Monday, May 14, 2012

ကလေးတွေ တစ္ဆေဘာကြောင့်ခြောက် တွေးကြည့်ရအောင်


by Mg Han on Friday, January 6, 2012 at 10:35am

ဒီလိုပါ ငယ်ငယ်က ကျောက်သင်ပုန်း ကျောက်တံလေးနဲ့ စိတ်ကူးရာတွေ ဇာတ်လမ်းခင်းကြသလို လူအများနဲ့လုပ်ကြရတဲ့ အခါ သူ့အမြင်ကိုယ့်အမြင် ဘယ်သူကဘယ်လိုမြင်လို့ ဘယ်သူ့အမြင်ဘယ်လောက်မှန်ကြမလဲ ပေးသူနဲ့ယူသူ။ ကြားထဲက ပေးသူနဲ့ယူသူကြား ကိုယ်စားဝေငှသူတွေကြားမယ် ဘယ်သူကဘယ်သူ့ကို ဘယ်လိုမြင်မလဲလို့။ ကလေးအတွေးနဲ့ မူကြိုအဆင့်လောက်ကလေး ပုံလေးတစ်ပုဒ်နဲ့ ဇာတ်လမ်းလေးဆင်ပြီး တွေးကြည့်ရအောင်။ အလေးကြီးတွေထားခဲ့။ အကြီးကြီးတွေထားခဲ့။ ကလေးပီပီဟန်ချီချီ ကလေးများတွေးသလို တွေးကြရအောင်။ ပြောပြီးတဲ့အတိုင်း ငယ်ငယ်က ကျောက်သင်ပုန်း ကျောက်တံလေးနဲ့ စိတ်ကူးရာတွေ ဇာတ်လမ်းခင်းကြသလို ဇာတ်လမ်းစ ချီသလို ချီရရင် နာမည်ကျော်ဇာတ်ကောင် တက်ပုပေါ့။
တက်ပုဟာ မိဘမဲ့ကျောင်းသားထဲမှာ သူကစီနီယာတစ်ယောက်ပေါ့။ ဗျာ နမိတ်မရှိနာမမရှိလား။ ဒါဆိုလဲ မူကြိုတစ်ခုပေါ့ဗျာ လူ၁၀၀ရှိတယ်။အဲမှာသူက မော်နီတာ။ အဲမှာတစ်ရက်တော့ အလှူရှင်က ကျောင်းရှိ လူတွေစားဖို့ ဆိုပြီး ချိုချဉ်ထုပ်ကြီး ၅၀ပါ ၃ထုပ် လှူပါသတဲ့။ ကျောင်းရန်ပုံငွေအရ အထုပ်၅၀ပါ ၁ထုပ် ရပါသတဲ့။ အဲဒီမှာ ဆရာမက အတင်းတုပ်နေရာကနေ မထချင်လို့ (ဆဲကြတော့မှာပဲ ဆရာမတွေက..:P) ဟဲ့ တက်ပု သွား စတိုထဲမယ် ချိုချဉ်ယူ ကျောင်းသားတွေ ဝေပေးစမ်း ညီညီမျမျနော်လို့ ခိုင်းသတဲ့။ မောင်တက်ပု ကချိုချဉ်ဝေဖို့ စတိုခန်းထဲဝင်လိုက်ပါတယ်။ နောက် ချိုချဉ်အလုံး၅၀ပါ ၄ထုပ်ယူလိုက်တယ်။

