အခါတော်ရောက်ချိန် နီးလို့လာပြီလား (ထိုက်)
by Maung Wuntha on Monday, May 7, 2012 at 9:05am ·
ပြည်သူ့ခေတ်ဂျာနယ်မှ ထိုက်ရဲ့ သီဟပူရ’ဒိုင်ယာရီ – ၇၂
၂၀၁၂ ဖေဖော်ဝါရီလ ၁၂ရက် (တနင်္ဂနွေနေ့)
ဘ၀ရဲ့ ပထမဆုံး စာအုပ်လေး
ဝလုံးရေ.. ဒီနေ့ ရန်ကုန်မှာ ပြည်ထောင်စုနေ့ပေါ့။ ဒ‘ီမှာတော့ ‘ီပိတ်ရက်မှာ ပျင်းလွန်းလို့ ဘယ်မှ မသွားတော့ဘူး ဆိုပြီး ဇိမ်နဲ့နေမယ် အားခဲထားတာ ရန်ကုန်က ညီမတော်က သူဘာသာပြန်ဖို့ စာအုပ်တွေ ရှာပေးပါလို့ မှာလာတယ်။ စင်ကာပူမှာ စာအုပ်တွေ ဈေးကြီးလွန်းလို့ သူဌေးတွေမှ ၀ယ်ဖတ်နိုင်မယ်။ ‘ီကြားထဲ (four color) လေးရောင်နဲ့ ဓာတ်ပုံတွေကလဲ ပါချင်သေးတယ်တဲ့။ သူ့ကို စာမူခ တစ်ပုဒ်တစ်သိန်းများ ပေးမှာမို့လားတော့ မသိဘူး။ အလွယ်တကူရတဲ့ အီးဘွတ် (ebook)တွေ ရှာပြီးပို့ပေးမယ်ဆိုတော့ ပုံတွေက resolution ကောင်းပါ့မလား စိတ်ပူနေသေးတယ်။ နောက်ဆုံးတော့လဲ ဒ‘ီနေ့မှ မသွားရင် နောက်တပတ်ပိတ်ရက်မှ ထွက်လို့ရတော့မှာမို့ ဒရွတ်ဆွဲပြီး ထွက်လာခဲ့ လိုက်တယ်။ စာအုပ်ရွေးရတာ သိတဲ့အတိုင်းဘဲ အရမ်းအချိန်ယူရပါတယ်ဆိုမှ သူက ဘယ်သူရေးမှန်း မသိ၊ ဘယ်က ထုတ်မှန်းမသိဘဲ သူလိုချင်တဲ့ အကြောင်းအရာကိုဘဲ မှာလိုက်တာမို့ လူကချာလည်လိုက်နေတုန်း ပင်နီစူလာက ဖုန်းဝင်လာပြီး ရန်ကုန်ကမေမေတို့ ပို့လိုက်တဲ့ ငါ့ရဲ့ ဒ‘ိုင်ယာရီ ဆောင်းပါးတွေ စုထုတ်ထားတဲ့ ပထမဆုံး စာအုပ်လေး ရောက်နေတယ်လို့ ပြောလာတော့ လူက တက်ကြွလာပြီး လုပ်လက်စတွေ အကုန်ရပ်လို့ အပြေးအလွှား သွားယူဖြစ်ခဲ့ တယ်။
တကယ်တော့ စင်ကာပူကို စရောက်ပြီး အိမ်အလွမ်းတွေ သက်သာအောင် စာတွေ ချရေးခဲ့တုန်းက တစ်နေ့မှာ ဒ‘ီလို စာအုပ်လေး တစ်အုပ် ဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်ခဲ့ပါဘူး။ နဲနဲ ရေးတာများလာတော့ မေမေတို့က ဆောင်းပါး အပုဒ’် ၅၀ ပြည့်ရင် စာအုပ်လေး ထုတ်ပေးမယ်ဆိုတုန်းကလဲ အဲလိုပြည့်အောင် ရေးနိုင် လိမ့်မယ်လို့ လုံးဝမထင်ခဲ့မိပါဘူး။ အပုဒ’်၅၀ကလဲ ပြည့်ဖို့ တော်တော်စောင့်ရသလိုဘဲ။ ရေးရင်လဲ အချက်အလက်အမှားတွေ မပေးမိအောင် သတင်းတွေ အများကြီးသေချာဖတ်ရ..