Wednesday, May 16, 2012
ဇာတ်ဝင်တေးများပါသော မစန္ဒာဝတ္ထု
သုည
ခုံမင်ခဲ့ဖူးတဲ့ အနမ်းတွေလည်း…။ မစန္ဒာ၊ ငါ အခါတစ်သန်း အနမ်းတွေပေးချင်နေသေး
တယ်ကွယ်။ တို့ချိန်းတွေ့ချိန်တိုင်း လာချောင်းချောင်းကြည့်နေတတ်တဲ့
ငှက်ကလေးတွေတောင်
စုံတွဲတွေဘာတွေ ဖြစ်ကုန်ကြပြီကွဲ့။ သူများကို အားကျမိတယ် အချစ်ကလေးရယ်။
ငှယ်၊ငှယ်။ မင်းပဲပြောခဲ့တယ်လေ “ဆင်းရဲတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်ဆို”
အခုမှ “ ကျွန်မ ဟင်းကောင်းကြိုက်တတ်တယ်ရှင့်” တဲ့လား။ သွားပြီ၊ မရှိတော့ဘူး။ ငါးနှစ်လား။
ငါးနှစ်တောင်လား၊ ငါးနှစ်ကြီးများတောင်မှလား။ အောင်မယ်လေး မစန္ဒာရယ်။ ငါ
အသည်းကွဲသီချင်းတစ်ပုဒ်မဆိုချင်ပါဘူး။ ချဲဒိုင်တွေကတော့ထွက်ပြေးကုန်ကြပြီ မစန္ဒာ။ ပေါက်ဂဏန်းပါတဲ့
ဘောက်ချာတွေကိုင်ပြီး စိတ်ညစ်ကြရတာပေါ့။ ငါတောင်းပန်ပါတယ် မစန္ဒာ။ နင် ငါ့ကို “ တည့်” တွေ  “ တွတ်”တွေ မပေးဘဲနဲ့ ထွက်မပြေးသွားပါနဲ့ ။ နင့်ကိုရဖို့ ငါးနှစ်ကြီးများတောင် မူးသူပဲစုနဲ့ ။
ငါဆက်ပြီးတော့ မစောင့်နိုင်တော့
ဘူး။ အဲဒါနဲ့ ပဲ တစ်ခါတုန်းက တို့ ရွာမှာ သဘောကောင်းပြီးဆင်းရဲတဲ့
ဘာဖြစ်တဲ့၊ ညာဖြစ်တဲ့ ခေတ်
ဟောင်းတေးကြီးကို ငါက ပြန်ဆိုနေရဦးမယ်။  စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေလည်းပါတယ် မစန္ဒာ။
အေးပေါ့လေ။ နင်က ဆင်ပေါ်က အဲ စင်ပေါ်ကဆိုတော့ ငါ့ရဲ့နှလုံးသားထဲ
မျက်ရည်ကျနေတဲ့ အဖြစ်ကို
ပြုံးစိစိပြက်ရယ်ပြုနိုင်ပြီးပေါ့။ အိုဝို့ အနာဂတ်နေ့ တွေ
အရောင်လွင့်ခဲပြီ။ အိပ်မက်မြစ်တွေ ခြောက်ခန်း
သွားရင်တော့ ငါထပ်မံတူးဖော်ရလိမ့်မယ်။ အချစ်ရေ၊ မစန္ဒာလေးရေ၊ တို့ ဘဝရှေ
့ရေးဖြောင့်ဖြူးသာ
ယာဖို့ အတွက် နင်တစ်ခါတည်းလုပ်အားပေးလိုက်ခဲ့လှည့်ကွဲ့။ ငါ
ပိုလီယိုကာကွယ်ဆေး နှစ်စက်မ
သောက်ရရင် နေပါစေ မစန္ဒာ။ နင့်ရဲ့ ဖက်ခေါင်းအုန်းလှလှ နေရာလေးကိုသာ ငါရွရွကလေး ဝင်လာ
ရပါစေတော့။ သုံးသီးစား လယ်ဧကတွေတောင် အလုပ်ဖြစ်ကြကုန်ပြီ မစန္ဒာ။
မှောင်ရီဝေ ဝိုးတဝါး ကြယ်တွေမစုံတဲ့ည။
လေဖိအားနည်းတဲ့ လကမ္ဘာပေါ်သွားနေရရင် ရင်ထဲကအောင့်သက်သက် အချစ်ဝေဒနာတွေ ပေါ့ပါး
သွားမလားပဲ။ ဒါမေမယ့် ငါ မီးပုံးပျံကောင်းကောင်း မလုပ်တတ်သေးတာခက်တယ်တယ်ကွယ်။ သီ
