Tuesday, April 10, 2012

အိပ်စက်ရန်သာ စုံမက်ခြင်းကြောင့် ~


by Zay Ya on Tuesday, April 10, 2012 at 1:05pm


Question: ဘာသာ အသီးသီးမှာ -"နိုးကြားကြပါ" လို့ မကြာခဏ တိုက်တွန်းနေကြ၊ ပြောနေ ကြတာ ရှိပါ တယ်။ လောက က ဘယ်အချိန်ကတည်းက အိပ်ပျော် နေတာပါလဲ။ အခုရော နိုးကြားနေ ပါသ လား။

Ans: သူက အမြဲတမ်း အိပ်ပျော်နေပါတယ်။ လူတို့ သမိုင်းမှာ စင်စစ် နိုးကြားကြ တဲ့ သူဟာ အနည်းငယ် သာ ရှိတယ်။ သူတို့ရဲ့ နာမည် ကို ရေတွက် ကြည့်မလား - လက်ဆယ်ချောင်းထက် မပိုဘူးရယ်။


ဒါ သဘာဝ ကျတယ်။ - ဟုတ်တာ မဟုတ်တာ အပထား - လူဟာ တိရစ္ဆာန် က တိုးတက် ဖြစ်ပေါ် လာတယ်တဲ့။ တကယ် လို့ ဟုတ်ခဲ့ရင် - ကြည့်ကြည့်ပါ။ တိရစ္ဆာန်တွေ ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတဲ့ သတ္တဝါ တွေသာ ဖြစ်ပါတယ်။ အိပ်ပျော်တယ် ဆိုတာ ဘာလဲ။ "အိပ်ပျော်တယ်" ဆိုတာ "သူတို့ ဖြစ်တည် နေသမျှ ကို သူတို့ အသိမရှိဘူး" လို့ ရှင်းရှင်း အဓိပ္ပာယ် ထွက်ပါတယ်။ -- တစ်စုံ တစ်ယောက် က ဖြစ်နေ၊ ရှိနေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ မသိဘူး - ဒါဆိုရင် အဲ့ပုဂ္ဂိုလ် အိပ်ပျော်နေ ပါတယ်။ ဘယ်တိရစ္ဆာန်မှ ကိုယ်ကိုယ်ကိုယ် အသိ မရှိဘူး - ဒါကို ခင်ဗျား လည်း မြင်နိုင် လိမ့်မယ်။

ချားလ်စ်ဒါဝင် နဲ့ ကျနော် ဒီနေရာမှာ သဘောတူညီတာ ရှိတယ်။ ဒါပေမယ့် အကုန်သဘောတူတာ မဟုတ်ဘူး။ အခြေခံချင်း မတူဘူး။ သူ့ရဲ့ ယုတ္တိအခြေခံက သိပ္ပံအမြင် ရိုးရိုး၊ ဆင်ခြင်ဥာဏ် ရိုးရိုး။ ဒါ့ကြောင့် သူနဲ့ အလားတူ အခြားသူတွေက သူ့ကို ဝေဖန်နိုင်တယ်။ တကယ် လည်း သူဟာ အဝေဖန် ခံခဲ့ရ တယ်။ ဒါ့ကြောင့် လူတွေရဲ့ ဖွံ့ဖြိုးမှု သမိုင်းမှာ သူဟာ လက်သင့် သိပ်မခံကြတဲ့ သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင် အများစု က သူ့ကို ပစ်ပယ် ထားကြ တယ်။ ကျနော် သူ့ကို သီးခြား ရှုထောင့် တစ်ဖက် ကနေ ထောက်ခံ ပါတယ်။ အဲ့ဒီ ရှုထောင့်က - အခြား မဟုတ်။ အခု ပြောနေတဲ့ - လူတွေ အိပ်ပျော်နေကြတယ် ဆိုတဲ့ အချက် ကနေ ပဲ ဖြစ်ပါ တယ်။