လူတွေကို လိုက်မေးမြန်းနဲ့ တပတ်တပုဒ’်ကို မနဲ အားထုတ်ပြီး ရေးရတာမို့ တခါတလေ ဒီအပတ်ကျော်လိုက်တော့မယ်ဆိုပြီး ပျင်းချင်တဲ့အခါတိုင်း ရေးဖြစ်အောင်လို့ ချော့ပြီး နောက်ဆုံး ရုံးတင်တဲ့နေ့အထိ စောင့်ပေး ပါ့မယ် ဖြေးဖြေးသာ ရေးပါ ပြောပြီး တွန်းအားတွေ အင်အားတွေ ပေးခဲ့တဲ့ ဖေဖေနဲ့ မေမေတို့ကို သိပ်ကျေးဇူးတင်မိ တယ်။ နောက်ပြီး အဖုံးဒ’ီဇိုင်းလေးကိုလဲ ကိုယ်ပါချင်တာလေးတွေကို ပြောပြလိုက်ရုံနဲ့ သူကိုယ်တိုင်ကလဲ ‘ီဒမှာ အလုပ်လုပ်နေတဲ့သူမို့ ‘ီဒကဘ၀တွေကို စိမ့်ဝင်သိနေပြီး သိပ်အားမထုတ်ရဘဲ လိုချင်တဲ့ ပုံစံလေး ဖြစ်အောင် စိတ်လိုလက်ရ ဆွဲပေးတဲ့ မောင်လေးကိုလဲ ကျေးဇူးတင်ရတာဘဲ။
ဘယ်ကခွန်အားတွေနဲ့ ဖြတ်သန်းခဲ့ပါလိမ့်
ဝလုံးရေ.. ကိုယ်ရေးထားတာတွေကို ဂျာနယ်စာမျက်နှာပေါ်မှာ ပုံနှိပ်စာလုံးတွေနဲ့ မြင်ခဲ့ရတာကနေပြိး အခု တစုတစည်းတည်း စာအုပ်အဖြစ်နဲ့ တကယ်မြင်လိုက်ရတဲ့အချိန်မှာတော့ ရင်ထဲမှာ တမျိုးပဲ။ အဲဒ’ီထက် ကောင်းတဲ့ ခံစားမှုကတော့ အခု ခြင်္သေမြို့ကို ရောက်နေတာ ၄နှစ်ပြည့်ခါနီးတဲ့ အချိန်မှာ ဆောင်းပါးလေးတွေကို အစကနေ ပြန်ဖတ် ကြည့်ရတာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို တနေ့ချင်း ပြန်ကြည့်နေရသလိုပါပဲ။ ငါ စင်္ကာပူကို အလုပ် လုပ်ဖို့ စရောက်တာ။ နောက်အလုပ်စလုပ်ရင်း ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ ပတ်ဝန်းကျင် အသစ်မှာ လိုက်လျော ညီထွေ နေတတ်အောင် ကြိုးစားရှင်သန်နေရတာ အဆင်မပြေမှုတွေ ဖိစီးမှုတွေ ရုန်းကန်မှု တွေ.. စင်ကာပူရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းရတာတွေ.. အခုနောက်ပိုင်းမှာသာ သိပ်ခံစားမနေတော့ဘဲ ဟာသလုပ်ပစ်ရင်း တဖြေးဖြေးချင်း အသားကျလာတာ..ခုနေပြန်ကြည့်တော့ ငါဘယ်က ခွန်အားတွေနဲ့ အဲ’ီအချိန်တွေကို ဖြတ်သန်း ခဲ့ပါလိမ့် လို့ တအံ့တသြလဲ ဖြစ်မိတယ်။ စရောက်တော့ အိမ်အလွမ်းတွေ အပြည့်အသိပ်ရေးရင်းနဲ့ နောက်ပိုင်းမှာ စင်ကာပူလူမျိုးတွေရဲ့ နေ့စဉ်အဖြစ်အပျက်တွေ လူနေမှုဘ၀တွေကို ရေးဖြစ်လာတယ်။ အဲဒ’ီကမှ ကိုယ့်အလုပ်ထဲက အတွေ့အကြုံတွေ..