ကျွန်တော် ကြုံဆုံခဲ့ဖူးသော ဆရာမများ
လောကတွင် လူအဖြစ်မွေးဖွားလာလျှင် တွေ့ကြုံရမည့်သူများထဲတွင် ဆရာ၊ဆရာမ
များလည်း ပါဝင်ပေသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင်လည်း လက်ဦးဆရာဟူ၍
မိနှင့်ဘကို တင်စားပြီး ခေါ်ဆိုကြပေသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း
မလွဲမသွေ တွေ့ဆုံကြုံကြိုက်ရမည့် သူများတွင် ဆရာ၊ဆရာမများ ပါဝင်နေသည်။
ထို့ပြင် ကျွန်တော်တို့ငယ်စဉ်က မူကြို (ခ) Pre-school ကို
တက်ရောက်ခဲ့ကြသူများပြားလှသည်။ သို့ဖြစ်၍ ဆရာ၊ဆရာမများနှင့် ငယ်စဉ်ကတည်းက
ရင်းနှီးလာကြသည်။ မူလတန်း သူငယ်တန်း ကျောင်းမနေခင် စာလိုက်နိုင်စေရန်၊
လိမ္မာရေးခြားရှိစေရန်၊ စိတ်ကောင်းစိတ်မြတ် ထားတတ်စေရန်၊
အပေါင်းအသင်းနှင့် လိုက်လျောညီထွေမှူ ရှိစေရန် စသည့်
ကောင်းမြတ်သောအလေ့အကျင့်များကို သင်ယူစေခြင်းအလို့ငှာ မူကြို ခေါ်
Pre-school ကို တက်ခဲ့ကြပေသည်။ ယနေ့ ကျွန်တော်တို့ နိုင်ငံတွင်
ဆရာ၊ဆရာမဦးရေကို အချိုးချကြည့်ပါက ဆရာအရေအတွက်မှာ
များစွာနည်းပါးလှသောကြောင့် ကျွန်တော် ကြုံဆုံခဲ့ဖူးသော ဆရာမများဟု
ယေဘူယျ ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါ သည်။
မှတ်မှတ်ရရ ကျွန်တော်မူကြိုနေတုန်းက မူကြိုကျောင်းအုပ်ဆရာမကြီးသည်
အင်မတန် လိမ်မာပါးနပ်၍ အရည်အချင်းရှိသော ဆရာမတစ်ယောက်ဖြစ်သည်။ တပည့်
မူကြိုကျောင်းသူ၊ကျောင်းသားလေး များ၏ တစ်ဦးတစ်ယောက်တွင်ရှိသော
အရည်အချင်း၊ ကျွမ်းကျင်ချက်များကို လိုက်လျောညီထွေစွာ အသုံးပြုသွားသည်။
မည်သည့်ကျောင်းသားမိဘကမှ ဆရာမကြီးကို အပြစ်မတင်ကြ၊ ပြသနာမဖြစ်ကြပေ။
ကလေးတွေအချင်းချင်း ခိုက်ရန်ဖြစ်ခဲ့သည်ဆိုလျှင် မည်သည့်အခါမှ မရိုက်ပေ။
အပြောချိုချိုလေးတွေနှင့် ပဲ့ပြင်ဆုံးမသွားသည်မှာ ယနေ့ခေတ်
အချို့အချို့သော ဆရာမများ အတုယူဖွယ်ဖြစ်သည်။ များပြားလှသော
ကျောင်းသားများနှင့် ဆရာမများကို နိုင်နိုင်နင်းနင်း အုပ်ချုပ်ခဲ့သည်မှာ
ဆရာမကြီး၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ပြန်တွေးကြည့်လျှင်