တင်းကျွတ်တာနဲ့  သူများလုပ်ပြီးသား မီးပုံပျံကိုငှား၊ နင့်ကို
မရအရခေါ်တင်ပြီး တစ်ခါတည်း ခိုးပြေးရရင်
ကောင်းမလား။ ဒါလည်း မဖြစ်သေးပါဘူးလေ။ လကမ္ဘာပေါ်ဆိုတာက ဟိုတယ်တွေ၊ မိုတယ်တွေ၊ ရှိ
သေးတာမဟုတ်ဘူး။ မစန္ဒလေး  အနေအစား ဆင်းရဲရင် ဒုက္ခ။
“ အတွေးတွေ ရှုပ်ရင် ရှင်းမရပါလား အဝု”
ယုံပါ မစန္ဒာ။ နင့်အချစ်ကို ရရှိပြီးသား ငါ နင့်ကိုသာ
ထပ်မံရရှိဦးမယ်ဆိုရင် ထမင်းမစားဘဲ ဘယ်နှစ်ရက်နေရနေရ ငါနေပြပါ့မယ်။ (
ဟမ္ဘာဂါစားၿပီး)။ မော်တော်ပီကယ်ပေါတဲ့ လမ်းမှာ
လူကူးမျဉ်းကျားမရှိတဲ့နေရာက ငါဖြတ်လျှောက်ပြဆိုရင်လည်း လျှောက်ပြပါ့မယ်။
( ဒဏ်ငွေ ၁၀၀၀ကျပ် ဆောင်ပြီး)။ မြန်မာခရီးသွားနှစ်ကို ရောက်လာတဲ့
ဧည့်သည်နိုင်ငံခြားသားတွေနဲ့ စကားပြောပြဆိုရင်လည်း နင့်ရှေ့ မှာတင်
ငါပြောပြပါ့မယ်။ (တိုးရစ်ဂိုက်တစ်ယောက်ခေါ်ပြီး)။ တကယ်ပါ မစန္ဒာ။
” ဒါဆို နားလည်းနိုင်မှာလား အချစ်လေး”
နင်ပြေသလိုသာ နင့်ကိုရဖို့ ငါးနှစ်ထပ်စောင့်နေရဦးမယ်ဆိုရင်
သက္ကရာဇ်နှစ်ထောင်ကျော်မှ ငါမိန်းမရမှာဟ။ မဖြစ်သေးပါဘူးဟာ။
ကုန်ဈေးနှုန်းကို ငါဈေးမဆစ်တတ်ပေမယ့်။ အချစ်ကိုတော့ ငါဈေးဆစ်ပါရစေ
မစန္ဒာ။ နည်းနည်းလောက် လျှော့ပါဟာ။ ငါ့အမေက ကလေးသိပ်ချစ်တာဟ။ ငါသိတယ်။
ငါပြောရင်ယုံ။
“ ငါ့ အချစ်က အချစ်ကိုရှာခဲ့”
ဆေးဆိုင်တွေ စုံတကာစေ့အောင် လျှောက်ပြီး ငါဝယ်ချင်တဲ့ အိပ်မက်ကောင်းဆေးလိုက်
ရှာသေးတယ်။ ဆိုင်တိုင်းဆိုင်တိုင်းက မရှိဘူးချည်း ပြောပြောလွတ်နေတယ်။
ဒါပေမယ့် ငါစိတ်မ
ကောင်းပါဘူး။ နင့်ကိုပါ မေ့သွားရင် ဒုက္ခ။
“ ဘဝ သံသရာရှည်လား ထွေပြား ”
နင်တစ်ခါပြောဘူးတဲ့ “ ပစ္စည်း အသစ်တစ်ခုကို မြင်ရင် ရှိပြီးသား
ပစ္စည်းကိုမေ့သွားမှာ”
ဆိုတာ ငါနင့်ကိုပစ်ပြီး အခြားတစ်ယောက်နဲ့  ကြိုက်သွားမှာ စိုးရိမ်လို
့နင်ပြောတာမဟုတ်လား။
ပူတတ်ရန်ကော မစန္ဒာလေးရယ်။ နင်တို့ မိန်းခလေးတွေဟာလေ အဲဒီလိုချည်းပဲ။  နေရာတကာ
ငါတို့ ယောက်ျားလေးတွေထက်ကို ပိုပူပူတတ်လွန်းတယ်။ ငါနဲ့ ခင်နေတဲ
့တရုတ်မကြီးတစ်ယောက်က “ သံခရား အမဲမရှိဘူး”တဲ့။ အိနိပ်စနဲ့ စုပ်ခ မီတွေ
့ခင်ဝက်သား မြန်မြန်စားထားမှ တန်ရုံကျမှာ”တဲ။ ကွေးသောလက်မဆန့် မီ ဆန်
့သောလက် မကွေးမီမှာ ငါနင့်ကို ရမှရပါ့မလားမသိ။
“လူသားတွေဟာ အားလုံး သင်္ချိုင်းကုန်းကို…”
