Friday, April 20, 2012

လူမိုက်တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်။


ကိုပုလေး

အရွယ်ရောက်လာတဲ့ မြန်မာလူငယ်တိုင်း မိမိလုပ်အားဖြင့်ရရှိသောဝင်ငွေကို မိဘထံပေးချင်သည်မှာ သဘာဝကျပေသည်။ မိဘထံမှ အယူသာရှိခဲ့ပြီး အပေးမရှိသော လူငယ်များတွင်လည်း
တိုင်းပြည်၏အလုပ်ကိုင်အခွင့်လမ်းကြောင့်သာ မပေးဆပ်နိုင်ရှိပါမည် ပေးဆပ်လိုသော ဆန္ဒမလွဲမသွေရှိမည်ဟုထင်ပါသည်။ အထူးသဖြင့်အတတ်ပညာတစ်ခုဖြင့်ပြည်ပတွင်အလုပ်လုပ်နေသော
မြန်မာလူငယ်အများစုသည်ပို၍ပံ့ပိုး ဖြစ်ကြပါလိမ့်မည်။ ဤသို့ ဆိုခြင်းကြောင့် မိဘဖြင့်အနီးကပ်နေ၍ ပြူစုစောင့်ရှောက်သောသူများမပံ့ပိုးဟုမဆိုလိုပါ
မိဘနှင့်အနီးကပ်နေပြီးပြူစုစောင့်ရှောက်ခွင့်သည် ပင်လျှင်ရခဲသောကုသိုလ်၊ အခွင့်ရေးတစ်ခု မဟုတ်ပါလော။ 

ဘုရားအလောင်းကျေးမင်း၏ ကြွေးမည်သစ်ချ၊ကြွေးဟောင်းဆပ်၊ ရွှေအိုးမြုပ်ဆိုသကဲ့သို့  အိမ်ထောင်သည်ဖြစ်သောကျွန်တော်မှာအမေ့အသုံး စရိတ်အတွက်အနည်းဆုံးတစ်လလျှင်SGD100 ပေးဖြစ်ပါသည်။
ဖုန်းပြောဖြစ်တိုင်း အမေနေကောင်းလား ဟုအမေးထက်ပို့ လိုက်သောပိုက်ဆံ ဘာတွေသုံးဖြစ်လဲ ဘယ်လောက်ကျန်သေးလဲ၊ ယာထွက်သီးနှံတွေရော ဘယ်လောက် ကျန်သေးလဲ...ဟုသာအမေးများပါသည်။ 
အမေကတော့ တရားစခန်း၊ဘုန်းကြီးကျောင်းဆောင်တွေမှာ သားတို့ နာမည်နဲ့ လျှူတာပေါ့ သားရယ်... ဟုသာပြောတတ်ပါသည်။ အခြားအဆင်မပြေသောသား သမီးများတောင်း၍နေမထိထိုင်မသာဖြစ်ကာ
အမေပေးလျှင်လည်း ကျွန်တော်က.. " အမေ..အဲလိုတောင်းတိုင်းသာပေးနေရင်သူတို့ တွေ အလုပ်ကို ထိထိမိမိ လုပ်မှာ မဟုတ်တော့ဘူး... သူတို့ ရှာကျွေးနိုင်လို့ အိမ်ထောင်တွေတောင်ကျနေတာ.. အမေဘာပေးစရာလိုလဲ..." 
ဟုကျွန်တော်ပြောလျှင်"သားရယ် မတ်တပ်ရပ်စကလေးလိုပဲ ရပ်နိုင်အောင် လပ်ခုပ်လေးတီးပေးရတယ် စရပ်နိုင်လို့ တစ်ခါလဲကျသွားရင်ပြန်ထရပ်ဖို့ မလွယ်ဘူး... သူတို့ တွေယိုင်လဲကျမသွားအောင်ထိန်းထိန်းပေးရတယ်သား."
ဟုပြောရှာပါသည်။ တကယ်ဆို သားသမီးအားလုံးကိုအဆင်ပြေလိုသည့်မိဘစေတနာ ကိုကျွန်တော်နားလည်သင့်ပါသည်။