ဒ’ီနိုင်ငံက ကိုယ့်လူမျိုးတွေ ကြုံတွေ့ရတာတွေ..ရေးတာတွေ များလွန်းလို့ အသိသူငယ်ချင်းတွေ ကတောင် အကြောင်းအရာ အစုံဘဲလို့ ပြောကြတယ်။ အဲဒ’ါတွေနဲ့အတူ ငါမောမောပန်းပန်းနဲ့ ပြန်လာတိုင်း နေ့တိုင်းလိုလို အိမ်ရှေ့ ကော်ရစ်ဒ’ါမှာ ထိုင်စောင့်နေတတ်တဲ့ ၀လုံးလို့ ငါက ချစ်စနိုး နာမည်ပေးထားတဲ့ နင့်ကိုလဲ ပြန်သတိရမိတယ်။ ဒ‘ီလောက် သေးတဲ့ ကျွန်းနိုင်ငံပေါ်မှာတောင် ငါတို့ တခါမှ ပြန်မတွေ့နိုင်တော့ဘူးနော်။ ဒ‘ါကြောင့် ကိုယ့်စိတ်ကိုယ်ဖြေတဲ့အနေနဲ့ ငါ့စာအုပ်အဖုံးမှာ နင့်ပုံလေးကိုလဲ အမှတ်တရ ပါအောင် ထည့်ထားပေးပါတယ် ကြောင်၀၀လေး ၀လုံးရယ်။
ပြောင်းတာလေးတွေ
ဝလုံးရေ - စင်ကာပူမှာဖြစ်တဲ့ ကိစ္စတွေကို စာထဲမှာ မှတ်တမ်း တင်နိုင်ပေမဲ့ အခြေကျပြီးသားနိုင်ငံမို့ ပြောင်းလဲတာတော့ သိပ်မတွေ့ရဘူး။ ဒ‘ါတောင် မကြာသေးခင်က တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရတဲ့ သူတို့ရဲ့ရွေးကောက်ပွဲမှာ အတိုက်အခံတွေဘက်က တချို့နေရာတွေမှာ နိုင်သွားတာတွေ ရှိလာတာ၊ နောက် အမ်အာတီ (MRT)ရထားတွေ ခဏခဏပျက်လာတာ..ကားတွေ မြုပ်လောက်အောင် ဆိုင်တွေ ပျက်စီးအောင်အထိ စင်ကာပူရဲ့ လမ်းတွေမှာ ရေကြီးတာတွေလို တခါမှ မဖြစ်ဘူးတာတွေလဲ ပြန်မြင်ရတယ်။ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် တရစ်ချင်းကျပ်လာတာတွေလဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။ သည်ကာလများအတွင်း ငါတို့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အဆင့်ဆင့်ကိုတော့ ဖြေးညင်းစွာ မြင်နေရတယ်။ ငါ့လို ဖြုတ်တစ်ကောင်ရဲ့ ဆောင်းပါးတွေ စထည့်ခါစကတောင် ဟိုနားတတိ ဒ‘ီနားတဖြတ် နဲ့ တခါတလေ ဂျာနယ် ထွက်လာလို့ ပြန်ဖတ်ကြည့်လိုက်ရင် ရှေ့တပိုဒ’်နဲ့ နောက်အပိုဒ’် အကြောင်းအရာ ဆက်စပ်မှု မရှိတာတွေ အစအဆုံး ဘာမှန်းမသိဘဲ ပြီးသွားတာတွေ တခါတလေ တပုဒ’်လုံး ပြုတ်သွားတာတောင် ကြုံရဖူးတယ်။ အခုတော့ အတိုင်းအတာတစ်ခုထိ လွတ်လပ်ခွင့် ပေးထားတာလား၊ ဖြုတ်ကိုက်တာလောက်တော့ ဂရုမစိုက်တော့တာလား မသိဘူး။ ကတ်ကြေးစာမမိတာကြာပြီမို့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကလဲ အရင်က အမေ့အိမ် ပြန်ဖြစ်တိုင်း အထစ်အငေါ့ တခုမက ၂ခု ၃ခု ကြုံရတွေ့ရတာတွေ ဒ‘ိုင်ယာရီမှာ မှတ်ထား တာလေးတွေ ပြန်တွေ့ တော့ မနှစ်က ဒ‘ီဇင်ဘာလ ကုန်ခါနီးမှာ နောက်ဆုံးအခေါက် ပြန်တဲ့အချိန် တော်တော်ကြီးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်သွားတာကိုလဲ သတိထားမိတယ်။ အဆင်မပြေတာတွေကို အားမလိုအားမရနဲ့ ဒေ’ါသတွေဖြစ်ခဲ့သလို ပြင်ဆင်လို့ ရအောင် စေတနာနဲ့ အကြံပေးခဲ့တာတွေလဲ ရှိခဲ့တယ်။ အခု နဲနဲလောက် တိုးတက်လာတာကိုလဲ တကယ်ကို အသိအမှတ်ပြုရင်း ရေရှည်လေး ကောင်းသွားပါစေလို့လဲ ဆုတောင်းပါတယ်။
ခြေထောက်ထိုးခံသလို မဖြစ်ရအောင်
ဝလုံးရေ - နောက်ပြီး ငါတို့လို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် နှစ်ကုန်လို့ ရုံးက အပိုဆုကြေးဘောနပ်လေးကို ဒ‘ီဖက်လက်ကနေယူပြီး ဟိုဘက်လက်ကနေ သံရုံးကို အခွန်ဆောင်ဖို့ ပေးရတဲ့ နာမည်ကြီး ၁၀ရာခိုင်နှုန်း အခွန်တွေ မပေးရတော့ဘူး ဆိုတာတွေ။ အဲ’ီပြောင်းလဲမှုတွေ အားလုံးထဲမှာ အထူးခြားဆုံးကတော့ ခုတလောကလေးတင်ပဲ တီဗီတွေမှာ သတင်းစာတွေမှာ မြန်မာနိုင်ငံ ၃ညအိပ် ၄ညအိပ် ခရီးစဉ်ကြော်ငြာတွေ ဆက်တိုက်ဆိုသလို တွေ့တွေ့လာရတော့ ရင်တွေတောင် တလှပ်လှပ်ဖြစ်ပြီး ၀မ်းသာရတယ်။ အရင်တုံးက ဒ‘ီက သတင်းစာတွေမှာ အာရှတခွင် ဥရောပတခွင် ပြဲပြဲစင်အောင် ခရီးသွားလုပ်ငန်း ခရီးစဉ်တွေမှာ မြန်မာဆိုတာ ဘာလို့ မပါရတာလဲလို့ မကျေမနပ်ဖြစ်ပြီး ရင်နာနာ နဲ့ ရေးဖြစ်ခဲ့သေးတယ်။ အခုလဲ ဘယ်တုန်းကမှ ဒ‘ီလိုဖြစ်လာမယ်မမျှော်လင့်ထားတော့ ဘာမှ အဆင်သင့် ပြင်ဆင် ထားတာ မရှိလို့ လာတဲ့ ဧည့်သည်တွေ နေစရာတောင် မရှိဖြစ်နေတာတွေ ကြားနေရသေးတယ်။ အိမ်ရှင်ဆိုမှတော့ ကိုယ့်ဘက် သေသေချာချာနဲ့ ရိုးသားတဲ့ ၀န်ဆောင်မှုတွေ ပေးဖို့တော့ လိုတာပေါ့နော်။ မဟုတ်ရင် ခုလို အရာရာ အွန်လိုင်းခေတ်ကြီးထဲမှာ မီးပြတ်တာ ရေမရတာတွေ ညစ်ပတ်တာ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေ အချဉ်ဖမ်းမဲ့သူတွေများတာ ဘာသာစကား အခက်အခဲရှိတာတွေ ကွန်ပလိန့်တွေကို မှတ်ချက်တင်လိုက်မှဖြင့် နောက်လာဖို့ ဟန်ပြင်နေတဲ့ အရှိန်နဲ့ ပြေးလာမဲ့သူတွေကို ရှေ့က ခြေထောက်ထိုးခံလိုက်သလို ဖြစ်သွားမှာ။