နောက် တက်ပုဟာ ကျောင်းသားတွေရှေ့ကို သွားပြီး ဆရာမတွေက ချိုချဉ်တွေ ပေးဖို့ပြောလိုက်တယ်။ ညီတူမျှတူဖြစ်ဖို့လဲ မှာလိုက်တယ်။ ကိုယ့်နေရာကိုယ်ထိုင်နေပါ ငါညီတူမျတူဝေမယ်။ ပိုနေရင် ထပ်ဝေမယ် ဒါမှမဟုတ် ဆရာမတွေကို အပ်မယ်။ အာကျောင်းသားတွေလဲ သဘောတူတာပေါ့။ ခင်ဗျားလဲသဘောတူတယ်မို့လား။ တူမှာပေါ့ လွယ်လွယ်လေး။ ကျောင်းသား၁၀၀ ချိုချဉ် ၅၀ပါ ၄ထုပ် ၂၀၀၊ တစ်ယောက်၂လုံး၊ ဘာခက်တာမှတ်လို့။ ဘယ်ဆရာမမှ မစားရဘူး၊ ပိုလဲမပိုဘူး ဟုတ်တယ်မို့လား။ခင်ဗျားက လူကြီးကိုးဗျ။ လူကြီးလိုတွေးတော့ လွယ်တာပေါ့ဗျ။ မူကြိုလိုတွေး၊ ခက်တယ်။ လူတွေက အများကြီး။ သူသင်ထားတာ ၁ကနေ ၁၀၊ ဝလုံး ကဗျာနဲ့ အရောင် ဒါပဲလေ။ သူအတွက်ခက်တာပေါ့ဗျ။ ခင်ဗျားတို့လူကြီးတွေလို ခင်ဗျားတို့ တော်သလို တက်ပုမတော်ဘူးလေ။ ဟုတ်ဘူးလား။ ဒါပေသည့် တက်ပုပါ။ ခေတော့ ဘယ်ခေမလဲ။ ချိုချဉ်ထုပ်ကို ဖေါက်တယ် သူအရင်ဆုံးစယူတယ် တစ်လုံး။ နောက် တစ်ယောက်တစ်လုံး နေရာကျဆီ သူလျောက်ဝေတယ်။ တစ်ထုပ်ကုန်တယ်။ ထပ်ဖေါက်တယ်။ ၂ထုပ်ကုန်တဲ့ အချိန် လူ၁၀၀ကို တစ်ခေါက်ပတ်မိပြီ။ ဟဲဟဲ သူနပ်သွားပြီ ကုန်တာ ၂ထုပ် သူ့မှ၂ထုပ်ကျန်သေးတယ်။ နောက်တစ်ခေါက်ဆိုကွက်တိပဲ ဟုတ်တယ်မို့လား။ အေးဆေးပါ။ နောက်တစ်ခေါက် ထပ်ပတ်တယ်။ ချိုချဉ်ကုန်တယ်။ ဝေစရာလူကုန်တယ်။ ပီးပီလေ။အေးဆေး။ မောင့်ရင့်ဟာ ဘာခက်လို့တုန်း လွယ်လိုက်တာမှ လွန်ရော။ မကျေနပ်တဲ့ ကျောင်းသားလဲ မရှိဘူး ဟုတ်တယ်မို့လား။


