Monday, May 21, 2012

မမြင်မချင်း လည်နေရသည် ဖြစ်၍


by Zay Ya on Monday, May 21, 2012 at 4:10am


A: ဒီ စက်ဝိုင်း ထဲမှာပဲ ထပ်ခါ ထပ်ခါ လည်ပတ် ရှင်သန် နေရတယ် ၊ တစ်ခဏပြီး တစ်ခဏ ၊ တစ် ဘဝပြီး တစ်ဘဝ လှည့်ပတ်နေရတယ် လို့ ဆို ပါတယ်- အဲ့ဒါ ဘာကြောင့်လဲ။

B: ရိုးရှင်း တဲ့ အချက် က - ခင်ဗျားတကယ် ရှင်သန် မနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ - ထပ်ကျော့ ဖြစ် ဖြစ် နေ ရတယ်။ အစစ်အမှန် ရှင်သန် နေထိုင်နေပြီ ဆိုရင်တော့ - ထပ်ကျော့ ဖြစ်နေ စရာ မလို ဘူး ရယ်။
ခင်ဗျား ချစ်ဖူးမယ်- အချစ်အကြောင်းကို သိမယ် - ကြည့်ကြည့် ပါ - အဲ့ အချစ်ဟာ ထပ်ကျော့နေစရာ မလိုနေဘူး - အဲ့ဒီ ချစ်တဲ့ နေရာ မှာတင် ပြီးဆုံး ပါတယ်။ ကိစ္စရပ် တစ်ခုကို ရှင်းရှင်း လင်းလင်း မသိရင်/ အပြည့်အဝ နားမလည်သေးရင် - ခင်ဗျား ထပ်ကျော့ ဖြစ်နေ မှာပဲ။

အမှား တစ်ခု ကို လုပ်မိမယ် -- အဲ့ဒါကို မှားမှန်း မသိဘူး ဆိုပါစို့- ခင်ဗျား ထပ်မှားနေမှာပဲ ။ ဒါကိုမှ - ခင်ဗျား အမှား ကို ခင်ဗျား ရင်တွင်း အပြည့်အဝ (လုံးဝ) သိမြင်ပြီးပြီ ဆိုရင်တော့ - ခင်ဗျား သန္တာန် မှာ အဲ့အမှား ထပ်ဖြစ်စရာ မရှိတော့ဘူးပဲ။

ဒါ့ကြောင့် -- မသိသေးတဲ့ အဖြစ်၊ မရှင်သန် နိုင်သေးတဲ့ အဖြစ် ကြောင့်သာ - ခင်ဗျား ခဏ ခဏ သေနေ ရတာ ဖြစ်ပါတယ်။ တစ်နေရာပြီး တစ်နေရာ သွားနေရတာ ဖြစ်ပါတယ်။ - ဒီစက်ဝိုင်း အတွင်း တွယ်ငြိနေ ရတာ ဖြစ်တယ်။

ပုံမှန် ဒုံးရိုး အတိုင်းပဲ ဆိုပါစို့။ - ခင်ဗျားမှာ ဆန္ဒတွေ ရှိတယ်။ ခင်ဗျား ရှေ့မှာ ပန်းတိုင် မှန်းထားတာ ရှိတယ်။ အနာဂတ် အချိန် ကို မျှော်ကြည့် တယ်။ ကျိန်းသေတာက - ခင်ဗျား အခုအချိန် တည့်တည့် မှာ မရှိဘူး။ "အခု" ကို မချစ်နိုင်ဘူး -- ရှေ့လာမယ့် အချိန် မှာ ပြည့်ဝ နေဖို့၊ လိုချင်နေတာ ရှိနေသေး တယ်။ မျှော်လင့်တယ်။

စင်စစ် မိမိ သေဆုံးသွားမှ၊ ဒီခန္ဓာကိုယ် ပြတ်စဲ သွားမှ- နောက်ဘဝ မဟုတ်ဘူး။ "အခုခဏ" ရဲ့ အပြင် ဘက် - အခြား "ခဏ" ကို မျှော်ကြည့် တဲ့ အဖြစ် ကိုယ်၌က -- ခင်ဗျား အခြား ဘဝ၊ အခြား တခဏ ကို တမ်းတတာ ဖြစ်ပါတယ်။

အလားတူ - ခင်ဗျား အခု အမျိုးသမီး ကို မချစ်ဘူး - အခြား အမျိုး သမီးကို ချစ်မယ် -- အခု အမျိုးသား ကို မနှစ်မြို့ဘူး။ အခြား အမျိုးသား ကို နှစ်မြို့မယ် - ဒီကမ္ဘာ၊ ဒီမြေမှာ မပျော်မွေ့ဘူး -- အခြား ကမ္ဘာ အခြား မြေကို ပျော်မွေ့မယ်။ အဲ့ဒီ ခင်ဗျား သန္တာန် အတွင်းက "အခု" မှာ မရှိ ဘူး။ လက်ရှိ အဖြစ်အတိုင်း မမြင်ဘူး။ အတွေးတွေ ထဲမှာသာ သံသရာချဲ့နေတာ ဖြစ်ပါတယ်။

ဒါဆို အဲ့ဒီ အတွေး၊ အဲ့ဒီ ဆန္ဒ၊ မျှော်လင့် ငြိတွယ် နေတဲ့ အတိုင်း -- အထပ်ထပ် ကျော့နေရတဲ့ စက်ဝိုင်း ကို ခင်ဗျား ရရှိ ပါလိမ့်မယ်။ စင်စစ် မူရင်း အကြောင်းက -- အခုလက်ရှိ တည့်တည့် အပေါ် အသိ မရှိ၊ သတိမရှိ အမြဲတမ်း လွှတ်ချ ထားခဲ့ခြင်း ကြောင့်သာ ဖြစ်တယ် လို့ ဆိုလို ပါတယ်။ "ပစ္စုပ္ပန် တခဏ" အပေါ် မသိမြင် နိုင်မချင်း - ခင်ဗျား အလိုဆန္ဒ အတိုင်း ဖြစ်နေမှာပဲ။ - ဒီသံသရာ ဟာ လည် နေပါလိမ့်ဦးမယ်။ ခင်ဗျား "အခုလက်ရှိ" ကို ကောင်းကောင်း သိမြင် တဲ့ အချိန် အထိ မရောက် မချင်း -- ခင်ဗျား ညိတွယ် လှည့်ပတ် နေရဦး မယ်။ အမှား တစ်ခု ကို အမှား လို့ မမြင်မချင်း - ထပ်ကာ ထပ်ကာ မှားနေဦးမယ်။


အခု ရှင်သန်နေရင်- - အခု အပြည့်အဝ အသိ ရှိနေပါ။ အပြည့်အဝ ရှင်သန်နေပါ။ ခင်ဗျား အခုခဏ - ဘယ် အမှု လုပ်လုပ်၊ (မျက်တောင် တစ်ခတ် က အစ) အသိ ကင်းလွတ် တဲ့ အဖြစ် တစ်ရံစာမှ မရှိအောင် ကြိုးပမ်း အားထုတ် ကြည့်ပါ။ အဲ့အဖြစ် ကို "အပ္ပမာဒ"၊ "ဘာဝနာ" စသည် - ဘယ်လို အမည် တပ်ခေါ် ပါစေ -- အတုအယောင် ထဲမှာ ရှင်သန်မနေဘဲ လက်ရှိစင်စစ် မှာသာ ခင်ဗျား ပြည့် ဝ ရှင်သန်နေ တယ် ဆိုတဲ့ အနက်အဓိပ္ပာယ် ထွက်ပါတယ်။

ဒီ အဖြစ် ကြောင့် - ခင်ဗျား ရဲ့ သန္တာန် ဟာ ထပ်ကျော့ ဖြစ်စဉ် အတွင်း က - သူ့ အ လိုလို ဖြတ် တောက် ပြီး သား ဖြစ် တယ်။

"အပ္ပမာဒ" သတိကြောင့် - ခင်ဗျား အခု ရှင်တယ် - အခု အတွင်းမှာတင် အသိရှိရှိ နေထိုင်တယ်၊ အခု အတွင်း မှာတင် ပြီးဆုံး တယ်။

ဒီ "ခဏ" အပေါ်မရှင်သန် နိုင်ဘဲ၊ နကို မူလ အတိုင်း ထားရစ်ခဲ့ဦးမယ် -- ရှေ့ရှေ့တွေ ကို သာ မျှော်ကြည့်နေရင်း အသိပျောက် နေဦးမယ် ဆို ရင်တော့ --- ခင်ဗျား ဒီ နေရာ ကို - "အခု တည့် တည့်" ကို ပြန်ပြန် လာနေရ ပါဦးမယ်။ နှစ်ရှည်လများ၊ တခဏ ပြီး ခဏ၊ တစ်ဘဝ ပြီး တစ် ဘဝ လာနေရ ဦးမှာပဲ။ အခုခဏ ကို အပြည့်အဝ မရှင်သန် နိုင်မချင်း - ခင်ဗျား သန္တာန် မှာ အထပ် ထပ် သေနေ ရဦးမှာပဲ။

~ Living utterly in awareness.
.......................
May 21st 2012 @4:30 PM
.......................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...