မူကြိုကျောင်းသားဘ၀ကို လွမ်းဆွတ်မိသည်။ စိုင်းထီးဆိုင်သီချင်းထဲကလို
အိပ်ချိန်တန်အိပ်၊ စားချိန်တန်စား၊ ကစားချိန်တန်ကစား၊
စာလုပ်ချိန်တန်စာလုပ်နှင့် တကယ့်ကို အပူအပင်ကင်းတဲ့ ကလေးလေးဘဝ
မဟုတ်ပါလား။
အဲဒီနောက် နှစ်နှစ်လောက်အကြာ မူလတန်း သူငယ်တန်းကို တက်ရောက်ပြန်တော့
ဆရာမနဲ့ ထပ်ပြီး တွေ့ရပြန်ပေါ့။ သိပ်တော့ မကွဲပြားပါဘူး၊ မူကြိုဆရာမနဲ့
သူငယ်တန်းဆရာမနဲ့။ နှစ်ယောက်စလုံး စိတ်ရှည်တယ်၊ သည်းခံတယ်၊
စာအသင်အပြကောင်းတယ်၊ ကလေးတွေအပေါ် အနွံအတာခံတယ်ပေါ့။ ကျွန်တော်
သူငယ်တန်းတုန်းက ဆရာမနာမည်က ဒေါ်ခင်စုတဲ့လေ။ ဆရာမက အိမ်ထောင်သည်ပါ။
သူ့မှာလည်း မိသားစုတာဝန်တွေ ရှိမှာပေါ့။ ဒါပေမယ့် အိမ်မှာ ဘယ်လိုပဲ
အခက်အခဲတွေနဲ့ ကြုံခဲ့ကြုံခဲ့ ကျောင်းရောက်ပြီဆိုတာနဲ့
သူ့ကျောင်းသားလေးတွေအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာ တွေနဲ့
မမောနိုင်မပန်းနိုင် စာသင်ကြားပေးပါတော့တယ်။ တစ်တန်း၊ နှစ်တန်း၊
သုံးတန်း၊ လေးတန်း နောက်ထပ် နှစ်နည်းနည်းကြာတော့ အလယ်တန်း
ငါးတန်းကိုရောက်ပြီပေါ့။ ကြုံလာတဲ့ ဆရာမတွေကလည်းများလာပြီလေ။
စောစောက ပြောတဲ့ ကျောင်းသားတွေအပေါ် မေတ္တာ စေတနာထားတဲ့ ဆရာမတွေနဲ့
သင်ကြားခဲ့ရသလို အသပြာဆရာမ၊ ဆိုးတဲ့ ညစ်တဲ့ဆရာမတွေနဲ့လည်း
ကြုံတွေ့ရခဲ့ပါတယ်။ ခြောက်တန်း၊ ခုနှစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း
တစ်လျှောက်လုံး စာတွေနဲ့ပဲ နပန်းလုံးနေခဲ့ရတော့ ဆရာမတွေအကြောင်းကို
သိပ်ပြီး မစဉ်းစားခဲ့ပါဘူး။ ကောင်းတဲ့ဆရာမကြတော့လည်း အော်ဆရာမ
ကောင်းပေါ့၊ မကောင်းတဲ့ဆရာမ၊ ဆိုးတဲ့ဆရာမကြတော့လည်း အော်
ဒီဆရာမတယ်ဆိုးပါလားဆိုပြီး ဒီလိုပဲ ဖာသိဖာသာနေဖြစ်ခဲ့ပါတယ်။ အခုမှ
ကိုယ်တစ်လျှောက်လုံးသင်ကြားခဲ့ ဖူးတဲ့ ဆရာမတွေအကြောင်းကို စဉ်းစားလာမိမှသာ
ရေးသားဖြစ်တာပါ။ တစ်ကယ်ပြောတာ ဆရာမတွေထဲမှာလည်း ဆိုးတဲ့သူတွေပါတယ်ခင်ဗျ၊
ဟိုးအရင် ငယ်ငယ်တုန်းကတော့ ဆရာမဆိုရင် ခြောက်ပြစ်ကင်းသဲလဲစင်
လို့ထင်ထားခဲ့တာ။ ခုတော့ ဆရာမနဲ့ မတူတဲ့ ဆရာမတွေလည်း ရှိပါလားလို့