ဟုတ်ပါတယ်။ ခင်ဗျားက တက်ပုနေရာကချည်း ကြည့်နေတာကိုး။ ဒါတောင် မူကြိုအကြည့်နဲ့ မကြည့်ပဲ ပညာတတ် လူတော်အတွေးကြီးနဲ့ကြည့်တာကိုး။ တက်ပုအဖို့တော့ ဒါကြီးပြီးသွားတာ အောင်မြင်စွာ ဝေလိုက်တာဟာ။ တရားမျတစွာ သူဆုံးဖြတ်လိုက် လုပ်ဆောင်နိုင်လိုက်တာဟာ အင်မတန် ဂုဏ်ယူစရာကြီးပေါ့။ ဟုတ်ဘူးလား။ သူခဗျာ သနားစရာ ပညာမပြည့်ဝ ကလေးအတွေးနဲ့ တက်ပုကိုး။ဒါပေသည့် တွေးကြည့်ရအောင်နောက်အမြင်တစ်မျိုး။ ဆိုတော့ အဲဒီကျောင်း မျက်နှာကျပ်မှာ ကပ်နေတဲ့ တစ္ဆေကြီးတစ်ကောင် ရှိသတဲ့။ သူက ဘယ်နှစ်ခုနှစ်ကတည်းက သစ္ဆေဖြစ်မှန်းမသိဖြစ်လာပြီး။ ဒီကျောင်းမျက်နှာကျပ်မှာ ကပ်နေတဲ့ သစ္ဆေကြီးပေါ့။ သူက မတရားတဲ့လူ မမှန်ကန်တဲ့လူ၊ သီလမလုံတဲ့လူဆို ရုက္ခစိုးဆီက အခွင့်တောင်းပြီး သူက ခြောက်ကပ်လို့တစ်မျိုး၊ပူးကပ်လို့တစ်ဖုံ စားသောက်လို့ရသတဲ့။ ကလေးတွေဆိုတော့ ပိုလို့ခြောက်လို့ လှန့်လို့လွယ်တာပေါ့။ (ဒီမယ် ခင်ဗျား တစ္ဆေယုံယုံ မယုံမယုံ မူကြိုလိုတွေးကြပါမယ်ဆိုမှ ပါတယ် ဒီတစ္ဆေ။ဒါပဲ။ မကြိုက်ရင် တစ္ဆေနေရာ တောက်တဲ့ဖြစ်ဖြစ် ကျောင်းစောင့်နတ်ဖြစ်ဖြစ် ကိုယ့်ဟာကိုယ်ပြောင်းလိုက်) သူက ရုက္ခစိုးဆီ စက္ကန့်နဲ့အမျ ရီပို့ရေးနေတယ်
ဘယ်လိုရေးလဲ သူရေးချင်သလိုရေးတယ် သိဝူး သိချင် တစ္ဆေလုပ်ကြည့်။ သူရေးတဲ့အခါ သူမြင်တဲ့အတိုင်းရေးတာပေါ့(တစ္ဆေကိုး မညာတတ်ဘူး ထားလိုက်ပါနော့်)။ ဒါပေသည့် အဓိကက သူ့ ပူးကပ်ခွင့်၊ ခြောက်လှန့်ခွင့် ရဖို့မို့လား။ ဒါမှသူဘဝက စားရမှာကိုး။ ကျောင်းစောင့်နတ်တို့ တောက်တဲ့တို့ သမားတွေက တော့ သူ့တို့အမြင်သူတို့ နုတ်စ်ရေးတယ် သဘောထားလိုက် ဒါဆို ဆက်လို့ရမယ်..ဟဲဟဲ။

