Friday, April 20, 2012

လူကြီးလူကောင်း

Written by အရှင်ပညာသီဟာဘိဝံသ (တရားဦးဓ္မစကြာ)   
Saturday, 12 November 2011 23:23

နိုင်ငံပိုင်သတင်းစာများနှင့် ဂျာနယ်တို့တွင် မျက်နှာဖုံးစာမျက်နှာတို့၌ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ် လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် ယှဉ်တွဲလျှက် အတူရပ်နေသော သတင်းဓာတ်ပုံကို မြင်တွေ့ကြရသဖြင့် ၁၉၉၀ ခုနှစ်ဝန်းကျင်က အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ယခုလက်ရှိ နာယကချုပ်ဆရာတော်ကြီးက သံဃာတော်များအား ''အဖေ့သားများနဲ့ အဖေ့သမီး အတူပေါင်း ပြီးလုပ်ဆောင်နိုင်ကြရင် ဒို့နိုင်ငံကြီး ကောင်းသွားမှာကွ'' ဟု ဖြစ်စေချင်၍  အားတက်သရော မိန့်ကြားတော်မူသောစကားကို အမှတ်ရမိပါသည်။ ဗိုလ်ချုပ်က တပ်မတော်ကို တည်ထောင်သွားသူ တပ်မတော် ဖခင်ကြီးဖြစ်၍ ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပါသည်။ သေချာလှ၏။ လှည်းနေလှေ အောင်း ခေတ်အဆက်ဆက်ဖြစ်ခဲ့ ပျက်ခဲ့တာတွေက နိုင်ငံသားအချို့စိတ်တွင် 'သုမနကျောမှာ ဒဏ်ရာတွေနဲ့'ဟု ပြောရမယ့် သဘောမျိုး ဖြစ်ခဲ့ကြရ၏။  


ထိုသတင်းဓာတ်ပုံသည် ပြည်တွင်းရော ပြည်ပပါ မျှော်လင့်ခြင်းများစွာကို ဖြစ်စေ၏။ သည့်အပြင် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းများ၊ ဖိတ်ခေါ်ကမ်းလှမ်းချက်များသည် ယခင်နှစ် ၆၀ ကာလ လုံးဝကြားခဲ့ဖူးခြင်းမရှိသော စကားလုံးတွေမို့ တိုင်းသားပြည်သူတို့မှာ နားဝင်စိမ့်မျှ ဘ၀င်တသိမ့်သိမ့် ကြည်နူးကြရ၏။ ''အဟောဝတ-သြော် ကောင်းလေစွာရယ်'' ဟု ဥဒါန်းကျူးကြူးပြီး ''ရွှေပြည်တော် မျှော်မဝေးတော့ပြီ'' ဟု လက်ခမောင်းခပ် ကြရမည့်သဘော။အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး၏ Good Government, Clean Governance  ဟူ၍ မိမိနှင့်မိမိအစိုး ရကို ကောင်းမွန်ရှင်းသန့်စွာ အုပ်ချုပ်စီမံနိုင်စွမ်းသော အစိုးရမျီုးဖြစ်စေရမည်ဟု ကိုယ့်တာကို လုံစေရန် ကတိပြုလိုက်ခြင်းသည်ပင် ပြည်ထောင်စု နှင့်ပတ်သက်၍ သမ္မတကြီး၏ပင် ကိုယ်စိတ်အခံကို မှန်းဆနိုင်၏။ မြစ်ဆုံကိစ္စကိုလည်း ရဲဝံပြတ်သားစွာဖြင့် နိုင်ငံသူ/သားတို့၏ ပူပန်ခြင်းကို ပြေ ပျောက်စေ နိုင်ခဲ့၏။ ရေကန်တစ်ကန်၊ ချောင်းတစ်ချောင်း၊ မြစ်တစ်စင်းရင်းရသည့် ကိစ္စမျိုးမဟုတ်၍ တိုင်းသားပြည်သူတို့ ပူပန်ကြခြင်းမှာ အကဲဆတ်ခြင်း၊ မဟုတ်ဆိုတာကို သမ္မတကြီးနားလည်၏။