မြင်တွေ့လာတော့တယ်။ ဒါပေမယ့် ဒါလည်းသဘာဝပါပဲ။ လူမှန်ရင်
ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိတာပါပဲ။ ဒါကြောင့်
တချို့ဆရာမတွေဆိုးတယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။
ဆရာမတစ်ယောက်ဆိုရင် ကျောင်းမှာအချိန်ပိုကြေးကို တစ်လထဲ
နှစ်ခါကောက်တာတို့၊ သူ့ဆီ ကျူရှင်မတက်ရင် အတန်းထဲမှာ ငြိုးတာတို့၊
နောက်ပြီး ပညာပြတာတို့ကို ခံခဲ့ရတာပါ။ နောက်တစ်ယောက်ကတော့ သိပ်မဆိုးပါဘူး
ကျောင်းသားဆီက မုန့်ကို အနိုင်ကျင့်ပြီးစားတယ်ဗျာ။ ဆရာမတစ်ယောက်ကတော့
ကျောင်းမှာတအားရိုက်ပါတယ်၊ နာမည်လည်းကြီးပါတယ် ရိုက်လွန်းလို့လေ။ ဆရာမက
ကျောင်းသားကို ရိုက်တာမထူးဆန်းပါဘူး၊ စာမပြီးလို့ဖြစ်စေ၊
စည်းကမ်းဖောက်ဖျက်လို့ဖြစ်စေ ရိုက်ဆုံးမသင့်ရင် ဆုံးမရမှာ
ဆရာမတွေတာဝန်ပါ။ ဒါပေမယ့် ဒီဆရာမကတော့ လွန်တယ်၊ တော်တော်ကို လွန်တယ် ဥပမာ
စာရေးတာမှားတယ်၊ သင်္ချာတွက်တာမှားတယ်ဆိုရင် နည်းနည်းပါးပါး သင်ပြပြီး
ရိုက်လည်းတစ်ချက်နှစ်ချက်ပေါ့။ ခုတော့ နည်းနည်းမှားလည်း
များများရိုက်တယ်၊ များများမှားလည်း များများရိုက်တယ်ဗျာ။
အသိဥာဏ်နုနယ်သေးတဲ့ ကျောင်းသားလေးမှာ ငါနည်းနည်းမှားမှား၊
များများမှားမှား ဆရာမကတအားရိုက်မှာပဲ ဒီတော့ ငါစာတွေကို
သိပ်အလေးထားစရာမလိုတော့ဘူး အချိန်တန်ရင် အရိုက်ခံရမှာပဲဆိုတဲ့
အတွေးမှားတွေဝင်သွားပြီပေါ့။ စဉ်းစားစရာတွေပါ။ ဒါတွေက ကျွန်တော်
လံကြုပ်ဇာတ်ခင်းနေတာမဟုတ်ဘူးဆို တာ စာဖတ်သူတို့ ယုံကြည်ကြမှာပါ။
ဒါကြောင့်လည်း မြတ်စွာဘုရားသခင်က ကုန်ရှုံးတော့ တစ်ခေါက်၊
လင်ကုန်ရှုံးတော့ တစ်ဘ၀လုံးမှောက်၊ ဆရာကုန်ရှုံးတော့
တစ်သံသရာလုံးမှောက်ဆိုပြီး မိန့်ကြားခဲ့ခြင်းဖြစ်သည်။
တလောက အင်တာနက်စာမျက်နှာများတွင် ဖတ်ရှုခဲ့ရသော သတင်းတစ်ပုဒ်မှာ
အမေရိကန်ကမူကြိုဆရာမတစ်ယောက်ကို အင်တာဗျူးလုပ်ထားသော ဆောင်းပါးဖြစ်သည်။
အနှစ်ချုပ်မှာ အမေရိကန်မူကြိုဆရာမက သူမသည် အမေရိကန်သမ္မတ ထက်ပိုပြီး
ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေသူဖြစ်ကြောင်း၊ သူမတာဝန်က သမ္မတထက်ပိုပြီး