လူဟာ မျောက် ကနေ- ချင်ပန်ဇီ ကနေ - ဘယ် သတ္တဝါကနေ - ဘယ်လို ဖြစ်ဖြစ်၊ ဟိုးအစဦး ပုဂ္ဂိုလ် တစ်ဦးဦး ဘယ်သူ ရှိရှိ၊ သူတို့ ဆီကနေ ဆင်းသက် မယ် ဆိုပါစို့ ။ ဒါ ဖြစ်နိုင်ချေ မျှသာ ဖြစ် ပါတယ်။ ဒါပေမယ့် အဲ့ဒီ သတ္တဝါဟာ အိပ်ပျော်နေမှာပဲ။ ဒါကို လူတွေရဲ့ အခု အိပ်ပျော်နေ ကြတဲ့ သရုပ်သကန် ကသာ သက်သေခံပါတယ်။ တစ်ခေတ် တစ်ခါ က သမိုင်းမှာ ရှားရှားပါးပါး - ဂေါတမ ဗုဒ္ဓ၊ ဗောဓိဓမ္မ၊ ဆော့ခရတ္တိ၊ စသဖြင့် - တစ်ယောက် တစ်လေ သာ နိုးထ လာနိုင် ခဲ့ကြတယ်။

လိုရင်းက - ပုဂ္ဂိုလ် တစ်ဦး အိပ်ပျော်ရာ ကနေ နိုးထလာဖို့ ဆိုရင် သတ္တိခွန်အား အပြင်းအထန် လိုတယ် လို့ ကျနော် ဆိုချင်ပါတယ် ။ အကြောင်းက အိပ်စက်တဲ့ အမှုမှာ ကျနော် တို့ အရင်း အနှီး တော်တော်များများ စိုက်ထုတ် ထားပြီး ဖြစ်နေလို့ပဲ ရယ် ။

ဆိုပါစို့ - လူ တစ်ယောက် အိပ်မက်မက် နေမယ် - ရွှေနန်းတော် ကြီးမှာ ၊ ကြီးကျယ် မြင့်မြတ် တဲ့ နေမဝင် အင်ပါယာ ကြီးကို ပွေ့ဖက်ရင်း၊ စည်းစိမ် တွေ ခံစား စံစားနေတယ် လို့ အိပ်မက် မက်နေမယ် ဆိုပါစို့ ။ ခင်ဗျား သူ့ကို နှိုးဖို့ ကြိုးစားနေမယ်။ သူဟာ တကယ်က လမ်းပေါ်က သူတောင်း စား သက်သက်။ သူတောင်းစား ဖြစ်တာမို့ ဧကရာဇ်ဘုရင် အဖြစ်ကို အိပ်မက် မက် နိုင် ပါတယ် ။ ဘုရင် ဖြစ်ရင်တော့ ဘုရင်အဖြစ် ကို အိပ်မက် မမက်ဘူးပဲ ။ အဲ့ဒီ သူတောင်းစား ဖြစ်သူ က သူ့ အိပ်မက် ထဲမှာ တကယ့် ဧကရာဇ်၊ တကယ့် အရှင်သခင် ၊ ဒါကို သူ နှစ်နှစ်လိုလို သဘောကျ တယ် ။ အသည်းခိုက်အောင် တွယ်တာတယ် ။ အိပ်မက်ထဲမှာ သူ ချမ်းသာနေတယ် - မွေ့နေတယ် ။ သူ့ရဲ့ အိပ်မက် ဟာ သူ့ကို မနိုးသွားချင်လောက်အောင် ဆွဲဆောင်နေပါတယ်။


ခင်ဗျား သူ့ ကို ဘယ်လောက် နှိုးမလဲ - ဘယ်နည်း နဲ့ ဖြစ်ဖြစ် သူ မနိုးလာချင်ဘူးပဲ။ ခင်ဗျား သူ့ကို ဘယ်လို ပုံစံ နှိုးမှာတဲ့ လဲ - ကျိန်းသေတာက - သူ ခင်ဗျားကို ငြင်းဆန် ပါလိမ့်မယ်။ ခင်ဗျားကို သူ ဒေါသ ဖြစ်မယ်။ ပြီးရင် လက်ညှိုး ငေါက်ငေါက် ထိုးပြီး ပြောမယ် - "ခင်ဗျား ကျုပ်ဘဝကို ဘာလို့ လာ နှောင့်ယှက်တာလဲ၊ ကျုပ် အိပ်မက်ကောင်းကောင်း မက်နေတယ် - ခင်ဗျား မနာလို ဖြစ်နေ တာပဲ - တော်တော် ယုတ်မာတဲ့ သူပဲ" စသဖြင့် သူ ပြန်ပြောပါလိမ့်မယ်။ ခင်ဗျား ဘယ်လောက် ပဲ "နိုးပါဟဲ့ - ထပါဟဲ့" စုံကိုင် လှုပ်နေရင်တောင် သူ ပြန်အိပ်ဖို့ ကိုပဲ တာစူ နေ လိမ့်မယ်။ ဘာလို့လဲ - သူ နိုးနေရင် သူတောင်းစား အဖြစ်ပဲ ရှိနေမယ် မဟုတ်လား။ - ဧကရာဇ် အိပ်မက် မက်နေတာ သူ့အတွက် ပိုကောင်းနေသလိုပဲ မဟုတ်လား။