သို့//  နတ်မင်း
မတရားမှုကို ကြည့်မနေနိုင်ပါသဖြင့် ရေးလိုက်သည်။ ပူးတွဲအချက်အလက်များပါ မောင်တက်ပုသည် မတရားမှုတစ်ခုပြုနေသည်။ အချိန်နှင့် တပြေးညီ တင်ပြပေးမည်ဖြစ်သည်။
မတရားမှု ၁-အလှူရှင်များ၊ ဆရာမများက ချိုချဉ်အလုံး ၂၀၀ သူ့အားပေးလိုက်ရာ။ သူသည် ကျောင်းသားများကို တစ်လုံးမျ မပေးပဲ သူတစ်လုံးယူသည်။(ထိုကဲ့သို့ မတရားမှုကို ဆက်မပြုစေရန် ကျွန်ုပ်ဆုတောင်းသည်)
မတရားမှု၂- သူ့လက်ထဲတွင်ချိုချဉ် ၁၉၉ လုံးရှိသော်လည်း အင်မတန်ဆာလောင်လျက်ရှိသော သနားစဖွယ် ကျောင်းသားငယ်ကို သူလက်ဝယ်ရှိ ချိုချဉ်၏ ၀.၀၀၅၀၂၅၁၂၅၆၂၈ % ခန့် ကိုသာ ပေးခဲ့သည်။ ထိုကျောင်းသားငယ်သည်လည်း သူကဲ့သို့ပင် ချိုချဉ်ကို တန်းတူညီမျှ ရပိုင်ခွင့်ရှိသော ကျောင်းသားတစ်ဦးဖြစ်သည်။ မောင်တက်ပုသည် မော်နီတာဖြစ်သည်။ ဆရာမများက တာဝန်ပေးသည်ဆိုသည်နှင့်ပင် မာန်မာနထောင်လွှားကာ သူ့လက်ဝယ်တွင် ချိုချဉ် ၁၉၈လုံးထားလျက် (သူ့အိတ်ထဲတွင် ချိုချဉ်တစ်လုံးယူပြီးအပြင်) တစ်လုံးတည်းသာ ပေးသည်။ ပေးပြီးသော်လည်း စိုးစဉ်းမျ ထိုသနားစဖွယ်ကျောင်းသားငယ်ကို ပြုံးမပြပဲ တခြားဘက်သို့ထွက်ခွာသွားသည်ဖြစ်သည်။ နတ်မင်းဆင်ခြင်ပါလေ။ ထိုကျောင်းသားသည် စာတော်သည်။အတန်းရှေ့ဆုံးတွင် သြကာသ အကျယ်ဆုံးရှိခိုးသူဖြစ်သည်။(ထိုကဲ့သို့ မတရားမှုကို ဆက်မပြုစေရန် ကျွန်ုပ်ဆုတောင်းသည်)

မတရားမှု၃- ထိုဖြစ်စဉ်ကဲ့သို့ပင် မရှေးမနောင်း အချိန်အတွင်းမှာပင် နောက်ထပ်ကျောင်းသားတစ်ဦးကိုလဲ သူလက်ဝယ်ရှိ ချိုချဉ် ၁၉၉လုံးအနက်မှ(တက်ပုပိုင်၁လုံးအပါ) အနက်မှ ၀.၀၀၅၀၂၅၁၂၅၆၂၈ % ခန့်ပမာနသာရှိသော ချိုချဉ်တစ်လုံးကို လက်ဖြန့်နေသော ကျောင်းသားငယ်လေး၏ လက်ထဲသို့ စောင့်ကြီးအောင့်ကြီးဖြင့် ထိုးထည့်သွားသည်။ ထိုကျောင်းသားငယ်သည်လည်း မောင်တက်ပုကဲ့သို့ တန်းတူရပိုင်ခွင့်ရှိသူသာဖြစ်သည်။ နတ်မင်းစဉ်းစားပါ။ ထိုကျောင်းသားသည် နတ်မင်း၏ အပင်အောက်မှ အကြော်သည်အဘွားအို၏ မြေးအထွေးလေးဖြစ်သည်။ သူဆင်းရဲတို့အပေါ်တွင် မောင်တက်ပု ဗိုလ်ကျလျက်ရှိပြီ။သို့သော် မောင်တက်ပုသည် စိုးစဉ်းမျ သနားညာတာသည့်ပုံ မပေါ်ပေ။ တာဝန်ကို ထမ်းဆောင်နေသည် ဆိုသည့် မျက်နှာပေါက်ဆိုးစွာဖြင့် ထိုကျောင်းသားငယ်ကို လှည့်၍ပင်မကြည့်ချေ။(ထိုကဲ့သို့ မတရားမှုကို ဆက်မပြုစေရန် ကျွန်ုပ်ဆုတောင်းသည်)

