Tuesday, April 24, 2012

NLD လွှတ်တော်တွင်းဝင်ရောက်လျှင် ကျမ်းသစ္စာကျိမ်ဆိုမည် Respect & Defacne ဥပဒေဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်း


by Par Par Gyi on Tuesday, April 24, 2012 at 11:21pm 

ဦးအံ့ဘုန်းမြတ် (ဒီမိုကရက်တစ် မြန်မာ့အသံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနိုင်ရလွှတ်တော်ကိုယ်စာလှယ်တွေ လွှတ်တော်တက်ဖို့ရာအတွက် ဥပဒေဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်မှာ ဘယ်လိုများဆွေးနွေးမှုတွေ ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ် မြန်မာ့အသံမှ ဦးအံ့ဘုန်းမြတ်မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။



ဦးဘုန်းမြင့်အောင် (အမျိုးသားလွှတ်တော် ကိုယ်စာလှယ်) ဒီမိုကရေစီ ပါတီသစ်



* ဦးဘုန်းမြင့်အောင်ခင်ဗျ၊ အခုပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စာလှယ်တွေ လွှတ်တော်တက်ရောက်ဖို့ရာအတွက် ဥပဒေဆိုင်ရာ အခက်အခဲ ဖြစ်နေတယ်ဆိုပြီးတော့ သိရပါတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်မှာဆိုရင် ဘယ်လိုအခြေအနေမျိုးတွေရှိနေလဲပေါ့နော်၊ အန်ကယ်တို့ဘက်ကရော ဒီဟာနဲ့ပတ်သက်ပြီးတော့ အဆိုတွေပါတွေ၊ ဒီမိုကရက်တစ် အင်အားစုထဲကရော သွင်းဖို့ရော ရှိပါသလား  သိချင်ပါတယ်ခင်ဗျ

ပထမဆုံးပေါ့နော်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်ကြည်က ဒီနိုင်ငံရေးပါတီနဲ့ပတ်သက်လို့ ဥပဒေအတည်ပြုပေးဖို့ဆိုပြီးတော့ တင်ပြလာတယ်။ တင်ပြတဲ့အချိန်မှာ အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်တင်ပြတဲ့အချက်တွေကို အလွယ်တကူလက်ခံလိုက်တယ်။ ပြောရရင် အဲဒီဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ ကိုယ်စာလှယ်တွေတောင်မရှိပဲနဲ့ အမျိုးသားလွှတ်တော် တစ်ရပ်လုံးကနေပြီးတော့ ဦးအောင်ကြည် လိုချင်တဲ့အချက်တွေကို လက်ခံပေးလိုက်တယ်။ တစ်အချက်ကတော့ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်တယ်၊ နှစ်အချက်ကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လေးစားလိုက်နာရေးဆိုတဲ့ အချက်ပါတယ်။ အဲ့ဒီနှစ်ချက်လုံးကို အတည်ပြုပေးလိုက်တယ်။ အသေးစိတ်ကျတော့ အမျိုးသားလွှတ်တော် ဒုတိယအကြိမ်မှတ်တမ်းတွေ ထွက်လာရင်တွေ့ရလိမ့်မယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်က ဆွေးနွေးတဲ့သူမရှိပဲနဲ့ တပ်မတော်သား ကိုယ်စာလှယ်များ အပါအဝင်အာလုံးက လက်ခံပေးတဲ့ အချက်ကို ပြည်သူ့လွှတ်တော်ကို ပေးလိုက်တယ်။ ပြည်သူ့လွှတ်တော်ကလည်း အလွယ်တကူပဲ လက်ခံလိုက်တယ်၊ ဆွေးနွေးတယ်တို့ ဘာတို့အသံမကြားဘူးပေါ့နော်။ အဲဒီနောက်ပိုင်း NLD က မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်တာအသိပဲ၊ ရွေးကောက်ပွဲဝင်ပြီးတော့မှ ဒီအချိန်ကျမှ ဒီအချက်လက်ကို ပြန်ပြီးတော့ပြောတယ်။ အဲဒီတုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုပဲ လွှတ်တော်က ပြင်ပေးလိုက်တာ၊ အဲဒီ ဥပဒေတွေကျတော့ ပြင်ရတာလွယ်တယ်၊ လွယ်တော့လည်း အလွယ်ပဲ ပြင်ပေးလိုက်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကျတော့ သူ့ Procedure ကျတော့ ဒီလို အလွယ်တကူပြင်ပေးလို့မရဘူးပေါ့၊ ၂၀% က Proposal   လုပ်ပေးရမယ်။ နောက်အဆင့်ဆင့် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်ပေါ့။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့ ပုံစံမျိုးနဲ့ မပြင်တော့ ရွေးကောက်ပွဲကော်မရှင် ရုံးကနေပြီးတော့ ထောက်တာပေါ့၊ ကော်မရှင်ကထောက်တာက မှန်တယ်။  ကိုယ်က အဲဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်တဲ့ပုံစံနဲ့ ပြင်ပြီးမှဘဲ ကော်မရှင်က လက်ခံလို့ရမှာပေါ့နော်။

