ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်၍.......
ကော့သောင်းမြို့
ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီမှ တိုက်ခိုက်ခဲ့ခြင်း များနှင့်
ပတ်သက်၍ (၆-၅-၂၀၁၂)ရက်နေ့တွင် သန်းဖြိုးသူကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်လွင်မှ ကန့်ကွက်လက်မှတ်ရေးထိုးထားသော စာအား နိုင်ငံတော်သမ္မတထံတင်ပြထားသောအဖွဲ့ ၀င်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် သိသင့်သိထိုက်သူများအား ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဒီ ရှင်းလင်းပွဲမှာ ဦးဆောင် ကန့်ကွက်သူ သန်းထွန်း (ဒီမိုကရက်တစ်ပါတီ)မှ ပြောကြားရာတွင် နိုင်ငံတော် သမ္မတထံ တိုင်ကြားသူမှာ ၄င်းပင်ဖြစ်ကြောင်း.. ဖြစ်နိုင်လျှင် စက်ရုံအား လက်ရှိနေရာမှ (၁၀) မိုင်သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း ရုပ်လုံးပြ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်.....။
တကယ်တော့ (၁၀)မိုင်မှာလည်း လူတွေနေပါတယ်ခင်ဗျာ....နောက်တစ်ချက်က သန်းထွန်းဟာ စတင် ဆန့်ကျင်ကန့်ကွက်စဉ်ကပင် ကျောက်မီးသွေးစက်ရုံ၏ အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းကို သေချာစွာ မသိရှိခဲ့ပါ.... တင်ပြသော သတင်းများမှာလည်း အမှားများခဲ့ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့နှင့် ဆလဖာဒိုင် အောက်ဆိုဒ် အကြောင်းကိုသာ ကြားဖူးယုံ၊ သူများပြောယုံမျှဖြင့် ထ၍ ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်.....။
ရှင်းလင်းပွဲမှာ ဦးကျော်လွင်က ကော့သောင်းမြို့တွင်၎င်း၏ဆွေမျိုးများ များစွာရှိကြောင်း၊ကျန်းမာ ရေးနှင့်ပတ်သက်၍ ထိခိုက်အောင် ဆောင်ရွက်မထားကြောင်းအန္တရာယ်ရှိပါက စက်ရုံကို ချက်ချင်း ရပ်ပစ် မည်ဟု အာမခံ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။ ယခင်ကတည်းက ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းမှုတွင်.... အသစ် ၀ယ်ယူထားသော စက်များအကြောင်း၊ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုများကို အနည်းငယ်မျှအကျဉ်းချုပ်ဖော်ပြထားရှိခဲ့ပါတယ်။ ထုတ်လုပ်မှုဆိုးကျိုး (၁၀၀) ရာနှုန်းတွင် (၉၉.၆)ရာနှုန်းခန့်အထိ ထိန်းချုပ်နိုင်ကြောင်းနှင့် (၀.၄)ရာနှုန်းသာ ကောင်းကျိုး မပြုကြောင်း အောက်ဆိုဒ်ဓါတ်များနှင့်ပတ်သက်၍ ရှင်းလင်းပြခဲ့ပါတယ်။.......
တကယ်တော့..နိုင်ငံတကာက ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ တားမြစ်ထားသည်မှာ ကျောက်မီးသွေးတွင် ပါဝင်သော… အောက်ဆိုဒ်ဓါတ်မဟုတ်သည့် ကတ္တရာစေးနှင့် နျူကလီးယားကဲ့သို့ ရေဒီယို သတ္တိကြွပစ္စည်း မဟုတ်သည့်…. လေထုအတွင်းမှ ဖြတ်သန်း၍ လူ၏အဆုတ်အား တမြည့်မြည့်
ဆွေးမြေ့ရိကျစေတတ်သော (Carsinogin)ဟုခေါ်သည့် ဓါတ်ငွေ့ကြောင့်ဟု ကြားသိခဲ့ရပါတယ်။
ဒီဓါတ်ငွေ့ဟာ အဆုတ်ရောဂါမှ တဆင့်
လေပြွန်..... အသက်ရှူလမ်းကြောင်းနှင့် သွေးများပျက်စီး
စေသည်အထိ..... လှိုက်စားတတ်ပြီးချက်ချင်း ရောဂါ မပြသော်လည်း (၂)နှစ်မှ (၁၅)နှစ်အတွင်း ရောဂါ ဖြစ်ပွါးလာပါက ကုသမရနိုင်ကြောင်းသိရှိရပါတယ်။
ဖြစ်နိုင်လျှင် သန်းဖြိုးသူ ကုမ္မဏီမှ ဘေးထွက်ဆိုးကျိုးများနှ င့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ချက်နှင့် ကြိုတင် ကာကွယ်ထားရှိမှု ရှင်းလင်းပွဲတစ်ခုအား….. ပညာရှင်အဆင့်ဖြင့် ရှင်းလင်းပေးနိုင်လျှင် ပြည်သူများ ၀မ်းမြောက်မည်ဖြစ်ပါကြောင်းနှင့် အခြား လျှပ်စစ်ပစ္စည်းများ မပျက်မစီးစေပဲ တစ်ယူနစ်လျှင် (၂၀၀)ဖြင့် ရောင်းချပေးမည့် အချိန်မှန်လျှပ်စစ်မီးအား (၂၄)နာရီလုံးအပြည့်အ၀အသုံးချနိုင်ရန်စောင့်စား လျှက်ရှိပါကြောင်း.........

(ကော့သောင်းမြို့မှ မျှော်လင့်သူ တစ်ဦး)
0 comments:
Post a Comment