မတရားမှု၎- ထို့သို့ဖြစ်ပြီး မကြာမှီပါပင် နေမကောင်းရာမှ ကြိုးစားပန်းစား ကျောင်းလာသော အင်မတန်ကြိုးစားသည့် ကျောင်းသားငယ်ဖြစ်သည်။ ထိုကျောင်းသားငယ်ကိုလည်း မောင်တက်ပုသည် သူပိုင်ဆိုင်သော ချိုချဉ်အလုံးရေ ၁၉၈ (တက်ပုပိုင်၁လုံးအပါ) ထဲမှ ၀.၀၀၅၀၅၀၅၀၅၀၅၀% ခန့်သာ ပေးဝေခဲ့သည်။ ကျုပ်န်ုပ်ဆုတောင်းကြောင့် % အနည်းငယ်တက်လာသည်ဟု မြင်ရသည်။ (မတရားမှုများ ထိုကလေးငယ် မောင်တက်ပု ဆက်လက်မပြုမိစေရန် ကျွန်ုပ်ဆုတောင်း၏)

မတရားမှု-၅
မတရားမှု-၆
မတရားမှု-၇
………………………..
………………………..
………………………..
မတရားမှု ၁၀၀- မောင်တက်ပုသည် ကျောင်းသားများအား မစို့မပို့ ဝေငှပြီးသကာလ သူလက်ထဲတွင် ချိုချဉ် အလုံးရေ ၁၀၁ လုံး(တက်ပုပိုင်၁လုံးအပါ) ပိုက်ကာ နေလေသည်။ အင်မတန်လောဘကြီးသော တက်ပုဖြစ်သည်။ အင်မတန်အတ္တကြီးသော တက်ပုဖြစ်သည်။ ကျောင်းသားအားလုံး ပိုင်ချိုချဉ်များ ပေါင်းလျင်ပင် ၉၉ လုံးသာရှိရာ တက်ပု၏ ၁၀၁ လုံးသည် ပိုများ၍ နေတော့သည်။ ထိုမတရား မမျတမှုကြီးကို ဆက်မဖြစ်စေရန် နတ်မင်း ဆင်ခြင်ပါလေ။ မောင်တက်ပု လွန်လွန်းလှချေပြီ။  (မတရားမှုများ ထိုကလေးငယ် မောင်တက်ပု ဆက်လက်မပြုမိစေရန် ကျွန်ုပ်ဆုတောင်း၏)
မတရားမှု ၁၀၁-မောင်တက်ပုသည် သူ့လက်ထဲတွင် ရှိသောချိုချဉ်များထဲမှ အိတ်ထဲသို့ နောက်တစ်လုံး ထပ်ထည့်လိုက်သေးသည် (မတရားမှုများ ထိုကလေးငယ် မောင်တက်ပု ဆက်လက်မပြုမိစေရန် ကျွန်ုပ်ဆုတောင်း၏)

မတရားမှု၁၀၂-
မတရားမှု…….
…………………….
…………………….
……………………..
……………………..
မတရားမှု၂၀၀-မောင်တက်ပုသည် သူတွင် လက်ထဲတွင် ချိုချဉ်၎လုံးရှိရာ ၄င်း၏ ၂၅% ကိုသာ ကျောင်းသားတစ်ယောက်အား ပေးလိုက်၏။ သို့သော် စေတနာအပြည့်ဖြင့် ပေးသည့်ပုံကားမပေါ် မာန်မာနထောင်လွှားလျက်ပင်ရှိသေး၏။ ထိုကျောင်းသားသည်လည်း မောက်တက်ပုကဲ့သို့ ပင်ရပိုင်ခွင့်ရှိသူဖြစ်ရာ မောင်တက်ပုတွင် လက်ထဲတွင် ၃လုံး ထိုကျောင်းသားကို ၁လုံးသာပေး၏။