မြန်မာပြည်အတွက် အလုပ်ခေါ်စာတွေ
ခုကိုပဲ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရင် သူတို့နဲ့ သိတဲ့ နိုင်ငံခြားသားတွေ စင်ကာပူလူမျိုးတွေ အားလုံက ဆက်ဆံရေး ပုံစံတွေ နဲနဲ ပြောင်းသွားတယ်ဆိုတာ တညီတည်း ပြောကြတယ်။ အခုမှ စသိတဲ့ လူတွေကိုတောင် မြန်မာလို့ ပြောလိုက်တာနဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး စိတ်ဝင်တစား မေးကြတယ်။ စင်ကာပူလူမျိုးတွေက အလကားရတာ အချောင်ရမှာဆို ညအိပ်တန်းစီဖို့တောင် ၀န်မလေးတဲ့ သိပ်ကြိုက်တဲ့လူမျိုးဆိုတော့ အခုလဲ ဘယ် အပေါက်က ၀င်ရမလဲ စပြင်နေပြီ။ တချို့ဆိုရင် ၀င်တောင်ဝင်ပြီးနေကြပြီ။ ဒ‘ီရက်ထဲ ရုံးမှာ ဖက်စ်တွေနဲ့ ကြော်ငြာတွေ ၀င်ဝင်လာတတ်တဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်တဲ့ ကြော်ငြာစာတွေဆို အများကြီးဘဲ။ ခုံနေရာ သတ်မှတ်ချက်ရှိလို့ နောက်ကျရင် နေရာမရနိုင်ဘူးဆိုတာတောင် ပါသေးရဲ့။ အဲ’ါတွေနဲ့အတူ ‘ီနှစ်စပိုင်းထဲက အလုပ်ခေါ်တဲ့ ကြော်ငြာတွေမှာ ရန်ကုန်မြို့ မြန်မာပြည်က ရုံးခွဲတွေ အတွက် ၀န်ထမ်းခေါ်တာတွေ။ မြန်မာစကား တတ်ဖို့ဆိုတာတို့ မြန်မာနိုင်ငံရဲ့ ဈေးကွက် အကြောင်း နားလည်မယ့်သူတွေ ဦးစားပေးမယ်ဆိုတာတွေ ခပ်စိပ်စိပ်လေး ပါလာတာတွေရှိလာပြီ။ တချို့ ဒ‘ီက မြန်မာ ပရိုဂရမ်မာတွေကို ဒ‘ီကလခအတိုင်း ပေးပြီး မြန်မာပြည်က ရုံးခွဲတွေကို လွှတ်ဖို့ စီစဉ်နေတယ် ဆိုတာတွေ ကိုလဲ တဆင့်စကား တဆင့်နားနဲ့ ကြားနေရပြီ။ မှန်မမှန်တော့ အတိအကျ မသိသေးဘူး။ ငါတို့မြန်မာတွေ အချင်းချင်း ဆုံမိကြတဲ့အခါ ‘ီက စုမိဆောင်းမိ (ငွေမဟုတ်ပါ) ပညာလေးတွေနဲ့ ပြန်ပြီး ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ကြဖို့ တိုင်ပင်ကြတာတွေလဲ ရှိလာပြီ။ ခက်တာက အားလုံးက ဒ‘ီမှာသာ အလုပ်လုပ်နေတာ သက်တော်ရှည်တွေ ဖြစ်နေပေမဲ့ သမင်မွေးရင်း ကျားစားရင်းဆိုသလိုဘဲ ရသမျှ ကုန်ဖြစ်နေတာမို့ သိန်းကို သောင်းနဲ့ချီ စကားပြောတဲ့ တကယ့် စီးပွားရေးသမား ငွေရှင်တွေကို ယှဉ်နိုင်ဖို့ဆိုတာကတော့ နောက်ထပ် ဆယ်ဘ၀ဆက်လုပ်တောင် မဖြစ်နိုင်တာမို့ အားငယ်ရပြန်ရော။