အဲဒီတော့ ခုချိန်ကျမှ ရှေ့ကခရီးရောက်နေပြီးတော့ ကိုယ်လုပ်ခဲ့လို့ကျန်တဲ့ကိစကို ပြန်ပြီးတော့ ကောက်ရတဲ့ သဘောဖြစ်နေတာပေါ့နော်။ ကျွန်တော်ပြောတယ် ဥပဒေကြမ်းကော်မတီကို ခင်ဗျာတို့ ဘာဖြစ်လို့ အဲဒီတုန်းက မစစ်တာလဲ အဲဒီအချက်နှစ်ချက်ကို၊ ကျွန်တော်တို့ အလွယ်တကူ ပြင်တဲ့အချက်နှစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ ဘာလို့မထောက်လဲဆိုတော့ သူတို့လဲဝန်ခံတယ်၊ လက်ခံတယ်၊ အဲဒီတော့ ကျွန်တော်တို့လို သာမာန်ဥပဒေပညာရှင်မဟုတ်တဲ့ ကိုယ်စာလှယ်တွေကလည်း ခင်ဗျားတို့မှာမှ မသိတာ၊ ကျုပ်တို့က ဘယ်လိုသိမလဲပေါ့နော်၊ အဲလိုပဲ ကျွန်တော်က ဆင်ခြင်ပေးတဲ့သဘောပေါ့၊ ပြောမယ်ဆိုတော့ ကျွန်တော့်မှာ တာဝန်ရှိတယ်ပေါ့၊ ကျွန်တော်တို့ ကိုယ်စာလှယ်တိုင်းမှာ တာဝန်ရှိတယ်ပေါ့နော်၊ ဒါပေမယ့် ကိုယ်ကတော့ ဥပဒေပညာရှင်တွေမှ မမြင်တဲ့အချက်ကို ကျွန်တော်လည်း ဘယ်လိုလုပ်မြင်မလဲလို့ဆိုတဲ့ အချက်ပဲ ကျွန်တော်လည်း အဲ့လိုပဲ ဆင်ခြင်ပေးတဲ့သဘောပါပဲ။ ခုချိန်ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုက်ရိုက် သက်ဆိုင်သွားပြီဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့Method နဲ့ပဲ ပြင်ရမှာပေါ့နော်။ အားလုံး ပေါ့ပေါ့လျော့လျော့ အလွယ်တကူလုပ်လာတဲ့ ကိစ္စက ခုကျမှ ပြန်ပြီး ပြောစရာထောက်စရာဖြစ်လာတဲ့အချက်ပါဘဲ။


ဦးဖုန်းမြင့်အောင်တို့အနေနဲ့ဆိုရင် ဒီလိုဖြစ်နေတဲ့ ပြဿနာကိစ္စရပ်အတွက်ရော ဒီအဆိုပြုတာတို့ မေးခွန်းမေးမြန်းတာတို့ ဒီလွှတ်တော်အစည်းအဝေး အတောအတွင်းမှာ လုပ်ဆောင်ဖို့များ ရှိမလားခင်ဗျ

ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဦးသိန်းညိုက မနေ့ကပြောပါတယ်။ သူက NLDမှာ CEC နဲ့လုပ်ခဲ့တာ။ သူက ဥပဒေပိုင်နဲ့ပတ်သက်လို့ အတိုင်ပင်ခံ ဥပဒေပညာဘက်ပိုင်းက လုပ်ခဲ့တာပေါ့နော်။ အဲ့တော့ ဒီကိစ္စကို သူက ဦးဆောင်ပြီး လုပ်မယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေပညာရှင်များ မဟုတ်တဲ့အတွက် ကိုယ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေပြင်တဲ့အပိုင်းမှာ ကိုယ်က ထောက်ခံပြီးသားပါ။ ဥပဒေနဲ့ပဲလား ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လုပ်ရမယ့် အပိုင်းတွေကျရင်တော့ တကယ့် ဥပဒေပညာရှင်တွေရဲ့ နောက်ကနေ ကျွန်တော်လိုက်မှာပါ။

