Tuesday, May 22, 2012

ကော်ဖီရောင် အရစ်ပြုန်းနေတဲ့ ၀က်အူလှည့်များ


by မိုး ခါး on Wednesday, May 16, 2012 at 7:28am


နင့် နှုတ်ခမ်းပေါ် ဖြတ်စီးသွားမယ့် ကော်ဖီရည်တွေကို ငါ မနာလိုတယ် !
နင်က ကော်ဖီမလေးပဲ မိဝေ !! ငါ့ညတွေကို ကြောင်တောင်ကန်းစေခဲ့တာ 
ငါ့ကိုယ်ငါ ကြယ်တစ်ပွင့် ဖြစ်သွားတဲ့အခါ နင့်ကော်ဖီခွက်ထဲ (ခပ်ရဲရဲ) ခုန်ချ ကြွေကျ ပစ်လိုက်မယ် 

အိမ်မက်ပဲ မိဝေရယ် အိပ်ရင် မက်မှာပေါ့ | အရှိတရားထဲက အဲသလို ငါ ထွက်, ထွက်ပြေးနေရ ..

ခြေချမိရာ စွပ်ကြောင်းတစ်လျှောက် |အမှတ်မရှိ| ငါ့ကိုယ်ငါ သွန်မှောက်ကြည့်မိသေးတော့
'နင့်ကို ချစ်တယ်' ဆိုတာ အိပ်မက်စစ်စစ်တော့ မဟုတ်လေဘူး မိဝေ 
သက်ပြင်းကို အလျားလိုက် ဖြန့်ခင်းထားတဲ့ ကောင်းကင်ပဲ
ဝင်သက် / ထွက်သက် ငွေ့ငွေ့လေးကို မျှော်ငေးကြည့်ခွင့် ရှိသေးရဲ့လားလို့

ငါ ရှင်သန်နေတယ် ဆိုတာ နင့်ကို မျှော်လင့်နေခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ် မိဝေ။
အတိတ်ဆိုတာ ရေပေါ်ရေးတဲ့ အရုပ်မှ မဟုတ်တာဟာ။
အ/လွမ်း ဟာ တစ်သံသရာလုံး ငါ့ပုခုံးပေါ်မှာ။

ငါ့အတွက် မနေ့ကတွေရယ် ၊ မနက်ဖြန်ဆိုတာရယ် လုံခြုံချမ်းမြေ့ဖို့ နင့်အကြည့်တွေပဲလိုပါတယ် မိဝေ
နင့်အတွက်တော့ သဘာဝပတ်ဝန်းကျင်ရဲ့ အစွန်းအထင်းတွေ အတွက် ခုခံအား နည်းနည်းလိုမယ်
နင့်နှုတ်ခမ်းပေါ်က ကော်ဖီရည်တွေကို သုတ်/သင်ပစ်လိုက်တော့ မိဝေ ။ 

မိုးခါး + မိုးခက်နွယ်
မတ် ၂၊ ၂၀၁၂

အဟောင်းလေးပါပဲ .. ဒါပေမယ့်ပေါ့လေ .. "မိဝေ"' 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...