Thursday, April 19, 2012

လူဖြစ်ခြင်း အနှစ်သာရ (သို့) free thinker

ကျွန်တော်တို့ ငယ်စဉ်အခါကတည်းက တစ်ခုတည်းသော လိုက်နာ ကျင့်သုံးမှု့မှာ
လူကြီး မိဘများပြောသော စကားများကို လိုက်နာကြရသည်။ ကျင့်သုံးကြရသည်။ ပြန်လည် မေးခွန်းထုတ်ခွင့် စောဒကမတက်သင့်ပေ။ ထိုသို့ပြုလုပ်သော လူများကို ရိုင်းစိုင်းသည်ဟု
အသိအမှတ်ပြုထားသော လူ့ဘောင်အဖွဲ့အစည်း ဥပဒေများဖြင့် ပြဠာန်းထားကြလေသည်။
ကျွန်တော်တို့၏ လူသားအဖြစ်ရပ်တည်မှု့သည် နေရာတစ်ခုတွင်
ရပ်တည်ခဲ့ကြရသည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိကြရပေ။ သို့ပေသည့် လွတ်လပ်သော
တွေးခေါ်ခွင့်ဆိုသည်ထက် ရှေးရိုးစွဲများမှ ဖောက်ထွက်တွေးခွင့်မရှိခြင်းဖြစ်သည်။ လူတွေမှာ ပူဇော်ပသမှု့ ဆိုသည့် ကမ္ဘာဦးအယူအဆများ ယခုတိုင်ရှိနေကြသေးသည်။ ဘာသာတရားအားလုံးတွင်လည်း ထိုအရာများ ထည့်ထားကြသေးသည်။

