Tuesday, May 8, 2012

ဒါနစစ်


အင်္ဂလန်မှ ရှယ်ရီစကော့ ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့အိမ်ကို ဌားရမ်းမှာဖြစ်ပြီး ရလာတဲ့ငွေတွေကို
 မြန်မာပြည်တွင်းရှိတဲ့ မျက်မမြင် စစ်မှုထမ်းဟောင်း ၃၀၀ ကျော်အတွက် မျက်စိခွဲစိပ်ကုသပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။



ရှယ်ရီစကော့ရဲ့ ခင်ပွန်းသည်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ဂျပန်နယ်ချဲ့တွေကို တိုက်ထုတ်တဲ့အခါ မဟာမိတ်တပ်ဖွဲ့ကနေ ပါဝင်ခဲ့တဲ့ ဗိုလ်ကြီး ရေးစကော့ ဖြစ်ပြီး အဲဒီ စစ်မှုထမ်းတွေက သူ့လက်အောက်မှာ အတူပါဝင်ခဲ့ပါတယ်။ ရေးစကော့ဟာ အဲဒီစစ်မှုထမ်းဟောင်းတွေကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့နေခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Burma Forces Welfare Association ရဲ့ ဒုဥက္ကဌဖြစ်တဲ့ ရှယ်ရီစကော့ဟာ သူရဲ့ ၁ ဧက ကျယ်တဲ့ အိမ်နဲ့ခြံကို ဌားရမ်းမှာဖြစ်ပြီး ဇူလိုင်လ အိုလံပစ်ပွဲတော်ကာလမှာ သူနဲ့ ဂျာမဏီမျက်လုံးခွဲစိတ် ဆရာဝန်တစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ "အဲဒီ စစ်သားဟောင်းတွေက ပြောတယ် ... သူတို့လိုချင်တာက သူတို့ရဲ့မြေးတွေကို မြင်ချင်ကြတယ်လို့ ပြောကြတယ် ..." လို့ ရှယ်ရီစကော့က ရှင်းပြပါတယ်။

မျက်လုံးခွဲစိပ်ကုသပေးမဲ့ ပရောဂျက်အတွက် ခန့်မှန်းခြေ အင်္ဂလန်ပေါင် ၂၀၀၀၀ ခန့် ကုန်မှာဖြစ်ပြီး မျက်မမြင် စစ်သားဟောင်းတွေက အများအားဖြင့် မြန်မာပြည် မြောက်ပိုင်းဒေသမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။


(Ref; Bucks Herald, May 6, 2012)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...