* ဒီနေ့ပေါ့နော်  ကျွန်တော်တို့ သိရတာက နိုင်ငံတကာ ဖွဲ့စည်းပုံအခြခံဥပေဒေမှာဆိုရင်လည်း ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အသုံးအနှုံးနဲ့ လွတ်တော်ကိုယ်စာလှယ်တွေက ကျမ်းသစ္စာကျိမ်ရတယ်ပေါ့နော်၊ သာမာန်ပြည်တွေအနေနဲ့ဆို လေးစားလိုက်နာရုံနဲ့တင် ရတယ်ပေါ့နော်။ လွှတ်တော်ကိုယ်စာလှယ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဖြစ်နေတဲ့အတွက် ပြင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ဆန့်ကျင်ဖက်အမြင်တွေလည်း ရှိပါတယ်ဗျ၊ ဦးဘုန်းမြင့်အောင်တို့ ဒီမိုကရက်တစ်အင်အာစုအနေနဲ့ရော ဘယ်လိုအမြင်ရှိပါသလဲခင်ဗျ။

- ကျွန်တော်တို့ကတော့ ပထမဦးဆုံး ဦးအောင်ကြည်ယူလာတုန်းကတော့ အလွယ်တကူ လက်ခံပြီးသားပေါ့နော်။ ခုချိန်ကျမှ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စကို ရှေ့ကတစ်မျိုးနောက်ကတစ်မျိုး ကိုယ်လည်း မျက်နှာပူပါတယ်။  ဒါပေမယ့် ဥပဒေနဲ့ပတ်သက်လို့ အသုံးနှုံး စကားလုံး ၏သည်မရွေး အဓိပယ်ဖွင့်ဖို့ကလည်း ကျွန်တော့်မှာလည်း ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်ယူမှာပါ။ ဒါပေမယ့် ဒီကိစ္စက ခုချိန်ကျမှ ပြန်ပြီး နောက်ကြောင်းပြန်တာမဟုတ်ပါဘူး။ ပထမရှေ့ပိုင်းမှာ လွှတ်တော်နှစ်ရပ်လုံးရော ဦးအောင်ကြည်ဘက်ကရော ဥပဒေကော်မတီကိစ္စတွေကို အလွယ်တကူလုပ်ခဲ့တဲ့ ကိစ္စတစ်ခုက အားနည်းချက်ပေါ်လာတာပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။



ဒေါက်တာ ဦးခင်ရွှေ (အမျိုးသားလွှတ်တော်ကိုယ်စာလှယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

 

ဒီကနေ့စတင်ပြီးတော့ ပြန်လည်ကျင်းပပြုလုပ်နေတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရလွှတ်တော်ကိုယ်စာလှယ်များက ဖွဲ့စည်းပုံကျမ်းသစ္စာ ကျိမ်ဆိုရေးအပိုင်းမှာ စကားလုံးအသုံးနှုံးကွဲလွဲချက်အချို့ကြောင့်မို့ တင်ပြတောင်းဆိုထားပေမယ့်လည်း အချိန်မှီပြင်ဆင်နိုင်တာမျိုး မရှိတဲ့အတွက် အမျိုးသားလွှတ်တော်အစည်းအဝေးပွဲကို တက်ရောက်မလာတာ တွေ့ရပါတယ်။ ဒီလို အခြေအနေဖြစ်နေတာကြောင့် လွှတ်တော်ထဲမှာ ဘယ်လို အကြောင်းကြောင်းတွေကြောင့် ပြင်ဆင်နိုင်တာလဲ၊ မပြင်ဆင်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဦးခင်ရွှေကို မေးမြန်းကြည့်မှာ ဖြစ်ပါတယ်။

အဓိက ဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က Respect ဆိုတဲ့ စကားပေါ့လေ၊ အင်္ဂလိပ်လိုပြောရင်တော့ လွယ်တာပေါ့။ တကယ်တမ်း ကျမ်းသစ္စာကျိမ်တာက Defend ဆိုတာကို ကျိမ်တာပေါ့ ကာကွယ်စောင့်ရှောက်ပါမည်။ ဟိုက  လေးစားပါမည်။