တံဆိပ်အသေအကပ်မခံရဖို့
ဝလုံးရေ..ဒ’ါ့အပြင် အောက်ခြေ၀န်ထမ်းရာထူးတွေကျတော့လဲ အခုအချိန်မှာတောင် အနှိမ်ခံ အထင်သေးခံ မလေးမစား ဆက်ဆံတာကို ကြုံနေရတုန်းဘဲ။ မြန်မာတွေက ကြိုးစားတယ် ပိုက်ဆံ လိုနေတဲ့သူတွေမို့ အချိန်ပို အများကြီးခိုင်းလဲ မငြင်းဘူး ဘာဖြစ်ဖြစ် လုပ်တာဘဲ။ လုပ်ခလဲ အရမ်းသက်သာတယ်ဆိုတာတွေ ပြောနေကြ တုန်းဘဲ။ တကယ်လို့များ နိုင်ငံခြား ကုမ္ပဏီတွေ မြန် မာပြည်ကို လာရင်းနှီးမြှုပ်နှံတဲ့အခါမှာ အဲလို တံဆိပ်ကပ်ခံရ တာကြီးက ငါတို့ လူမျိုးတွေကို အောက်ဆွဲမချသွားအောင် ကောင်းမွန်ခိုင်မာတဲ့ ဥပဒေတွေနဲ့ ကာကွယ်ပေးစေချင်ပါတယ်။ ငါတို့တွေကို သူတို့ ဘယ်လို ဆက်ဆံခဲ့ကြတယ်ဆိုတာ သတိရစေ ချင်တယ်။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်လူမျိုးတွေ သူများ စော်ကား တာ ထပ်ခံရတယ်ဆိုရင်တော့ ပိုရင်နာဖို့ ကောင်းလိမ့်မယ်။ အဲဒ’ီအတွက်လဲ အခုထဲက စပြင်ဆင်ကြမှ အချိန်မီနိုင်မယ်။
သတင်းအစအနလေးကြားရုံရှိသေး
တကယ်ကတော့ နိုင်ငံခြားကိုအခြေအနေအရ ထွက်လာပြီး လုပ်ကိုင်နေကြပေမယ့် ခုလို သတင်းကောင်းတွေ အစအနလေး ကြားရတယ်ဆိုရင်ဘဲ ပျော်နေကြတာပါ။ ဒ‘ါတောင် အစအနလေးဘဲ ကြားရသေးတာပါနော်။ ဘာမှ ဖြစ်မလာသေးပါဘူး။ တကယ်သာ အကောင်အထည်တွေ ရုပ်လုံးပေါ်လာရင် ဘယ်လောက်တောင် ပျော်ကြရမလဲ စဉ်းစားကြည့်ပါတော့။ ကိုယ့်အိမ်ကိုယ် မပြန်ချင်တဲ့သူ ဘယ်သူရှိပါ့မလဲ။ ကိုယ်ပိုင်အိုးအိမ်တွေဝယ်ပြိး ကလေးတွေ ပညာရေးတွေပါ အထိုင်ကျနေတဲ့သူတွေဆိုရင်တော့ မသေချာဘူးပေါ့။ ငါတို့လို ကြက်ယက်သလို ယက်နေရတဲ့ အများစုကတော့ ပြန်ချင်မယ်ထင်ပါတယ်။ ဆရာ လူထုစိန်ဝင်းရဲ့ ``သူတို့ ပြန်လာကြမှာပါ´´ ဆောင်းပါးကို ငါ ဖတ်ပြီး ခံစားပြီး ရေးခဲ့တဲ့ ဟဟပြန်လာချင်ပါတယ်´´ ဆိုတာလိုပဲ အခါတော်ရောက်ချိန်တော့ နီးလို့လာပြီ ထင်ပါရဲ့ ၀လုံးရေ..
ထိုက်
0 comments:
Post a Comment