ကျွန်တော်ကျောင်းနေစဉ်ကာလအိမ်မှစားစရာအကြော်အလှော်နှင့် ပိုက်ဆံတစ်လတစ်ကြိမ်ပုံမှန်ပို့ ပေးခဲ့ပါသည်။ ပိုက်ဆံရောက်ပြီးစဆိုလျှင် အတိုင်း အဆမရှိသုံးချင်ရာသုံးပစ်..လဝက်ကျော် လောက်ဆို သုံးစရာမကျန်တော့လို့ 
အမေ့ကိုပြောလျှင် " ဘာတွေသုံးပစ်လဲ ဘာတွေဝယ်ပစ်လဲ.." အမေ မမေးတတ်၊ မဆူတတ်ပါ။ စားစရာအကြော်လှော်များကိုလည်းအခန်းနေသူငယ်ချင်းအားလုံးတစ်ထိုင်တည်းဖြင့် ဝိုင်းစားချင်စားတတ်ပါသည် ။
ဘယ်သူတွေကျွေးပစ်လဲ... အမေ မမေးတတ်ပါ။ ကျောင်းပိတ်ရက် အိမ်ပြန်ရောက်ချိန် ထမင်းဝိုင်းတွင်ဟင်းမကောင်းလို့ ကျွန်တော်နှခေါင်းရှုံ့ ၍ အမဖြစ်သူက... " ငါတို့ ဒီလိုပဲအမြဲစားနေတာ နင့်ကိုသာ ကြက်သားဝက်သား
မပြတ်ကြော်ပို့ နေတာ ..." ဟူသောစကားကို ရှေ့ ဆက်မပြောရန် အမေဝင်ဟန့်ပါသည်။ ထိုအခိုက်တန့် ငါအသုံးအစား ဆင်ခြင်တော့မယ်ဟုအသိစိတ်ဝင်လာသော်လည်း အဆောင်ပြန်ရောက်လျှင် သုံးမြဲ စားမြဲ ပြန်ဖြစ်ပါသည်။

အခုချိန်ထိကျွန်တော်၏အပြုမူကိုပြန်စဉ်းစားမိချိန်တွင် အမေနှင့်ပြောသောကျွန်တော့်လေသံများမှာ...ဒေါသသံ၊ ဆရာလုပ်သံ၊ ဟိုလူမပေးနဲ့ ဒီလူ မကျွေးနဲ့ ....စသည့်ဝေါဟာရများထပ်နေကြောင်းသုံးသပ်မိပါသည်။
အမေကျွေးဖြစ်သောလူများမှာလည်း ကျွန်တော့်၏မွေးချင်းများပင်မဟုတ်ပါလား သူငယ်ချင်းမိတ်ဆွေများမဟုတ်ပါ။ ဒါတောင် အမေ့ကိုပံ့ပိုးဖြစ်သောကာလမှာ (၄) နှစ်သာရှိပါသေးသည်၊ ပံ့ပိုးသောငွေမှာလည်း
ကျွန်တော်ကျောင်းနေစဉ်ကာလကပို့ သည့် ငွေပမဏနှင့် အတူတူပင်...။ ဘာအရာနဲ့ ကျွန်တော်ဒီလိုပြောနေမိမှန်းစဉ်းစား၍မရပါ...။
ဒီတောအတွင်း ဂူဂယ်မှာရုတ်တရက်တွေ့ ရတဲ့  ရှင်သုမနရဲ့ ဆုံးမစာလေးကိုဖတ်မိ၍ပိုရင်နာရပါသည်။
ငယ်စဉ်အခါအမေ့ဆီ
မုန့်ဖိုးတောင်းစဉ် ခေါ်ခဲ့တဲ့
''အမေ" ဆိုတဲ့လေသံ နှင့်
အခု အမေ့ လက်ထဲကို
ငွေထည့်ပေးတဲ့အခါ ခေါ်တဲ့ လေသံ တူညီပါစေ။
အရှင်သုမန (တောင်ကြီးမြို့ ) 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...