နိုင်ငံတိုင်းကို ပြန်ကြည့်လိုက်ရင် အမေရိကန်မှာကိုက ပြောထားတာ ရှိတယ် I will Supposed to Defend of the Consultation. အဲဒီလို လာပြီးမှ ကိုယ်စာလှယ်ဖြစ်တာကိုး။ ကိုယ်စာလှယ်မဖြစ်တဲ့ ပြည်သူတစ်ယောက်ကrespect ပဲထားတယ်။ ကိုယ်စာလှယ်ဖြစ်ပြီးရင်တော့ Defend လုပ်ရတယ်။ ထိုနည်းလည်းကောင်းပဲ ဂျာမဏီဆိုလည်း ဒီတိုင်းပဲ Defend of the Basic Law. ဆိုပြီးတော့ အဲဒီတော့မှ ကျမ်းသစ္စာ ကျိမ်ရတယ်။ ထိုနည်းလည်းကောင်းပဲ ဂျပန်မှာဆိုလည်း I will protect of the Defense of national charterဆိုပြီးတော့ ကတိသစ္စာဆိုရတယ်။ ထိုနည်းလည်းကောင်းပဲ ဂရိမှာလည်း ဒီတိုင်ပဲ၊ အိန္ဒိယမှာဆိုလည်း will to the Best of the Ability of the Protect of the Defend ဆိုပြီးတော့ Defend ကိုပဲ အဓိက သစ္စာဆိုရတာ။ အထူးသဖြင့် ဖိလစ်ပိုင်မှာလည်း ဒီတိုင်ပဲ Defense of the Constitution ဆိုတာကို သစ္စာဆိုတာ အထူးသဖြင့်စင်္ကာပူဆိုလည်း I will preserve, protect, and Defend its Constitution of the Republic of Singapore ဆိုပြီး သစ္စာဆိုပြီးမှ ကိုယ်စာလှယ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် Howeverပြည်သူတစ်ယောက်အနေနဲ့ပဲ နေမယ်ဆိုရင်တော့ Respect ဆိုတဲ့ စကာလုံးနဲ့ နေလို့ရတယ်။ လွတ်တော်ထဲဝင်မယ်ဆိုရင်တော့ Defense ဆိုတဲ့ စကားလုံးနဲ့ကျမှ ဝင်လို့ရတာ။

* ဟုတ်ကဲ့ခင်ဗျာ နောက်တစ်ချက် သိချင်တာက သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေထဲမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ စကာလုံး အသုံးအနှုံးအစား လေးစားလိုက်နာပါမယ်ဆိုတဲ့ အသုံးအနှုံးကို ပြင်ထားတာရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဥပဒေတရပ်မှာ ဒီအခမ်းကဏ္ဍကို ဒီလိုပြင်ထားပြီးတော့ နောက်အခမ်းကဏ္ဍမှာ ကွဲလွဲနေတဲ့အပေါ်တွေမှာ အန်ကယ်တို့ ကိုယ်စာလှယ်တစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

- ပြင်မယ်ဆိုရင်တော့ ဒီမှာကတော့ ၉၅ ရာခိုင်နှုန်းသော ကိုယ်စာလှယ်တွေက Defense နဲ့ သစ္စာဆိုပြီးရင်ဖြစ်တယ်လေ။ နောက်ထပ် ဝင်လာမှာက ၅ရာခိုင်နှုန်းသော ကိုယ်စာလှယ်တွေပဲ၊ အဲဒီတော့ ၅ရာခိုင်နှုန်းက ဒီထဲမှာဝင်လာပြီးရင် ဒီထဲမှာ သူတို့လိုချင်တာကို Propose လုပ်လို့ရတယ်။ အဲဒီတော့မှ ဒီကိုယ်စာလှယ်တွေက ၁၀၀ ရာခိုင်နှုန်းကိုယ်စာလှယ်တွေက ဝိုင်းဆွေးနွေးကြမယ်။
ပြီးရင် ပြင်သင့်ရင်တော့ ဒီကိုယ်စာလှယ်တွေကပဲ ပြင်ပေးလို့ရတယ်။ တောက်လျှောက်လည်း ပြင်ပေးလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အထဲရောက်လာတာပဲ၊ ဒါပြင်လို့လဲရပါတယ်။ 

Defense ပဲဖြစ်ဖြစ် Respect ပဲဖြစ်ဖြစ် ဥပဒေ တစိတ်တဒေသ လွှဲမှားတယ်ဆိုင်တော့ အားလုံးရဲ့ ညီညွှတ်မှုနဲ့ ပြင်လို့ ရပါတယ်။ အရေးကြီးတာက အထဲဝင်လာဖို့ပဲအရေးကြီးတယ်။ ဝင်လာပြီးမှ ဆွေးနွေးတာအကောင်းဆုံးပဲ။

ဟုတ်ကဲ၊ ဒီတစ်ကြိမ်လွှတ်တော်အစည်းအဝေးမှာဆိုရင်ရော အန်ကယ်တို့ အဓိကအားဖြင့်ဆိုရင် ဒီလိုမျိုး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အဆိုတင်သွင်းတာတို့ မေးမြန်းတာတို့ ဒါမျိုးတွေ လုပ်ဖို့ အစီအစဉ်များပါဝင်နေသေးလားလို့။

တချို့လည်း တချို့ပါတီက အဆိုတင်သွင်းဖို့ရှိတယ်၊ အဲဒီအပေါ်မှာလည်း ဆွေးနွေးမှုရှိလိမ့်မယ်။


Video Link - https://www.facebook.com/photo.php?v=342122592519202

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...