွှန်းထားတဲ့ အသေးစိတ် စာရင်း တခု ဖြစ်ပါတယ်။ သုတေသီတွေ၊ ပညာရှင်တွေ၊ စာကြည့်တိုက်တွေနဲ့ စာဖတ်သူတွေ အတွက် စာစုစာရင်းဟာ တန်ဖိုး မဖြတ်နိုင်အောင်ကို အရေးပါပြီး ရည်ညွှန်း အမျိုးအစား အဖြစ် အသုံးပြုနိုင်တဲ့ စာရင်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှင့်တင်ထားတဲ့ မြန်မာစာပေ စာအုပ်တိုက်တွေ၊ ယင်းတိုက်ထုတ် စာအုပ် စာတမ်းတွေ၊ မဂ္ဂဇင်းတွေနဲ့ စာရေးဆရာတွေရဲ့ စာစုစာရင်းတွေဟာ ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာ ဌာန၊ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာဘွဲ့အတွက် လိုအပ်ချက်များ၏ တစိတ်တဒေသ အဖြစ်၊ စာကြည့်တိုက် သင်တန်းသူ သင်တန်းသားများ လေ့လာပြုစု တင်ပြခဲ့ကြတဲ့ ကျမ်းငယ်တွေ ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...