လွတ်ငြိမ်းချမ်းသာခွင့် ယခုလာပြီ၊ မကြာခင်မှာတော့ ပြည်ထောင်စု တစ်နံတစ်လျားမှ မိသားစုထမင်းဝိုင်းများတွင် လက်ရေတပြင်တည်း ၀ိုင်းဖွဲ့နိုင်ကြလျှင်ဖြင့် မိန်လိုက်မည့်ဖြစ်ခြင်း၊ တိုင်းသားပြည်သူတို့၏ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းလိုက်မည်ဖြစ်အင်ကို တွေးဆရုံဖြင့် ကြက်သီးမွေးညှင်းထဖွယ်။

အမျိုးချစ်ပါလျှင် လူသားရင်း မြစ်တွေကို အရင်းချိုးပစ်နေသလို မျိုး နောင်တွင် လုံးဝမရှိပါမှ နိုင်ငံ၏ ဥပဓိတင့်တယ်။ ပြည်ထောင်စုသားတို့၏ လူနေမှုဘ၀ကို အာဃာတ ကင်းစင်စွာဖြင့် တည်ဆောက်ကြရပါမည်။ ကိုယ့်ပြည်၊ ကိုယ့်ရွာသာယာဖို့ဆိုလျှင် အစွမ်းအစရှိသော လူကြီးလူကောင်းများဖြင့်သာ တည်ဆောက်ကြရပါသည်။ ထိုသူတို့ကို မျိုးမတုံးစေရ၊ အစွမ်းအစမကင်းစေရပါ။ ဤကဲ့သို့ ခေတ်ပြောင်းစနစ်ပြောင်းမှာ လူကြီးလူကောင်းတို့ကသာ ဦးဆောင်ကြရမှာဖြစ်၏။

အုပ်ချုပ်ခွင့်အာဏာဖြင့် စီမံပိုင်ခွင့်ရသူ(လူကြီး)တို့သည် ပုထုဇဉ်ဖြစ်၍ အာဏာကို သာယာယစ်မူးတတ်၏။ ကရုဏာ(စာနာခြင်း) နှင့် အသိတိမ်နေလျှင် အနိုင်အထက်ပြုမူတတ်၏။ ထိုအခါလူကြီးသည် လူကောင်း မဖြစ်နိုင်တော့။ ထို့ကြောင့် အာဏာလက်ဝယ်ရှိ သူတို့မှာ ကရုဏာ+ပညာနှစ်ဖြာ ပြည့်စုံကြသူများဖြစ်သင့်၏  . . .

ပြည်သူလူထုနှင့်နေ့စဉ်အမြဲ ဆက်ဆံထိတွေ့နေကြရသော နိုင်ငံ့ဝန်ထမ်းအသီးသီးတို့သည်လည်း ခေတ်ပြောင်းစနစ်ပြောင်းနှင့် လိုက် လျောညီထွေ အံဝင်ခွင်ကျ ဖြစ်စေကြရပါမည်။ နိုင်ငံ့ဝန်ထမ်းဟူသော အမည်နှင့်အညီ မိမိတိုသည် နိုင်ငံသူ/ နိုင်ငံသားတို့၏ ၀န်တာကို ထမ်း ဆောင်နေသူများ၊ အလုပ်အကျွေးပြုသူများဖြစ်တာကို အမြဲအမှတ်ရနေကြရပါမည်။ ကိုယ့်လက်အောက်ငယ်သားကဲ့သို့ ပြည်သူလူထုကို မချေမ ငံဆက်ဆံခြင်း၊ ငေါက်ငမ်းခြင်းမျိုးတွေ အခုအချိန်တွင် မရှိသင့်တော့ပါဘူး။

