ပဉ္စလက်ကပွဲ
by Myint Myint Thein on Thursday, May 3, 2012 at 4:43am
လွှတ်ချခဲ့ ပေမယ့်
လွတ်မကျဘဲ
အကြိမ်ကြိမ်ပြန်တွယ်ငြိ
ရင်ကို ထိစေခဲ့တာ
နှစ်ခါပြန်ဝင်စားခြင်းလား????
ဟက်တက်ကွဲပါတယ်ဆိုမှ
ပတ်တီးစည်းပြီး
ချုပ်ရိုးပျောက်ချည်
အတိတ်ကို ကြိုးနဲ့ သီလည်း
ပြည်ဖုံးကား ချမသွားဘူး
ငါကဘဲ အဆိပ်ပြင်းသလား
မင်းကဘဲ နင်းချေထားသလား
နှောင်ဖွဲ့ မှုတွေကြားမှာ
အပြန်အလှန်ဖျော်ဖြေလို့
က ပွဲ တွေလည်းများပြီဘဲ
မင်းရဲ့ အဆို အရ
မြစ်ချောင်းတွေက မိန်းမတဲ့
ဟင်
ဒါဆို ယောက်ျားတွေက
ပင်လယ်ပြင်လား
ဟင့်အင်း
ဒါတော့မတရားဘူးကွယ်
ဝင်လာသမျှအရာတွေကို
လက်ခံနိုင်တာ နှလုံးသားအစစ်မှမဟုတ်တာ
ကဲ ကဲ
လွန်ဆွဲမနေပါနဲ့
ဒီတစ်ပွဲလည်း
ပင်လယ်နဲ့ ရေပြင် အတူ ကပွဲဆင်ကြဦးစို့ ။ ။ ။
(ကကြိုးသီတဲ့ နှင်းဆီ)
Hello Mr. or Ms.Poet!
ReplyDeleteI like this poem.
Because it can touch my old memories!
I m very interest it!
ReplyDelete