ကြီးမားကြောင်းပြောဆိုသွားသည်။ သမ္မတကို မကြိုက်လျှင်
လေးနှစ်သက်တမ်းကုန်လျှင် ရာထူးမှဖြုတ်နိုင်သောလည်း သူမတာဝန်ယူထားသော
ကလေးများကို မကောင်းသော စိတ်ဓာတ်၊ အကျင့်စရိုက်များ သင်ပေးခဲ့လျှင်
နိုင်ငံပင် ပျက်ဆီးစေနိုင်၍ သူမက သမ္မတထက်ပိုပြီး အရေးကြီးပါသည်ဟု
ဖြေဆိုထားသော ဆောင်းပါးဖြစ်ပါသည်။ မှန်၏။ သွေးထွက်အောင် မှန်၏။
ယနေ့ ကျွန်တော်တို့မြန်မာနိုင်ငံတော် ကြီးကို
ခေတ်မှီဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်မှ ၀ိုင်းဝန်းကြိုးစားနေကြသည်။
ပညာရေးကဏ္ဍတွင် တက္ကသိုလ်ပညာရေးကို ခေတ်နှင့်အညီတိုးတက်အောင် ပြင်ဆင်နေသည်။
တက္ကသိုလ်ပညာသင်နှစ်ကို သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်
ပြင်ဆင်ရန်လုပ်ဆောင်နေကြသည်။ ပညာရေးတိုးတက်အောင် တည်ဆောက်နေခြင်းဖြစ်၍
အင်မတန်မှ ၀မ်းမြောက်ဖွယ်ဖြစ်သည်။ သို့သော် သို့သော် မူကြိုဆရာမများ၊
မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ၊ဆရာမများအတွက် သင်ကြားရေး
နည်းစနစ်သင်တန်းများ၊ သင်ထောက်ကူ အကျိုးပြုသင်တန်းများကိုလည်း
ထိထိရောက်ရောက် ဖွင့်လှစ် သင်ကြားပေးမည်ဆိုပါက အတိုင်းအထက်အလွန်
တံခွန်နှင့်ကုက္ကား ဖြစ်ပေမည်။ ဤသို့ဆို၍ ဆရာဆရာမများကို စာမတတ်၊
စာမသင်တတ်၊ အရည်အချင်းမရှိဟုမဆိုလိုပါ။ ပို၍ပို၍ ကောင်းမွန်သော ပညာရေး
စနစ် အကောင်အထည်ပေါ်လာစေရန် ဆန္ဒပြုခြင်းသာဖြစ်ပါသည်။
အထက်တွင် ဆိုခဲ့သလို ဆရာ၊ဆရာမများသည်လည်း လူသားများဖြစ်သည့်အတွက်
အမှားနှင့်မကင်းသည်ကို နားလည်သဘောပေါက်ပါသည်။ သို့သော် သူတို့သည်
ဖြူစင်နုနယ်သော ကျောင်းသားငယ်လေးများကို ကိုင်ကွယ်ရသဖြင့် အတတ်နိုင်ဆုံး
ပညာဥာဏ်ကြီးကြီးဖြင့် မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာများ ပွားများကာ
သင်ကြားပေးခဲ့မည်ဆိုလျှင် မြန်မာ့ပညာရေးအတွက်
အင်အားသစ်တစ်ရပ်ဖြစ်ပေတော့မည်။ (ဤဆောင်းပါးဖြင့် ဆရာများကို ဆရာလုပ်သည်ဟု
မထင်မှတ်စေလိုပါ၊ တိုးတတ်စေလိုသော စေတနာအရင်းခံဖြင့် ရေးသားထား၍
အမှားပါခဲ့သည်ရှိသော် လွန်တာရှိရင် ၀န္ဒာမိပါ ခင်ဗျား)
