ဒဗိုက်ဒ် အင် ရူးလ်
by Lagoon Eain on Sunday, May 13, 2012 at 10:14am
" " နယ်ချဲ့အင်္ဂလိပ်များသည် မြန်မာပြည်မနှင့် တောင်တန်းဒေသများကို သွေးခွဲအုပ်ချုပ်ရေး စနစ် (Divide and rule policy)ဖြင့်နှစ်ပေါင်းများစွာ သွေးခွဲ အုပ်ချုပ်ခဲ့သည်။" "
ကျွန်တော့်တူ တစာစာကျက်နေတဲ့ စာကျက်သံလေးထဲက ဒီစာသားလေးကို အမှတ်ရမိတယ်.....အင်း....ကျွန်တော်လဲကျက်ခဲ့ဘူးတာပဲ......အဲဒီတုန်းကတော့ ကျက်တာပဲရှိတာ မတွေးခဲ့ပါဘူး.....အခုနည်းနည်းတွေးချင်လာတယ် တွေးပြီဗျာနော်....
ဒီနည်းက အမည်ဆိုးပေမယ့် အသုံးတည့်သားဗျ.....
ကျွန်တော် company တစ်ခုမှာ အလုပ်လုပ်ခဲ့ဘူးတယ်....အဲဒီမှာ ကျွန်တော်နဲ့ မတည့်တဲ့ပြိုင်ဖက် တစ်ဦးရှိတယ်။ သူ့နာမည် ကိုမောင်ပုပဲ ဆိုကြစို့ရဲ့....ဒီဘဲကအတော်မွှေတယ်ဗျ....ကတွန်းကတိုက်လဲလုပ်တတ် ညစ်လဲညစ်တတ်တယ်..
အောက်ကလူတော်တော်များများနဲကလဲမတည့်ဘူး....ကျွန်တော်နဲ့လဲမတည့်ဘူး....ကျွန်တော်ဆို အစည်းအဝေးလုပ်ရင်းတောင်
ဟေ့လူ ခင်ဗျား ရုံးဆင်းရင် ကျုပ်နဲ့မတွေ့အောင်ရှောင်...ကျုပ်နဲ့အပြင်မှာဘယ်တော့မှ မတွေ့စေနဲ့ လို့ကို ချဲဘူးတယ်...
အဲ......ထားပါ...အဲဒီ company ကကျွန်တော်ထွက်ခဲ့တယ်....အနုပညာနယ်ဘက်မှာ အလုပ်တွေ တော်တော်လျောက်လုပ်
ဖြစ်ခဲ့တယ်...တနေ့ ကျွန်တော်ကျင်လည်ရာ ၃၅လမ်း ထိပ်မှာ ဒီဘဲကိုတွေ့ရော....ဒါနဲ့ ဟေ့လူ..ဆိုပြီး နောက်ကနေ လက်ဖမ်းဆွဲလိုက်တယ်....သူလဲ လှည့်ကြည့်ပြီးလန့်သွားတယ်.....လာဗျာ ဘီယာသွားသောက်ရအောင်ဆိုတော့....
တော်ပြီဗျ မလိုက်တော့ဘူးတဲ့....မဟုတ်ပါဘူးဗျာ...မတွေ့တာကြာလို့ ပြောချင်တာလဲရှိလို့ လိုက်ခဲ့ပါဆိုတော့
လိုက်လာတယ်....
ထိုင်သောက်ရင်း ကျွန်တော်ပြောဖြစ်တယ်ဗျ
ခင်ဗျားကို ကျုပ်အတော်မုန်းတာ ခင်ဗျားသိတယ်နော် ဆိုတော့ ဒါကဒီလိုပါဗျာ ဆိုပြီးရှင်းပြမယ်လုပ်တယ်....
လက်ကာပြပြီး....မဟုတ်ဘူးဗျ...ကျွန်တော်ပြောချင်တာ ဟိုတုန်းက ကျွန်တော်တော်တော် မုန်းခဲ့တယ်
အခု အနေအထားမှာ ခင်ဗျားက ကျုပ်ရန်သူမဟုတ်တော့ဘူးဗျ....ကျုပ်အဲဒီအ၀န်းအ၀ိုင်းကနေထွက်ခဲ့ပြီ
ဒီတော့ခင်ဗျားဟာကျုပ်ရန်သူ ဆက်ဖြစ်စရာအကြောင်းမရှိတော့ဘူး....တကယ်တော့ ခင်ဗျားနဲ့ ကျုပ်မတည့်မှ အလုပ်ဖြစ်မှာလေဗျာ မဟုတ်ဘူးလား ဆိုတော့ ခေါင်းတညိတ်ညိတ်နဲ့....ကဲမိတ်ဆွေဖြစ်ကြရအောင်ဗျာဆိုပြီး
မူးအောင်သောက်ဖြစ်သွားကြတယ်.......
