ရိုင်းပင်းကူညီမှုကို လက်ဆင့်ကမ်းကြသူများ
by Kyaw Thu on Friday, May 25, 2012 at 12:28am
(ပုံ မစုဥာဏ်)
အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေကြတဲ့ ကိုကျော်သူ နဲ့  မရွေဇီးကွက် တို့  ဇနီးမောင်နှံ ကို ရောက်လေရာ မြို့ တွေ မှာ မြန်မာမိသားစုတွေ က အခမ်းအနားတွေနဲ့  ၀ိုင်းဝန်းကြိုဆိုနှုတ်ဆက်ကြ ပါတယ်။
အတွေး(၁)
ရုပ်ရှင်မင်းသားဘ၀ မှ သုဘရာဇာ ဘ၀ ကို ပျော်ပျော်ကြီး ခြေစုံပစ် ၀င်ခဲ့တဲ့ ကိုကျော်သူ...
သေသောသူ များ ကို သုသန်သို့  ကောင်းမွန်စွာပို့ ဆောင်ပေး ကာ..
ကျန်ရစ်သူ မိသားစု ရဲ့  အပူမီးကို လျော့ချပေး နိုင် ရုံသာမက...
ပြည်ပရောက်မြန်မာများကို စည်းရုံးရေး မိန့် ခွန်း ပြောစရာ မလိုပဲ
စည်းလုံးခြင်း လမ်းစ ပေါ် ဆွဲတင်ပေးနိုင်ပါလားလို့ ...
အတွေး(၂)
ကိုယ်တန်ဖိုး ထားတဲ့ အရာတွေ ကို စွန့် လွတ်ပြီး အနစ်နာခံ ကြသူများဟာ၊ အဲဒီအရာတွေကို တကယ် မဆုံးရှုံးပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တခြားသူတွေ ဆီ ပြန် ပြီး လက်ဆင့်ကမ်းပေးလိုက်ခြင်း သာ ဖြစ်တယ်။ (အမည်မသိ အဂ်လိပ်စာဆို)
ကိုကျော်သူတို့ ဇနီးမောင်နှံ နဲ့  နာရေးကူညီမှုအသင်းရဲ့  လက်တွေ့ ကျကျလုပ်ဆောင်မှု၊ လူအချင်းချင်း ရိုင်းပင်းကူညီမှုတွေ ဟာ မြင်ရသူ၊ ကြားသိရသူများ ကို လက်ဆင့်ကမ်း ကူးစက်စေပါတယ်။
အတွေး(၃)
၁၀ နှစ်ကျော် ကာလ အတွင်း အတားစီး၊ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြုံတွေ့ ရတိုင်း ကိုကျော်သူနဲ့  တကွ နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ က
"သူ့ ကို ကူညီလိုက်ရင် ငါဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်း အစား "ငါသာ မကူညီရင်၊ သူဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်းတွေ နဲ့  ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်တယ်။ ကိုကျော်သူ တို့  ဇနီးမောင်နှံနှင့် တကွ နာရေးကူညီမှုအသင်းမှ ၀န်ထမ်းများ၊ အများအကျိုးအတွက် စွန့် လွတ်အနစ်နာခံနေသူ များအားလုံး ကို လေးစားလျှက်
မစုဥာဏ်
ကျွန်တော် ကိုကျော်သူ ရဲ့  စာဖတ်ပရိသတ် တစ်ယောက် ပါ လို့  ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည် မှ ကိုကျော်သူ့ ကို ကဗျာတစ်ပုဒ်ဖြင့် ကြိုဆို (ပုံ မစုဥာဏ်)
ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) က ကြီးမှူးပြီး၊ မေလ ၂၀ ရက်နေ့ က နယူးယောက်မြို့ မှာ ကျင်းပခဲ့တဲ့ အခမ်းအနားပါ။
အခမ်းအနားကို ပမထပိုင်းမှာ မြန်မာအစားအစာတွေ ရောင်းချတဲ့ ဈေးပွဲတော်၊ ဒုတိယပိုင်း မှာ ကိုကျော်သူတို နဲ့  တွေ့ ဆုံ တဲ့ အစီအစဉ် ဆိုပြီး နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး၊ ပရိသတ်ပေါင်း ၉၀၀ ကျော် ခန့်  တက်ရောက်ခဲ့ ကြပါတယ်။ စုစုပေါင်း အလှူငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း ခြောက်ထောင် ကျော် ကို ရရှိခဲ့ ပြီး၊ အဆိုပါ အလှူငွေ ထဲ က နာရေးကူညီမှုအသင်း အတွက် ဒေါ်လာ တစ်သောင်းငါးထောင် ခုနှစ်ရာ ငါးဆယ့်ရှစ် ရရှိပြီး၊ ကျန်ငွေများကို ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြင့်ရေးအတွက် အသုံးပြုသွားမယ်လို့  သိရပါတယ်။
[မူလ စာမျက်နှာ http://littlevoicefromburma.blogspot.com/2012/05/blog-post_22.html မှ ကူးယူဖော်ပြပါသည်။]
0 comments:
Post a Comment