Tuesday, May 22, 2012

အင်တာနက် ဆိုင်သစ်တဲ့ဗျာ



Lucobest အင်တာနက် ဆိုင်အသစ် တစ်ခုဖွင့်ထားပါတယ်
ဖွင့်ထားတာ သုံးရက် ရှိပါပီ Gamer တွေကော
Internet user တွေကော လာသုံးလို့ ရအောင် ဖယ်ရီ စီစဉ်ပေးထားပါတယ် xD
ဖလာ လေးတွေကိုလဲ ကြိုဆိုပါတယ် :D
ခုမှ စသုံးမဲ့ Internetuser တွေကို ပုံထဲကလို ကောင်မလေး
ချောချောလေးတွေ နဲ့  Train ပေးပါတယ် :D

အင်းစိန်လမ်းမပေါ် အမှတ် ( ) မှာ ကျွန်တော်တို့ ပါတာချူ (Padarchu Internet)
ဆိုင် ရိတ်ဖို့ဖွင့်ထားပါတယ် ။ ဆိုင်ဖွင့်ရိတ်ချိန်ကတော့ မနက် 8 နာရီကနေ ည 11
နာရီ အထိပါ မီးလာလာ မလာလာ User တွေ အတွက် အင်တာနက်သုံးဖို့ မီးမလာတဲ့
ဈေးနဲ့ပဲ အမြဲတန်း အဆင်သင့် ဖြစ်အောင်လုပ်ထားပါတယ် ။


ဆိုင်ခန်းက ကျယ်ကျယ် ဝန်းဝန်းရှိ ပြီး( ကွန်ပြူတာ မရှိလို့ပါ ) User များ
လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးသုံးလို့ အဆင်ပြေအောင်စီစဉ်ပေးထားပါတယ် ။
ခေါက်ဆွဲ ၊ ကော်ဖီ အအေး စတဲ့ စားသောက်ဖွယ်ရာများကို လည်း
အင်တာနက်သုံးရင်းနဲ့ သုံးမိနစ် အတွင်းပဲ အပြီး သုံးဆောင်နိုင်ပါတယ် ။
ဂိမ်း ကစားလိုတဲ့ လူတွေအတွက်လည်း Counter strike , Dota က စပြီး Red
Alert 3 , Call of Duty : World at War တို့ Perfectworld တို့ လို ဂိမ်း အမြင့်တွေအထိ
မနိုင်တနိုင်နဲ့ တင်ပေးထားတဲ့ အတွက် သူငယ်ချင်းများအတူတူ ဆန့်ငင် ဆန့်ငင်
နဲ့ ကစားလို့ရပါတယ် ။
အကယ်၍ connection ကျ ခဲ့ရင်လည်း စောင့်ဆိုင်းနေရတဲ့ အချိန်ကို free
သုံးလို့မရတဲ့ အပြင်သုံးစွဲသူများ မသုံးမနေရ metacafe ဟာသများ , flash
ဂိမ်း အသေးစားလေးများ ကို ပိုက်ဆံ ထပ်ဆောင်းပေးပြီး ကစားနိုင်ပါတယ် ။
စက်မြန်နေတာမျိုးလည်း မရှိရအောင် အာမခံချက်ပေးထားတဲ့ အပြင် စက်များကို
P11 celeron အမျိုး အစားများ ဖောဖောသီသီနဲ့ ကြိုးစားပြီးတော့
သုံးပေးထားပါတယ် ။ အကယ်၍ မြန်နေသောစက်တွေ့ပါက စက်၏
တန်ဖိုးအတိုင်းပေးဆောင်ပြီး ရိုက်ခွဲသွားနိုင်ပါတယ် ။