အဘယ့်ကြောင့်ဆိုသော် လူသားတိုင်းသည် ကောင်းမြတ်ခြင်းကိုသာ
လိုလားသောကြောင့် အကျိုးမျှော်စိတ်များအား မြူစွယ်ထားခြင်းဖြစ်သည်။
လူတစ်ယောက်သည် မိဘမရှိပါက အားငယ်သကဲ့သို့ မှီတွယ်အားထားရာ တစ်နေရာရာ
မရှိပါက တိုင်တန်းငြီးညူစရာ မရှိသကဲ့သို့ အမှီအတွယ်များကို
မှီတွယ်လာကြရသည်။ထိုအတွက် ဘာသာတရားကို အားထားလာကြသည်။ သို့သော်
လွတ်မြောက်မှု့တစ်ခု ရှိနေသည်ကိုတော့ သိခြင်သိပေမယ့်
လုပ်ခြင်းမျိုးမရှိပေ။ သတ္တ၀ါများတွင် လွတ်မြောက်ခြင်း အကြောင်းတရား တစ်ခု
ရှိမည်ကိုတော့ တွေးတော ကြံဆလာကြသည်။ထိုကဲ့သို့ လွတ်မြောက် မှုကို
ရှာဖွေပေမယ့် မတွေ့ရှိနိုင်ကြပါပေ။သတ္တ၀ါအားလုံးရဲ့ လွတ်မြောက်မှု့ကို
မည်သူမျှမလုပ်ပေးနိုင်ပါဘူး။ ထို လွတ်မြောက်မှု့ဆိုသည်မှာလည်း အခြား
ကမ္ဘာလောက အခြားနေရာ ဌာန မည်သည်မှာမှ မှီတွယ်နေခြင်းမျိုး
မဟုတ်ပါဘူး။မိမိရဲ့ သန္တာန်မှာသာ လွတ်မြောက်ခြင်း တရားရှိမယ်လို့ ဒသနိက
ဆရာများက တွေးတော ကြံဆလာသည်။ ရှေးရိုးစွဲ အယူဝါဒ ကင်းလွတ်သူ အများစုဟာ
ဆိုလျှင် လူဆိုသည်ကို မည်သည်မျှ မဖန်ဆင်းနိုင်ကြောင်း အထင်များလည်း
ထင်လာကြသည်။သို့အတွက် လူရဲ့ အစဟာ ဘယ်ကလဲဆိုပြီး တွေးတော ကြံဆ
လာကြသည်။လူသည် ဖန်ဆင်းခံ မဟုတ်ပါဘူးဆိုလျှင် လူဆိုတဲ့ မျိုးစိတ်များ
ဖြစ်လာဖို့ သေချာတဲ့ အကြောင်းတရား တစ်ခု
ရှိလာမယ်ဟုထင်ကြသည်။ထိုသည်များအတွက် အပြင်လောကတွင် ရှာဖွေခြင်းများ
ရှိလာကြသည်။သို့ပေသည့် မိမိသန္တာန်ထဲကိုတော့
ဝင်ရောက်ရှာဖွေတွေးတောခြင်းများတော့ မရှိသလောက်ပါဘဲ။ ထိုကဲ့သို့
ဝင်ရောက်ရှာဖွေခြင်းများတရားများကို လေ့လာလာကြသည်။လူအားလုံး
တစ်ညီတစ်ညွတ်ထဲ လက်ခံလာကြသည်မှာ အရာအားလုံးပြုလုပ်နိုင်သည်မှာ
စိတ်သန္တာန်ဖြစ်မယ်လို့ပါဘဲ။ mind ကို ထိန်းချုပ်ဖို့ မလွယ်မှန်း အလေးအနက်
လက်ခံလာကြသည်။ သို့ အတွက် စိတ်ကို ထိန်းချုပ်သည့် နည်း ဥပဒေသများကို
ထပ်မံတိုးချဲ့လာကြသည်။ဥပဒေဆိုသည်မှာလည်း ထပ်မံတိုးလာသည်သာ
ရှိသည်။တစ်ဖြည်းဖြည်း လျော့နည်းသွားခြင်းမျိုး မရှိသလောက်
ရှားပါသည်။လူရဲ့စိတ်ကို လွပ်လပ်ခွင့်ပေးသော ဥပဒေများ တဖြည်းဖြည်း
တိုးတက်လာသည်မှာလည်း နောက်ပိုင်းလူတွေဟာ လွပ်လပ်ခွင့်ကို
မြတ်နိုးလာခြင်းများကြောင့် ဖြစ်သည်။လွပ်လပ်ခွင့်ကို
မြတ်နိုးတယ်ဆိုတိုင်းလည်း စိတ် ပျော်ရွှင်မှု့မျိုးမဖြစ်နိုင်ခြေ။
လူတစ်ယောက်ရဲ့စိတ်ကို လွပ်လပ်စွာ တွေးခေါ်ပါလို့ ပြောထားသည်ဆိုပါစို့။
ဖြစ်စဉ်တစ်ခုကို ဥပမာ ပြရမည်ဆိုလျှင် အမျိုးသမီးတစ်ယောက်ရဲ့
လင်ယောက်ျားနှင့် သားဟာ သေမိန့်ကျခံထားရသည်။ ထို နှစ်ယောက် အနက်မှ
တစ်ယောက်ဘဲ သတ်မည်။ တစ်ခြားတစ်ယောက် ကို လွှတ်ပေးမည်။ ထိုအမျိုးသမီးအား
မိမိလိုချင်သော တစ်ယောက်ကို ရွေးပါဟု ဆိုခဲ့လျှင် ထို အမျိုးသမီးဟာ
မည်သည်ကို ရွေးမည်နည်း။ ထိုအမျိုးသမီးတွင် လွပ်လပ်စွာ
