Tuesday, May 1, 2012

မြန်မာတွေ ကျွန်ဘဝက ရုန်းကြစို့…


ကိုလိုနီ နယ်ချဲ့က အောက်မြန်မာပြည် အထက်မြန်မာပြည် အဆင့်ဆင့် သိမ်းပိုက် အုပ်ချုပ်ခဲ့တာ မြန်မာတွေကျွန်ဘဝနဲ့ နှစ်၁၀၀ တဲ့လား..။ ငါတို့က "ကျွန်" မဟုတ် 'သခင်' သာ ဖြစ်တယ် "သခင် မျိုးဟေ့ ဒို့ ဗမာ" ဆိုပြီး လက်သီးလက်မောင်းချီ "ကျွန်"စိတ်ကိုဖျောက် "သခင်"စိတ်နဲ့ လွပ်လပ်ရေး ကို အရယူခဲ့ကြတာမဟုတ်လား..။ လွပ်လပ်ရေး လွပ်လပ်ရေး အဆိုကလေးက လွယ်ခဲ့ပေမဲ့ လွပ်လပ်ရေး ရဖို့ ဒို့ ဘိုးဘွားတွေရဲ့သွေးနဲ ချွေးတွေက မြန်မာနိုင်ငံမြေပုံမှာ ချရေးခဲ့ရတာမဟုတ်လား...။ လွှတ်လပ်ရေး ဘာကြောင့်လိုချင်ခဲ့တာလဲ လွှတ်လပ်ရေး ဘာကြောင့်ကြိုးစားခဲ့တာလဲ? မြန်မာဆိုတာ ကမ္ဘာမှာ ကိုယ်ကြံမ္မာကိုယ်ဖန်းတီး ကိုယ်သမိုင်းကိုယ်ရေး.. ကိုယ်ယဉ်ကျေးမူ့နဲ့ ကိုယ်အမျိုးရယ်လို့ အတည်အတန့်နဲ့ အခိုင်အမာရှိချင်လို့ပါပဲ...။ ဟောဒါဗမာ ဟောဒါ မြန်မာ..! ဆိုတာ လက်မောင်းကို ရဲရဲ ခတ် ကြွေးကြော်နိုင်ဖို့ပါပဲ...။ ဒါက မြန်မာ ယဉ်ကျေးမှု ဒါက မြန်မာ ဘာသာစကား ဒါက မြန်မာလူမျိုးဆိုတာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကမ္ဘာမှာ အခိုင်အမာပေါ်လာခဲ့တာ အမှန်ပါပဲ...။ အားလုံးခြုံပြောရရင်…

မြန်မာဆိုတာ.... ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတယ်..။ သမိုင်းကြောင်း အခိုင်အမာရှိတယ်...။ မိခင် ဘာသာစကားနဲ့ စာရှိတယ်...။
သခင်မျိုးဟေ့ ဒို့ဗမာ သခင်မျိုးဟေ့ ဒို့မြန်မာ ကြေးကြော်သံတွေနဲ့ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ ပေမဲ့ ယခု မျက်မှောက်ခတ်တွင် ကျွန်တော်ကိုယ်တိုင်က နိုင်ငံခြားဒူဘိုင်းမြို့မှာ ထမင်းချက် အဖြစ်နဲ့ အလုပ်လုပ်နေရလေပြီ။ တစ်နေ့တစ်ခြားကျွန်တော်လို့ပဲ နိုင်ငံခြားကို အလုပ်မရှိလို့ အလုပ်လာလုပ်သူတွေ ပေါများလာလေပြီ..။ ခေတ်တွေကပြောင်းလဲ နည်းပညာတွေကတိုးတတ်တော့ အရင်ခေတ်ကလို့ ကိုလိုနီ နယ်မြေတွေ လိုက်ရှာခြင်းမဟုတ်တော့ဘဲ..။ ဘယ်သူ ငါ့နိုင်ငံ တိုးတတ်ဖို့အတွက်.. အကျိုးပြုနိုင်မလဲ ရှာဖွေ ခိုင်းစားတဲ့ခေတ်ကြီးရောက်ခဲ့လေတော့...။ကျွန်တော်ကိုယ်တိုင်လည်း ဒူဘိုင်းလေဆိပ် မှာ ခရီးသည် များအတွက်ချက်ပြုတ်ပေးနေရပါတော့သည်...။ အားလုံးသိပါသည်... နိုင်ငံခြားရောက်မိတ်ဆွေအားလုံး ငါတို့ ဘယ်သူတွေလဲ? ဆိုတဲ့မေးခွန်း အဖြေကို ...။ ငါတို့သည် သက်ဆိုင်ရာနိုင်ငံကို အကျိုးပြုပေးနေရသော "ကျွန်" များသာဖြစ်ပါသည်...။
အစ်ကို လွင်မင်းခန့် ရေးတဲ့ စာထဲကလို့ " ပညာရှိသူက ပညာနဲ့ ကျွန်ခံရ..။

