Anarchism မ၀င်ဖို့ သပိတ်ခေါင်းဆောင်တွေသတိပြုစို့ 
by Daungkhit Burma on Monday, May 21, 2012 at 6:09pm
ယခုအခါသမယတွင် မန္တလေးမြို့ ဖယောင်းတိုင်လှုပ်ရှားမှုသည် အေးချမ်းစွာအကြမ်းမဖက် ဆန္ဒပြလျှက်ရှိနေသည်ကို ၀မ်းသာအားရမိပါသည်..။ သို့ သော် CJ မြန်မာတွင် ၃၅လမ်းထိပ်မှာ ဖယောင်းတိုင်မကိုင်ထားတဲ့ လူ၃၀လောက်ရှိတဲ့ လူတစု စုရုံးစုရုံးလုပ်နေသည်
ဟု ဖတ်လိုက်ရသည့် အတွက်ကျနော်အတော်ပင်စိတ်မချမ်းမသာဖြစ်သွားရပါသည်..။
လွန်ခဲ့သည့် ၈၈အရေးအခင်းကို စစ်အစိုးရမှ အကြမ်းဖက်မှုများကို သပ်ရှိသွင်းပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်ပါသည်..။ထိုသည်ကို စော
မောင်၏ သတင်းစာရှင်းလင်းပွဲတွင်တွေ့ နိုင်မည်ဖြစ်ပါသည်။ကျနော်တို့ မင်းမဲ့ စရိုက်ဝင်လာလို့ အာဏာသိမ်းလိုက်ရတယ်ဆိုတာမျိုးပါ..။
အကြမ်းမဖက်ဖို့ သာခက်ခဲသည်ဖြစ်ပြီး...အကြမ်းဖက်လိုက်ပြီဆိုပါက မည်ကဲ့ သို့ သူတို့ ကြည့် ကောင်းအောင်ထိန်းသိမ်းရမည်ကို
နအဖက ကောင်းကောင်းကြီး ကျွမ်းကျင်ပြီးသားဖြစ်ပါသည်...။အကြမ်းဖက်မှုများဖြစ်အောင်လဲမည်သို့ သပ်ရှိသွင်းရမည်ကို သူတို့ ကောင်း
ကောင်းကြီးသိပါသည်..။မာတင်လူသာကင်းပြောခဲ့သည့် စကားရှိပါသည်..အကြမ်းမဖက်ခြင်းတွင် ရုပ်အားဖြင့်တင်မဟုတ်ပဲ စိတ်ကပါထို
သူကို ချစ်၍ မုန်းတီးလိုစိတ်မရှိရလို့ ပြောခဲ့ပါသည်။
ဤစကားသွေးထွက်အောင်မှန်ပါသည်..။ရုပ်ကတော့ အကြမ်းမဖက်ဖူး စိတ်ထဲမှာ မုန်းနေလျှင် မျက်လုံးကတော့ဘုကြည့် ၂မိမည်
ဖြစ်ပါသည်..။စိတ်ပညာအရလဲ စိတ်လှိုင်းအရသက်ရောက်မှုရှိပါသည်..ထိုသူကအကြမ်းဖက်စွာတုံ့ ပြန်လာလျှင်လဲ ရုန်းရင်းဆန်ခတ်ဖြစ်
တတ်ပါသည်..။
https://www.facebook.com/CJMyanmar/posts/244055502364932
ဒီလင့်က စီဂျေမြန်မာကသတိပေးသတင်းလာတာဖြစ်ပါတယ်..။
ဆန္ဒပြသူများအား အားပေး မည့်သူလား တားဆီး ကန့်ကွက်မည့် သူလား မသိရသူ ဖယောင်းတိုင် ကိုင်ဆောင်ထားခြင်း မရှိသည့် လူ ၃၀ကျော်ခန့် မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး လမ်းထိပ်နှင့် ၃၅ လမ်းထောင့်တွင် စုရုံးနေကြကြောင်း CJMyanmar ၏ CJ တစ်ဦးမှ သတင်း ပေးပို့သည်။
ထို့ ကြောင့် သပိတ်ခေါင်းဆောင်များအနေနှင့် မိမိတို့ လူစုအားမိမိတို့ ထိန်းရန်ဖြစ်ပြီး အကြမ်းဖက်မှုများသပ်ရှိသွင်းမှု သို့ မဟုတ် ပြုလုပ်
လာမှုများအား အကြမ်းမဖက်ပဲ တုန့် ပြန်ရန်အစီအစဉ်များ ရေးဆွဲကာ ကြိုတင်ကာကွယ်ထားသင့်ကြောင်းသတိပေးခြင်းဖြစ်ပါသည်။
အကြမ်းဖက်လာရင်ဖြိုခွဲဖို့ အတွက်အစိုးရသည်အလွန်လွယ်ကူပါသည်..။သပ်ရှိသွင်းဖို့ လဲအလွန်လွယ်ကူပါသည်။
ရိုသေစွာဖြင့်
ခေတ်သစ်မီးမောင်း
0 comments:
Post a Comment