နိုင်ငံဝန်ထမ်း ၊ ပုဂ္ဂလိက၀န်ထမ်းများကို အားလပ်ရက်တို့တွင် ထိုင်းနိုင်ငံလောက်တော့ ထွက်စေသင့်ပါသည်။ လက်အုပ်ကလေးတချီချီ၊ အပြုံလေး   တချိုချို နွေးထွေးလှိုက်လှဲ စိတ်ရှည်ရှည်ဖြင့် ဆက်ဆံလေ့ရှိသော သူတို့ ၏အမူအကျင့်များကို မြင်စေဖို့ဖြစ်ပါသည်။ လူအများနှင့်ဆက်ဆံသူတို့၏ သွင် ပြင်အမူအရာသည် ထိုနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်စေပါသည်။ လူအများနှင့် နေ့စဉ်ဆက်ဆံနေကြရသော ၀န်ထမ်းများကို ပြုံးတတ်အောင် လည်း သင်ပေးရန် လိုသေး၏။ နိုင်ငံတော်ရော ပုဂ္ဂလိကကုမ္ပဏီတို့မှာပါ။ ၀န်ထမ်းများစွာကို အပြုံးများပျောက်နေကြသည်ဟု ထင်ပါသည်။

စာရေးသူသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ပုဂ္ဂလိကလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ တရားဟောသွားရ၏။ အချိန်နီးငယ်နောက်ကျသွား၏။ လေယာဉ်ပေါ်အရောက်တွင် ဖောင်လာဖြည့်သူ လေယာဉ်မောင်ငယ်က နောက်ကျရကောင်းလားဟု ငေါက်ပါသည်။ ကိုယ့်ကလည်း ဦးဇင်းပေါက်စမဟုတ်၍ အသာပဲပြုံးနေလိုက်ရ၏။ ထားဝယ်တွင် နှင်းများစွာကျနေသဖြင့် ထိုနေ့က နံနက် ၆ နာရီခွဲဖလိုက်သည် ၉ နာရီကျမှ ရန်ကုန်လေဆိပ်က တက်ရပါသည်။

''ကျုပ်တို့လူမျိုးက အလွန်ငေါက်တတ်တယ်ဗျ၊ လိုင်းကားပေါ်ဆိုလဲ စပယ်ယာက ငေါက်၊ ဆေးရုံဆိုလဲ တံခါးစောင့်က ငေါက်နဲ့ ဘာလို့မှန်းမသိဘူး။ နေရာတိုင်းလိုလို အငေါက်ချည်းခံနေရတယ်။ ကျုပ်တို့ လူမျိုးလောက် စိတ်ထားမြင့်မြတ်တဲ့လူမျိုး ကမ္ဘာမရှိလောက်ဘူး။ ဘာလို့လဲဆို ပိုက်ဆံပေးပြီးတော့ အငေါက်ခံရတဲ့လူမျိုးမဟုတ်လား'' ဟု တရားပွဲများတွင် ပြောပြဖြစ်၏။ ယနေ့အခါ၌ ဟောက်စားငေါက်စား ဟောက်ဆာဂျင်များ ၀န်ထမ်း လောက၌ မ ရှိသင့်တော့ပါ။

မြန်မာစကားပုံ၌ ''မင်းပင်ကောင်းလျှင် မင်းမြောင်ဖျက်'' ဟူ၍ အဆိုပါရှိသည်။ မင်းတစ်ပါးတည်း ကောင်းနေရုံဖြင့် တိုင်းနိုင်ငံကြီး အားလုံးကောင်းပါပြီဟု မဆိုနိုင်သေး၊ မူးကြီးမတ်ရာ သေနာပတိ Governor တွေပါ။ အားလုံး Good Clean ဖြစ်ဖို့လိုအပ်ပါသည်။ သို့မှသာ ပြည်ထောင်စုဝန်ကြီးတစ်ခုလုံး ကောင်း မည်ဖြစ်၏။