အဲဒါကြောင့်မို့ ငါပြောတာပေါ့ ။ ငါးနှစ် မလုပ်ပါနဲ့ ။
လျှော့ပါဦးဆိုတာကို။ ခုတော့ကောင်းသေးရဲ့လား။ မြန်မာဘောလုံးအသင်း
ရှုံးသွားပြီ။ နင်တော်တော်အ..တယ် မစန္ဒာ။ တရုတ်မ်ကြီးရဲ့စကားကို
ငါနှလုံးသွင်း ဆင်ခြင်မိတိုင်း နင့်ကို ဒေါသထွက်မိရဲ့။
“ ကိုယ်လေ စဉ်းစားမရနိုင်တိုင်း နံရံကို လက်သီးနှင့်ထိုးမိတယ်”
 မစန္ဒာရယ် နင့်ကိုမှ ချစ်မိနေပါတယ်။ နင့်ကိုချစ်မိတဲ့
အချစ်တွေကိုခဲတံချွတဲ့ ဓားသေးသေးလေးနဲ့ ငါလိုက်ခုတ်ကြည့်မိသေးတယ်ဟ။
ဒါပေမယ့် အချစ်က မသေဘူး။ သွေးလည်းမထွက်ဘူးဟ။ အချစ်တစ်ခုကို
ငါခုတ်လိုက်မိတာ အချစ်နှစ်ခုဖြစ်သွားတယ်။ လိုက်ခုတ်ရင်း လိုက်ခုတ်ရင်း
အချစ်တွေများလာတယ်။ ကမ္ဘာကြီးတစ်ခုလုံး အချစ်တွေပြည့်သွားတယ်။ ဒီကဖြင့်
ဟိုနေရာကတုန် ဒီနေရာကတုန် ချစ်လိုက်ရတာ မစန္ဒာ။
“ နှလုံးသားမှာ တွယ်တာစရာ ချစ်ချစ်တဲ့ယိုစုံ”
မစန္ဒာရေ နင့်ရဲ့ကိုယ်ပိုင်အချစ်တွေကို ငံပြာရည်နှင့်ဆားများများသာ
ထပ်ထည့်လိုက်။ ငါက ငရုတ်သီးစပ်စပ်ကြိုက်တတ်သလို လေးလေးပင်ပင် အရသာတွေလည်း
ကြိုက်တတ်သေးတယ်ကွဲ့။
“ စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား”
ဒူးသာဒူး။ ကိုယ်ဒူးမှ ကိုယ့်ဖို့ ။ အိုင်တိတ်(ဖ်)သမျှ
ယူပြန်မဂစ်(ဗ်)နိုင်ရင်တော့ အိုင့်ဖျူးချားလေး ကြွေကျသွားလိမ့်မယ် မစန္ဒာ။
အိုင် မဟာဇနက္ကလို ရေထဲခုန်ချ ပလုံစွပ် ပလုံစွပ် မအစ်(စ်)ပါရစေနဲ့ လား
မေခလာ အဲ မစန္ဒာ။
“ ရာဇဝင်မှာ သင်္ဘောမှောက်ရင် မေခလာ ရောက်လို့ လာတယ်”
ငါရှိနေရဲ့သားနဲ့ နင်ုကိုလာလာနောက်ပိုးထတဲ့ကောင်တွေကို အရင်လို လေးခွနဲ့ 
မပစ်မိအောင် ငါအတန်တန် စိတ်ထိန်းပါတယ်။ င့ါပေါက်ကွဲမှုတွေကိုတော့
နင်မဖောက်ခွဲရဘူးနော် မစန္ဒာ။ အဲဒီကောင်တွေကို နင်ပြန်မကြည့်ရဘူး။
ငါးနှစ်ကိစ္စကိုလည်း လျှော့ဖို့ မမေ့နဲ့ဦး။
“ ဟေ့ အသည်းလေး အားလုံးကြိုက်တဲ့ အသည်းလေး”
“ဗျို့ ကိုဧရာကြီး ဘာဖြစ်နေတာလဲ”
“ တူ တူ ”
“ တူ တူ တူ ”
“ကျွန်တော် မစန္ဒာနဲ့ တွေ့ ချင်လို့ ပါ ခင်ဗျာ”
“ ဘယ်သူလည်းကွ”
“ သြော် ကျွန်တော် သူ့ သူငယ်ချင်းပါ”
“ ဟေ့ကောင် မင်းကို ငါနာမည်မေးနေတာ”
“ အင်း၊ ဟုတ်ကဲ့ ဟို ”
“ ခွပ်”
မောင်ပြောမယ် နားထောင်ပါလား အချစ်ရယ်။
မိဘတွေ မသိအောင် တို့ နှစ်ယောက်ထွက်ပြေးမယ်။ အချစ်ရေ ဘယ်နေ့ လဲ။
မသိဘူးနော် မစန္ဒာ။ ငါ့ကိုတော့ ရီးတီးယားတား လာမလုပ်နဲ့ ။ ငါမိန်းမ မရလို
့ကတော့ အခြောက်လုပ်ပြီး ယောက်ျား ယူပစ်လိုက်မှာပဲ။ သိဘူး၊သိဘူး။
သွပ်ပြားစိတ်ကိုတော့ လာမဆွနဲ့။ သွပ်ပြားတို့က မဆွခင်ကတည်းက ရွပြီး
ထပြီးသား အစားမျိုး။ သိတယ်မဟုတ်လား……
“ နော်သံသရာထိ ဆက်လက်ပြီး နောက်ဆို ဒီလိုဘယ်တော့မှ”
 “ အလို စန္ဒာ ။ ချစ်သော စန္ဒာ။ မစန္ဒာ”
“ ဒီနေ့ ကျမှ ငါ့ကိုယ်တော်မြတ်ကြီး မြင်နိုင်မှု အသုံးဝင်တန်ဖိုးတွေ
မြင့်ချင်တိုင်း မြင့်မြင့် မြင့်တတ်ပြီးတော့ လှလှ လှနေဘိပါတကား။
မိဖုရားခေါင်ကြီး စန္ဒာဒေဝီလေးရဲ့။
“ ငှဲ ငှဲ ”
“ ဟဲ့ သေနာကောင် ဘာဖြစ်နေတာလဲ”
“ခင်ညာ”
“ နင် ခုတလော တော်တော်ပိုးထနေပါလား”
“ ငှဲ ငှဲ ”
“ ဘာ ငှဲ ငှဲလဲ။ စာနဲ့ တစ်မျိုး၊ ဖုန်းနဲ့ တစ်မျိုး
ငါစိတ်အနှောင့်အယှက်ဖြစ်အောင် နင်အမျိုးမျိုး လုပ်ခဲ့တယ်။ ငါ
မကြိုက်တာတွေ လျှောက်မလုပ်ပါနဲ့ လို့ ပြောတာလည်း မရဘူး။ ငါအခု နင်နဲ
့စာရင်းရှင်းရအောင်လာတာ”
“ အငှီး၊ လချုပ်လား၊ နှစ်ချုပ်လား”
“ နင် ပြောင်တောင်တောင် မလုပ်မနေနဲ့ ။ ငါ နင့်ကို ”
“ အိုး မချစ်ဘူးတဲ့ သူက ”
“ ငါတကယ်ပြောတာ နင်က”
“ ဘာ ငါက နားငြီးအောင် ပူဆာတတ်လွန်းလို့ နင် ငါ့ကို အပြီးဖြတ်လိုက်ပြီ ဟုတ်လား”
“ တကယ်ဟုတ်ပြီတဲ့လား မစန္ဒာ”
“ အောင်မယ်လေးဟဲ့၊ လေးဟဲ့”
အချစ်ဟာ မန်းနီး မော့စ်သိပါတယ်။
“ အား ငါနေလို့ မရတော့ဘူး”
“ ဟိုတလောက အမေရိကန်မှာကျတဲ့ နှင်းမုန်တိုင်းတွေ ကျွန်တော့နှလုံးသာထဲကို
ဝင်မွှေနေပြီဗျို့ ”
“ ကယ်ကြပါဦး”
သွားပြီ။ ငါတော့ အကယ်ဒမီ မရတော့ဘူး။
တောက်၊ အမိုက်မ မိစန္ဒာ။
အစကတော့ ရေလာမြောင်းပေး လုပ်ခဲ့ပြီးတော့ ဘာဖြစ်လို့ အခုကျမှ
ထမင်းရည်ပူလျှာလွဲ လုပ်ရတာလဲဟဲ့။ တေချင်းလျှိုးမရဲ့။ ဟာမ။ လူသေလို့ 
မီးမြိုက်ရင်တောင် နှလုံးသား မီးမလောင်မယ့်ဟာမ။
အစကတော့ ချစ်တယ် ပြောပြီး အခုကျမှ မချစ်ဘူးတဲ့။ ဓားနဲ့ ထိုးပစ်မယ်။
တုတ်နဲ့ ရိုက်ပစ်မယ်။
ဟာမ၊ မြွေပွေးမ၊ မြွေဟောက်မ၊ မတာမ၊ တေချင်းလျှိုမ၊ တောက်ကန်းမ၊ ဗီလိန်မ၊
လဒမ၊ မဂန်းမ၊
ဗိုက်နာမ၊ အေအိုင်ဒီအက်(စ်)မ၊ အခုတော့ အလို ပရိသတ်ကြီးရဲ့၊ အခုတော့ဖြင့်
“ တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်တည်းပါ”
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...