“ အဖရဲ့နေရာ ဆိုတာ ”
Author: lubo601 |
1:06 AM |
No မှတ်ချက် |
အဖ ဆိုတာ . . .
ဘယ် နေရာထား ဘယ် နားမှာရှိ
သူ. . .တို့ သိစေချင်ပါ ဘိ . . .
အဖ ဆိုတာ...
ဝမ်းနဲ့လွယ်တဲ့ မိခင် ပမာ
ရင်နင့်အောင် လွမ်းပြစရာ မရှိပေမယ့်
မေတ္တာစွမ်းအား ကံကြမ္မာတရားကို
အံတုဖက်ပြိုင် သူနိုင်ကိုယ်နိုင်
စိန်ခေါ်နိုင်တဲ့ ဂရုဏာတရား သစ္စာများကို
ရင်ခွင်မှာထည့် ဥယျာဉ်မှူး ဘ၀နဲ့
ပျိုးထောင်ပြုစု ယုယ တတ်သူပါ. . .
အဖ ဆိုတာ . . .
ဘ၀ ခရီးခဲ ဖြတ်သန်းရဲဖို့
လေဟုန်ကိုဆန် ရေဆန်ကိုတတ်
ဆူး တောကိုနင်း ရင်ဆိုင်ရင်းနဲ့
လောက ဇာတ်ခုံ အဖုံဖုံ တင်ဆက်
သား သမီး တွေ အတွက်ဆို . . .
အဖ က အပူ ဆို အမိ က အအေး
အမိ က အပျော့ ဆို အဖ က အမာ
အဖ က အကြမ်း ဆို အမိ က အနု
အမိ က အချို ဆို အဖ က အခါး
ဘယ်နေရာ ဖြစ်ဖြစ် . . .
အမြင် မှာ စစ်တော့ လူကြမ်းကြီး ဖြစ်နေတတ်သူ ပါ . . .
အဖ ဆိုတာ. . .
ရင် အစုံနဲ့ တုန် နေအောင် ချစ်ပေမယ့်
ဖိဖုံး ကွယ်ကာ ကျောက်ရုပ်ပမာ နဲ့
ကြည်နူး နှစ်သိမ့် ခံစား ရိပ် တို့ကို
ပင်ပန်းကြီးစွာ စိတ်ခန္ဓာမှာ
ကြောင့်ကြကြီးစွာ စိတ်သဏ္ဌာန်မှာ
တာဝန်ကြီးစွာ အာရုံများမှာ
နှလုံးကျဉ်းစွာ “ ရတနာ ” ကို
ကြမ္မာစေစား တန်ဖိုးထားစွာ စောက်ရှောက် တတ်သူပါ . . .
အဖ ဆိုတာ . . .
သား အတွက် ဓါးတစ်လက် သ္မီး အတွက် ပန်းတစ်ခက်
မယား အတွက် ဘ၀ တစ်သက်စာ
ပုံကာ အပ်နှင်း ဘ၀ စစ်တလင်းမှာ
လမ်းပြ ရှေ့ဆောင် အလင်းရောင်ပမာ
ခက်ခဲ တားဆီး ဒိုင်း ကြီး ပမာ
နေရာတကာ ဦးဆောင်ကာဖြင့်
ခွန်အား သတ္တိ ရင်မှာ မချိအောင်ဖြင့်
သား သ္မီး တွေ အတွက်ဆို
ခံစားလှုပ်ခတ် သွေးသား ဆူဝေတတ်သူ ပမာ ပါ . . .
အဖ ဆိုတာ . . .
ရာဇ၀င် သမိုင်း စာတင်လို့ နှိုင်းရင်တောင်
အဖ ကိုထား အမိ မေတ္တာတရား ကိုသာ
တမ်းတ ခုံမင် ကမ္မည်း တင်ချင်ကြတယ်
အကြင်နာပို သဒ္ဒါတွေ ချိုနေကြတယ်လေ . . .
မိ နှင့် ဖ ဆိုတဲ့ အနန္တ နေရာမှာတောင်
လူလုံးမပြ ကန့်လန့်ကာနောက်ကွယ်မှသာ
ပီတိကိုစား မေတ္တာတရား များနဲ့
ကျေနပ်နှစ်သိမ့် ပျော်ရွှင်ရိပ်တွေ နဲ့ပါ. . .
အဖ ဆိုတာ . . .
အဖ ဆိုတာ . . .
ဘယ်နေရာထား ဘယ်နားမှာရှိ
သူ . . .တို့ သိစေချင်ပါ ဘိ. . .
သူတို. . . .သိစေချင် ပါ ဘိ . . . ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment