Thursday, May 24, 2012

လိင်ပြောင်းအလှမယ် ဆုနဲ့တေ့လွဲ လွဲခဲ့

ခင်ရွှန်းလဲ့ဝေ မေလ 24, 2012 2:30pmတွင် ခင်ရွှန်းလဲ့ဝေမှ တင်ပြခဲ့ပါသည်။

ခွဲစိတ်ပြုပြင်၍ လိင်ပြောင်းထား သူ အလှမယ် တစ်ဦးသည် Miss Universe Canada ဆန်ခါတင် ၁၂ ဦး စာရင်းတွင် ပါဝင်ခဲ့သော်လည်း ယင်းဆုနှင့်မူ လွဲချော် ခဲ့ပြီဖြစ်သည်။ ယခု အသက် ၂၃ နှစ်ရှိနေ ပြီဖြစ်သော ဗင်ကူးဗားမြို့ဖွား ဂျင် နာတာလက်ကိုဗာသည် အမျိုးသား တစ်ဦးအဖြစ်မွေးဖွားခဲ့သူဖြစ်သော် လည်း သူ့အသက် ၁၉ နှစ် အရွယ် တွင် ခွဲစိတ်ပြုပြင်၍ လိင်ပြောင်း ခဲ့သူတစ်ဦး ဖြစ်သည်။
သူသည် Miss Universe Canada ပြိုင် ပွဲသို့မဝင်မီ သူ၏ဇာတိမြို့တွင်ကျင်းပ သော ‘ဗင်ကူးဗားမယ်’ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံး အဆင့်မယ်အဖြစ် အရွေးခံခဲ့ရပြီးနောက် Miss Universe Canada ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း သည်။ သို့ရာတွင် နောက် ဆုံးအဆင့်သို့အရောက်တွင် မိမိ၏ မူလလိင် အမှန်ကိုပြိုင်ပွဲဝင် လျှောက်လွှာပုံစံတွင် မဖော်ပြခဲ့ဟူသည့် အကြောင်းပြချက်ဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ ရသည်။ ယင်းပြိုင်ပွဲ၏ အခြေခံစည်း ကမ်းများတွင်မူ ပြိုင်ပွဲဝင်တစ်ဦး အနေဖြင့် အသက်(၁၈)နှစ်မှ (၂၇) နှစ်အကြား ကနေဒါနိုင်ငံသူတစ်ဦး သာဖြစ်ရမည်ဟု ပါရှိပြီး၊ လိင် ပြောင်းထားခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာကန့်သတ်ထားခြင်းများ မရှိချေ။ ထို့ကြောင့် လိင်မခွဲခြားတန်းတူ ဆက်ဆံရေးအဖွဲ့ကြီးက ပြိုင် ပွဲတာဝန်ရှိသူများသည် ကျား၊ မ ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ပရိသတ် သုံးသောင်းကျော်က လည်း ဂျင်နာအား ဆက်လက်ယှဉ် ပြိုင်ခွင့် ပေးပါရန် လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြသည်။
ဂျင်နာ ဘက်မှလည်း နာမည်ကျော် ရှေ့နေ များက ဦးဆောင်အရေးဆိုပေးခဲ့ ကြသေးသည်။ ထိုသို့ တုံ့ပြန်မှုများ ပေါ်ပေါက်လာခြင်းကြောင့်Miss Universe Canada ပြိုင်ပွဲကျင်းပ ရေးအဖွဲ့အနေဖြင့် ဂျင်နာအား ဆက်လက်ယှဉ်ပြိုင်ခွင့် ပြုလိုက်ရ တော့သည်။ သို့ရာတွင် နောက်နောင် ပြိုင် ပွဲများဝယ် ယခုကဲ့သို့ မဖြစ်စေရေးအတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုအပ်သလို ပြင်ဆင်သွား မည်ဟုသိရသည်။ သို့ရာတွင် မေလ၁၉ရက်နေ့ ညက ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပပြီးစီးခဲ့သော Miss Universe Canada နောက်ဆုံး ပြိုင်ပွဲတွင်မူ ဂျင်နာတာလက်ကိုဗာ တစ်ယောက် သရဖူဆောင်းခွင့် မရခဲ့ချေ။ သို့ရာတွင် နှစ်သိမ့်ဆုရသူ မယ်လေးဦးတွင်မူ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါသည်။
ဂျင်နာ၏ ရှေ့နေတစ်ဦးဖြစ်သူ ဂလိုရီယာ အဲလ်ရက်ဒ်ကလည်း ”ကျွန်မအမြင်မှာတော့ ဂျင်နာဟာ အောင်မြင်သူတစ်ဦးပါ။ ဒီအဆင့်အထိ ဂျင်နာ အောင်ပွဲခံခဲ့တာဟာ လည်း လူ့အခွင့်အရေးဆိုင်ရာ ကျား၊ မ မခွဲခြားရေးနဲ့ပတ်သက်လို့ အောင်ပွဲခံနိုင်တာလို့ ကျွန်မယူဆ ပါတယ်။ ဒါဟာ Miss Universe Canada ဆုရတာထက်တောင် အရေးပါပါသေးတယ်” ဟု ဂလိုရီယာက ပြောပါသည်။ ယခု Miss Universe Canada ဆုကို ဆွတ်ခူးသွားသူ ဆာဟာဘီနိုင်ယက်ဇ်မှာမူ ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ‘မယ်စကြဝဠာ’ပြိုင်ပွဲသို့ ကနေဒါနိုင်ငံ ကိုယ်စားပြုမယ် တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


http://futurestars-mm.com/profiles/blogs/6405389:BlogPost:383629 မှ ကူးယူဖေါ်ပြပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...