ပြည်ထောင်စုကြီးကောင်းဖို့ဆိုလျှင် တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံမျမဖြစ်နိုင်သေး၊ က လေးကစ အားလုံးရဟန်းရှင်လူခပ် သိမ်းသူတို့ လူကြီးလူကောင်းများ  ဖြစ်အောင် ယခုနှယ်ကပင် ပြင်ဆင် ကြရပေတော့မည်။မနက်ပိုင်း သီလကွန်စာဝါပို့ချရာ သောဏဒဏ္ဍသုတ်တွင် ''လူကြီးလူကောင်း''နှင့်ပတ်သက်သောစာဝါကို ပို့ချဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာတို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် စာ လိုက်သံဃာများကိုပင် ''လူကြီးဆိုတာ လူကောင်းဖြစ်ဖို့လည်း လိုအပ်တယ်'' ဟု လူကြီးလူကောင်းနှင့်နွယ်၍ ပိဋကတ်စာပေမှ သတ်မှတ်သောစံနှုန်းကို ရှင်း  ပြဖြစ်သည်။

ဘုရားမြတ်စွာ စမ္ဗါမြို့ ဂဂ္ဂရာ ရေကန်အနီးတွင် သီတင်းသုံးတော်မူခိုက် စမ္ဗါမြို့ကို အပိုင်စားရသော သောဏဒဏ္ဍပုဏ္ဏားကြီး ခြွေရံပုဏ္ဏားတို့နှင့်အတူ ရောက်လာ၏။ ဘုရားရှင်နှင့် မာကြောင်းသာကြောင်း အလ္လာပသလ္လာပ နှုတ်ဆက်စကားပြောဆိုကြပြီးနောက် ဘုရားမြတ်စွာက ပုဏ္ဏားကြီးကို ဤသို့မေးမြန်းတော်မူပါသည်။

'ပုဏ္ဏားကြီး၊ သင်တို့ ဗြာဟ္မဏလူမျိုးတွေမှာ 'လူကြီးလူကောင်း' ကို ဘယ်လိုသတ်မှတ်ရွေးချယ်ပါတုန်း ? 

''မြတ်စွာဘုရား၊ ဗြာဟ္မဏလူမျိုးတွေက ၁။ မိဘမျိုးရိုးကောင်းသူ၊ ၂။ ဗေဒင်သုံးပုံကို ပါရဂူမြောက် တတ်ပြီးသူ၊ ၃။ ရုပ်ရေအဆင်းပြေ ပြစ်သူ။ ၄။သီလ(စရဏ)ကောင်း မွန်သူ၊ ၅။အသိပညာ အတတ်ပညာ ရှိသူ-ဒီအင်္ဂါ ၅ ချက်နဲ့ပြည့်စုံသူကို  'လူကြီးလူကောင်း'လို့ သတ်မှတ်ပါ တယ်။ သူ့ကို 'လူကြီးလူကောင်း'လို့ ဆိုရင်လည်း မုသားဆိုခြင်း မဟုတ်ပါဘုရား''

ပုဏ္ဏားကြီးအကယ်၍ အင်္ဂါ ၅ မျိုးမဟုတ်ဘဲ ၄ မျိုးဆိုရင်ကော 'လူကြီးလူကောင်း'လို့ ဆိုနိုင်ပါသလား?

''၃ မျိုးနဲ့ပြည့်စုံတယ်ဆိုရင်ရော''

''ဒါဆို ၂ မျိုးနဲ့ပြည့်စုံမယ်ဆိုရင်ရော''

''ဆိုနိုင်ပါသေးတယ် ဘုရား၊ ဒီထက်တော့လျော့လို့မရတော့ဘူး ဘုရား၊ သူ့အသက်သတ်နေမယ်။ မတရားယူမယ်။ အဂတိလိုက်စားမယ်။ အမျိုးအစားလိုက်စားမယ်။ ယုံကြည်လောက်တဲ့စကားမရှိ၊ ယစ်ထုတ်ကြီး၊ အသိပညာအတတ်ပညာ ဘာမှမသိမတတ်ဆိုရင် မျိုးရိုးကောင်းတာ၊ ရုပ်ရည်အဆင်ပြေပြစ်တာ၊ ဗေဒင်တတ်တာ၊ ဒီသုံးမျိုးလုံးပြည့်စုံပေမယ့် ဗြာဟ္မဏတွေက သူ့ကို 'လူကြီးလူကောင်း'လို့ မဆိုကြလို့ပါဘုရား''ဟု လျှောက်ထားပါသည်။