မတရားမှု၂၀၁- မောင်တက်ပုသည် သူလက်ထဲရှိ ချိုချဉ်၏ ၃ပုံ၁ပုံကိုသာ ကျောင်းသားတစ်ယောက်အားပေးအပ်လိုက်သည်။ သို့သော် ချိုချဉ်ထုပ်အခွံ ၄ခုတွင်ပါသော အရုပ်တို့ကို ကတ်ကြေးဖြင့်ဖြတ်ကာ တက်ပုယူလေသည်။ ကျန်ကျောင်းသားတို့ စိုးစဉ်းမျ ထိတို့ခွင့်မရချေ။ ထိုကျောင်းသားသည် ဆရာမ၏ သားအငယ်ဖြစ်၏။
နတ်မင်းဆင်ခြင်ပါလေ။ မောင်တက်ပုသည် ယခု မိနစ်ပိုင်းအတွင်း၌ပင် မကောင်းမှုများစွာ ကျူးလွန်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မောင်တက်ပု နောက်နောင်ထိုကဲ့သို့ မတရားမှုများ မကျူးလွန်ဝံ့ရလေအောင် နတ်မင်းတို့ ကျွန်တော်တို့ ဝိုင်း၍ထိန်းသိမ်းမှသာ တော်ကာကျမည်ဖြစ်သည်။
………………………………………………………………………………………………………………………………………………………………………….. စသည်စသည် ရေးသတဲ့။

ဟာဒီကောင် လူလည်ကျပြီလို့ ခင်ဗျားထင်သလား။ မရဘူးလေ။ စောနက တက်ပုကို ခင်ဗျားက တက်ပုလို မတွေးပဲ၊ ခုတစ္ဆေကျတော့လဲ တစ္ဆေလိုမတွေးဘူး။ ခင်ဗျားတော်တာမှန်ပါတယ်။ တစ္ဆေက ဘယ်ခင်ဗျားလောက်တော်တည့်မှန်ကန်နိုင်မလဲ တစ္ဆေဟာ တစ္ဆေလိုပဲတွေးမပေါ့။ သူ့မှာခုတောင် တစ္ဆေဖြစ်နေတာ မကောင်းမှုတွေဘယ်ထပ်ကာထပ်ကာ လုပ်မလဲ သူတစ္ဆေဘဝက မကျွတ်ဘူးဖြစ်သွားမှာပေါ့ ဟုတ်ဘူးလား။(သတ္တဝါတိုင်းဟာ ရရာဘဝက ခန္ဓာကို တက်မက်တဲ့ သဘောရှိတယ် တစ္ဆေဆိုတာလဲ တစ္ဆေဘဝက ပြောင်းရကျွတ်ရမှာကြောက်တယ် ဘာညာပြောမယ့်လူတွေခနနေ..ခုကမူကြိုဇာတ်လမ်းနော်)သူလဲ အမှန်တွေပဲ နတ်မင်းဆီ ရေးတာပါ။ ဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ခင်ဗျားက ဘယ်လက်ခံနိုင်မလဲ။ ခင်ဗျားက အမှန်တရားကိုသိတဲ့။ တရားမျှတမှုကိုလိုလားတဲ့ လူမို့လား။ ဒါပေမယ့် တစ္ဆေဆိုတာကတော့ သူစားရဖို့ကို ခင်ဗျားတရားမျတမှုထက် ပိုလိုမှာလေ ဟုတ်မယ်မို့လား။ အဲ..အဲလိုနားလည်လွယ်တဲ့ ပညာရှိလို့ပဲ ခင်ဗျားက လူစင်စစ်ဖြစ်တာပေါ့ဗျာ။


