Wednesday, April 18, 2012

စီးပွားရေးသတင်းသမားတိုင်း လိုက်နာသင့်သော အချက်ဆယ်ချက်


By Cool Green on Saturday, February 18, 2012 at 6:40pm
 ၁။   စီးပွားရေးဝေါဟာရတွေကို ရှောင်ပြီး သာမန်စကားလုံးကိုရှာ(avoid economic jargon)
ဥပမာ- ၀ံသာနုထုတ်လုပ်ရေးသမား လို့မသုံးပဲ ဒေသခံလုပ်ငန်းရှင်
မိမိပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သော သဘာဝအရင်းအမြစ်လို့ မသုံးပဲ ဒေသထွက်ကုန်ကြမ်း
လှည့်ပတ်ပြောတဲ့စကားတွေကိုလဲ နားလည်အောင် ရှင်းနေအောင် ပြန်ရေးရမယ်

၂။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေကို အဓိပါယ်ဖွင့်ရန်(define economic terms)
ဥပမာ- GDP(gross domestic product) စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး

၃။ ကိန်းဂဏန်း၊ စာရင်းဇယားတွေကိုလျှော့(use statistics sparingly)

၎။ ဘာနဲ့ နှိုင်းယှဉ်ပြရရင် ပိုမြင်လွယ်မလဲ(compare statistics )                                                  
ဥပမာ- မိသားစုဘယ်နှယောက်စာ ပမာဏ၊ မြန်မာနိုင်ငံအကျယ်ဝန်း၏ နှစ်ဆ


၅။ ကိန်းဂဏန်း၊ စာရင်းဇယားတွေကို ဇာတ်လမ်းဖွဲ့ (turn statistics into stories)
စီးပွားရေးသတင်းကို ဆက်စပ်တွေးပြီး ရေဆုံးလိုက်ပြီး ရေး
 ဥပမာ- ကားတင်သွင်းမှုအရေအတွက်များဆိုတဲ့သတင်းကိုရေးရင် အခွန်လျှော့လို့လား အရင်က ဘာဖြစ်သေးလဲ ..ပြည်တွင်းကားဈေးကွက် စတာတွေဆက်စပ်လိုက်ပြီးရေး

၆။ တခြားဘက်က ဆင်ခြင်စရာ ဘာတွေရှိဦးမလဲ (get the other sides to a business story)
ဘက်ပေါင်းစုံက ကြည့်မြင်နိုင်ဖို့ ပြုသူ၊ခံရသူ ဘက်မျှတအောင် ရေးရန်

၇။ ဒီသတင်းမှာ လူ့ဝိဥာဉ်ဘယ်လိုထည့်မလဲ(humanize business news)
သတင်းဆောင်းပါးအစမှာ မြင်ကွင်းကို ကြည့်ရသလိုရေးတာမျိုး၊ သာမန်လူတွေနဲ့ စပ်ဆက်တဲ့ ခံစားချက်ကိုရှာ

၈။ သတင်းရဲ့အရေးပါပုံကိုဖော်ထုတ်(show the significance of news)
ဥပမာ- လေကြောင်းကုမဏီအရှုံးပေါ်နေတယ်ဆိုတဲ့သတင်းမှာ စာဖတ်သူအတွက်အရေးပါပုံပြဖို့ အတွက် လေယာဉ်လက်မှတ်တွေတက်လာမလား၊ အလုပ်သမားတွေ ထုတ်ပစ်မလား၊ ခရီးစဉ်တွေ ရပ်လိုက်မလား စတာတွေထိ တွေးပြီးလိုက်ပြီး ရေးရန်

၉။ သတင်းထုတ်ပြန်ချက်ထက် ပိုပါစေ(beyond the press relase)
အပေါ်ကအကြံပြုချက်တွေကိုသုံးပြီး ပေးသတင်းမဟုတ်ပဲ ထပ်လိုက်ပြီး လိုက်သတင်းဖြစ်အောင်ရေး

၁၀။ သမားရိုးကျက လမ်းခွဲထွက် (generate unusual business story ideas)

ခေါင်းစဉ်ပေးတာလဲ ဆွဲဆောင်မှုရှိရမယ်
..၁ စီးပွားရေးအမြင်ထောင့်ကိုရှာ
..၂ ထော်လော်ကန့်လန့်တွေး
..၃ တူရူချက်ကိုရှာ(trend)
..၄ သုတေသနစာတမ်းငယ် တစ်ခုလောက်ထိဖန်တီး(case study)
..၅ ဦးနှောက်မုန်တိုင်း ဆင်နိုင်ပါစေ ..ပညာရှင်အမြင်များ ထည့်သွင်းရေး

သတင်းရေးပြီးတိုင်းလဲ ဒါတွေ ကိုယ့်ဘာသာ အမြဲ ပြန်မေးဖို့လိုအပ်ပါတယ်။
သတင်းက တိကျရဲ့လား
စာဖတ်ပရိတ်သတ်နားလည်နိုင်ပါ့မလား
စိတ်ဝင်စားပါ့မလား

Paul Hemp ၏  Ten Practical Tips for Business Journalism စာအုပ်ကို ဆရာကျော်ဝင်းက ဘီဇနက်ဂျာနယ်လစ်ဇင်ဟု ပြန်လည်ရေးသားထားပါတယ်။
အဲဒီထဲက အလွယ်ဆုံးထပ်ပြီး ထုတ်နှုတ်ထားတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...