ဘုရားရှင်က သီလ(စရဏ) ကောင်းသူသည် ပညာကြောင့် မာန်တတ်နေလျှင် သီလ(စရဏ)က ဆေးကြောစင်ကြယ်စေနိုင်၏။ သီလ(စရဏ)ကြောင့် သဘောကောင်းလွန်းနေပြန်လျှင်လည်း ပညာ(ဆင်ခြင်ဉာဏ်)က သုဓ်သင်စင်ကြယ်စေနိုင်၏။ သီလ(စရဏ)ပညာ နှစ်ဖြာ ချိန်ညှိနိုင်ပါမှ လူကြီးလူကောင်း ဖြစ်နိုင်၏ဟု အဆုံးသတ်မှတ်ချက် ပြုပေးတော်မူပါသည်။

ဗုဒ္ဓ၏ ဂုဏ်တော် ၉ ပါးတွင် ၀ိဇ္ဇာစရဏသမ္ဗန္နဂုဏ်တော်သည် နှစ်မျိုးပေါင်း တစ်ဂုဏ်တော်ဖြစ်၏။ ၀ိဇ္ဇာအသိနှင့် စရဏ(အကျင့်သီလ)နှစ်ပါးပြည့်စုံခြင်းကို ဆိုလို၏။ ပညာရှိ သူမှာ အကျင့်စရဏပြည့်စုံလျှင် စာနာခြင်း ကရုဏာလည်း အကျိုးဆက်အနေဖြင့် ပြည့်စုံလာတော့၏။အုပ်ချုပ်ခွင့်အာဏာဖြင့် စီမံပိုင်ခွင့်ရသူ(လူကြီး)တို့သည် ပုထုဇဉ်ဖြစ် ၍ အာဏာကို သာယာယစ်မူးတတ် ၏။ ကရုဏာ(စာနာခြင်း)နှင့် အသိ တိမ်နေလျှင် အနိုင် အထက်ပြုမူတတ်၏။ ထိုအခါလူကြီးသည် လူကောင်းမဖြစ်နိုင်တော့။ ထို့ကြောင့် အာဏာလက်ဝယ်ရှိသူတို့မှာ ကရုဏာ+ပညာ  နှစ်ဖြာ ပြည့်စုံကြသူများ ဖြစ်သင့်၏။ အာဏာရှိသူသည် မိမိအာဏာရှိမှသာ ကိစ္စတိုင်း၏ အကျိုး+အပြစ်ကို အစအဆုံး ပြည့်ပြည့်စုံစုံ သိမြင်နားလည်နိုင်၏။