သုံးစွဲ သူများရဲ့ တန်ဖိုးမရှိတဲ့ အချိန်တွေနဲ့ တန်ဖိုးရှိတဲ့ ပိုက်ဆံ
များကို ဖြုန်းပေးဖို့အတွက် အနှေးဆုံး dial - up လိုင်းနဲ့ အများဆုံး
ရိတ်သောစနစ်များကို အချိုးညီညီ စနစ်တကျ ဝန်ဆောင်မှု ပေးထားပါတယ် ။
သုံးစွဲသူများ အနေနဲ့ Prepaid and Postpaid နှစ်ခါပေး စနစ်နဲ့ Play
ရင်းပေး Play ပြီးလည်းပေး စနစ် နှစ်မျိုးလုံး ဖြင့် သုံးစွဲနိုင်သလို
တနာရီသုံးပြီး နှစ်နာရီစာပေးစနစ်နဲ့ လဲ
ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ပါတယ် ။

သုံးစွဲသူများ တန်းစီစောင့်ဆိုင်းခြင်းဖြင့် အချိန်မကုန်ရလေအောင် server
အပါအဝင် စုစုပေါင်း စက် 5 လုံး တိတိ ရှိပြီး ပထမ တစ်နာရီကိုတော့ 500
ကျပ်ဖြစ်ပြီး နောက်တစ်နာရီ သုံးလိုသူများကတော့ အခြားလူများကို
ပိုမိုစောင့်ဆိုင်းရအောင်လုပ်တဲ့ အတွက် တစ်နာရီ 1000 ကျပ်ဖြစ်ပါတယ် ။
Member ဝင်လို သူများ အတွက်ကတော့ 10 နာရီကို 6000 ကျပ် ဖြစ်ပြီး Member
ငါးခါ ပြည့် ရင် 5000 အပိုတောင်းပါတယ် ။ နာရီ 20 ကိုတော့ 13000
ကျပ်ဖြစ်ပြီး Member ငါးခါ ပြည့် ရင် 10000 အပိုတောင်းပါတယ်။

မိမိ ရဲ့ ကိုယ်ပိုင် laptop များ ယူလာပြီး သုံးစွဲမယ်ဆိုရင် ဆိုင်ရဲ့
ချောင်ကလိမှုကို ထိခိုက်စေတဲ့ အတွက် တစ်နာရီ 2000 ကျပ် နဲ့ သုံးလို့
ရပါတယ် ။ Scanning , Color Printing တို့ကိုလည်း ဈေးနှုန်း သက်သာစွာနဲ့
မဆောင်ရွက်ပေးတဲ့ အပြင် Internet ထဲမှ ဓာတ်ပုံများ ထုတ်လိုပါကလည်း
download ခ ချက်ခြင်း ပေးရမှာဖြစ်ပါတယ် ။ ဆိုင်မှာ ဓာတ်ပုံ မထုတ်ပေးတဲ့
အတွက် ဓာတ်ပုံဆိုင်ကို လမ်းလျှောက်သွားရခြင်းအားဖြင့် သုံးစွဲသူများကို
ကျန်းမာရေး ပိုမိုကောင်းမွန်အောင် ဝန်ဆောင်ပေးတဲ့ service လဲ ရှိပါတယ်။

ကျွန်တော်တို့ ပါတာချူ internet ရဲ့ customer များ၏ တန်ဖိုးရှိ
ဖိနပ်များကို မပျောက်ရမရှိလေအောင် ကောင်တာမှာ
ဝန်ထမ်းတစ်ယောက်ထားပြီးထိုင်ခိုးခိုင်းထားပါတယ် ။ နောက်နှစ် ခန့် တွင်
အင်တာနက် နှင့် အတူ ဖိနပ်ဆိုင်ဖွင့်ရန် လည်း စီစဉ်ထားပါသဖြင့်
မိမိ ၏ ဖိနပ်များကို ဖိနပ်ဆိုင်ဘက်ခြမ်းတွင် လွယ်လင့်တကူ သံယောဇဉ်ဖြတ်၍
ချွတ်ထားခဲ့နိုင်တော့မှာဖြစ်ပါတယ် ။

ကဲ ဒီလောက်တောင် ပြည့်စုံ ကောင်းမွန်တဲ့
အင်တာနက်ဆိုင်ကို ဘာကြောင့်
မလာပဲ နေကြမလဲ ?????????
ကျွန်တော်တော့ စဉ်းစားလို့ကိုမရဘူးဗျာ ... ဟိဟိ
http://lucobest.multiply.com/journal/item/204

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...