သတ္တဝါအားလုံးကျန်းမာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
စိုင်းကျော်ဇင်
များလည်း ပါဝင်ပေသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင်လည်း လက်ဦးဆရာဟူ၍
မိနှင့်ဘကို တင်စားပြီး ခေါ်ဆိုကြပေသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း
မလွဲမသွေ တွေ့ဆုံကြုံကြိုက်ရမည့် သူများတွင် ဆရာ၊ဆရာမများ ပါဝင်နေသည်။
ထို့ပြင် ကျွန်တော်တို့ငယ်စဉ်က မူကြို (ခ) Pre-school ကို
တက်ရောက်ခဲ့ကြသူများပြားလှသည်။ သို့ဖြစ်၍ ဆရာ၊ဆရာမများနှင့် ငယ်စဉ်ကတည်းက
ရင်းနှီးလာကြသည်။ မူလတန်း သူငယ်တန်း ကျောင်းမနေခင် စာလိုက်နိုင်စေရန်၊
လိမ္မာရေးခြားရှိစေရန်၊ စိတ်ကောင်းစိတ်မြတ် ထားတတ်စေရန်၊
အပေါင်းအသင်းနှင့် လိုက်လျောညီထွေမှူ ရှိစေရန် စသည့်
ကောင်းမြတ်သောအလေ့အကျင့်များကို သင်ယူစေခြင်းအလို့ငှာ မူကြို ခေါ်
Pre-school ကို တက်ခဲ့ကြပေသည်။ ယနေ့ ကျွန်တော်တို့ နိုင်ငံတွင်
ဆရာ၊ဆရာမဦးရေကို အချိုးချကြည့်ပါက ဆရာအရေအတွက်မှာ
များစွာနည်းပါးလှသောကြောင့် ကျွန်တော် ကြုံဆုံခဲ့ဖူးသော ဆရာမများဟု
ယေဘူယျ ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါ
မှတ်မှတ်ရရ ကျွန်တော်မူကြိုနေတုန်းက မူကြိုကျောင်းအုပ်ဆရာမကြီးသည်
အင်မတန် လိမ်မာပါးနပ်၍ အရည်အချင်းရှိသော ဆရာမတစ်ယောက်ဖြစ်သည်။ တပည့်
မူကြိုကျောင်းသူ၊ကျောင်းသားလေး
အရည်အချင်း၊ ကျွမ်းကျင်ချက်များကို လိုက်လျောညီထွေစွာ အသုံးပြုသွားသည်။
မည်သည့်ကျောင်းသားမိဘကမှ ဆရာမကြီးကို အပြစ်မတင်ကြ၊ ပြသနာမဖြစ်ကြပေ။
ကလေးတွေအချင်းချင်း ခိုက်ရန်ဖြစ်ခဲ့သည်ဆိုလျှင် မည်သည့်အခါမှ မရိုက်ပေ။
အပြောချိုချိုလေးတွေနှင့် ပဲ့ပြင်ဆုံးမသွားသည်မှာ ယနေ့ခေတ်
အချို့အချို့သော ဆရာမများ အတုယူဖွယ်ဖြစ်သည်။ များပြားလှသော
ကျောင်းသားများနှင့် ဆရာမများကို နိုင်နိုင်နင်းနင်း အုပ်ချုပ်ခဲ့သည်မှာ
ဆရာမကြီး၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ပြန်တွေးကြည့်လျှင်
မူကြိုကျောင်းသားဘ၀ကို လွမ်းဆွတ်မိသည်။ စိုင်းထီးဆိုင်သီချင်းထဲကလို
အိပ်ချိန်တန်အိပ်၊ စားချိန်တန်စား၊ ကစားချိန်တန်ကစား၊
စာလုပ်ချိန်တန်စာလုပ်နှင့် တကယ့်ကို အပူအပင်ကင်းတဲ့ ကလေးလေးဘဝ
မဟုတ်ပါလား။
အဲဒီနောက် နှစ်နှစ်လောက်အကြာ မူလတန်း သူငယ်တန်းကို တက်ရောက်ပြန်တော့
ဆရာမနဲ့ ထပ်ပြီး တွေ့ရပြန်ပေါ့။ သိပ်တော့ မကွဲပြားပါဘူး၊ မူကြိုဆရာမနဲ့
သူငယ်တန်းဆရာမနဲ့။ နှစ်ယောက်စလုံး စိတ်ရှည်တယ်၊ သည်းခံတယ်၊
စာအသင်အပြကောင်းတယ်၊ ကလေးတွေအပေါ် အနွံအတာခံတယ်ပေါ့။ ကျွန်တော်
သူငယ်တန်းတုန်းက ဆရာမနာမည်က ဒေါ်ခင်စုတဲ့လေ။ ဆရာမက အိမ်ထောင်သည်ပါ။
သူ့မှာလည်း မိသားစုတာဝန်တွေ ရှိမှာပေါ့။ ဒါပေမယ့် အိမ်မှာ ဘယ်လိုပဲ
အခက်အခဲတွေနဲ့ ကြုံခဲ့ကြုံခဲ့ ကျောင်းရောက်ပြီဆိုတာနဲ့
သူ့ကျောင်းသားလေးတွေအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာ တွေနဲ့
မမောနိုင်မပန်းနိုင် စာသင်ကြားပေးပါတော့တယ်။ တစ်တန်း၊ နှစ်တန်း၊
သုံးတန်း၊ လေးတန်း နောက်ထပ် နှစ်နည်းနည်းကြာတော့ အလယ်တန်း
ငါးတန်းကိုရောက်ပြီပေါ့။ ကြုံလာတဲ့ ဆရာမတွေကလည်းများလာပြီလေ။
စောစောက ပြောတဲ့ ကျောင်းသားတွေအပေါ် မေတ္တာ စေတနာထားတဲ့ ဆရာမတွေနဲ့
သင်ကြားခဲ့ရသလို အသပြာဆရာမ၊ ဆိုးတဲ့ ညစ်တဲ့ဆရာမတွေနဲ့လည်း
ကြုံတွေ့ရခဲ့ပါတယ်။ ခြောက်တန်း၊ ခုနှစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း
တစ်လျှောက်လုံး စာတွေနဲ့ပဲ နပန်းလုံးနေခဲ့ရတော့ ဆရာမတွေအကြောင်းကို
သိပ်ပြီး မစဉ်းစားခဲ့ပါဘူး။ ကောင်းတဲ့ဆရာမကြတော့လည်း အော်ဆရာမ
ကောင်းပေါ့၊ မကောင်းတဲ့ဆရာမ၊ ဆိုးတဲ့ဆရာမကြတော့လည်း အော်
ဒီဆရာမတယ်ဆိုးပါလားဆိုပြီး ဒီလိုပဲ ဖာသိဖာသာနေဖြစ်ခဲ့ပါတယ်။ အခုမှ
ကိုယ်တစ်လျှောက်လုံးသင်ကြားခဲ့
ရေးသားဖြစ်တာပါ။ တစ်ကယ်ပြောတာ ဆရာမတွေထဲမှာလည်း ဆိုးတဲ့သူတွေပါတယ်ခင်ဗျ၊
ဟိုးအရင် ငယ်ငယ်တုန်းကတော့ ဆရာမဆိုရင် ခြောက်ပြစ်ကင်းသဲလဲစင်
လို့ထင်ထားခဲ့တာ။ ခုတော့ ဆရာမနဲ့ မတူတဲ့ ဆရာမတွေလည်း ရှိပါလားလို့
မြင်တွေ့လာတော့တယ်။ ဒါပေမယ့် ဒါလည်းသဘာဝပါပဲ။ လူမှန်ရင်
ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိတာပါပဲ။ ဒါကြောင့်
တချို့ဆရာမတွေဆိုးတယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။
ဆရာမတစ်ယောက်ဆိုရင် ကျောင်းမှာအချိန်ပိုကြေးကို တစ်လထဲ
နှစ်ခါကောက်တာတို့၊ သူ့ဆီ ကျူရှင်မတက်ရင် အတန်းထဲမှာ ငြိုးတာတို့၊
နောက်ပြီး ပညာပြတာတို့ကို ခံခဲ့ရတာပါ။ နောက်တစ်ယောက်ကတော့ သိပ်မဆိုးပါဘူး
ကျောင်းသားဆီက မုန့်ကို အနိုင်ကျင့်ပြီးစားတယ်ဗျာ။ ဆရာမတစ်ယောက်ကတော့
ကျောင်းမှာတအားရိုက်ပါတယ်၊ နာမည်လည်းကြီးပါတယ် ရိုက်လွန်းလို့လေ။ ဆရာမက
ကျောင်းသားကို ရိုက်တာမထူးဆန်းပါဘူး၊ စာမပြီးလို့ဖြစ်စေ၊
စည်းကမ်းဖောက်ဖျက်လို့ဖြစ်စေ ရိုက်ဆုံးမသင့်ရင် ဆုံးမရမှာ
ဆရာမတွေတာဝန်ပါ။ ဒါပေမယ့် ဒီဆရာမကတော့ လွန်တယ်၊ တော်တော်ကို လွန်တယ် ဥပမာ
စာရေးတာမှားတယ်၊ သင်္ချာတွက်တာမှားတယ်ဆိုရင် နည်းနည်းပါးပါး သင်ပြပြီး
ရိုက်လည်းတစ်ချက်နှစ်ချက်ပေါ့။ ခုတော့ နည်းနည်းမှားလည်း
များများရိုက်တယ်၊ များများမှားလည်း များများရိုက်တယ်ဗျာ။
အသိဥာဏ်နုနယ်သေးတဲ့ ကျောင်းသားလေးမှာ ငါနည်းနည်းမှားမှား၊
များများမှားမှား ဆရာမကတအားရိုက်မှာပဲ ဒီတော့ ငါစာတွေကို
သိပ်အလေးထားစရာမလိုတော့ဘူး အချိန်တန်ရင် အရိုက်ခံရမှာပဲဆိုတဲ့
အတွေးမှားတွေဝင်သွားပြီပေါ့။ စဉ်းစားစရာတွေပါ။ ဒါတွေက ကျွန်တော်
လံကြုပ်ဇာတ်ခင်းနေတာမဟုတ်ဘူးဆို
ဒါကြောင့်လည်း မြတ်စွာဘုရားသခင်က ကုန်ရှုံးတော့ တစ်ခေါက်၊
လင်ကုန်ရှုံးတော့ တစ်ဘ၀လုံးမှောက်၊ ဆရာကုန်ရှုံးတော့
တစ်သံသရာလုံးမှောက်ဆိုပြီး မိန့်ကြားခဲ့ခြင်းဖြစ်သည်။
တလောက အင်တာနက်စာမျက်နှာများတွင် ဖတ်ရှုခဲ့ရသော သတင်းတစ်ပုဒ်မှာ
အမေရိကန်ကမူကြိုဆရာမတစ်ယောက်ကို အင်တာဗျူးလုပ်ထားသော ဆောင်းပါးဖြစ်သည်။
အနှစ်ချုပ်မှာ အမေရိကန်မူကြိုဆရာမက သူမသည် အမေရိကန်သမ္မတ ထက်ပိုပြီး
ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေသူဖြစ်ကြောင်း၊ သူမတာဝန်က သမ္မတထက်ပိုပြီး
ကြီးမားကြောင်းပြောဆိုသွားသည်။ သမ္မတကို မကြိုက်လျှင်
လေးနှစ်သက်တမ်းကုန်လျှင် ရာထူးမှဖြုတ်နိုင်သောလည်း သူမတာဝန်ယူထားသော