ခွန်အားရှိ သူက လုပ်အားနဲ ကျွန်ခံရ...။
ခွန်အားလည်းမရှိ ပညာလည်းမရှိတဲ့ အမျိုးသမီးတွေက sex ကျွန် ဖြစ်ရ...။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးတွေ အတွက် တစ်ချိန်က " သခင်မျိုးဟေ့ ဒို့ဗမာ...!" အကြိမ်ကြိမ်ကြွေးကြော်ရင်း တိုက်ပွဲဝင်ခဲ့တာတွေက အချီနှီး ဖြစ်စရာ ပါပေလား.?
ကဲ မိတ်ဆွေတို့ ရေ.....! အကယ်၍သာ သင့်မှာ ပိုက်ဆံတွေရှိခဲ့မယ်ဆို သင် ဘာလုပ်မလဲ မေးခွန်းကို ကျွန်တော်မေးပါရစေ...။ ကျွန်တော်နဲခင်မင့်တဲ့သူတွေကိုလဲ မေးဖူးပါတယ်...။ အဖြေတွေကမတူပါဘူး...။
တစ်ယောက်သောသူက--
အကယ်၍သာ သူမှာပိုက်ဆံရှိခဲ့ရင် သူက မြန်မာပြည် ရဲ့ ဆင်းရဲနွမ်းပါးနေသူတွေကို စားဖို့သောက်ဖို့ ဆန်၊ဆီ၊စား ဝေငှမယ်တဲ့...။

မြန်မာပြည်မှာ နာဂစ် ၊ဂီရိ စတဲ့ မြန်မာပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်အောင်လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေကြုံကြရပါပြီ ..။ဒီအဖြစ်အပျက်တွေရဲ့ အလွန်မှာ လူမှုကူညီရေးတွေ ရှိလာပါတယ်..။ ဝမ်းသာစရာပါပဲ...။ ဒါပေမဲ့ အချို့ကို ဆိုလိုချင်ပါသည် ။အားလုံးကို မဆိုလိုပါ...။ ပေးတယ်ဝေတယ်ဆိုတာ ဉာဏ်ရှိရှိပေးကမ်းမှ ပေးကမ်းတာမည် လိမ့်မည်မဟုတ်လား...။ ဆန်တွေ လာယူဟေ့....! ဆီတွေ လာယူဟေ့..! ပေးကမ်းစွန့်ကြဲ ပြီးတာနဲ့ ပီိတိကိုစား အားရှိနေကြသူတွေ အတော်ပင်များနေလိမ့်မည်...။ ကျွန်တော်ရဲ့ စရိုက်တစ်ခုကို တင်ပြပါရစေ...။ အလကားပေးလို့ရတာ အလကားပါပဲ..။ ဘယ်သူကိုမှ ကျွန်တော် အလကားမပေးတတ်ဘူး...။ ကျွန်တော်ညီတွေ နဲ့ ရပ်ကွက်ထဲက ကလေးတွေကို ကျွန်တော် မုန့်ကြွေးချင်ရင်တောင်မှာ့ ဉာဏ်စမ်း စကားထာ ဝှက်ပြီးမှပေးတတ်တဲ့ အကျင့်တစ်ခုရှိတယ်..။ ကလေးသူငယ်တွေကို အလကားရတယ် အချောင်ရတယ်ဆိုတဲ့ စိတ်တွေ မွေးဖွားသွားမှာ ကျွန်တော် အရမ်းစိုးရိမ်လို့ကျွန်တော်လုပ်ခဲ့တာပါ..။
ကျွန်တော်ရဲ့ ဆိုလိုရင်းကို မိတ်ဆွေတို့ သိပါလိမ့်မယ်..။ နာဂစ်ရဲ့ အလွန် ဂီရိရဲ့ အလွန်မှာ ပိုက်ဆံရှိသူတွေရဲ့အလကားပေးကမ်းစွန့်ကြဲခြင်းရဲ့အလွန်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အလကားရတယ်..။ အချောင်ရတယ်ဆိုတဲ့ စိတ်တွေ ဘယ်လောက်များမွေးဖွားသွားပြီလဲဆိုတာ..။
မြန်မာတွေ ဘာကြောင့် ကျွန်ပြန်ဖြစ်လဲ...? အဲဒီ အလကားရတာ...။ အချောင်ရတာဆိုတဲ့ အချောင်စိတ်တွေကြောင့် တဖြေးဖြေး ကျွန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ ကျွန်တော်တို့ လူငယ်မျိုးဆက်တွေ ထိပါပဲ...။ အနောက်တိုင်းသားတစ်ယောက်ကို မိတ်ဆွေ ပစ္စည်းတစ်ခု စမ်းပေးကြည့်ပါ့လား...။ Why do you give me ? ဆိုတဲ့ စကားလုံး ပြန်ပြောမှာ သေချာပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အလကားလိုချင်စိတ်မရှိလိုပဲ..။ ဒါကြောင့် သူတို့ တစ်နေ့တစ်ခြားတိုးတတ်နေခဲ့တာပါပဲ...။

ကျွန်တော့်စာကို ဒီတပတ် ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ... မြန်မာတွေ ကျွန်အဖြစ်က လွတ်မြောက်အောင် ကြိုးစားကြပါစို့ … ။


ဆက်လက်ရေးသားပါမည်..။
TBR(လင်း)
18/12/2010

 နေစိုးနိုင် Monday, December 20, 2010 3 comments  

http://paysubthu.blogspot.com/2010/12/blog-post.html  မှတဆင့် ဖော်ပြသည်။  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...