ကဲ....ဒါဟာလဲ ဒီနည်းပဲလေ
နောက်တခုထပ်ပြောမယ်....စစ်အုပ်ချုပ်ရေးဆိုတာ အခြေအနေငြိမ်သက်အောင်ထိန်းသိမ်းဖို့ လိုအပ်ချက်အရ
ဖြစ်လာတဲ့ ကိစ္စတစ်ခု....အခြေအနေငြိမ်ရင် ဘာလုပ်မလဲ.....စစ်တန်းလျားပြန်မယ် ဒါပဲပေါ့......အဲဒီမှာစပြီဗျာ
မန္တလေးမှာ ဘုန်းကြီးတူမကို ကုလားကမုဒိန်းကျင့်လို့တဲ့.......ဟာ ခွေးမသားကုလားတွေ မျိုးဖြုတ်မယ် ဗလီမီးနဲ့ရှို့မယ်
ကုလားမတွေမုဒိန်းပြန်ကျင့်မယ်.....ဟော....ကုလားနဲ့ ချကုန်ကြရော......အခြေအနေတွေမတည်ငြိမ်တော့ဘူး....
မင်းတို့မတည်ငြိမ်တော့ ငါလဲတန်းလျားမပြန်နိုင်ဘူး ဆက်ထိန်းသိမ်းရတော့မယ်....စိတ်ညစ်တယ်...တကယ်ပဲ
ဟော....ဒီအကွက်ကလေးပါပဲနော်....
ကေအင်ယူ ဆိုတာ အတော်အင်အားကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်း......တိုက်ရလဲ သိပ်ကိုခက်ခဲခဲ့တာ
ဟော.....ကရင်ခရစ်ယာန်နဲ့ ကရင်ဗုဒ္ဒဘာသာ ကြားထဲသပ်လေးတချောင်းရိုက်ထည့် ပေးလိုက်တယ်
ချကုန်ပြီး အချင်းချင်း....ကိုယ့်ကျည်တောင်တတောင့်မကုန်လိုက်ဘူး.....ဒါကော ဘာနည်းလေးလဲဗျာ
ကျွန်တော်အခု မိုဘိုင်းလ်နဲ့ အီလက်ထရောနစ်ပစ္စည်းဆိုင်ကလေးဖွင့်တယ်.....ကျွန်တော့်ဆီကို
ပစ္စည်းလာလာသွင်းတဲ့ ပြိုင်ဘက်ကောင်လေးတွေရှိတယ်.....ဒီကောင်တွေကိုရန်တိုက်ပေးထားတယ်
ဟေ့ကောင် မင်းကိုဟိုကောင်က ပြောတာ ပစ္စည်းတွေက ရီဂျက်တွေလိုက်ကောက်တာပြောနေတယ်နော်
ဘာ...ဒီကောင်ဒီလိုပြောလား...ဒီမှာ အာမခံပေးတယ်....အကိုအဆင်မပြေရင် ကြိုက်သလိုလုပ် ဒီကောင်တွေ့မယ်..
ပြီးပြီ...ဟိုကောင့်အလှည့်...
ဟေ့ကောင်....မင်းသွင်းတဲ့ဈေးက ဟိုကောင်သွင်းတာထက်များနေပါလား....နောက်ဟိုကောင်က
ငါ့ကိုကွန်ဆိုင်းမင့်ပေးတယ်....
ဟာအကိုကလဲ...မများပါဘူး ဒီကောင်က အင်တွေကိုင်တာ....ကျွန်တော်ကအမှန်အကန်...
ကဲဗျာ ဒီကောင့်ထက်လျော့ပေးမယ်...ငွေကိုအကိုအဆင်ပြေမှလာသိမ်းမယ် ဟုတ်ပြီလား.....
ဟော......ပြီးပြီ......ကောင်းလိုက်တဲ့ ဒဗိုက်ဒ် အင် ရူးလ် ပေါ်လစီ
ဒီကစားကွက်နဲ့ပဲ ဆယ်စုနှစ်ပေါင်းမနည်းတော့ဘူးနော်....ကျုပ်တို့ရှုံးနေရတာ.....အင်းလေ
ကျုပ်တို့က ဥာဏ်နည်းတာကိုး....နှစ်ကောင်လောက်ကျွေးတာအဟုတ်မှတ်နေတာ.....
ဟဲ..ဟဲ....ဒီတခါတော့လာမလုပ်နဲ့တော့....လူပါးဝသွားပြီ.....ဒါမျိုးမရတော့ဘူး....သာဒင်ကိုဘာထင်လဲကွ
ဒါမျိုးမကြောက်လို့ ရွာရိုးလျောက်နေတာ......
ဟော..............ဘာသံတွေတုန်း
ခွေးမသား မီဒီယာတွေ မင်းတို့က တိုင်းပြည်ကို ဘာလုပ်ပေးဘူးလဲ ငါတို့က စောက်ဆံတပြားမှမရပဲ ထောင်ကျခံလုပ်နေရတာ
အောင်မာ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ကွ....မင်းတို့ကထောင်ထွက်ပညာမဲ့တွေ...ငါတို့လဲ တိုင်းပြည်အတွက်လုပ်နေတာ
နားမျက်စိဖွင့်ပေးနေတာ.....
ဟောဗျာ .......ထပ်ဖြစ်ပြန်ပြီ.....ဒီအကွက်ပါပဲ ကိုယ့်လူတို့ရယ်......
ဒါကြောင့်ပြောတာပေါ့ ဒီနည်းကသိပ်ကောင်းပါတယ်ဆို..............
လဂွန်းအိမ်
0 comments:
Post a Comment