ဒီ နေရာမှာ - အိပ်ပျော်နေတယ် ဆိုတာ ပုံပမာ သက်သက် ဖြစ်ပါတယ်။ ကျနော် ပြောလိုတဲ့ - အိပ်ပျော်နေတယ် ဆိုတာဟာ - "မျော်လင့်ချက်၊ ရည်သန်ချက်၊ ခံစားချက်၊" စသည်တို့နဲ့ နိစ္စ ဓူဝ လှုပ်ရှား နေချိန်ကိုလည်း ဆိုလိုတယ်။ လူဟာ နိုးပါလျက်နဲ့ - အတွေး တွေ အိပ်ပျော် နေတဲ့ Psychological Sleep အတိအကျ ဖြစ်ပါတယ် ။

လူ့အဖွဲ့အစည်း အများ ဟာ မရှိလာသေးတဲ့ အနာဂတ် ကို မျှော်မှန်းတယ် - ရှေ့တစ်ချိန်ကို "ယုံကြည်တယ်" ဆိုတဲ့ စကားနဲ့ အိပ်မက် မက်တယ်။ လက်ရှိ ဘဝတွေ ကို ရင်းနှီး မြှုပ်နှံ ပစ်တယ်။ ဆိုလိုတာ က - အရှေ့ကို အိပ်မက်မက်ရင်း အခုကို ပစ်ဖယ်တယ် - ဒါဟာလည်း အိပ်မက် မက်နေတာ ပဲရယ် ။ ဟုတ်တယ် မဟုတ်လား။

ဒီအိပ်မက်မျိုး - ခေတ်တိုင်း - လူတိုင်းမှာ ရှိတယ်။ အထက်က ပြောခဲ့တဲ့ သူတောင်းစား လိုပဲ - ဒီလို အိပ်မက်ကနေ နိုးထလာဖို့ ဘယ်သူ မှ မလိုချင်ဘူးပဲ - အိပ်မက်သာ မက်ချင်တယ် - အိပ်မက်ကောင်း ဘယ် လို မက် ရမလဲ ဒါကိုသာ ခင်ဗျား ပေးနိုင်ရင် ပေး။ သူတို့ကလည်း ဒါကို သာ တောင်းခံ ချင်ပါတယ် -။ နိုးထပါလို့ ခင်ဗျား ပြောမလား- အဲ့ဒါ က တော့ ဆောရီးပဲ - ခင်ဗျား က လာနှိုး ရင် ခင်ဗျားကို ပြန်ဆဲပါလိမ့်မယ်။ အကျိုး သင့် အကြောင်း သင့် ဘယ်လို ပြောပြော၊ ဘယ်လို စုံကိုင် နှိုးနှိုး - သူ ပြန်ခွေရင်း အိပ်ပျော် သွားဦးမှာပဲ။

ဒါ့ကြောင့် - တကယ့် အဖြစ် နိုးထလာဖို့ ဆိုတာ နှိုးတဲ့ သူ ထက်၊ နိုးချင်တဲ့သူရဲ့ ခွန်အား သတ္တိနဲ့ သာ ဆိုင် တယ် လို့ ကျနော် ဆိုပါတယ်။ အဲ့လို သတ္တိမျိုး ကလည်း ရှားရှား ပါးပါးပဲ ။ ဒီလို ရှားပါး ရခြင်း အကြောင်းကြောင့်လည်း - ဂေါတမဗုဒ္ဓ၊ ဗောဓိဓမ္မ၊ ချောင်ဇူ၊ လောက်ဇူ၊ ဟီရာ ကလစ်တပ်၊ ပလို တိနပ် စသည် ပုဂ္ဂိုလ်ထူး များ - ဘယ်လို ပေါ်ပေါက်ပြီး - ဘယ်လောက်ပဲ ကြိုးစားကြပါစေ - အခု ရှိရှိသမျှမှာ - အိပ်ပျော်နေသူ တွေသာ အတောမသတ် ရှိနေတာ ဖြစ်ပါတယ်။


When Did The World go to Sleep? And Is it Waking Up?
.........................
April 10th 2012 at 12:30 PM
.........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...