ဥာဏ်ပညာသာရှိ၍ ကရုဏာမရှိပြန်လျှင်လည်း အပြစ်ဖြစ်စေနိုင်လောက်သောကိစ္စကိုပင် ကိုယ်ရေးကိုယ်တာအတွက် (သို့မဟုတ်) မိသားစုအတွက် သိသိကြီးဖြင့် လက်အောက်ငယ်သားများကို ခိုင်းစေမိတတ်၏။ ဆရာ့ အတွက် င၀က်သာဒဏ်ခတ်ခံပေတော့။ ကရုဏာလည်းရှိမှသာ အပြစ်ဖြစ်လောက်သောကိစ္စတို့၌ မစေခိုင်းဘဲ။ အကျိုးရှိမည့်ကိစ္စတို့၌ သာစေခိုင်း၏။ လူတို့သည် မည်သူက မည်ကဲ့သို့ဆိုတာကို နားလည်ကြ၏။ မပြောသာ ၍ တိတ်ဆိတ်နေကြခြင်းဖြစ်၏။ ကိုယ့်ကိုယ်အုပ်ချုပ်သူကို လူတိုင်းက'လူကြီးလူကောင်းများ' ဖြစ်စေချင်ကြ၏။ သီလသည် တရိတ္တ+၀ါရိတ္တ ဟူ၍ နှစ်မျိုးရှိ၏။ သူတော်ကောင်းတို့၏ ကျင့်စဉ်ကောင်းဖြစ်သော မေတ္တာ ဂရုဏာစသော ဗြမဟ္မစိုရ်တရာများ၊ ကြီးသူကိုရိုသေ ငယ်သူကိုသနား ရွယ်သူကိုလေးစားခြင်း ဟူသော လူ့တရား(နရာဓမ္မ)၊ မိဘနှင့်သားသမီး  ဆရာနှင့်တပည့် တိုင်းနိုင်ငံအုပ်ချုပ်သူနှင့် နိုင်ငံသူ/သားများစသဖြင့် လိုက်နာ ကျင့်ဆောင်ကြရမည် ကျင့်ဝတ်၊ လူမျိုး၏ကောင်းမွန်သော စရိုက်ဓလေ့ထုံးစံများသည် စာရိတ္တသီလမည်၏။

ပါဏာတ်ပါတစသဖြင့် ရှောင် ကြဉ်ကြရမည့် သိက္ခာပုဒ်များ၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာဥပဒေများသည် ၀ါရိတ္တသီလမည်၏။ ပညာကား အရာကျယ်ပြောလှ၏။ ဗုဒ္ဓခေတ်က ပညာသည် ကံသာလျှင် ကိုယ်ပိုင်ရှိ ဟူသော လောကအသိမှစ၍ လောကလွန်အသိ(လော ကုတ္တရာဉာဏ်)တိုင် မိန့်ဆို၏။ ၂၁ ရာစု အိုင်တီခေတ်၊ နည်းပညာခေတ်တွင် တတ်စရာသိစရာ ပညာတို့ကား များပြားလှ၏။

လုပ်ငန်းရှင်ကြီးများ၏ ငြီးတွားသံတို့ကို မီဒီယာများ၌ ဖတ်ရ၏။ အင်တာဗျူးများတွင် လာရောက်ဖြေဆိုသူ လူငယ်တို့သည် အသိသာရှိပြီး အတတ်မရှိသူများကြဟူ၏ နိုင်ငံတွင် ''တတ်သူ မနေ၊ နေသူ မတတ်'' ဟူ၍လည်း အားမလို အားမရ ဖြစ်နေကြရသည်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်းဟု ဂုဏ်ယူဝံ့ကြွားခဲ့သော၊ ရွှေထီးဆောင်းခဲ့သော ရွှေနိုင်ငံတော်ကြီးသည် ''ခုတော့လည်း ဒါတွေပြီးခဲ့ပါပြီ'' ဟု ဆိုရမယောင်းတရားခံမည်သူ ဟူ၍ ယခုအခါအချင်းချင်း လက်ညိုးထိုးသူ့အပြစ်ကိုယ့်အပြစ် ပြောရကြမည့် အချိန်မဟုတ်တော့။

ပြည်ထောင်စုကြီး တိုးတက်ခေတ်မီဖွံ့ဖြိုးပြီး ဂုဏ်တင့်ဖို့ဂုဏ်မြင် ဖို့ဆိုလျှင် နိုင်ငံသားတိုင်းလူကြီး လူကောင်းများ ဖြစ်ကြရပါတော့မည်။ လူကြီးလူကောင်းဖြစ်ဖို့ဆိုလျှင် သီလ+ပညာနှစ်ဖြာပြည့်စုံကြရပါမည်