ကဲ..ဒါနဲ့ နတ်မင်းက ပိုကာဝိုင်းကနေထပြီးတော့၊(ထားဗျာ အစည်းအဝေးကဖြစ်ဖြစ်၊ ဗိမ္မာန်ကဖြစ်ဖြစ်ပေါ့) ဒီတစ္ဆေကြီး ရီပို့နဲ့ ဖြစ်နေပျက်နေတာတွေ နဲနဲ တီးတောက်ပြီး လှမ်းတွက်တယ်။ ပထမရီပို့။ အချိန်ကြည့်တယ် ကျောင်းမှာတပ်ထားတဲ့ နတ် စီစီတီဗီကို ဘက်ကပ်နဲ့ကြည့်တယ် ဟုတ်သားပဲ။ ဒုတိယရီပို့..ရာခိုင်နုန်းနဲ့ဘာနဲ့ သူ့ကာကူလိတ်တာလေးနဲ့ စစ်တယ်ဟုတ်သား။ နဲနဲဆက်ကြည့်တယ်။ဟုတ်သေးတယ်။ ၃ခု။၎ခု။ ဟား..ဟုတ်သားပဲ။ အား ရီပို့က ၂၀၀ကျော်..ပြီးမှာဟုတ်တော့ဘူး။ ခလယ်(အလယ်)လောက်က ဖြတ်ကြည့်တယ်။ ဟုတ်နေသေးသား။ သူပေးတဲ့ ဒေတာတွေ၊ မြေပြင်အနေထားတွေ(သုံးမိပြန်ပြီ..ငါ့နော်) မှန်တယ်။ ရီပို့ ၂၀၀ ကျော်ဖတ်ပြီးပြီ ဟုတ်တယ်။ ရီပို့မမှားဘူး။ ကဲ နတ်မင်းဘယ်လိုဆုံးဖြတ်မယ်ထင်သတုန်း။
ဒါတော့ မလွယ်တော့ဘူးလေ။ ဟုတ်တယ်မို့လား။ နတ်တို့တန်ခိုး၊ နတ်တို့စက္ခု၊ နတ်တို့ပညာကိုလဲ သိမှသိပဲကိုး၊ ထားလိုက်ပါလေ၊ နတ်ဆိုတာ ကိုယ့်ထက်မြင့်တယ် ဟုတ်တယ်မို့လား။ တက်ပုလဲကိုယ်မှ မဟုတ်ပဲ။ အေးဆေး။

ကိုယ်တွေက တက်ပုအဆင့်၊ တစ္ဆေအဆင့်ထက်တော့ သာသေးတာပဲ သူတို့ နေရာပြန်တွေးရအောင် တက်ပုက ချိုချဉ် ၅၀ပါ ၃ထုပ်၊ ကျောင်းစကေးက ၁ထုပ် ဒီလိုပြောတာ ချိုချဉ် အလုံး၂၀၀ ပါလို့ ဘယ်သူအာမခံလို့ ချိုချဉ်ဝေတာ လူ၁၀၀ ၂ခါလျောက်ရင် မမျတစရာမရှိဘူးလို့ ခင်ဗျားတွေးလိုက်ရတာတုန်း။ လှူတဲ့ ဆီက အထုပ်ပြည့်တယ်ထား၊ စကေးရတဲ့အထုပ်ဆိုတာ.. အံမယ် မင်းက လိုတာပဲတွေးတာ ပိုတာဆိုရင်ကော။ ပိုတာ ဆရာမပြန်အပ်မယ်လို့ ပြောပြီးသားလေ။ တက်ပုယူတာလား။ ဟဲဟဲ တစ္ဆေကြီးရှိပါတယ်။ဟုတ်ဘူးလား။ နောက်ပြီး ချိုချဉ်တိုင်းက တစ်ရောင်တည်းဆိုတော်သေးတယ် အရောင်စုံပါလာရင် ကျောင်းသားတစ်ရာမှာ အပြာမကြိုက်တာ အပြာရသူ အဝါအပြိုင်ဆိုင်လိုချင်တာမှမ ၂ယောက်တည်းက တစ်ယောက်ရသွားသူ။ ဟေ့ဟေ့ တစ္ဆေကြီးရဲ့ မတရားမှု အစီရင်ခံစာဟာ စာမျက်နှာ သောင်းချီသွားမယ် ဘာမှတ်သလဲ။ အံမယ် ချိုချဉ်ချင်းတူတူ ပဲ့နေတာ အရသာမတူတာများ ပါပြီဆိုရင် ခင်ဗျား ထပ်ကိန်းတွေကျွမ်းလား ကျွမ်းရင်ဖြစ်နိုင်ချေတွေ တွက်လို့ရတယ်။ ကျွန်တော်ကတော့ မသိတော့ဘူး။ အဲဒီထဲမှာမ ကျောင်းမလာတဲ့သူရှိခဲ့သော် ကျောင်းသားတွေဟာကိုယ်နေ့ရာ ကိုယ်ထိုင်မနေခဲ့သော် သို့မဟုတ် အိမ်သာသွားနေပြီးပြန်ဝင်လာခဲ့သူရှိသော်။ ဝေနေရင်း ထပ်ပြီးနောက်တစ်နေရာက ထပ်ထိုင်နေခဲ့သည်ရှိသော်။ ဂျူးလို ရေးပြမယ် ဘုရားရေ..ကျမဤမျှရှုပ်ထွေးမိလိမ့်မည်ကို ဘာလို့မတွေးမိတာပါလိမ့်နော်။…:P

