Monday, April 23, 2012

ပင်လယ်ပြင် မိုးလေ၀သ


by Nay Myo on Monday, April 23, 2012 at 9:21pm


ပင်လယ်မှာ လှိုင်းလေမမှန်ဘူး အဖေ
ကျွန်တော်တို့သွားရမယ့်လမ်းတွေက မြှုပ်ချည်ပေါ်ချည်
မိုးလေ၀သသတင်းကြားတိုင်း ရင်တမမ
ဘယ်နေ့များ ကောင်းကင်ဟာ မှောင်ရီရင့်သီးလာမလဲ
အဖေပေးတဲ့ဆေးတစ်ခွက်နဲ့ သားဒီခရီးဆက်နေတာ အဖေ


“နေရေးစားရေးဟာ သမိုင်းကပေးတဲ့တာဝန်မဟုတ်ဘူး”
“ဘ၀အတွက်ချမှတ်ထားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပဲ”
ဒဿနဆရာတစ်ယောက်လို အဖေပြောတယ်
တစ်ကိုယ်စာလောင်းလှေလေးဟာ မိသားစုဝဲဂယက်မှာချာချာလည်

တံလျှပ်လောက်တောင် သေချာမှုမရှိတဲ့ အောင်မြင်ခြင်းကို
ကျွန်တော်တို့ ဘယ်လိုအားအင်နဲ့ ရောက်အောင်လှမ်းကြမလဲဆိုတာ။

ပင်လယ်မှာ လှိုင်းလေမမှန်ဘူး အဖေ
ရိုးမတွေပေါ် ဆီးနှင်းတွေအေးခဲအုံ့ဆိုင်း
ဘယ်နေရာ ဘယ်ကိုရွက်လွှင့်လွှင့်
ဒီရထားက ဒီဘူတာပဲ ပြန်ဆိုက်တယ်။     ။

လင်းသဏ်ညီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...