တွေးခေါ်ပိုင်ခွင့်ရှိသည်။ သားကိုလည်း ရွေးနိုင်သလို လင်ယောက်ျားကိုလည်း
ရွေးနိုင်ပေသည်။သူ၏ ရွေးချယ်မှု့သည် သူ၏ လွပ်လပ်စွာတွေးခေါ်ခြင်းဖြစ်ပေသည်။
ထိုသို့လွပ်လပ်စွာ တွေးခေါ်ခြင်းပေမယ့် ထိုသူရဲ့ သန္တာန်သည်
ငြိမ်းချမ်းမှု့ဖြစ်နိုင်ပါ့မလား။ထိုကဲ့သို့ စိတ်နှစ်ခွ ဖြစ်စဉ်မျိုးကို
များစွာ ကြုံတွေ့လာနိုင်သည်။ ထိုဖြစ်စဉ်မျိုးတွင် လွပ်လပ်ခြင်း
အကြောင်းတရားသည်လည်း ကောင်းမွန်သော အရာတစ်ခု မဖြစ်နိုင်ပေ။ ဒါဟာ
ကျွန်တော်တို့ရဲ့ လူသား ပဓာန ပါ။ တိရိစ္ဆာန်များ၏ စိတ်ထဲသို့ ထိုသို့သော
အကြောင်းအရာများ ထည့်ပေးပါက တိရိစ္ဆာန်သည် ထိုအရာများတွင်
တွေဝေမှု့မျိုးမရှိနိုင်ပေ။ ထို့နောက် စိတ်ခံစားမှု့ပြင်းသော သတ္တ၀ါသည်လည်း
လူပင်ဖြစ်သည်။ ထိုအတွက် လူသည် ကြီးကျယ်မြင့်မြတ်ပါသည်ဟု အမြင်များ
ထားရှိလာကြသည် တွေးတောလာကြသည်။ လူသည်သာ အမြင့်မြတ်ဆုံးဖြစ်သည်။လူသည်သာ
သနားကြင်နာခြင်းများသော သတ္တ၀ါဖြစ်သည်။လူသာလျှင် လောကရဲ့ လွတ်မြောက်ရာကို
အလုပ်နိင်ဆုံးဖြစ်သည်ဟု ထင်လာကြသည်။ လူသာလျှင် လွတ်မြောက်ရာကို
အလုပ်နိုင်ဆုံး သတ္တ၀ါဆိုတာကိုတော့ ကျွန်တော် မပြောလိုပါဘူး။
အဘယ်ကြောင့်ဆိုသော် လူသာလျှင် အတ္တအကြီးဆုံး သတ္တ၀ါ
ဖြစ်နေခဲ့တာကိုးးး။ထိုအတ္တများဖုံးနေသဖြင့် လူသားတစ်ယောက်သည်
မလွတ်မြောက်ကြပါဟုလည်း တစ်နည်းတစ်ဖုံ ဆိုလာကြပြန်ပါသည်။ကျွန်တော့ကို
လူတစ်ယောက်က ထိုအတ္တတရားများ ဖယ်ခွာဖို့ ပြောသည်ဆိုလျှင်တော့
ကျွန်တော်ကလည်း ထိုလူသားကိုပြန်ပြီး ဖယ်ခွာခိုင်းမိလေမည်ဖြစ်သည်။
လူဆိုသည်မှာ လွပ်လပ်သော တွေးခေါ်ခွင့် ရှိရမည်ဖြစ်သည်။(လူသားက
ကြီးမြတ်ဆုံးဟု ခင်ဗျားထင်ခဲ့လျှင်ပေါ့။) (သို့တည်းမဟုတ် ခင်ဗျားရဲ့
နောက်ကွယ်က ကြိုးကိုင်ထားတဲ့ အရာတစ်ခု ရှိသည်လို့လည်း
ခင်ဗျားထင်ချင်ထင်နိုင်သည်။)ဒါဟာ ခင်ဗျားရဲ့ လွပ်လပ်စွာ
တွေးခေါ်ပိုင်ခွင့်ဘဲ။ သို့ပေသည့် ထိုတွေးခေါ်ခြင်းတွေဟာ
အရာအားလုံးက(ချမှတ်ထားသော စည်းကမ်း) ကင်းလွတ်နေသေးရဲ့လားဆိုတာကိုတော
ပြန်လည် ဆန်းစစ်ဖို့ လိုမည်ထင်တယ်။ အထက်မှာ ပြောခဲ့သည့်
အမျိုးသမီးဟာဆိုရင် လင်ယောက်ျားကို ရွေးခဲ့လျှင်လည်း သူ့ရဲ့ လွတ်လပ်စွာ
တွေးခေါ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။သားကို ရွေးချယ်ခဲ့လျှင်လည်း သူရဲ့
လွပ်လပ်စွာ တွေးခေါ်ခွင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ လွပ်လပ်စွာ
တွေးခေါ်ခွင့် မဖြစ်ခဲ့လျှင်တော့ ခင်ဗျား လူဖြစ်ခြင်း အနှစ်သာရ
ကင်းမဲ့သွားသူဘဲ။ လူခန္ဓာကိုယ်ကြီး သယ်ဆောင်ထားလို့သာ လူလို့
အမည်တပ်နိုင်တဲ့လူဘဲ။ သို့ပေမယ့် လူဖြစ်ခြင်း
အနှစ်သာရ(လွပ်လပ်စွာတွေးခေါ်ခြင်း) မရှိသော လူသားပင်ဖြစ်တယ်။

--
---
--
လွမ်းနေသူ®

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...