အခုအခါ ထုတ်ဖော်ရေးသားခွင့်ကို အတိုင်းအတာတစ်ခုထိ ရေးသားခွင့်ရခြင်း၊ ပွင့်လင်းမြင်သာစွာ ပြောဆိုခွင့်ရှိလာခြင်းတို့အပြင် အင်တာနက်ဆိုက်များလည်း အတော်ပွင့်လာခြင်းတို့ကြောင့် စာများစွာ ဖတ်ခွင့်ရနေပါ သည်။ နိုင်ငံသားတိုင်း စာဖတ်ရှိန်မြင့်လာလျှင် ပညာပြည့်ဝ နှလုံးလှသော လူကြီးလူကောင်းတွေ ပိုများလာမည်။ ထိုအခါ သဘောထားကြီးမြတ်သူ၊ အတ္တနည်းပါးသူ၊ အချီအချ လက်ကျညီစွာလက်ရေတူသူ၊ အမျှော် အမြင်ကြီးသူတို့ သဘောဆန္ဒတူမျှကြပြီး ပူးပေါင်းဆောင်ရွက်ကြလျှင် ပြည်ထောင်စုသားတို့ မျှော်မှန်းသည့်အတိုင်း ဤခရီးကားအနီးကလေးသာ ဖြစ်လာပါမည်။စာရေးသူဇာတိ၊ ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာတွင် အစိုးရအလိုက် ရပ်ရွာအုပ်ချုပ်သူကို မည်သို့ပင် အမည်တွေ မှည့်ခေါ်ပါစေ။ သူကြီးခေတ်ကစလို့ ယနေ့တိုင် 'ရွာသူကြီး'ဟုသာခေါ်ဆိုကြ၏။ တစ်စုံတစ်ရာ ကိစ္စဖြစ်လျှင် 'လူကြီးပြော၊ လူကြီးသွား တိုင်ချေ၊ လူကြီးအိမ်သွား' စသဖြင့် ပြောဆိုလေ့ရှိကြ၏။

ပိုဆိုးတာက လူကြီးအရသာ တွေ့သွားခြင်းပင်ဖြစ်၏။ ပညာနည်း သူများပီပီ လူကြီးဖြစ်လိုက်တာနှင့် အများစုရှင်ဘုရင်စိတ်ပေါက်တာ သူ တို့ကိုယ်သူတို့ နယ်စားပယ်စားအ ထင်ရှိပြီး ထင်ရာစိုင်းတတ်ကြ၏။ အမှားအမှန် မဝေခွဲနိုင်ကြ။ ရွာ၏ ၀န်ထမ်းမဟုတ်ကြတော့ဘဲ ရွာ၏ ၀န်ထုပ်ဝန်ပိုးဖြစ်တတ်ကြ၏။ စာရေး သူဇာတိကဲ့သို့ ကျေးရွာတိုင်းလိုလို ဖြစ်ခဲ့ကြမည်ထင်ပါသည်။ ကျေးရွာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အစပြု၍ နယ်ပယ်အလိုက် စီမံခန့်ခွဲခွင့်ရသူ အာဏာပိုင်တို့သည် သီလ+ပညာ နှစ်ဖြာပြည့်စုံကြသော လူကြီးလူ ကောင်းဖြစ်စေကြရပါမည်။

တစ်ပတ်ကို ဂျာနယ်လေးစောင်  ဖတ်၍ ဖတ်ပြီးဂျာနယ်များနှင့် ကိုယ့် ဆောင်းပါးပါသော မဂ္ဂဇင်းများကို လူကြုံတိုင်းရွာက မိုးမိုးထံထည့်ပေး ပြီး ရွာသူ/ရွာသားများကို ဖတ်စေ၏။  မူလတန်းကျောင်းများကို အလှည့်ကျ ဂျာနယ်များကို ဝေငှပြီး ကလေးများကိုလည်း စာဖတ်အလေ့ရအောင် ဆရာမများအကူအညီဖြင့် အခုမှ ဆောင်ရွက်ပေးနေရ၏။

''ကလေး ကလေး အထင်မသေးနဲ့ ကလေးမှလူကြီးဖြစ်တာ ကလေးကောင်းမှ လူကြီးကောင်းမှာ လူကြီးကောင်းမှ အားလုံးကောင်းမှာ'' တဲ့။

EMG

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...