ကလေးများကို မကောင်းသော စိတ်ဓာတ်၊ အကျင့်စရိုက်များ သင်ပေးခဲ့လျှင်
နိုင်ငံပင် ပျက်ဆီးစေနိုင်၍ သူမက သမ္မတထက်ပိုပြီး အရေးကြီးပါသည်ဟု
ဖြေဆိုထားသော ဆောင်းပါးဖြစ်ပါသည်။ မှန်၏။ သွေးထွက်အောင် မှန်၏။
ယနေ့ ကျွန်တော်တို့မြန်မာနိုင်ငံတော်
ခေတ်မှီဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်မှ ၀ိုင်းဝန်းကြိုးစားနေကြသည်။
ပညာရေးကဏ္ဍတွင် တက္ကသိုလ်ပညာရေးကို ခေတ်နှင့်အညီတိုးတက်အောင် ပြင်ဆင်နေသည်။
တက္ကသိုလ်ပညာသင်နှစ်ကို သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်
ပြင်ဆင်ရန်လုပ်ဆောင်နေကြသည်။ ပညာရေးတိုးတက်အောင် တည်ဆောက်နေခြင်းဖြစ်၍
အင်မတန်မှ ၀မ်းမြောက်ဖွယ်ဖြစ်သည်။ သို့သော် သို့သော် မူကြိုဆရာမများ၊
မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ၊ဆရာမများအတွက် သင်ကြားရေး
နည်းစနစ်သင်တန်းများ၊ သင်ထောက်ကူ အကျိုးပြုသင်တန်းများကိုလည်း
ထိထိရောက်ရောက် ဖွင့်လှစ် သင်ကြားပေးမည်ဆိုပါက အတိုင်းအထက်အလွန်
တံခွန်နှင့်ကုက္ကား ဖြစ်ပေမည်။ ဤသို့ဆို၍ ဆရာဆရာမများကို စာမတတ်၊
စာမသင်တတ်၊ အရည်အချင်းမရှိဟုမဆိုလိုပါ။ ပို၍ပို၍ ကောင်းမွန်သော ပညာရေး
စနစ် အကောင်အထည်ပေါ်လာစေရန် ဆန္ဒပြုခြင်းသာဖြစ်ပါသည်။
အထက်တွင် ဆိုခဲ့သလို ဆရာ၊ဆရာမများသည်လည်း လူသားများဖြစ်သည့်အတွက်
အမှားနှင့်မကင်းသည်ကို နားလည်သဘောပေါက်ပါသည်။ သို့သော် သူတို့သည်
ဖြူစင်နုနယ်သော ကျောင်းသားငယ်လေးများကို ကိုင်ကွယ်ရသဖြင့် အတတ်နိုင်ဆုံး
ပညာဥာဏ်ကြီးကြီးဖြင့် မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာများ ပွားများကာ
သင်ကြားပေးခဲ့မည်ဆိုလျှင် မြန်မာ့ပညာရေးအတွက်
အင်အားသစ်တစ်ရပ်ဖြစ်ပေတော့မည်။ (ဤဆောင်းပါးဖြင့် ဆရာများကို ဆရာလုပ်သည်ဟု
မထင်မှတ်စေလိုပါ၊ တိုးတတ်စေလိုသော စေတနာအရင်းခံဖြင့် ရေးသားထား၍
အမှားပါခဲ့သည်ရှိသော် လွန်တာရှိရင် ၀န္ဒာမိပါ ခင်ဗျား)
သတ္တဝါအားလုံးကျန်းမာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
စိုင်းကျော်ဇင်
0 comments:
Post a Comment