ဒါပေါ့ ခင်ဗျားကတော့ ပညာတတ်ကိုး လွယ်တာပေါ့။ ဝေတဲ့လူက တက်ပု၊ ရီပိုရေးတာက တစ္ဆေလေ။ ဗျာ အတန်းထိန်းဖို့ သူငယ်ချင်းတွေ အကူညီတောင်းမယ်။ အာဟုတ်တာပေါ့။ ကျောင်းသားတွေလူအရင်စစ်မယ် ထိုင်ခိုင်းမယ်။ ဒါလဲဟုတ်တာပဲ။ ကျောင်းမလာတဲ့ သူဖို့က ဆရာမကိုအပ်မယ် ဟုတ်ပဗျာ။ မလောက်တာကတော့ ဘယ်တတ်နိုင်မလဲ ဟုတ်တာပေါ့။ ခင်ဗျားကတရားရှိသူပေကိုး။ ဒါပေသည့် မော်နီတာလဲ စာရင်းချုပ်တော့ ၂လုံးရတာ မရသူအစား သူစိုက်ပေးဖို့ဘယ်လွယ်မလဲ။ ပေးလို့ကလဲ သူ့ရှိတဲ့ဝေစု ၂လုံးရှိမှာမို့လား။ လာကူတဲ့ သူငယ်ချင်းတွေကို ပြုံးပြပြီး မင့်ကငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းပါပဲ မျက်ရည်တွေဘာတွေဝဲလို့ ဆို့နင့်ကြေကွဲနေကြ..အဲ..အဲလိုရှိတာပဲ။ ဒါပဲတတ်နိုင်မယ်လေ။ ဟိုဘာလဲ ဘာသဘောတရားလဲ လုပ်အားသည် အရင်းအနှီးတစ်ခုဖြစ်သည်။ ထိုအရင်းအနှီးအတွက်ရပိုင်ခွင့်ဘာညာဆိုတဲ့ လေဘာဘာပြုဆိုလား စာတမ်းတွေဘာတွေရှိတယ် ကြားဘူးတယ်။ ထားပါလေ ဒါတွေထည့် မတွေးပါနဲ့ ခုက မူကြိုမို့လား မူကြိုလိုတွေးတာပေါ့။ ခင်ဗျားဘယ်လိုထင်လဲ တက်ပုကြီးကို တစ္ဆေလေးဝင်ပူးခွင့်ရမယ်ထင်သလား၊ တက်ပုလေးကို တစ္ဆေကြီးခြောက်တော့မယ် လို့ရော မထင်ဘူးလား။ အမယ် ခင်ဗျားရီပို့တွေဖတ်တော့မလို့လား။ ဒါဆိုလဲ မနှောင့်ယှက်တော့ဘူးဗျာ။ ဒီမှာ နိဂုံးချုပ်လိုက်တော့ပေါ့။ သည့်အန့်။

မောင်တက်ပု ဘေးရန်ကင်းပါစေ။
ကျွန်တော်မောင်ဟန်ပါခင်ဗျာ။




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...